ယူကရိန်းအပစ်အခတ်ရပ်စဲရေး ရရှိသွားမှာကို ဘော်လ်တစ်နိုင်ငံတွေ ကြောက်ရွံ့နေ

1277

Pika (NP News) - ဧပြီ ၁
ယူကရိန်းပဋိ့ပက္ခအပစ်အခတ်ရပ်စဲရေးဟာ ၎င်းတို့ရင်ဆိုင်နေရတဲ့လုံခြုံရေးခြိမ်းခြောက်မှုတွေကို တိုးမြင့်လာစေနိုင်တယ်လို့ ဘော်လ်တစ်နိုင်ငံတွေက ယုံကြည်နေတယ်လို့ ဘော်လ်တစ်နိုင်ငံတွေရဲ့ ကာကွယ်ရေးဝန်ကြီးဌာနတွေရဲ့ပြောကြားချက်တွေကို ကိုးကားပြီး Financial Times သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ရုရှားနဲ့ယူကရိန်းတို့ဟာ စွမ်းအင်အခြေခံအဆောက်အဦးတွေအပေါ် တိုက်ခိုက်မှုတွေကို ရက်ပေါင်း(၃၀)ကြာရပ်တန့်ဖို့ သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။ ဒါ့ပြင် ပဋိပက္ခကို သံတမန်နည်းလမ်းအရဖြေရှင်းဖို့ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေနဲ့ ပင်လယ်နက်စပါး တင်ပို့မှု သဘောတူညီချက်ကို ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
ယူကရိန်းပဋိပက္ခ အပြည့်အဝအပစ်အခတ်ရပ်စဲရေးဟာ ရရှိနိုင်ဖို့ ခက်ခဲတယ်လို့ FT က ရေးသားဖော်ပြ ခဲ့ပေမယ့်လည်း ယူကရိန်းရဲ့ကျောထောက်နောက်ခံနိုင်ငံတွေဖြစ်တဲ့ အက်စတိုးနီးယား၊လတ်ဗီးယားနဲ့ လစ်သူယေးနီးယားနိုင်ငံတို့ဟာ တစ်ချိန်ချိန်မှာ အပြည့်အဝအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရရှိသွားမှာကို စိုးရိမ်နေကြတယ်လို့လည်း သိရပါတယ်။
အက်စတိုးနီးယားကာကွယ်ရေးဝန်ကြီး Hanno Pevkur က “ယူကရိန်းမှာဖြစ်ပွားနေတဲ့ စစ်ပွဲ ရပ်တန့်သွားတဲ့အခါ ရုရှားက သူ့ရဲ့တပ်ဖွဲ့တွေကို လျင်လျင်မြန်မြန်နဲ့ဖြန့်ကျက်ချထားမှုတွေ လုပ်ဆောင် မယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ဆိုလိုတာကတော့ ခြိမ်းခြောက်မှုအဆင့်က သိသိသာသာ မြန်မြန်ဆန်ဆန် တိုးလာမှာပါ”လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ယူကရိန်းပဋိပက္ခ အပစ်အခတ်ရပ်စဲရေး အသက်ဝင်တာနဲ့တစ်ပြိုင်နက် ရုရှားဟာ ယူကရိန်းနဲ့ ဆက်သွယ်မှုရှိတဲ့လိုင်းတွေကနေ ရုရှားနိုင်ငံရဲ့အနောက်ဘက်နယ်နိမိတ်တွေအထိ တပ်ဖွဲ့ဝင်(၃)သိန်း ခန့်ကို ဖြန့်ကျက်ချထားနိုင်တယ်လို့ Hanno Pevkur က ပြောကြားခဲ့ပါတယ်။
Zawgyi Version:
ယူကရိန္းအပစ္အခတ္ရပ္စဲေရး ရရွိသြားမွာကို ေဘာ္လ္တစ္ႏိုင္ငံေတြ ေၾကာက္႐ြံ႕ေန
Pika (NP News) - ဧၿပီ ၁
ယူကရိန္းပဋိ့ပကၡအပစ္အခတ္ရပ္စဲေရးဟာ ၎တို႔ရင္ဆိုင္ေနရတဲ့လုံၿခဳံေရးၿခိမ္းေျခာက္မႈေတြကို တိုးျမင့္လာေစႏိုင္တယ္လို႔ ေဘာ္လ္တစ္ႏိုင္ငံေတြက ယုံၾကည္ေနတယ္လို႔ ေဘာ္လ္တစ္ႏိုင္ငံေတြရဲ႕ ကာကြယ္ေရးဝန္ႀကီးဌာနေတြရဲ႕ေျပာၾကားခ်က္ေတြကို ကိုးကားၿပီး Financial Times သတင္းစာက ေရးသားေဖာ္ျပခဲ့ပါတယ္။
ၿပီးခဲ့တဲ့သီတင္းပတ္ေတြအတြင္း ႐ုရွားနဲ႔ယူကရိန္းတို႔ဟာ စြမ္းအင္အေျခခံအေဆာက္အဦးေတြအေပၚ တိုက္ခိုက္မႈေတြကို ရက္ေပါင္း(၃၀)ၾကာရပ္တန႔္ဖို႔ သေဘာတူညီခဲ့ၾကတယ္လို႔ သိရပါတယ္။ ဒါ့ျပင္ ပဋိပကၡကို သံတမန္နည္းလမ္းအရေျဖရွင္းဖို႔ ႀကိဳးပမ္းမႈတစ္စိတ္တစ္ပိုင္းအေနနဲ႔ ပင္လယ္နက္စပါး တင္ပို႔မႈ သေဘာတူညီခ်က္ကို ျပန္လည္အသက္သြင္းဖို႔ ႀကိဳးပမ္းမႈေတြလည္း ရွိခဲ့တယ္လို႔ သိရပါတယ္။
ယူကရိန္းပဋိပကၡ အျပည့္အဝအပစ္အခတ္ရပ္စဲေရးဟာ ရရွိႏိုင္ဖို႔ ခက္ခဲတယ္လို႔ FT က ေရးသားေဖာ္ျပ ခဲ့ေပမယ့္လည္း ယူကရိန္းရဲ႕ေက်ာေထာက္ေနာက္ခံႏိုင္ငံေတြျဖစ္တဲ့ အက္စတိုးနီးယား၊လတ္ဗီးယားနဲ႔ လစ္သူေယးနီးယားႏိုင္ငံတို႔ဟာ တစ္ခ်ိန္ခ်ိန္မွာ အျပည့္အဝအပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္ ရရွိသြားမွာကို စိုးရိမ္ေနၾကတယ္လို႔လည္း သိရပါတယ္။
အက္စတိုးနီးယားကာကြယ္ေရးဝန္ႀကီး Hanno Pevkur က “ယူကရိန္းမွာျဖစ္ပြားေနတဲ့ စစ္ပြဲ ရပ္တန႔္သြားတဲ့အခါ ႐ုရွားက သူ႔ရဲ႕တပ္ဖြဲ႕ေတြကို လ်င္လ်င္ျမန္ျမန္နဲ႔ျဖန္႔က်က္ခ်ထားမႈေတြ လုပ္ေဆာင္ မယ္ဆိုတာ ကြၽန္ေတာ္တို႔သိပါတယ္။ ဆိုလိုတာကေတာ့ ၿခိမ္းေျခာက္မႈအဆင့္က သိသိသာသာ ျမန္ျမန္ဆန္ဆန္ တိုးလာမွာပါ”လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ယူကရိန္းပဋိပကၡ အပစ္အခတ္ရပ္စဲေရး အသက္ဝင္တာနဲ႔တစ္ၿပိဳင္နက္ ႐ုရွားဟာ ယူကရိန္းနဲ႔ ဆက္သြယ္မႈရွိတဲ့လိုင္းေတြကေန ႐ုရွားႏိုင္ငံရဲ႕အေနာက္ဘက္နယ္နိမိတ္ေတြအထိ တပ္ဖြဲ႕ဝင္(၃)သိန္း ခန႔္ကို ျဖန႔္က်က္ခ်ထားႏိုင္တယ္လို႔ Hanno Pevkur က ေျပာၾကားခဲ့ပါတယ္။