ဖိလစ်ပိုင်အစိုးရက အဖွဲ့ဝင် ၁၁၄ ဦး ပါဝင်တဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေကို စေလွှတ်ကူညီမယ်

 2624

ဂျန်ဇက် (NP News) - မတ်လ ၃၁

ဖိလစ်ပိုင်အစိုးရဟာ အင်အားပြင်းငလျင်ဒဏ်ခံရတဲ့ မြန်မာနိုင်ငံအတွက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင် အနည်းဆုံး ၁၁၄ ဦးကို စေလွှတ်ကူညီပေးသွားမယ်လို့ ဆိုပါတယ်။ နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံမှာ အင်အား ၇ ဒသမ ၇ မဂ္ဂနီကျူအဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် မတ်လ ၂၈ ရက်မှာ မြေပြင် ကွင်းဆင်းစစ်ဆေးခဲ့သလို ညဖက် မိန့်ခွန်းပြောဆိုရာမှာလည်း နိုင်ငံတကာကို အကူအညီပေးဖို့ တောင်းဆိုခဲ့ပါတယ်။
မတ်လ ၂၈ ရက်က စစ်ကိုင်းနဲ့ မန္တလေးမြို့ကို ဗဟိုပြုပြီး အင်အား ၇ ဒသမ ၇ မဂ္ဂနီကျူအဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ကြောင်း သိရပါတယ်။ ဖိလစ်ပိုင်အစိုးရက ငလျင်လှုပ်ခတ်မှုအတွင်း ပြိုကျပျက်စီးခဲ့တဲ့ အပျက်အစီးတွေကြားမှာ ပိတ်မိနေသူတွေကို ရှာဖွေကယ်ဆယ်နိုင်ဖို့အတွက် အဖွဲ့ဝင် ၁၁၄ ဦး ပါဝင်တဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေကို စေလွှတ်ကူညီမယ်လို့ ပြောပါတယ်။

ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှာ ရှာဖွေရေးအဖွဲ့ဝင်တွေ၊ ဆေးဝါးဆိုင်ရာ ကျွမ်းကျင်သူတွေ ပါဝင်မှာဖြစ်ပြီး ဧပြီ ၁ ရက်မှာ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာငလျင်လှုပ်ခတ်ခဲ့ပြီးနောက် အာဆီယံဒေသအတွင်း နိုင်ငံများအနက် ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ နိုင်ငံတို့က ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ စေလွှတ်ကူညီခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် တရုတ်၊ ရုရှား၊ အိန္ဒိယ ၊ နိုင်ငံတို့ အပါအဝင် ကမ္ဘာ့နိုင်ငံအချို့ကလည်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တွေ စေလွှတ်ကူညီပေးထား တယ်လို့ သိရပါတယ်။ ငလျင်ကြီးနဲ့အတူနောက်ဆက်တွဲ ငလျင်ငယ်တွေလည်းထပ်မံလှုပ်ခတ်ခဲ့ရာ သမိုင်းဝင်အဆောက်အဦးတွေ၊ အိုးအိမ်တွေ၊ တံတာားတွေ၊ လမ်းတွေ၊ စာသင်ကျောင်းတွေ၊ ဘုန်းတော် ကြီးကျောင်းတွေ၊ စေတီပုထိုးတွေ ထိခိုက်ပျက်စီးခဲ့ရပါတယ်။ ငလျင်ကြောင့် သေဆုံးဒဏ်ရာရသူ အရေအတွက် ထောင်ချီရှိနေပြီး အရေအတွက် ပိုမိုမြင့်တက်လာဖွယ်ရှိတယ်လို့ သိရပါတယ်။

Zawgyi Version:
ဖိလစ္ပိုင္အစိုးရက အဖြဲ႕ဝင္ ၁၁၄ ဦး ပါဝင္တဲ့ ရွာေဖြကယ္ဆယ္ေရးအဖြဲ႕ေတြကို ေစလႊတ္ကူညီမယ္
ဂ်န္ဇက္ (NP News) - မတ္လ ၃၁

ဖိလစ္ပိုင္အစိုးရဟာ အင္အားျပင္းငလ်င္ဒဏ္ခံရတဲ့ ျမန္မာႏိုင္ငံအတြက္ ရွာေဖြကယ္ဆယ္ေရးအဖြဲ႕ဝင္ အနည္းဆုံး ၁၁၄ ဦးကို ေစလႊတ္ကူညီေပးသြားမယ္လို႔ ဆိုပါတယ္။ နစကဥကၠဌ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဟာ ျမန္မာႏိုင္ငံမွာ အင္အား ၇ ဒသမ ၇ မဂၢနီက်ဴအဆင့္ရွိ ငလ်င္ လႈပ္ခတ္ခဲ့ၿပီးေနာက္ မတ္လ ၂၈ ရက္မွာ ေျမျပင္ ကြင္းဆင္းစစ္ေဆးခဲ့သလို ညဖက္ မိန႔္ခြန္းေျပာဆိုရာမွာလည္း ႏိုင္ငံတကာကို အကူအညီေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။
မတ္လ ၂၈ ရက္က စစ္ကိုင္းနဲ႔ မႏၲေလးၿမိဳ႕ကို ဗဟိုျပဳၿပီး အင္အား ၇ ဒသမ ၇ မဂၢနီက်ဴအဆင့္ရွိ ငလ်င္ လႈပ္ခတ္ခဲ့ေၾကာင္း သိရပါတယ္။ ဖိလစ္ပိုင္အစိုးရက ငလ်င္လႈပ္ခတ္မႈအတြင္း ၿပိဳက်ပ်က္စီးခဲ့တဲ့ အပ်က္အစီးေတြၾကားမွာ ပိတ္မိေနသူေတြကို ရွာေဖြကယ္ဆယ္ႏိုင္ဖို႔အတြက္ အဖြဲ႕ဝင္ ၁၁၄ ဦး ပါဝင္တဲ့ ရွာေဖြကယ္ဆယ္ေရးအဖြဲ႕ေတြကို ေစလႊတ္ကူညီမယ္လို႔ ေျပာပါတယ္။

ရွာေဖြကယ္ဆယ္ေရးအဖြဲ႕မွာ ရွာေဖြေရးအဖြဲ႕ဝင္ေတြ၊ ေဆးဝါးဆိုင္ရာ ကြၽမ္းက်င္သူေတြ ပါဝင္မွာျဖစ္ၿပီး ဧၿပီ ၁ ရက္မွာ ျမန္မာႏိုင္ငံကို ေရာက္ရွိမွာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာငလ်င္လႈပ္ခတ္ခဲ့ၿပီးေနာက္ အာဆီယံေဒသအတြင္း ႏိုင္ငံမ်ားအနက္ ထိုင္း၊ စင္ကာပူ၊ မေလးရွား၊ ဗီယက္နမ္၊ ႏိုင္ငံတို႔က ရွာေဖြ ကယ္ဆယ္ေရးအဖြဲ႕ဝင္ေတြ ေစလႊတ္ကူညီခဲ့တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ တ႐ုတ္၊ ႐ုရွား၊ အိႏၵိယ ၊ ႏိုင္ငံတို႔ အပါအဝင္ ကမာၻ႔ႏိုင္ငံအခ်ိဳ႕ကလည္း ရွာေဖြကယ္ဆယ္ေရးအဖြဲ႕ဝင္ေတြ ေစလႊတ္ကူညီေပးထား တယ္လို႔ သိရပါတယ္။ ငလ်င္ႀကီးနဲ႔အတူေနာက္ဆက္တြဲ ငလ်င္ငယ္ေတြလည္းထပ္မံလႈပ္ခတ္ခဲ့ရာ သမိုင္းဝင္အေဆာက္အဦးေတြ၊ အိုးအိမ္ေတြ၊ တံတာားေတြ၊ လမ္းေတြ၊ စာသင္ေက်ာင္းေတြ၊ ဘုန္းေတာ္ ႀကီးေက်ာင္းေတြ၊ ေစတီပုထိုးေတြ ထိခိုက္ပ်က္စီးခဲ့ရပါတယ္။ ငလ်င္ေၾကာင့္ ေသဆုံးဒဏ္ရာရသူ အေရအတြက္ ေထာင္ခ်ီရွိေနၿပီး အေရအတြက္ ပိုမိုျမင့္တက္လာဖြယ္ရွိတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.