အမေရိကန်မှာ အဖြစ်များတဲ့ လိင်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါသုံးမျိုးအတွက် ပထမဆုံး အိမ်တွင်း စမ်းသပ်ကိရိယာရောင်းချခွင့် ခွင့်ပြု

3399

ရောင်နီ (NP News) - မတ် ၃၁
အမေရိကန်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာနက လိင်မှတစ်ဆင့်ကူးစက်တဲ့ ကူးစက်ရောဂါ (STIs) သုံးခုစလုံး လွယ်ကူစွာ ရှာဖွေတွေ့ရှိနိုင်ရေးအတွက် အိမ်ထဲမှာပဲ အားလုံးအပြီးအစီး စမ်းသပ်စစ်ဆေးမှုလုပ်ဆောင်နိုင်တဲ့ ပထမဆုံး စမ်းသပ်ကိရိယာကို ဈေးကွက်ထဲမှာ ရောင်းချဖို့ သောကြာနေ့(မတ်လ ၂၈ ရက်) က ခွင့်ပြုခဲ့ပါတယ်။
ပုဂ္ဂလိကပိုင်ကုမ္ပဏီ Visby Medical မှ တီထွင်ထားတဲ့ အိမ်တွင်းစစ်ဆေးမှုကိရိယာဟာ အခြားရှိပြီးသားအိမ်သုံး STI စမ်းသပ်မှုတွေလို ဓာတ်ခွဲခန်းကို နမူနာပေးပို့စရာမလိုဘဲ အလွယ်တကူ စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ ရောဂါလက္ခဏာမပြဘဲ အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ STIs Chlamydia၊ Gonorrhea နဲ့ Trichomoniasis ရောဂါတွေအတွက် အခုစမ်းသပ်မှုအသစ်ဟာ မိနစ် ၃၀ ခန့်အတွင်း မှန်ကန်တဲ့ ရလဒ်တွေကို ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ရောဂါပိုး သုံးမျိုးစလုံးကို ပဋိဇီဝဆေးတွေနဲ့ ကုသနိုင်ပေမယ့် မကုသဘဲထားရင် မျိုးမပွားနိုင်ခြင်း အပါအဝင် ပြင်းထန်သော ကျန်းမာရေးဆိုင်ရာနောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်တယ်လို့ FDA က ပြောကြားပါတယ်။
ဒီကိရိယာဟာ "STIs အတွက် စမ်းသပ်မှုတွေ တိုးချဲ့လုပ်ဆောင်ခြင်း၊ စောလျင်စွာ ရောဂါရှာဖွေခြင်းစတဲ့ အရေးကြီး ခြေလှမ်းတစ်ခုဖြစ်ပြီး ကူးစက်ပျံ့နှံ့မှုကို လျှော့ချနိုင်တယ်" လို့ FDA's Center for Devices and Radiological Health ရှိ In Vitro Diagnostic Devices ရုံးမှ ဒါရိုက်တာ ကောင့်နေးလီယာက ပြောကြားပါတယ်။
အဖြစ်များတဲ့ STIs လက္ခဏာတွေမှာ ဆီးသွားတဲ့အခါ နာကျင်ကိုက်ခဲခြင်း၊ ဝမ်းဗိုက်အောက်ပိုင်း နာကျင်ခြင်း၊ ရာသီသွေးဆင်းခြင်း၊ လိင်အင်္ဂါယားယံခြင်း စတဲ့ ထူးခြားတဲ့ လက္ခဏာတွေ တွေ့ရလေ့ရှိပြီး ၂၀၂၃ ခုနှစ်က အမေရိကန်မှာ ကူးစက်မှု ၂.၆ သန်းထိ ရှိခဲ့ပါတယ်။

Zawgyi Version:
အေမရိကန္မွာ အျဖစ္မ်ားတဲ့ လိင္ကတဆင့္ကူးစက္တတ္တဲ့ ေရာဂါသုံးမ်ိဳးအတြက္ ပထမဆုံး အိမ္တြင္း စမ္းသပ္ကိရိယာေရာင္းခ်ခြင့္ ခြင့္ျပဳ
ေရာင္နီ (NP News) - မတ္ ၃၁
အေမရိကန္အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဌာနက လိင္မွတစ္ဆင့္ကူးစက္တဲ့ ကူးစက္ေရာဂါ (STIs) သုံးခုစလုံး လြယ္ကူစြာ ရွာေဖြေတြ႕ရွိႏိုင္ေရးအတြက္ အိမ္ထဲမွာပဲ အားလုံးအၿပီးအစီး စမ္းသပ္စစ္ေဆးမႈလုပ္ေဆာင္ႏိုင္တဲ့ ပထမဆုံး စမ္းသပ္ကိရိယာကို ေဈးကြက္ထဲမွာ ေရာင္းခ်ဖို႔ ေသာၾကာေန႔(မတ္လ ၂၈ ရက္) က ခြင့္ျပဳခဲ့ပါတယ္။
ပုဂၢလိကပိုင္ကုမၸဏီ Visby Medical မွ တီထြင္ထားတဲ့ အိမ္တြင္းစစ္ေဆးမႈကိရိယာဟာ အျခားရွိၿပီးသားအိမ္သုံး STI စမ္းသပ္မႈေတြလို ဓာတ္ခြဲခန္းကို နမူနာေပးပို႔စရာမလိုဘဲ အလြယ္တကူ စစ္ေဆးႏိုင္မွာ ျဖစ္ပါတယ္။ ေရာဂါလကၡဏာမျပဘဲ အမ်ိဳးသမီးေတြမွာ ျဖစ္တတ္တဲ့ STIs Chlamydia၊ Gonorrhea နဲ႔ Trichomoniasis ေရာဂါေတြအတြက္ အခုစမ္းသပ္မႈအသစ္ဟာ မိနစ္ ၃၀ ခန႔္အတြင္း မွန္ကန္တဲ့ ရလဒ္ေတြကို ထုတ္ေပးႏိုင္မွာ ျဖစ္ပါတယ္။
ေရာဂါပိုး သုံးမ်ိဳးစလုံးကို ပဋိဇီဝေဆးေတြနဲ႔ ကုသႏိုင္ေပမယ့္ မကုသဘဲထားရင္ မ်ိဳးမပြားႏိုင္ျခင္း အပါအဝင္ ျပင္းထန္ေသာ က်န္းမာေရးဆိုင္ရာေနာက္ဆက္တြဲျပႆနာေတြျဖစ္လာႏိုင္တယ္လို႔ FDA က ေျပာၾကားပါတယ္။
ဒီကိရိယာဟာ "STIs အတြက္ စမ္းသပ္မႈေတြ တိုးခ်ဲ႕လုပ္ေဆာင္ျခင္း၊ ေစာလ်င္စြာ ေရာဂါရွာေဖြျခင္းစတဲ့ အေရးႀကီး ေျခလွမ္းတစ္ခုျဖစ္ၿပီး ကူးစက္ပ်ံ႕ႏွံ႔မႈကို ေလွ်ာ့ခ်ႏိုင္တယ္" လို႔ FDA's Center for Devices and Radiological Health ရွိ In Vitro Diagnostic Devices ႐ုံးမွ ဒါ႐ိုက္တာ ေကာင့္ေနးလီယာက ေျပာၾကားပါတယ္။
အျဖစ္မ်ားတဲ့ STIs လကၡဏာေတြမွာ ဆီးသြားတဲ့အခါ နာက်င္ကိုက္ခဲျခင္း၊ ဝမ္းဗိုက္ေအာက္ပိုင္း နာက်င္ျခင္း၊ ရာသီေသြးဆင္းျခင္း၊ လိင္အဂၤါယားယံျခင္း စတဲ့ ထူးျခားတဲ့ လကၡဏာေတြ ေတြ႕ရေလ့ရွိၿပီး ၂၀၂၃ ခုႏွစ္က အေမရိကန္မွာ ကူးစက္မႈ ၂.၆ သန္းထိ ရွိခဲ့ပါတယ္။