မရှိမဖြစ်လိုအပ်သောပစ္စည်းများ သိုလှောင်ထားကြရန် ဥရောပသမဂ္ဂ တိုက်တွန်း

2219

Pika (NP News) - မတ် ၃၁
စစ်ပွဲများ၊ ဆိုက်ဘာတိုက်ခိုက်မှုများ၊ ရာသီဥတုဖောက်ပြန်မှုနှင့် ရောဂါဖြစ်ပွားမှုအန္တရာယ်များ မြင့်တက်လာ ခြင်းကို ကိုးကားပြီး အနည်းဆုံးအချိန် (၇၂)နာရီကြာ လုံလောက်စေမည့် မရှိမဖြစ်လိုအပ်သော ထောက်ပံ့ရေး ပစ္စည်းများကို သိုလှောင်ထားရန် ၎င်း၏ နေထိုင်သူ သန်း(၄၅၀)ကို ဥရောပသမဂ္ဂက အကြံပြုခဲ့ကြောင်း သိရသည်။ အဆိုပါသတိပေးချက်သည် ဥရောပသမဂ္ဂတစ်ဝန်းရှိ အရပ်ဘက်ဆိုင်ရာ အဆင်သင့်ဖြစ်မှုများကို တိုးတက်စေမည့် ကျယ်ပြန့်သော မဟာဗျူဟာကို ထင်ဟပ်စေကြောင်း အကျပ်အတည်းစီမံခန့်ခွဲမှုဆိုင်ရာ ဥရောပကောက်မရှင်နာ Hadja Lahbib က ပြောကြားခဲ့သည်။
Hadja Lahbib သည် ရုရှားကို ရည်ညွှန်းပြောဆိုခြင်းမျိုးမရှိဘဲ ယူကရိန်းပဋိပက္ခက ဥရောပလုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း အလေးပေးပြောကြားခဲ့သည်။ Hadja Lahbib က “ယူကရိန်းမှာ အချိန်သုံးနှစ်ကြာအောင် ဗုံးတွေ၊ ကျည်ဆန်တွေ၊ ဒရုန်းတွေ၊ တိုက်လေယာဉ်တွေ၊ ကတုတ်ကျင်းတွေနဲ့ ရေငုပ်သင်္ဘောတွေ ပါဝင်တဲ့ စစ်မြေပြင်ကို ကျွန်မတို့မြင်တွေ့ပြီးပါပြီ။ ကျွန်မတို့ရဲ့ဥရောပလုံခြုံရေးကို ဒါက တိုက်ရိုက်ခြိမ်းခြောက်နေတာပါ” ဟု ပြောခဲ့သည်။ ထို့ပြင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အများအပြားက ရုရှားကိုဒေသတွင်းလုံခြုံရေးအတွက် သိသာ ထင်ရှားသော ခြိမ်းခြောက်မှုတစ်ခုအဖြစ် အမြဲတစေခေါင်းစဉ်တပ်ခဲ့ကြကြောင်း သိရသည်။
ပြင်သစ်၊ ပိုလန်၊ ဘောလ်တစ်နိုင်ငံများနှင့် ဖင်လန်နိုင်ငံတို့တွင် ရုရှားနိုင်ငံမှ ဆိုက်ဘာတိုက်ခိုက်မှုများ၊ မဟုတ်မမှန် လုပ်ကြံလှုံ့ဆော်မှုများ၊ နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှုများနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများမြင့်တက် လျက်ရှိ ကြောင်းလည်း သိရသည်။
ထို့ပြင် ယူကရိန်းပဋိပက္ခကို ဥရောပသမဂ္ဂအတွက် စစ်ရေးအရခြိမ်းခြောက်မှုတစ်ခုဖြစ်စေသည့် ရန်လိုသော အပြုအမူ၏ နမူနာအဖြစ်လည်း ၎င်းတို့က ဖော်ပြပြောဆိုခဲ့ကြသည်။ သို့သော်လည်း နေတိုးအဖွဲ့ဝင်နိုင်ငံများ (သို့မဟုတ်) ဥရောပသမဂ္ဂအပေါ် တိုက်ခိုက်မှုများလုပ်ဆောင်ရန် ရည်ရွယ်ချက် များမရှိကြောင်း ရုရှားဘက်က အကြိမ်ကြိမ်ငြင်းဆိုခဲ့သည်။

Zawgyi Version:
မရွိမျဖစ္လိုအပ္ေသာပစၥည္းမ်ား သိုေလွာင္ထားၾကရန္ ဥေရာပသမဂၢ တိုက္တြန္း
Pika (NP News) - မတ္ ၃၁
စစ္ပြဲမ်ား၊ ဆိုက္ဘာတိုက္ခိုက္မႈမ်ား၊ ရာသီဥတုေဖာက္ျပန္မႈႏွင့္ ေရာဂါျဖစ္ပြားမႈအႏၲရာယ္မ်ား ျမင့္တက္လာ ျခင္းကို ကိုးကားၿပီး အနည္းဆုံးအခ်ိန္ (၇၂)နာရီၾကာ လုံေလာက္ေစမည့္ မရွိမျဖစ္လိုအပ္ေသာ ေထာက္ပံ့ေရး ပစၥည္းမ်ားကို သိုေလွာင္ထားရန္ ၎၏ ေနထိုင္သူ သန္း(၄၅၀)ကို ဥေရာပသမဂၢက အႀကံျပဳခဲ့ေၾကာင္း သိရသည္။ အဆိုပါသတိေပးခ်က္သည္ ဥေရာပသမဂၢတစ္ဝန္းရွိ အရပ္ဘက္ဆိုင္ရာ အဆင္သင့္ျဖစ္မႈမ်ားကို တိုးတက္ေစမည့္ က်ယ္ျပန႔္ေသာ မဟာဗ်ဴဟာကို ထင္ဟပ္ေစေၾကာင္း အက်ပ္အတည္းစီမံခန႔္ခြဲမႈဆိုင္ရာ ဥေရာပေကာက္မရွင္နာ Hadja Lahbib က ေျပာၾကားခဲ့သည္။
Hadja Lahbib သည္ ႐ုရွားကို ရည္ၫႊန္းေျပာဆိုျခင္းမ်ိဳးမရွိဘဲ ယူကရိန္းပဋိပကၡက ဥေရာပလုံၿခဳံေရးကို ၿခိမ္းေျခာက္ေနေၾကာင္း အေလးေပးေျပာၾကားခဲ့သည္။ Hadja Lahbib က “ယူကရိန္းမွာ အခ်ိန္သုံးႏွစ္ၾကာေအာင္ ဗုံးေတြ၊ က်ည္ဆန္ေတြ၊ ဒ႐ုန္းေတြ၊ တိုက္ေလယာဥ္ေတြ၊ ကတုတ္က်င္းေတြနဲ႔ ေရငုပ္သေဘၤာေတြ ပါဝင္တဲ့ စစ္ေျမျပင္ကို ကြၽန္မတို႔ျမင္ေတြ႕ၿပီးပါၿပီ။ ကြၽန္မတို႔ရဲ႕ဥေရာပလုံၿခဳံေရးကို ဒါက တိုက္႐ိုက္ၿခိမ္းေျခာက္ေနတာပါ” ဟု ေျပာခဲ့သည္။ ထို႔ျပင္ ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံ အမ်ားအျပားက ႐ုရွားကိုေဒသတြင္းလုံၿခဳံေရးအတြက္ သိသာ ထင္ရွားေသာ ၿခိမ္းေျခာက္မႈတစ္ခုအျဖစ္ အၿမဲတေစေခါင္းစဥ္တပ္ခဲ့ၾကေၾကာင္း သိရသည္။
ျပင္သစ္၊ ပိုလန္၊ ေဘာလ္တစ္ႏိုင္ငံမ်ားႏွင့္ ဖင္လန္ႏိုင္ငံတို႔တြင္ ႐ုရွားႏိုင္ငံမွ ဆိုက္ဘာတိုက္ခိုက္မႈမ်ား၊ မဟုတ္မမွန္ လုပ္ႀကံလႈံ႕ေဆာ္မႈမ်ား၊ ႏိုင္ငံေရးအရ ဝင္ေရာက္စြက္ဖက္မႈမ်ားႏွင့္ပတ္သက္ၿပီး စိုးရိမ္ပူပန္မႈမ်ားျမင့္တက္ လ်က္ရွိ ေၾကာင္းလည္း သိရသည္။
ထို႔ျပင္ ယူကရိန္းပဋိပကၡကို ဥေရာပသမဂၢအတြက္ စစ္ေရးအရၿခိမ္းေျခာက္မႈတစ္ခုျဖစ္ေစသည့္ ရန္လိုေသာ အျပဳအမူ၏ နမူနာအျဖစ္လည္း ၎တို႔က ေဖာ္ျပေျပာဆိုခဲ့ၾကသည္။ သို႔ေသာ္လည္း ေနတိုးအဖြဲ႕ဝင္ႏိုင္ငံမ်ား (သို႔မဟုတ္) ဥေရာပသမဂၢအေပၚ တိုက္ခိုက္မႈမ်ားလုပ္ေဆာင္ရန္ ရည္႐ြယ္ခ်က္ မ်ားမရွိေၾကာင္း ႐ုရွားဘက္က အႀကိမ္ႀကိမ္ျငင္းဆိုခဲ့သည္။