ငလျင်အတွက် ဝမ် (၅)သန်းကို လှူဒါန်းမှုကို ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး လက်ခံ

 613

စော(NP News)-မတ် ၃၁

မြန်မာနိုင်ငံ၌ ပြီးခဲ့သည့် (မတ်လ ၂၈ရက်)တွင် အင်အားရစ်ချက်တာစကေး (၇ဒဿမ၇)ရှိ အလွန်ပြင်းထန်သောငလျင်လှုပ်ခတ်ခဲ့သည့်အတွက် ကိုရီးယားရှိ Korea-Myanmar Friendship Interchange Association မှ ဥက္ကဋ္ဌ ဆရာတော် Venerable Mok Takက အလှူငွေ စုစုပေါင်း ဝမ် (၅)သန်းကို လှူဒါန်းမှုကို ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး လက်ခံရယူခဲ့ကြောင်း သိရသည်။

အဆိုပါအင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မြန်မာနိုင်ငံရှိ ဒေသအနှံ့အပြားတွင် ပျက်ဆီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ယင်းဒေသများမှ ပြည်သူများအတွက် လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ လာရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံရှိ Korea-Myanmar Friendship Interchange Association မှ ဥက္ကဋ္ဌ ဆရာတော် Venerable Mok Tak မှ အလှူငွေ စုစုပေါင်း ဝမ် (၅) သန်းကို မြန်မာသံရုံး၊ ဆိုးလ်မြို့သို့ ယနေ့ (မတ်လ ၃၁ရက်)က လာရောက်လှူဒါန်းခဲ့ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါလှူဒါန်းငွေအား နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ငလျင်ဘေးသင့်ပြည်သူများကို ဆက်လက်ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထားသည်။

Zawgyi Version:
ငလ်င္အတြက္ ဝမ္ (၅)သန္းကို လႉဒါန္းမႈကို ကိုရီးယားသမၼတႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး လက္ခံ

ေစာ(NP News)-မတ္ ၃၁

ျမန္မာႏိုင္ငံ၌ ၿပီးခဲ့သည့္ (မတ္လ ၂၈ရက္)တြင္ အင္အားရစ္ခ်က္တာစေကး (၇ဒႆမ၇)ရွိ အလြန္ျပင္းထန္ေသာငလ်င္လႈပ္ခတ္ခဲ့သည့္အတြက္ ကိုရီးယားရွိ Korea-Myanmar Friendship Interchange Association မွ ဥကၠ႒ ဆရာေတာ္ Venerable Mok Takက အလႉေငြ စုစုေပါင္း ဝမ္ (၅)သန္းကို လႉဒါန္းမႈကို ကိုရီးယားႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး လက္ခံရယူခဲ့ေၾကာင္း သိရသည္။

အဆိုပါအင္အားျပင္းငလ်င္လႈပ္ခတ္ခဲ့မႈေၾကာင့္ ျမန္မာႏိုင္ငံရွိ ေဒသအႏွံ႔အျပားတြင္ ပ်က္ဆီးဆုံးရႈံးမႈမ်ား ျဖစ္ေပၚခဲ့သျဖင့္ ယင္းေဒသမ်ားမွ ျပည္သူမ်ားအတြက္ လိုအပ္သည့္ ကူညီကယ္ဆယ္ေရးႏွင့္ ျပန္လည္ထူ ေထာင္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ရန္ ရည္႐ြယ္၍ လာေရာက္လႉဒါန္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ကိုရီးယားႏိုင္ငံရွိ Korea-Myanmar Friendship Interchange Association မွ ဥကၠ႒ ဆရာေတာ္ Venerable Mok Tak မွ အလႉေငြ စုစုေပါင္း ဝမ္ (၅) သန္းကို ျမန္မာသံ႐ုံး၊ ဆိုးလ္ၿမိဳ႕သို႔ ယေန႔ (မတ္လ ၃၁ရက္)က လာေရာက္လႉဒါန္းခဲ့ရာ ျမန္မာသံအမတ္ႀကီး ဦးသန႔္စင္မွ လက္ခံရယူၿပီး ဂုဏ္ျပဳမွတ္တမ္းလႊာအား ျပန္လည္ေပးအပ္ခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။

အဆိုပါလႉဒါန္းေငြအား ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွတစ္ဆင့္ ငလ်င္ေဘးသင့္ျပည္သူမ်ားကို ဆက္လက္ေပးပို႔လႉဒါန္းသြားမည္ျဖစ္ေၾကာင္း ကိုရီးယားႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးက အသိေပးထားသည္။

Related news

© 2021. All rights reserved.