အစိုးရအသစ်ဖွဲ့စည်းမှုကို ဆီးရီးယားခေါင်းဆောင် ထုတ်ပြန်ကြေညာ

478

Pika (NP News) - မတ် ၃၁
ဆီးရီးယားသမ္မတဘာရှာအာဆတ်ကို ဖြုတ်ချလိုက်ပြီးနောက် စစ်ပွဲဒဏ်ခံနေရတဲ့နိုင်ငံကို ပေါင်းစည်းဖို့ အတွက် အဖွဲ့ဝင်(၂၃)ဦးပါ အသွင်ကူးပြောင်းရေးအစိုးရအသစ်တစ်ရပ်ကို ဖွဲ့စည်းလိုက်တယ်လို့ ဆီးရီးယားခေါင်းဆောင် Ahmed al-Sharaa က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒါ့ပြင် အဲဒီအစိုးရအဖွဲ့မှာ လူမျိုးရေး၊ဘာသာရေးနောက်ခံအသီးသီးက ကိုယ်စားလှယ်တွေ ပါဝင်တယ် လို့လည်း သိရပါတယ်။ ဂျီဟတ်ဝါဒီအဖွဲ့ Hayat Tahrir-al-Sham (HTS) ရဲ့ ခေါင်းဆောင် Ahmed al-Sharaa က အစိုးရအသစ်ကို ပြည်သူတွေရဲ့ဆန္ဒနဲ့တောက်ပတဲ့အနာဂါတ်အတွက် တည်တံ့တဲ့အနာဂါတ် မျှော်လင့်ချက်တွေကို ပေးဆောင်မယ့် အပြောင်းအလဲနဲ့တည်ဆောက်မှုတစ်ခုအဖြစ် ဖော်ပြပြောဆိုခဲ့ပါ တယ်။
Ahmed al-Sharaa က “နိုင်ငံသားတွေအားလုံးကြားထဲမှာ ကြိုးစားအားထုတ်မှု၊ စေတနာထားမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ ဒီပန်းတိုင်ကို အကောင်အထည်ဖော်ဖို့ သော့ချက်တစ်ခုဖြစ်တယ်ဆိုတာ ကို ကျွန်တော်တို့ယုံကြည်ပါတယ်”လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် အစိုးရအဖွဲ့အသစ်မှာ လူမှုရေးနဲ့အလုပ်သမားရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်မယ့် ဘာသာပေါင်းစုံချစ်ကြည်ရေး နဲ့ အမျိုးသမီး စွမ်းဆောင်နိုင်ရေးအတွက် ခရစ်ယာန် ရှေ့နေတစ်ဦးဖြစ် သလို တစ်ဦးတည်းသောအမျိုးသမီးဖြစ်တဲ့ Hind Kabawat ကို ခန့်အပ်မှုလိုမျိုး ခန့်အပ်မှုအသစ်တွေ ပါဝင်တယ်လို့လည်း သိရပါတယ်။ ပြီးတော့ အစိုးရအသစ်မှာ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနကို ဦးဆောင်မယ့် Alawite လူမျိုးတစ်ဦးဖြစ်တဲ့ Yarub Badr နဲ့ စိုက်ပျိုးရေးဝန်ကြီးဌာနကို ဦးဆောင်မယ့် Druze အသိုင်းအဝိုင်းက အဖွဲ့ဝင်တစ်ဦးဖြစ်သူတို့လည်း ပါဝင်တယ်လို့ သိရပါတယ်။
Zawgyi Version:
အစိုးရအသစ္ဖြဲ႕စည္းမႈကို ဆီးရီးယားေခါင္းေဆာင္ ထုတ္ျပန္ေၾကညာ
Pika (NP News) - မတ္ ၃၁
ဆီးရီးယားသမၼတဘာရွာအာဆတ္ကို ျဖဳတ္ခ်လိုက္ၿပီးေနာက္ စစ္ပြဲဒဏ္ခံေနရတဲ့ႏိုင္ငံကို ေပါင္းစည္းဖို႔ အတြက္ အဖြဲ႕ဝင္(၂၃)ဦးပါ အသြင္ကူးေျပာင္းေရးအစိုးရအသစ္တစ္ရပ္ကို ဖြဲ႕စည္းလိုက္တယ္လို႔ ဆီးရီးယားေခါင္းေဆာင္ Ahmed al-Sharaa က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။
ဒါ့ျပင္ အဲဒီအစိုးရအဖြဲ႕မွာ လူမ်ိဳးေရး၊ဘာသာေရးေနာက္ခံအသီးသီးက ကိုယ္စားလွယ္ေတြ ပါဝင္တယ္ လို႔လည္း သိရပါတယ္။ ဂ်ီဟတ္ဝါဒီအဖြဲ႕ Hayat Tahrir-al-Sham (HTS) ရဲ႕ ေခါင္းေဆာင္ Ahmed al-Sharaa က အစိုးရအသစ္ကို ျပည္သူေတြရဲ႕ဆႏၵနဲ႔ေတာက္ပတဲ့အနာဂါတ္အတြက္ တည္တံ့တဲ့အနာဂါတ္ ေမွ်ာ္လင့္ခ်က္ေတြကို ေပးေဆာင္မယ့္ အေျပာင္းအလဲနဲ႔တည္ေဆာက္မႈတစ္ခုအျဖစ္ ေဖာ္ျပေျပာဆိုခဲ့ပါ တယ္။
Ahmed al-Sharaa က “ႏိုင္ငံသားေတြအားလုံးၾကားထဲမွာ ႀကိဳးစားအားထုတ္မႈ၊ ေစတနာထားမႈနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈေတြဟာ ဒီပန္းတိုင္ကို အေကာင္အထည္ေဖာ္ဖို႔ ေသာ့ခ်က္တစ္ခုျဖစ္တယ္ဆိုတာ ကို ကြၽန္ေတာ္တို႔ယုံၾကည္ပါတယ္”လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ အစိုးရအဖြဲ႕အသစ္မွာ လူမႈေရးနဲ႔အလုပ္သမားေရးရာဝန္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္မယ့္ ဘာသာေပါင္းစုံခ်စ္ၾကည္ေရး နဲ႔ အမ်ိဳးသမီး စြမ္းေဆာင္ႏိုင္ေရးအတြက္ ခရစ္ယာန္ ေရွ႕ေနတစ္ဦးျဖစ္ သလို တစ္ဦးတည္းေသာအမ်ိဳးသမီးျဖစ္တဲ့ Hind Kabawat ကို ခန႔္အပ္မႈလိုမ်ိဳး ခန႔္အပ္မႈအသစ္ေတြ ပါဝင္တယ္လို႔လည္း သိရပါတယ္။ ၿပီးေတာ့ အစိုးရအသစ္မွာ သယ္ယူပို႔ေဆာင္ေရးဝန္ႀကီးဌာနကို ဦးေဆာင္မယ့္ Alawite လူမ်ိဳးတစ္ဦးျဖစ္တဲ့ Yarub Badr နဲ႔ စိုက္ပ်ိဳးေရးဝန္ႀကီးဌာနကို ဦးေဆာင္မယ့္ Druze အသိုင္းအဝိုင္းက အဖြဲ႕ဝင္တစ္ဦးျဖစ္သူတို႔လည္း ပါဝင္တယ္လို႔ သိရပါတယ္။