မြန်မာနိုင်ငံမှာ နောက်ဆက်တွဲငလျင်ငယ်များ ထပ်မံလှုပ်ခတ်နေဟု ရုရှားကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦး ပြော

 1662

ဂျန်ဇက် (NP News) - မတ် ၃၁

မြန်မာနိုင်ငံမှာမတ်လ ၂၈ ရက်က အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့သလို လက်ရှိအချိန်အထိလည်း နောက်ဆက်တွဲငလျင်တွေလည်းလှု ပ်ခတ်နေတယ်လို့ ရုရှားရှာဖွေကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။ ရုရှားရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက "ဟုတ်ပါတယ်။ နောက်ဆက်တွဲငလျင်တွေလှုပ်ခတ်မှုတွ ရှိနေပေမယ့် အခက်အခဲတွေရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဘယ်လိုအခြေအနေမျိုးအတွက် မဆို အဆင်သင့်ရှိပါတယ်" လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်က အင်အား ၇ ဒသမ ၇ မဂ္ဂနီကျူအဆင့်ရှိ ငလျင်ကြီးနဲ့အတူ ငလျင်ငယ် တွေ လှုပ်ခတ်ခဲ့ပြီးနောက် ရုရှားဟာ အဖွဲ့ဝင် ၁၂၀ ဦးပါဝင်တဲ့ ကယ်ဆယ်ရေးအဖွဲ့ကို မတ်လ ၂၉ ရက်မှာ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။
ရုရှားကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာ ငလျင်ဒဏ်ကို ဆိုးရွားစွာခံရတဲ့ မန္တလေးမြို့မှာ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ ရုရှားအရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်သူ Sergey Vorontsov က ငလျင်ကြောင့် အပျက်အစီးတွေ ကြားထဲ ပိတ်မိနေသူတွေကို မိသားစုနဲ့ပြန်လည်ပေါင်းစည်းနိုင်အောင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း တွေ စတင်နေတယ်လို့ ပြောပါတယ်။ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ရုရှားနိုင်ငံအပြင် ရုရှား၊ အိန္ဒိယ ၊ နိုင်ငံတို့ အပါအဝင် ကမ္ဘာနိုင်ငံအချို့ကလည်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တွေ စေလွှတ်ကူညီပေးထား တယ်လို့ သိရပါတယ်.။ ဒါ့အပြင် ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ နိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ ကလည်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေကို စေလွှတ်ထားတယ်လို့ သိရပါတယ်။ ငလျင်ကြီးလှုပ်ခတ်ခဲ့ ပြီးနောက် မတ်လ ၃၁ ရက်အထိ နောက်ဆက်တွဲငလျင်တွေ လှုပ်ခတ်နေတဲ့အတွက် ရှာဖွေကယ်ဆယ် ရေးအဖွဲ့တွေနဲ့ ဒေသခံတွေ အခက်အခဲတွေဖြစ်ရဖွယ်ရှိနေပါတယ်။

Zawgyi Version:
ျမန္မာႏိုင္ငံမွာ ေနာက္ဆက္တြဲငလ်င္ငယ္မ်ား ထပ္မံလႈပ္ခတ္ေနဟု ႐ုရွားကယ္ဆယ္ေရးအဖြဲ႕ဝင္တစ္ဦး ေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၃၁

ျမန္မာႏိုင္ငံမွာမတ္လ ၂၈ ရက္က အင္အားျပင္းငလ်င္လႈပ္ခတ္ခဲ့သလို လက္ရွိအခ်ိန္အထိလည္း ေနာက္ဆက္တြဲငလ်င္ေတြလည္းလႈ ပ္ခတ္ေနတယ္လို႔ ႐ုရွားရွာေဖြကယ္ဆယ္ေရးအဖြဲ႕က ေျပာပါတယ္။ ႐ုရွားရွာေဖြကယ္ဆယ္ေရးအဖြဲ႕ဝင္တစ္ဦးက "ဟုတ္ပါတယ္။ ေနာက္ဆက္တြဲငလ်င္ေတြလႈပ္ခတ္မႈတြ ရွိေနေပမယ့္ အခက္အခဲေတြရွိပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ဟာ ဘယ္လိုအေျခအေနမ်ိဳးအတြက္ မဆို အဆင္သင့္ရွိပါတယ္" လို႔ ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ မတ္လ ၂၈ ရက္က အင္အား ၇ ဒသမ ၇ မဂၢနီက်ဴအဆင့္ရွိ ငလ်င္ႀကီးနဲ႔အတူ ငလ်င္ငယ္ ေတြ လႈပ္ခတ္ခဲ့ၿပီးေနာက္ ႐ုရွားဟာ အဖြဲ႕ဝင္ ၁၂၀ ဦးပါဝင္တဲ့ ကယ္ဆယ္ေရးအဖြဲ႕ကို မတ္လ ၂၉ ရက္မွာ ေစလႊတ္ခဲ့တယ္လို႔ သိရပါတယ္။
႐ုရွားကယ္ဆယ္ေရးအဖြဲ႕ဝင္ေတြဟာ ငလ်င္ဒဏ္ကို ဆိုး႐ြားစြာခံရတဲ့ မႏၲေလးၿမိဳ႕မွာ ရွာေဖြ ကယ္ဆယ္ေရးလုပ္ငန္းေတြကို ဆက္လက္လုပ္ကိုင္ေနတယ္လို႔ သိရပါတယ္။ ႐ုရွားအေရးေပၚ ကယ္ဆယ္ေရးအဖြဲ႕တာဝန္ရွိသူတစ္ဦးျဖစ္သူ Sergey Vorontsov က ငလ်င္ေၾကာင့္ အပ်က္အစီးေတြ ၾကားထဲ ပိတ္မိေနသူေတြကို မိသားစုနဲ႔ျပန္လည္ေပါင္းစည္းႏိုင္ေအာင္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္း ေတြ စတင္ေနတယ္လို႔ ေျပာပါတယ္။ ငလ်င္လႈပ္ခတ္ခဲ့ၿပီးေနာက္ ႐ုရွားႏိုင္ငံအျပင္ ႐ုရွား၊ အိႏၵိယ ၊ ႏိုင္ငံတို႔ အပါအဝင္ ကမာၻႏိုင္ငံအခ်ိဳ႕ကလည္း ရွာေဖြကယ္ဆယ္ေရးအဖြဲ႕ဝင္ေတြ ေစလႊတ္ကူညီေပးထား တယ္လို႔ သိရပါတယ္.။ ဒါ့အျပင္ ထိုင္း၊ စင္ကာပူ၊ မေလးရွား၊ ဗီယက္နမ္၊ ႏိုင္ငံနဲ႔ ဖိလစ္ပိုင္ႏိုင္ငံတို႔ ကလည္း ရွာေဖြကယ္ဆယ္ေရးအဖြဲ႕ေတြကို ေစလႊတ္ထားတယ္လို႔ သိရပါတယ္။ ငလ်င္ႀကီးလႈပ္ခတ္ခဲ့ ၿပီးေနာက္ မတ္လ ၃၁ ရက္အထိ ေနာက္ဆက္တြဲငလ်င္ေတြ လႈပ္ခတ္ေနတဲ့အတြက္ ရွာေဖြကယ္ဆယ္ ေရးအဖြဲ႕ေတြနဲ႔ ေဒသခံေတြ အခက္အခဲေတြျဖစ္ရဖြယ္ရွိေနပါတယ္။

Related news

© 2021. All rights reserved.