ငလျင်ဘေးဒဏ်သင့်ဒေသများသို့ ဧည့်မထဆန်အိတ်(၃)သိန်းကို တစ်အိတ်လျှင် ငွေကျပ်(၆၅၀၀၀)ဖြင့် ဈေးနှုန်းသတ်မှတ်၍ ဖြန့်ဝေမည်

3981

ယွန်း (NP News) - မတ် ၃၀
ငလျင်ဘေးဒဏ်သင့်ဒေသများသို့ ဧည့်မထဆန်အိတ်(၃)သိန်းကို တစ်အိတ်လျှင် ငွေကျပ် (၆၅,၀၀၀) မှ (၇၀,၀၀၀)ဖြင့် ဈေးနှုန်းသတ်မှတ်၍ ဖြန့်ဝေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)က အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)က ယနေ့(မတ်လ ၃၀ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
လက်ရှိတွင် ပြည်တွင်းဆန်ဈေးကွက်အတွင်း၌ ဧည့်မထဆန်တစ်အိတ်လျှင် ငွေကျပ်(၈၀၀၀၀)မှ (၈၅၀၀၀)ဝန်းကျင် ရောင်းစျေးရှိနေကြောင်း သိရသည်။
"နေရာတွေ မတူတော့ ရှမ်းပြည်ပို့ရင်တစ်မျိုး၊ ရန်ကုန် ဝန်းကျင်ဆို တစ်မျိုး၊ မန္တလေးဆို တစ်မျိုး၊ နေပြည်တော်ဆို တစ်မျိုးဖြစ်မှာပေါ့။ အဓိကကတော့ သယ်ယူပို့ဆောင်ရေးစရိတ်ကြောင့် အကြမ်းဖျင်းတော့ (၆၅,၀၀၀) နဲ့ (၇၀,၀၀၀)ဖြစ်မှာပေါ့။ သယ်ယူပို့ဆောင်ရေးစရိတ်တွေက မတူဘူးလေ။ ဒီအိတ်ရေ ပမာဏထက်တိုးဖို့တော့ ရှိပါတယ်။ အရန်ဆန်တွေလည်း ရှိတယ်။ ဆန်ကတော့ လုံလုံလောက်လောက်ရှိပါတယ်" ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က NP News ကိုပြောသည်။
MRF အနေဖြင့် ငလျင်ဘေးဒဏ်သင့် ဒေသများရှိ ဆန်ဖြန့်ဝေမှုနှင့် ဆန်ဈေးနှုန်း တည်ငြိမ်မှုကို ကူညီဆောင်ရွက်နိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ လမ်းညွှန်မှုများနှင့်အညီ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုကာလအတွင်း ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များနှင့် ဆန်လက်လီဆိုင်များအနေဖြင့် ဒေသစားသုံးသော/ မိမိတို့လက်ဝယ် သိုလှောင်ထားရှိသော ဆန်များကို ဈေးနှုန်းချိုသာစွာဖြင့်/ ရည်ညွှန်းဈေးနှုန်းများနှင့်အညီ ဈေးကွက်အတွင်းသို့ ထည့်သွင်းဖြန့်ဖြူး ရောင်းချပေးရန်လည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် မေတ္တာရပ်ခံ တိုက်တွန်းထားသည်။
ထို့ပြင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ (၂၄)ပြည်ဝင် ဧည့်မထဆန်အိတ် (၃) သိန်းကို ငလျင်ဘေးဒဏ်သင့်ဒေသများသို့ တည်နေရာနှင့် ဖြန့်ဖြူးမှုအခြေအနေအပေါ် မူတည်၍ တစ်အိတ်လျှင် ငွေကျပ်(၆၅,၀၀၀) မှ (၇၀,၀၀၀)ကျပ်အတွင်း ဈေးနှုန်းသတ်မှတ်၍ ဖြန့်ဝေမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ ပရဟိတ အသင်းအဖွဲ့များ၏ လိုအပ်ချက်များ၊ ယာယီစုရပ် စခန်းများအတွက်လည်း ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ထို့ကြောင့် ငလျင်ဘေးဒဏ်သင့် ပြည်သူများအား ဆန်ဖြန့်ဝေရန် လိုအပ်ချက်ရှိပါက မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ၀၉-၅၃၉၄၁၃၈၊ ၀၉-၄၂၁၀၀၀၂၀၉၊ ၀၉-၄၄၄၃၂၂၆၀၉၊ ၀၉-၄၀၀၀၆၇၂၅၀၊ ၀၉-၄၀၀၀၆၇၂၆၀ အစရှိသည့် ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ကြောင်း MRF က အသိပေးထားသည်။

Zawgyi Version:
ငလ်င္ေဘးဒဏ္သင့္ေဒသမ်ားသို႔ ဧည့္မထဆန္အိတ္(၃)သိန္းကို တစ္အိတ္လွ်င္ ေငြက်ပ္(၆၅၀၀၀)ျဖင့္ ေဈးႏႈန္းသတ္မွတ္၍ ျဖန႔္ေဝမည္
ယြန္း (NP News) - မတ္ ၃၀
ငလ်င္ေဘးဒဏ္သင့္ေဒသမ်ားသို႔ ဧည့္မထဆန္အိတ္(၃)သိန္းကို တစ္အိတ္လွ်င္ ေငြက်ပ္ (၆၅,၀၀၀) မွ (၇၀,၀၀၀)ျဖင့္ ေဈးႏႈန္းသတ္မွတ္၍ ျဖန႔္ေဝမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္(MRF)က အသိေပးထုတ္ျပန္ထားသည္။
ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္(MRF)က ယေန႔(မတ္လ ၃၀ ရက္)တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
လက္ရွိတြင္ ျပည္တြင္းဆန္ေဈးကြက္အတြင္း၌ ဧည့္မထဆန္တစ္အိတ္လွ်င္ ေငြက်ပ္(၈၀၀၀၀)မွ (၈၅၀၀၀)ဝန္းက်င္ ေရာင္းေဈးရွိေနေၾကာင္း သိရသည္။
"ေနရာေတြ မတူေတာ့ ရွမ္းျပည္ပို႔ရင္တစ္မ်ိဳး၊ ရန္ကုန္ ဝန္းက်င္ဆို တစ္မ်ိဳး၊ မႏၲေလးဆို တစ္မ်ိဳး၊ ေနျပည္ေတာ္ဆို တစ္မ်ိဳးျဖစ္မွာေပါ့။ အဓိကကေတာ့ သယ္ယူပို႔ေဆာင္ေရးစရိတ္ေၾကာင့္ အၾကမ္းဖ်င္းေတာ့ (၆၅,၀၀၀) နဲ႔ (၇၀,၀၀၀)ျဖစ္မွာေပါ့။ သယ္ယူပို႔ေဆာင္ေရးစရိတ္ေတြက မတူဘူးေလ။ ဒီအိတ္ေရ ပမာဏထက္တိုးဖို႔ေတာ့ ရွိပါတယ္။ အရန္ဆန္ေတြလည္း ရွိတယ္။ ဆန္ကေတာ့ လုံလုံေလာက္ေလာက္ရွိပါတယ္" ဟု ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ဥကၠ႒ ဦးရဲမင္းေအာင္က NP News ကိုေျပာသည္။
MRF အေနျဖင့္ ငလ်င္ေဘးဒဏ္သင့္ ေဒသမ်ားရွိ ဆန္ျဖန႔္ေဝမႈႏွင့္ ဆန္ေဈးႏႈန္း တည္ၿငိမ္မႈကို ကူညီေဆာင္႐ြက္ႏိုင္ေရးအတြက္ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန၏ လမ္းၫႊန္မႈမ်ားႏွင့္အညီ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ယခုကာလအတြင္း ဆန္စက္လုပ္ငန္းရွင္မ်ား၊ ဆန္ကုန္သည္မ်ားႏွင့္ ဆန္လက္လီဆိုင္မ်ားအေနျဖင့္ ေဒသစားသုံးေသာ/ မိမိတို႔လက္ဝယ္ သိုေလွာင္ထားရွိေသာ ဆန္မ်ားကို ေဈးႏႈန္းခ်ိဳသာစြာျဖင့္/ ရည္ၫႊန္းေဈးႏႈန္းမ်ားႏွင့္အညီ ေဈးကြက္အတြင္းသို႔ ထည့္သြင္းျဖန႔္ျဖဴး ေရာင္းခ်ေပးရန္လည္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္အေနျဖင့္ ေမတၱာရပ္ခံ တိုက္တြန္းထားသည္။
ထို႔ျပင္ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ (၂၄)ျပည္ဝင္ ဧည့္မထဆန္အိတ္ (၃) သိန္းကို ငလ်င္ေဘးဒဏ္သင့္ေဒသမ်ားသို႔ တည္ေနရာႏွင့္ ျဖန႔္ျဖဴးမႈအေျခအေနအေပၚ မူတည္၍ တစ္အိတ္လွ်င္ ေငြက်ပ္(၆၅,၀၀၀) မွ (၇၀,၀၀၀)က်ပ္အတြင္း ေဈးႏႈန္းသတ္မွတ္၍ ျဖန႔္ေဝမည္ ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
အလားတူ ပရဟိတ အသင္းအဖြဲ႕မ်ား၏ လိုအပ္ခ်က္မ်ား၊ ယာယီစုရပ္ စခန္းမ်ားအတြက္လည္း ျဖန႔္ေဝေပးသြားမည္ ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ထည့္သြင္းေဖာ္ျပထားသည္။
ထို႔ေၾကာင့္ ငလ်င္ေဘးဒဏ္သင့္ ျပည္သူမ်ားအား ဆန္ျဖန႔္ေဝရန္ လိုအပ္ခ်က္ရွိပါက ျမန္မာႏိုင္ငံဆန္စပါး အသင္းခ်ဳပ္ႏွင့္ ပူးေပါင္းေဆာင္႐ြက္ႏိုင္ေရးအတြက္ ၀၉-၅၃၉၄၁၃၈၊ ၀၉-၄၂၁၀၀၀၂၀၉၊ ၀၉-၄၄၄၃၂၂၆၀၉၊ ၀၉-၄၀၀၀၆၇၂၅၀၊ ၀၉-၄၀၀၀၆၇၂၆၀ အစရွိသည့္ ဖုန္းနံပါတ္မ်ားသို႔ ဆက္သြယ္ႏိုင္ေၾကာင္း MRF က အသိေပးထားသည္။