အပျက်အစီးပုံအောက် နာရီပေါင်းများစွာ ပိတ်နေသူကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ပြီးမှ လူနာဟာ ထူးဆန်းစွာ သေဆုံးတတ်ပါတယ်

2272

U Htay Oung (NP News) - မတ် ၃၁
ပျက်စီး (သို့) ဆိုးရွားတဲ့ဝန်းကျင်အခြေအနေအောက်ရောက်ရှိသွားတဲ့အခါ အဲ့ဒီလူရဲ့ ခန္ဓာကိုယ်အစိတ် အပိုင်းများမှာ ပြောင်းလဲမှုများဖြစ်ပေါ်လာပါတယ်။ ကြာရှည်စွာ ဖိညှစ်ထားခြင်းခံရပြီး အရိုးကြွက်သား များနဲ့ နှလုံးကြွက်သားများမှာရှိတဲ့ မိုင်ယိုဂလိုဘင် ပရိုတင်း ပျက်စီးခြင်း၊ သွေးအတွင်း ပိုတက်ဆီယမ်နဲ့ အဆိပ်စုဝေးခြင်း များပြားလာတတ်ပါတယ်။
လူနာဟာ အလိုလျောက် အာရုံကြောထိန်းချုပ်မှုစနစ် မညီမမျှဖြစ်နေရာက ကယ်ဆယ်ခြင်းခံရပြီး လွတ်မြောက်လာတဲ့အခါ စိတ်ဖိအား ဟိုမုန်းများ ထွက်လာပြီး သွေးဖိအားမြင့်တက်ခြင်း၊ နှလုံးစည်းချက် မမှန်ခြင်း၊ နှလုံးအလုပ်လုပ်ဆောင်မှု ကျဆုံးခြင်းတို့ဖြစ်လာတတ်ပါတယ်။
ကာလတစ်ခုကြာမြင့်ပြီးနောက် ယခင် အောက်ဆီဂျင် မရရှိခဲ့တဲ့ တစ်သျှူးများအတွင်း သွေးလည်ပတ်မှု ရုတ်တရက် ပြန်လည်ရောက်ရှိတဲ့အခါ အောက်ဆီဂျင် ဖရီးရယ်ဒီကယ်များ လွတ်ထွက်လာပြီး အဲ့ဒီတစ်သျှူးဟာ ပျက်စီးသွားခြင်း၊ ခန္ဓာကိုယ်တွင်း သွေးပို့လွှတ်ဖြန့်ဝေမှုစနစ် ထိခိုက်သွားတတ်ပါ တယ်။
လူနာဟာ အဆုပ်သွေးကြောများမှာ ပိတ်ဆို့နေနိုင်ပြီး၊ အချိန်ကြာမြင့်စွာ မလှုပ်မရှားနေခဲ့ရတဲ့အတွက် သွေးကြောများအတွင်းမှာလည်း ပိတ်ဆို့နေတတ်ပါတယ်။ အဲဒီပိတ်ဆို့နေတဲ့အရာတွေဟာ သွေးကြောမှတဆင့် အဆုပ်ကိုရောက်ရှိတဲ့အခါ အသက်ရှုရန်ခက်ခဲပြီး ရုတ်တရက် သေဆုံးတတ်ပါ တယ်။
အဲ့ဒါကို Reperfusion injury “ပုံမှန်သွေးလည်ပတ်မှုပြန်လည်ရရှိစဉ် ထိခိုက်မှု” Rescue collapse “ကယ်ဆယ်ခြင်းခံရပြီးနောက် သေဆုံးမှု” လို့ ခေါ်ပါတယ်။ အဲဒီလိုဖြစ်ရပ်ကို အပျက်အစီးပုံအောက် ကြာမြင့်စွာ နေခဲ့ရမှ မဟုတ်ပါဘူး။
ပင်လယ်ပြင်မှာ နာရီပေါင်းများစွာ ကယ်သူမဲ့ မျောပါနေခြင်း၊ ဘောလုံးကွင်းအတွင်း ကစားနေစဉ် (သို့) စကားပြောနေစဉ် မိနစ်ပိုင်းအတွင်း ရုတ်တရက်သေဆုံးခြင်းမှာလည်း တွေ့ရတတ်ပါတယ်။ လူတိုင်း မလွဲမသွေ အမြဲဖြစ်တတ်လို့ မဆိုနိုင်ပေမယ့် တစ်ခါတစ်ရံဖြစ်လေ့ရှိတာ အမှန်ပဲဖြစ်ပါတယ်။
အဲဒါကြောင့် ရှာဖွေကယ်ဆယ်ခြင်းခံရတဲ့ မည်သူကိုမဆို။ ဝိုင်းအုံပြီး တစ်ယောက်တစ်ပေါက် အင်တာဗျူးနေမယ့်အစား ဆေးရုံ (သို့) ကျွမ်းကျင်နားလည်သူနဲ့ ဆေးပစ္စည်းကိရိယာများ၊ စမ်းသပ် ကုသမှု အမြန်ဆုံးရရှိဖို့ ဆောင်ရွက်ပေးသင့်ပါတယ်။
#HtayOung #OungMarine
#Reperfusion_injury #ပုံမှန်သွေးလည်ပတ်မှု ပြန်လည်ရရှိစဉ်_ထိခိုက်မှု #Rescue_collapse
#ကယ်ဆယ်ခြင်းခံရပြီးနောက်_သေဆုံးမှု #စစ်ကိုင်း_ငလျင်ကြီး

Zawgyi Version:
အပ်က္အစီးပုံေအာက္ နာရီေပါင္းမ်ားစြာ ပိတ္ေနသူကို အသက္ရွင္လ်က္ ကယ္ဆယ္ႏိုင္ၿပီးမွ လူနာဟာ ထူးဆန္းစြာ ေသဆုံးတတ္ပါတယ္
U Htay Oung (NP News) - မတ္ ၃၁
ပ်က္စီး (သို႔) ဆိုး႐ြားတဲ့ဝန္းက်င္အေျခအေနေအာက္ေရာက္ရွိသြားတဲ့အခါ အဲ့ဒီလူရဲ႕ ခႏၶာကိုယ္အစိတ္ အပိုင္းမ်ားမွာ ေျပာင္းလဲမႈမ်ားျဖစ္ေပၚလာပါတယ္။ ၾကာရွည္စြာ ဖိညႇစ္ထားျခင္းခံရၿပီး အ႐ိုးႂကြက္သား မ်ားနဲ႔ ႏွလုံးႂကြက္သားမ်ားမွာရွိတဲ့ မိုင္ယိုဂလိုဘင္ ပ႐ိုတင္း ပ်က္စီးျခင္း၊ ေသြးအတြင္း ပိုတက္ဆီယမ္နဲ႔ အဆိပ္စုေဝးျခင္း မ်ားျပားလာတတ္ပါတယ္။
လူနာဟာ အလိုေလ်ာက္ အာ႐ုံေၾကာထိန္းခ်ဳပ္မႈစနစ္ မညီမမွ်ျဖစ္ေနရာက ကယ္ဆယ္ျခင္းခံရၿပီး လြတ္ေျမာက္လာတဲ့အခါ စိတ္ဖိအား ဟိုမုန္းမ်ား ထြက္လာၿပီး ေသြးဖိအားျမင့္တက္ျခင္း၊ ႏွလုံးစည္းခ်က္ မမွန္ျခင္း၊ ႏွလုံးအလုပ္လုပ္ေဆာင္မႈ က်ဆုံးျခင္းတို႔ျဖစ္လာတတ္ပါတယ္။
ကာလတစ္ခုၾကာျမင့္ၿပီးေနာက္ ယခင္ ေအာက္ဆီဂ်င္ မရရွိခဲ့တဲ့ တစ္သွ်ဴးမ်ားအတြင္း ေသြးလည္ပတ္မႈ ႐ုတ္တရက္ ျပန္လည္ေရာက္ရွိတဲ့အခါ ေအာက္ဆီဂ်င္ ဖရီးရယ္ဒီကယ္မ်ား လြတ္ထြက္လာၿပီး အဲ့ဒီတစ္သွ်ဴးဟာ ပ်က္စီးသြားျခင္း၊ ခႏၶာကိုယ္တြင္း ေသြးပို႔လႊတ္ျဖန႔္ေဝမႈစနစ္ ထိခိုက္သြားတတ္ပါ တယ္။
လူနာဟာ အဆုပ္ေသြးေၾကာမ်ားမွာ ပိတ္ဆို႔ေနႏိုင္ၿပီး၊ အခ်ိန္ၾကာျမင့္စြာ မလႈပ္မရွားေနခဲ့ရတဲ့အတြက္ ေသြးေၾကာမ်ားအတြင္းမွာလည္း ပိတ္ဆို႔ေနတတ္ပါတယ္။ အဲဒီပိတ္ဆို႔ေနတဲ့အရာေတြဟာ ေသြးေၾကာမွတဆင့္ အဆုပ္ကိုေရာက္ရွိတဲ့အခါ အသက္ရႈရန္ခက္ခဲၿပီး ႐ုတ္တရက္ ေသဆုံးတတ္ပါ တယ္။
အဲ့ဒါကို Reperfusion injury “ပုံမွန္ေသြးလည္ပတ္မႈျပန္လည္ရရွိစဥ္ ထိခိုက္မႈ” Rescue collapse “ကယ္ဆယ္ျခင္းခံရၿပီးေနာက္ ေသဆုံးမႈ” လို႔ ေခၚပါတယ္။ အဲဒီလိုျဖစ္ရပ္ကို အပ်က္အစီးပုံေအာက္ ၾကာျမင့္စြာ ေနခဲ့ရမွ မဟုတ္ပါဘူး။
ပင္လယ္ျပင္မွာ နာရီေပါင္းမ်ားစြာ ကယ္သူမဲ့ ေမ်ာပါေနျခင္း၊ ေဘာလုံးကြင္းအတြင္း ကစားေနစဥ္ (သို႔) စကားေျပာေနစဥ္ မိနစ္ပိုင္းအတြင္း ႐ုတ္တရက္ေသဆုံးျခင္းမွာလည္း ေတြ႕ရတတ္ပါတယ္။ လူတိုင္း မလြဲမေသြ အၿမဲျဖစ္တတ္လို႔ မဆိုႏိုင္ေပမယ့္ တစ္ခါတစ္ရံျဖစ္ေလ့ရွိတာ အမွန္ပဲျဖစ္ပါတယ္။
အဲဒါေၾကာင့္ ရွာေဖြကယ္ဆယ္ျခင္းခံရတဲ့ မည္သူကိုမဆို။ ဝိုင္းအုံၿပီး တစ္ေယာက္တစ္ေပါက္ အင္တာဗ်ဴးေနမယ့္အစား ေဆး႐ုံ (သို႔) ကြၽမ္းက်င္နားလည္သူနဲ႔ ေဆးပစၥည္းကိရိယာမ်ား၊ စမ္းသပ္ ကုသမႈ အျမန္ဆုံးရရွိဖို႔ ေဆာင္႐ြက္ေပးသင့္ပါတယ္။
#HtayOung #OungMarine
#Reperfusion_injury #ပုံမွန္ေသြးလည္ပတ္မႈ ျပန္လည္ရရွိစဥ္_ထိခိုက္မႈ #Rescue_collapse
#ကယ္ဆယ္ျခင္းခံရၿပီးေနာက္_ေသဆုံးမႈ #စစ္ကိုင္း_ငလ်င္ႀကီး