ရည်ရွယ်ချက် မည်မျှကောင်းစေကာမူ လုပ်ရပ်မှားလျှင် ကောင်းသည့်ရည်ရွယ်ချက်ပါ ပျောက်တတ်သည်ကို ဂရုပြုသင့်သည့် စစ်မှုထမ်းကိစ္စ - အပိုင်း(၆)

 617

ကိုနေ(ဉပဒေ) (NP News) - ဧပြီ ၁

(၃) မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့မှ လျှောက်ထားလာသည့် လျှောက်လွှာများတွင် အချက်အလက်များ မှန်ကန်မှုရှိ/မရှိ၊ သက်ဆိုင်ရာစာရွက်စာတမ်းအထောက်အထားများ ပူးတွဲပါရှိခြင်း ရှိ/မရှိ တို့ကို စိစစ်ပြီး(စာရွက်စာတမ်းများ လိုအပ်နေပါက လျှောက်ထားသူထံ ပြန်လည်တောင်းခံရမည် ဖြစ်ပါသည်)လျှောက်ထားသူ၏ ဆေးစစ်ဆေးတွေ့ရှိ ချက်တို့နှင့်အတူ မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့၏ တွေ့ရှိချက်၊ သဘောထားမှတ် ချက်တို့ပူးတွဲလျက် သတ်မှတ်ရက်အတွင်း သက် ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖွဲ့ သို့မဟုတ် ခရိုင်အဖွဲ့သို့ ဆက်လက် တင်ပြပေးမည်ဖြစ်ပါသည်။
(၄) သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖွဲ့ သို့မဟုတ် ခရိုင်အဖွဲ့တို့အနေဖြင့် သက်ဆိုင်ရာမြို့နယ်မှတင်ပြလာသည့်လျှောက်လွှာများကို လက်ခံရရှိသည့်နေ့မှ စ၍ သတ်မှတ်ရက်အတွင်း သဘောထား မှတ်ချက်နှင့်အတူ သက်ဆိုင်ရာနေပြည်တော်အဖွဲ့ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဖွဲ့သို့ ဆက်လက်တင်ပြပေးမည်ဖြစ်ပါသည်။
(၅) သက်ဆိုင်ရာ နေပြည်တော်အဖွဲ့သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဖွဲ့တို့အနေ ဖြင့်သက်ဆိုင်ရာ သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖွဲ့ သို့မဟုတ် ခရိုင်အဖွဲ့တို့မှ တင်ပြလာသည့်လျှောက်လွှာများကို စိစစ်ပြီး လျှောက်လွှာများကို လက်ခံရရှိ သည့်နေ့မှစ၍ သတ်မှတ်ရက်အတွင်း ဗဟိုအဖွဲ့သို့ တင်ပြပေးမည်ဖြစ်ပါသည်။
(၆) ဗဟိုအဖွဲ့အနေဖြင့် သက်ဆိုင်ရာ နေပြည်တော်အဖွဲ့ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည် နယ်အဖွဲ့တို့မှ တင်ပြလာသည့်လျှောက်လွှာများတွင်
- စစ်မှုထမ်းခြင်းမှကင်းလွတ်ခွင့်ရရှိမည့်သူ (၁၃)မျိုးထဲတွင်အကျုံးဝင်ပြီး ပုံစံ(၇-က)ဖြင့် လျှောက် ထားလာမှုများမှာ အခြေအနေနှင့်လိုအပ်ချက်များအရ အခါအားလျော်စွာသတ်မှတ်ထားသည့် စံနှုန်းများ နှင့်ညီညွတ်မှုရှိပါက ပုံစံ(၈-က)ဖြင့် ကင်းလွတ်ခွင့်အမိန့်ထုတ်ပြန်ပေးမည်ဖြစ်ပါသည်။
- စစ်မှုထမ်းခြင်းမှလျှော့ပေါ့ခွင့် လျှောက်ထားခွင့်ရှိ သူ(၃)မျိုးထဲတွင် အကျုံးဝင်ပြီး ပုံစံ(၇-ခ)ဖြင့် လျှောက်ထားမှုများမှာ သတ်မှတ်ထားသော ထည့်သွင်းစဉ်းစားရမည့်စံနှုန်းများနှင့် ညီညွတ်မှုရှိပါက ပုံစံ(၈-ခ)ဖြင့် လျှော့ပေါ့ခွင့်လျှောက်ထားမှုကို ခွင့်ပြုပေးမည်ဖြစ်ပါသည်။
- စစ်မှုထမ်းခြင်းမှ ရွှေ့ဆိုင်းခွင့်ရရှိနိုင်သူ (၁၁)မျိုးထဲတွင် အကျုံးဝင်ပြီး ပုံစံ(၇-ဂ)ဖြင့် လျှောက်ထားမှုများ နှင့်ပတ်သက်၍ ခွင့်ပြုနိုင်ပါက ပုံစံ(၈-ဂ)ဖြင့် ရွှေ့ဆိုင်းခွင့်အား ခွင့်ပြုနိုင်မည်ဖြစ်ပါသည်။
- စစ်မှုထမ်းခြင်းမှကင်းလွတ်ခွင့်/ လျှော့ပေါ့ခွင့်/ ရွှေ့ဆိုင်းခွင့်တို့ကို လျှောက်ထားလာကြသည့် ပုံစံ (၇-က)/ ပုံစံ(၇-ခ)/ ပုံစံ(၇-ဂ) တို့အား ငြင်းပယ်ပါက ပုံစံ(၉)ဖြင့် ငြင်းပယ်မည် ဖြစ်ပါသည်။
(၇) ဗဟိုအဖွဲ့မှ အဆင့်ဆင့်လျှောက်ထားလာကြသည့် လျှောက်လွှာများနှင့်ပတ်သက်၍ ပုံစံ(၇-က)ကို [ခွင့်ပြုပါက ပုံစံ(၈-က)/ ငြင်းပယ်ပါက ပုံစံ(၉)]၊ ပုံစံ(၇-ခ)ကို [ခွင့်ပြုပါက ပုံစံ(၈-ခ)/ ငြင်းပယ်ပါက ပုံစံ (၉)]၊ ပုံစံ(၇-ဂ)ကို ခွင့်ပြုပါက ပုံစံ(၈-ဂ)/ ငြင်းပယ်ပါက ပုံစံ(၉)]တို့ဖြင့် လျှောက်လွှာများကို လက်ခံရရှိ သည့်နေ့မှစ၍ လျှောက်ထားသူများထံ အကြောင်းကြားမည်ဖြစ်ကာ သက်ဆိုင်ရာလျှောက်ထားသူများ ၏ မြို့နယ်ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ထံသို့ မိတ္တူသာပေးပို့မည် ဖြစ်ပါသည်။
(လျှောက်ထားသူများဘက်မှတင်ပြသည့် လျှောက်လွှာများနှင့်ပတ်သက်၍ ဗဟိုအဖွဲ့ထံ သက် ဆိုင်ရာမြိုနယ်အဆင့်/ သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ (သို့မဟုတ်) ခရိုင်အဆင့်/ နေပြည်တော် အဖွဲ့ (သို့မဟုတ်) သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အဆင့်များမှ အဆင့်ဆင့်တင်ပြရမည်ဖြစ်သော်လည်း ဗဟိုအဖွဲ့မှ အဆိုပါလျှောက်လွှာများကို ခွင့်ပြု ကြောင်း (သို့မဟုတ်) ငြင်းပယ်ကြောင်း ပြန် လည်ပေးပို့မှုကို လျှောက်ထားသူထံ တိုက်ရိုက်အကြောင်း ကြားမည်ဖြစ်ပြီး သက်ဆိုင်ရာလျှောက်ထားသူရှိသည့် မြို့နယ်အဖွဲ့ထံ မိတ္တူပေးပို့မည်ဖြစ်ပါသည်)
(၈) ဗဟိုအဖွဲ့အနေဖြင့် ပုံစံ(၇-က)၊ ပုံစံ (၇-ခ)၊ ပုံစံ(၇-ဂ)တို့ အသီးသီးဖြင့် လျှောက်ထားလာကြ သူများစာရင်းနှင့် အဆိုပါလျှောက်ထားလာကြသူများထဲမှ ပုံစံ(၉)ဖြင့် ငြင်းပယ်ခဲ့သူများစာရင်းကို သက် ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများထံ ပေးပို့ထားမည်ဖြစ်ပါသည်။
ဤသည်မှာ ပြည်သူ့စစ်မှုထမ်းနည်း ဥပ္လေများနောက်ဆက်တွဲပါ ပုံစံ(၈-က)၊ ပုံစံ(၈-ခ)၊ ပုံစံ(၈-ဂ)၊ ပုံစံ(၉) တို့နှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ အဆင့်ဆင့်ဆောင်ရွက်ကြရမည့် အကြောင်း အရာများဖြစ်ကြောင်း စာဖတ်သူများသိရှိကြစေရန် ပထမပိုင်းအနေဖြင့် ဖော်ပြရေးသားလိုက်ရပါသည်။ သက်ဆိုင်ရာတာဝန်ရှိသူများအနေ ဖြင့် ထိုသို့ ပုံစံ(၈-က)၊ ပုံစံ(၈-ခ)၊ ပုံစံ(၈-ဂ)၊ ပုံစံ (၉)တို့နှင့်ပတ်သက်၍ ဆောင်ရွက်ကြရသည့်အခါတွင် ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ- ၂၅ ပါ ဤဥပဒေ အရ ဆောင်ရွက်ရသော နိုင်ငံ့ဝန်ထမ်း တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းဝင် တစ်ဦးဦးသည် မိမိတာဝန်ကို မရိုးမဖြောင့်သော သဘောဖြင့် ပြုလုပ်မှု သို့မဟုတ် ပျက်ကွက်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဥပဒေပါပြဋ္ဌာန်း ချက်ကိုလည်းကောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ- ၃၁ ပါ ဥပဒေ စည်းမျဉ်းစည်းကမ်းနှင့်အညီ မိမိတာဝန်ကို သဘောရိုးဖြင့် ဆောင်ရွက်သောအဖွဲ့အစည်းတစ် ရပ်ရပ် သို့မဟုတ် အဖွဲ့အစည်းဝင် တစ်ဦးဦး၏ လုပ်ဆောင်ချက်သည် ပြစ်မှုကြောင်းအရ လည်းကောင်း၊ တရားမကြောင်းအရလည်းကောင်း တာဝန်မရှိစေရဟု ဥပဒေပါပြဋ္ဌာန်းချက်ကိုလည်းကောင်း ဂရုပြုကြ၍ မိမိတို့ ဆောင်ရွက်ကြရမည့် ကိစ္စရပ်များကို ရိုးရိုးသားသားဖြင့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ နိုင်ငံ့အကျိုးသယ်ပိုး ဆောင်ရွက်နိုင်ကြပါစေရန် ဆန္ဒပြုဆုမွန်ကောင်းတောင်းပေးလိုက်ရပါ သည်။
ဆက်လက်၍ ပြည်သူ့စစ်မှုထမ်းနည်း ဥပဒေများနောက်ဆက်တွဲပါ ပုံစံ(၈-က)၊ ပုံစံ(၈-ခ)၊ ပုံစံ(၈-ဂ)၊ ပုံစံ(၉)တို့နှင့်ပတ်သက်ပြီး လျှောက် ထားသူများအနေဖြင့် သိရှိထားရမည့် ဒုတိယပိုင်းကို ဆက်လက် ရေးသားဖော်ပြလိုက်ရပါသည်။
“ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ- ၁၅(ခ) တွင် ပုဒ်မခွဲ(က)ပါ ပုဂ္ဂိုလ်များသည် မိမိတို့အား ခွင့်ပြု ထားသည့် ယာယီရွှေ့ဆိုင်းခွင့်ကာလများကို စစ် မှုထမ်းရမည့်အသက်အရွယ်ကျော်လွန်စေကာမူ သတ် မှတ်ထားသောပြည်သူ့စစ်မှုထမ်းဆောင်ရန်ကာလကို ပြည့်မီအောင်ထမ်းဆောင်ရမည်။
ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ၊ နည်း ဥပဒေ- ၅၁ တွင် ဆေးစစ်အောင်မြင်ပြီးသူသည် ပြည်သူ့ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုရန်ဖြစ်စေ၊ ပြည်သူ့စစ်မှုထမ်းရမည့်ကာလအပိုင်းအခြားကို လျှော့ပေါ့ ပေးရန်ဖြစ်စေ၊ သီးခြားဖော်ပြထားသည့်ကာ လအပိုင်းအခြားတစ်ခုအထိ ရွှေ့ဆိုင်းရန်ဖြစ်စေ လျှောက် ထားခဲ့ပါက ယင်းလျှောက်ထားမှုအပေါ် ဗဟိုအဖွဲ့ထံမှ ခွင့်ပြုမိန့်မရမီ ပြည်ပနိုင်ငံများသို့ ထွက်ခွာခွင့် မရှိစေရ။
ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ၊ နည်း ဥပဒေ- ၅၂ တွင် အမိန့်စာကိုရရှိသူသည် ဗဟိုအဖွဲ့၏ ခွင့်ပြုချက်မရရှိဘဲ ပြည်ပနိုင်ငံများသို့ ထွက်ခွာခွင့်မရှိစေရ” (ဤနေရာတွင် အမိန့်စာဆိုသော စကားရပ် ကို နည်းဥပဒေ-၂(တ)တွင် အမိန့်စာဆိုသည်မှာ မြို့နယ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် ဥပဒေပုဒ်မ ၁၀ (က) အရ ပုံစံ(၁၀)ဖြင့် ဆင့်ခေါ်သည့် အမိန့်စာကို ဆိုသည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်ကို တွေ့ရှိရရာ အမိန့်စာရရှိသူဆိုသည်မှာ တစ်နည်းအားဖြင့် ပုံစံ(၉)ဖြင့် ငြင်းပယ်ခံရသူများကိုဆိုလိုကြောင်း မှတ်ယူရ မည်ဖြစ်ပါသည်။ အဆိုပါ ပုံစံ(၁၀)နှင့်ပတ်သက်၍လည်း ရှေ့လာမည့် NP News များတွင် အကျယ်တဝင့် ဖော်ပြရေးသားပေးပါမည်။)

စာဖတ်သူများနားလည်မှုရှိစေရန် အနှစ် ချုပ်ဖော်ပြရေးသားရသော်-
(၁) ပြည်သူ့စစ်မှုထမ်းခြင်းမှ သက်ဆိုင်ရာ ကင်းလွတ် ခွင့်/ လျှော့ပေါ့ခွင့်/ ရွှေ့ဆိုင်းခွင့်တို့နှင့်ပတ်သက် ပြီး သက်ဆိုင်ရာ ပုံစံ(၇-က)၊ ပုံစံ(၇-ခ)၊ ပုံစံ(၇-ဂ)တို့ဖြင့် အသီးသီး သက်ဆိုင်ရာ မြို့နယ်အဆင့်/ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း (သို့မဟုတ်) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ (သို့မဟုတ်) ခရိုင်အဆင့်/ နေပြည်တော် အဖွဲ့ (သို့မဟုတ်) သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်များမှ ဗဟိုအဖွဲ့ ထံ အဆင့်ဆင့်တင် ပြလျှောက်ထားခဲ့သူများအနက်မှ ပုံစံ(၇-ဂ)ဖြင့် လျှောက်ထားကြသည့်မိမိတို့၏ စစ်မှုထမ်းရမည့်ကာလ ကို သီးခြားဖော်ပြထားသော ကာလအပိုင်းအခြားအထိ ရွှေ့ဆိုင်းရန် လျှောက် ထားကြမှုအပေါ် ဗဟိုအဖွဲ့ မှ ပုံစံ(၈-ဂ)ဖြင့် ခွင့်ပြု ကြောင်း ပြန်ကြားခဲ့စေကာမူ ထိုသို့ခွင့်ပြုသည့်ကာလ ပြည့်မြောက်သွားသည့်အခါ လျှောက်ထားသူမှာ စစ်မှုထမ်းရမည့်အသက် အရွယ်ကျော်လွန်နေစေကာမူ သတ်မှတ်ထားသော ပြည် သူ့စစ်မှုထမ်းဆောင်ရန် ကာလကို ပြည့်မီအောင်ထမ်းဆောင်ရမည် ဖြစ်ပါသည်။ (မိမိအနေဖြင့် အ ကြောင်းကြောင်းကြောင့် မိမိစစ်မှု ထမ်းဆောင်ရမည့်ကာလကို ရွှေ့ဆိုင်းပေးရန် တင်ပြလျှောက်ထား ခဲ့ရာ ခွင့်ပြုခြင်းခံရပြီးနောက် ခွင့်ပြုထားသည့်ကာလပြည့်မြောက်သွားချိန်တွင် မိမိ၏အသက်အရွယ်မှာ စစ်မှုထမ်းရမည့်အသက်အရွယ်ကို ကျော်လွန်နေခဲ့ပါစေ မိမိထမ်းဆောင်ရမည့်စစ်မှုထမ်းကာလကို ပြည့်မီအောင် ပြန်လည်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ဆိုလိုခြင်းလည်း ဖြစ်ပါသည်။)
(၂) ပြည်သူ့စစ်မှုထမ်းခြင်းမှ သက်ဆိုင်ရာ ကင်းလွတ်ခွင့်/ လျှော့ပေါ့ခွင့်/ ရွှေ့ဆိုင်းခွင့်တို့နှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ပုံစံ(၇-က)၊ ပုံစံ(၇-ခ)၊ ပုံစံ(၇-ဂ)တို့ဖြင့် အသီးသီး သက်ဆိုင်ရာမြို့နယ်အဆင့်/ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (သို့မဟုတ်) ခရိုင်အ ဆင့်/ နေပြည်တော် အဖွဲ့ (သို့မဟုတ်) သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်များမှ ဗဟိုအဖွဲ့ထံ အဆင့်ဆင့်တင်ပြ လျှောက်ထားခဲ့ကြသူများအနေဖြင့် ဗဟိုအဖွဲ့၏ ခွင့်ပြုကြောင်းပြန်ကြားသည့် ပုံစံ(၈-က)၊ ပုံစံ(၈-ခ)၊ ပုံစံ(၈-ဂ)တို့ကို မရမီ ပြည်ပနိုင်ငံများသို့ ထွက်ခွာခွင့်မရှိဟုသတ်မှတ်ထားပါသည်။
(၃) ပြည်သူ့စစ်မှုထမ်းခြင်းမှ သက်ဆိုင်ရာ ကင်း လွတ်ခွင့်/ လျှော့ပေါ့ခွင့်/ ရွှေ့ဆိုင်းခွင့်တို့နှင့်ပတ် သက် ပြီး သက်ဆိုင်ရာ ပုံစံ(၇-က)၊ ပုံစံ(၇-ခ)၊ ပုံစံ(၇-ဂ)တို့ဖြင့် အသီးသီး သက်ဆိုင်ရာ မြို့နယ် အဆင့်/ ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (သို့မဟုတ်) ခရိုင် အ ဆင့်/ နေပြည် တော်အဖွဲ့ (သို့မဟုတ်) သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်များမှ ဗဟိုအဖွဲ့ထံ အဆင့်ဆင့် တင်ပြလျှောက်ထားခဲ့ကြသူများအနေ ဖြင့် ဗဟိုအဖွဲ့၏ ငြင်းပယ်ကြောင်းပြန်ကြားသည့် ပုံစံ(၉) ကို ပြန်လည်ရရှိသူများဖြစ်ပါက ပြည်ပနိုင်ငံများသို့ ထွက်ခွာရာတွင် ဗဟိုအဖွဲ့၏ခွင့်ပြုချက်ကို လိုအပ်မည် ဖြစ်ပါသည်။
(၄) သက်ဆိုင်ရာပုံစံ(၇-က)၊ ပုံစံ(၇-ခ)၊ ပုံစံ(၇-ဂ)တို့ဖြင့် အသီးသီးလျှောက်ထားခဲ့ကြသူများစာရင်း နှင့် အဆိုပါလျှောက်ထားမှုများအပေါ် ပုံစံ(၉)ဖြင့် ငြင်းပယ်ခံရသူများစာရင်းတို့မှာ သက်ဆိုင်ရာ ဝန်ကြီး ဌာန များနှင့် အဖွဲ့အစည်းများမှ လက်ခံရရှိထားကြ မည်ဖြစ်ပါသည်။ ဆက်လက်၍ ပြည်သူ့စစ်မှုထမ်းနည်း ဥပဒေများပါ နောက်ဆက်တွဲ ပုံစံများကို ပြည်သူ့ စစ်မှုထမ်း ဥပဒေ၊ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အတူ ဆက်လက်ရေးသားဖော်ပြပေးပါဦးမည်။

zawgyi version
ရည္႐ြယ္ခ်က္ မည္မွ်ေကာင္းေစကာမူ လုပ္ရပ္မွားလွ်င္ ေကာင္းသည့္ရည္႐ြယ္ခ်က္ပါ ေပ်ာက္တတ္သည္ ကို ဂ႐ုျပဳသင့္သည့္ စစ္မႈထမ္းကိစၥ - အပိုင္း(၆)
ကိုေန(ဉပေဒ) (NP News) - ဧၿပီ ၁

(၃) ၿမိဳ႕နယ္ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရး အဖြဲ႕မွ ေလွ်ာက္ထားလာသည့္ ေလွ်ာက္လႊာမ်ားတြင္ အခ်က္အလက္မ်ား မွန္ကန္မႈရွိ/မရွိ၊ သက္ဆိုင္ရာစာ႐ြက္စာတမ္းအေထာက္အထားမ်ား ပူးတြဲပါရွိျခင္း ရွိ/မရွိ တို႔ကို စိစစ္ၿပီး(စာ႐ြက္စာတမ္းမ်ား လိုအပ္ေနပါက ေလွ်ာက္ထားသူထံ ျပန္လည္ေတာင္းခံရမည္ ျဖစ္ပါသည္)ေလွ်ာက္ထားသူ၏ ေဆးစစ္ေဆးေတြ႕ရွိ ခ်က္တို႔ႏွင့္အတူ ၿမိဳ႕နယ္ျပည္သူ႔စစ္မႈထမ္း ဆင့္ေခၚေရးအဖြဲ႕၏ ေတြ႕ရွိခ်က္၊ သေဘာထားမွတ္ ခ်က္တို႔ပူးတြဲလ်က္ သတ္မွတ္ရက္အတြင္း သက္ ဆိုင္ရာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း သို႔မဟုတ္ ကိုယ္ ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအဖြဲ႕ သို႔မဟုတ္ ခ႐ိုင္အဖြဲ႕သို႔ ဆက္လက္ တင္ျပေပးမည္ျဖစ္ပါသည္။
(၄) သက္ဆိုင္ရာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း သို႔မဟုတ္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအဖြဲ႕ သို႔မဟုတ္ ခ႐ိုင္အဖြဲ႕တို႔အေနျဖင့္ သက္ဆိုင္ရာၿမိဳ႕နယ္မွတင္ျပလာသည့္ေလွ်ာက္လႊာမ်ားကို လက္ခံရရွိသည့္ေန႔မွ စ၍ သတ္မွတ္ရက္အတြင္း သေဘာထား မွတ္ခ်က္ႏွင့္အတူ သက္ဆိုင္ရာေနျပည္ေတာ္အဖြဲ႕ သို႔မဟုတ္ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္အဖြဲ႕သို႔ ဆက္လက္တင္ျပေပးမည္ျဖစ္ပါသည္။
(၅) သက္ဆိုင္ရာ ေနျပည္ေတာ္အဖြဲ႕သို႔မဟုတ္ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္အဖြဲ႕တို႔အေန ျဖင့္သက္ဆိုင္ရာ သက္ဆိုင္ရာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း သို႔မဟုတ္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအဖြဲ႕ သို႔မဟုတ္ ခ႐ိုင္အဖြဲ႕တို႔မွ တင္ျပလာသည့္ေလွ်ာက္လႊာမ်ားကို စိစစ္ၿပီး ေလွ်ာက္လႊာမ်ားကို လက္ခံရရွိ သည့္ေန႔မွစ၍ သတ္မွတ္ရက္အတြင္း ဗဟိုအဖြဲ႕သို႔ တင္ျပေပးမည္ျဖစ္ပါသည္။
(၆) ဗဟိုအဖြဲ႕အေနျဖင့္ သက္ဆိုင္ရာ ေနျပည္ေတာ္အဖြဲ႕ သို႔မဟုတ္ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္ နယ္အဖြဲ႕တို႔မွ တင္ျပလာသည့္ေလွ်ာက္လႊာမ်ားတြင္
- စစ္မႈထမ္းျခင္းမွကင္းလြတ္ခြင့္ရရွိမည့္သူ (၁၃)မ်ိဳးထဲတြင္အက်ဳံးဝင္ၿပီး ပုံစံ(၇-က)ျဖင့္ ေလွ်ာက္ ထားလာမႈမ်ားမွာ အေျခအေနႏွင့္လိုအပ္ခ်က္မ်ားအရ အခါအားေလ်ာ္စြာသတ္မွတ္ထားသည့္ စံႏႈန္းမ်ား ႏွင့္ညီၫြတ္မႈရွိပါက ပုံစံ(၈-က)ျဖင့္ ကင္းလြတ္ခြင့္အမိန႔္ထုတ္ျပန္ေပးမည္ျဖစ္ပါသည္။
- စစ္မႈထမ္းျခင္းမွေလွ်ာ့ေပါ့ခြင့္ ေလွ်ာက္ထားခြင့္ရွိ သူ(၃)မ်ိဳးထဲတြင္ အက်ဳံးဝင္ၿပီး ပုံစံ(၇-ခ)ျဖင့္ ေလွ်ာက္ထားမႈမ်ားမွာ သတ္မွတ္ထားေသာ ထည့္သြင္းစဥ္းစားရမည့္စံႏႈန္းမ်ားႏွင့္ ညီၫြတ္မႈရွိပါက ပုံစံ(၈-ခ)ျဖင့္ ေလွ်ာ့ေပါ့ခြင့္ေလွ်ာက္ထားမႈကို ခြင့္ျပဳေပးမည္ျဖစ္ပါသည္။
- စစ္မႈထမ္းျခင္းမွ ေ႐ႊ႕ဆိုင္းခြင့္ရရွိႏိုင္သူ (၁၁)မ်ိဳးထဲတြင္ အက်ဳံးဝင္ၿပီး ပုံစံ(၇-ဂ)ျဖင့္ ေလွ်ာက္ထားမႈမ်ား ႏွင့္ပတ္သက္၍ ခြင့္ျပဳႏိုင္ပါက ပုံစံ(၈-ဂ)ျဖင့္ ေ႐ႊ႕ဆိုင္းခြင့္အား ခြင့္ျပဳႏိုင္မည္ျဖစ္ပါသည္။
- စစ္မႈထမ္းျခင္းမွကင္းလြတ္ခြင့္/ ေလွ်ာ့ေပါ့ခြင့္/ ေ႐ႊ႕ဆိုင္းခြင့္တို႔ကို ေလွ်ာက္ထားလာၾကသည့္ ပုံစံ (၇-က)/ ပုံစံ(၇-ခ)/ ပုံစံ(၇-ဂ) တို႔အား ျငင္းပယ္ပါက ပုံစံ(၉)ျဖင့္ ျငင္းပယ္မည္ ျဖစ္ပါသည္။
(၇) ဗဟိုအဖြဲ႕မွ အဆင့္ဆင့္ေလွ်ာက္ထားလာၾကသည့္ ေလွ်ာက္လႊာမ်ားႏွင့္ပတ္သက္၍ ပုံစံ(၇-က)ကို [ခြင့္ျပဳပါက ပုံစံ(၈-က)/ ျငင္းပယ္ပါက ပုံစံ(၉)]၊ ပုံစံ(၇-ခ)ကို [ခြင့္ျပဳပါက ပုံစံ(၈-ခ)/ ျငင္းပယ္ပါက ပုံစံ (၉)]၊ ပုံစံ(၇-ဂ)ကို ခြင့္ျပဳပါက ပုံစံ(၈-ဂ)/ ျငင္းပယ္ပါက ပုံစံ(၉)]တို႔ျဖင့္ ေလွ်ာက္လႊာမ်ားကို လက္ခံရရွိ သည့္ေန႔မွစ၍ ေလွ်ာက္ထားသူမ်ားထံ အေၾကာင္းၾကားမည္ျဖစ္ကာ သက္ဆိုင္ရာေလွ်ာက္ထားသူမ်ား ၏ ၿမိဳ႕နယ္ျပည္သူ႔ စစ္မႈထမ္းဆင့္ေခၚေရးအဖြဲ႕ထံသို႔ မိတၱဴသာေပးပို႔မည္ ျဖစ္ပါသည္။
(ေလွ်ာက္ထားသူမ်ားဘက္မွတင္ျပသည့္ ေလွ်ာက္လႊာမ်ားႏွင့္ပတ္သက္၍ ဗဟိုအဖြဲ႕ထံ သက္ ဆိုင္ရာၿမိဳနယ္အဆင့္/ သက္ဆိုင္ရာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း (သို႔မဟုတ္) ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသ (သို႔မဟုတ္) ခ႐ိုင္အဆင့္/ ေနျပည္ေတာ္ အဖြဲ႕ (သို႔မဟုတ္) သက္ဆိုင္ရာ တိုင္းေဒသႀကီး/ ျပည္နယ္ အဆင့္မ်ားမွ အဆင့္ဆင့္တင္ျပရမည္ျဖစ္ေသာ္လည္း ဗဟိုအဖြဲ႕မွ အဆိုပါေလွ်ာက္လႊာမ်ားကို ခြင့္ျပဳ ေၾကာင္း (သို႔မဟုတ္) ျငင္းပယ္ေၾကာင္း ျပန္ လည္ေပးပို႔မႈကို ေလွ်ာက္ထားသူထံ တိုက္႐ိုက္အေၾကာင္း ၾကားမည္ျဖစ္ၿပီး သက္ဆိုင္ရာေလွ်ာက္ထားသူရွိသည့္ ၿမိဳ႕နယ္အဖြဲ႕ထံ မိတၱဴေပးပို႔မည္ျဖစ္ပါသည္)
(၈) ဗဟိုအဖြဲ႕အေနျဖင့္ ပုံစံ(၇-က)၊ ပုံစံ (၇-ခ)၊ ပုံစံ(၇-ဂ)တို႔ အသီးသီးျဖင့္ ေလွ်ာက္ထားလာၾက သူမ်ားစာရင္းႏွင့္ အဆိုပါေလွ်ာက္ထားလာၾကသူမ်ားထဲမွ ပုံစံ(၉)ျဖင့္ ျငင္းပယ္ခဲ့သူမ်ားစာရင္းကို သက္ ဆိုင္ရာ ဝန္ႀကီးဌာနမ်ားႏွင့္ အဖြဲ႕အစည္းမ်ားထံ ေပးပို႔ထားမည္ျဖစ္ပါသည္။
ဤသည္မွာ ျပည္သူ႔စစ္မႈထမ္းနည္း ဥေပႅမ်ားေနာက္ဆက္တြဲပါ ပုံစံ(၈-က)၊ ပုံစံ(၈-ခ)၊ ပုံစံ(၈-ဂ)၊ ပုံစံ(၉) တို႔ႏွင့္ပတ္သက္၍ သက္ဆိုင္ရာ တာဝန္ရွိသူမ်ား၏ အဆင့္ဆင့္ေဆာင္႐ြက္ၾကရမည့္ အေၾကာင္း အရာမ်ားျဖစ္ေၾကာင္း စာဖတ္သူမ်ားသိရွိၾကေစရန္ ပထမပိုင္းအေနျဖင့္ ေဖာ္ျပေရးသားလိုက္ရပါသည္။ သက္ဆိုင္ရာတာဝန္ရွိသူမ်ားအေန ျဖင့္ ထိုသို႔ ပုံစံ(၈-က)၊ ပုံစံ(၈-ခ)၊ ပုံစံ(၈-ဂ)၊ ပုံစံ (၉)တို႔ႏွင့္ပတ္သက္၍ ေဆာင္႐ြက္ၾကရသည့္အခါတြင္ ျပည္သူ႔စစ္မႈထမ္းဥပေဒပုဒ္မ- ၂၅ ပါ ဤဥပေဒ အရ ေဆာင္႐ြက္ရေသာ ႏိုင္ငံ့ဝန္ထမ္း တစ္ဦးဦး သို႔မဟုတ္ အဖြဲ႕အစည္းဝင္ တစ္ဦးဦးသည္ မိမိတာဝန္ကို မ႐ိုးမေျဖာင့္ေသာ သေဘာျဖင့္ ျပဳလုပ္မႈ သို႔မဟုတ္ ပ်က္ကြက္မႈတစ္ရပ္ရပ္ကို က်ဴးလြန္ေၾကာင္း ျပစ္မႈ ထင္ရွားစီရင္ျခင္း ခံရလွ်င္ ထိုသူကို သုံးႏွစ္ထက္ မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ရမည္ဟု ဥပေဒပါျပ႒ာန္း ခ်က္ကိုလည္းေကာင္း၊ ျပည္သူ႔စစ္မႈထမ္းဥပေဒပုဒ္မ- ၃၁ ပါ ဥပေဒ စည္းမ်ဥ္းစည္းကမ္းႏွင့္အညီ မိမိတာဝန္ကို သေဘာ႐ိုးျဖင့္ ေဆာင္႐ြက္ေသာအဖြဲ႕အစည္းတစ္ ရပ္ရပ္ သို႔မဟုတ္ အဖြဲ႕အစည္းဝင္ တစ္ဦးဦး၏ လုပ္ေဆာင္ခ်က္သည္ ျပစ္မႈေၾကာင္းအရ လည္းေကာင္း၊ တရားမေၾကာင္းအရလည္းေကာင္း တာဝန္မရွိေစရဟု ဥပေဒပါျပ႒ာန္းခ်က္ကိုလည္းေကာင္း ဂ႐ုျပဳၾက၍ မိမိတို႔ ေဆာင္႐ြက္ၾကရမည့္ ကိစၥရပ္မ်ားကို ႐ိုး႐ိုးသားသားျဖင့္ ဥပေဒ၊ နည္းဥပေဒ၊ စည္းမ်ဥ္း၊ စည္းကမ္း မ်ားႏွင့္အညီ ႏိုင္ငံ့အက်ိဳးသယ္ပိုး ေဆာင္႐ြက္ႏိုင္ၾကပါေစရန္ ဆႏၵျပဳဆုမြန္ေကာင္းေတာင္းေပးလိုက္ရပါ သည္။
ဆက္လက္၍ ျပည္သူ႔စစ္မႈထမ္းနည္း ဥပေဒမ်ားေနာက္ဆက္တြဲပါ ပုံစံ(၈-က)၊ ပုံစံ(၈-ခ)၊ ပုံစံ(၈-ဂ)၊ ပုံစံ(၉)တို႔ႏွင့္ပတ္သက္ၿပီး ေလွ်ာက္ ထားသူမ်ားအေနျဖင့္ သိရွိထားရမည့္ ဒုတိယပိုင္းကို ဆက္လက္ ေရးသားေဖာ္ျပလိုက္ရပါသည္။
“ျပည္သူ႔စစ္မႈထမ္းဥပေဒပုဒ္မ- ၁၅(ခ) တြင္ ပုဒ္မခြဲ(က)ပါ ပုဂၢိဳလ္မ်ားသည္ မိမိတို႔အား ခြင့္ျပဳ ထားသည့္ ယာယီေ႐ႊ႕ဆိုင္းခြင့္ကာလမ်ားကို စစ္ မႈထမ္းရမည့္အသက္အ႐ြယ္ေက်ာ္လြန္ေစကာမူ သတ္ မွတ္ထားေသာျပည္သူ႔စစ္မႈထမ္းေဆာင္ရန္ကာလကို ျပည့္မီေအာင္ထမ္းေဆာင္ရမည္။
ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား၊ နည္း ဥပေဒ- ၅၁ တြင္ ေဆးစစ္ေအာင္ျမင္ၿပီးသူသည္ ျပည္သူ႔ စစ္မႈထမ္းျခင္းမွ ကင္းလြတ္ခြင့္ျပဳရန္ျဖစ္ေစ၊ ျပည္သူ႔စစ္မႈထမ္းရမည့္ကာလအပိုင္းအျခားကို ေလွ်ာ့ေပါ့ ေပးရန္ျဖစ္ေစ၊ သီးျခားေဖာ္ျပထားသည့္ကာ လအပိုင္းအျခားတစ္ခုအထိ ေ႐ႊ႕ဆိုင္းရန္ျဖစ္ေစ ေလွ်ာက္ ထားခဲ့ပါက ယင္းေလွ်ာက္ထားမႈအေပၚ ဗဟိုအဖြဲ႕ထံမွ ခြင့္ျပဳမိန႔္မရမီ ျပည္ပႏိုင္ငံမ်ားသို႔ ထြက္ခြာခြင့္ မရွိေစရ။
ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား၊ နည္း ဥပေဒ- ၅၂ တြင္ အမိန႔္စာကိုရရွိသူသည္ ဗဟိုအဖြဲ႕၏ ခြင့္ျပဳခ်က္မရရွိဘဲ ျပည္ပႏိုင္ငံမ်ားသို႔ ထြက္ခြာခြင့္မရွိေစရ” (ဤေနရာတြင္ အမိန႔္စာဆိုေသာ စကားရပ္ ကို နည္းဥပေဒ-၂(တ)တြင္ အမိန႔္စာဆိုသည္မွာ ၿမိဳ႕နယ္အဖြဲ႕က ျပည္သူ႔စစ္မႈထမ္းရန္ ဥပေဒပုဒ္မ ၁၀ (က) အရ ပုံစံ(၁၀)ျဖင့္ ဆင့္ေခၚသည့္ အမိန႔္စာကို ဆိုသည္ဟု အဓိပၸာယ္ဖြင့္ဆိုထားသည္ကို ေတြ႕ရွိရရာ အမိန႔္စာရရွိသူဆိုသည္မွာ တစ္နည္းအားျဖင့္ ပုံစံ(၉)ျဖင့္ ျငင္းပယ္ခံရသူမ်ားကိုဆိုလိုေၾကာင္း မွတ္ယူရ မည္ျဖစ္ပါသည္။ အဆိုပါ ပုံစံ(၁၀)ႏွင့္ပတ္သက္၍လည္း ေရွ႕လာမည့္ NP News မ်ားတြင္ အက်ယ္တဝင့္ ေဖာ္ျပေရးသားေပးပါမည္။)

စာဖတ္သူမ်ားနားလည္မႈရွိေစရန္ အႏွစ္ ခ်ဳပ္ေဖာ္ျပေရးသားရေသာ္-
(၁) ျပည္သူ႔စစ္မႈထမ္းျခင္းမွ သက္ဆိုင္ရာ ကင္းလြတ္ ခြင့္/ ေလွ်ာ့ေပါ့ခြင့္/ ေ႐ႊ႕ဆိုင္းခြင့္တို႔ႏွင့္ပတ္သက္ ၿပီး သက္ဆိုင္ရာ ပုံစံ(၇-က)၊ ပုံစံ(၇-ခ)၊ ပုံစံ(၇-ဂ)တို႔ျဖင့္ အသီးသီး သက္ဆိုင္ရာ ၿမိဳ႕နယ္အဆင့္/ ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရတိုင္း (သို႔မဟုတ္) ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသ (သို႔မဟုတ္) ခ႐ိုင္အဆင့္/ ေနျပည္ေတာ္ အဖြဲ႕ (သို႔မဟုတ္) သက္ဆိုင္ရာ တိုင္းေဒသႀကီး/ ျပည္နယ္အဆင့္မ်ားမွ ဗဟိုအဖြဲ႕ ထံ အဆင့္ဆင့္တင္ ျပေလွ်ာက္ထားခဲ့သူမ်ားအနက္မွ ပုံစံ(၇-ဂ)ျဖင့္ ေလွ်ာက္ထားၾကသည့္မိမိတို႔၏ စစ္မႈထမ္းရမည့္ကာလ ကို သီးျခားေဖာ္ျပထားေသာ ကာလအပိုင္းအျခားအထိ ေ႐ႊ႕ဆိုင္းရန္ ေလွ်ာက္ ထားၾကမႈအေပၚ ဗဟိုအဖြဲ႕ မွ ပုံစံ(၈-ဂ)ျဖင့္ ခြင့္ျပဳ ေၾကာင္း ျပန္ၾကားခဲ့ေစကာမူ ထိုသို႔ခြင့္ျပဳသည့္ကာလ ျပည့္ေျမာက္သြားသည့္အခါ ေလွ်ာက္ထားသူမွာ စစ္မႈထမ္းရမည့္အသက္ အ႐ြယ္ေက်ာ္လြန္ေနေစကာမူ သတ္မွတ္ထားေသာ ျပည္ သူ႔စစ္မႈထမ္းေဆာင္ရန္ ကာလကို ျပည့္မီေအာင္ထမ္းေဆာင္ရမည္ ျဖစ္ပါသည္။ (မိမိအေနျဖင့္ အ ေၾကာင္းေၾကာင္းေၾကာင့္ မိမိစစ္မႈ ထမ္းေဆာင္ရမည့္ကာလကို ေ႐ႊ႕ဆိုင္းေပးရန္ တင္ျပေလွ်ာက္ထား ခဲ့ရာ ခြင့္ျပဳျခင္းခံရၿပီးေနာက္ ခြင့္ျပဳထားသည့္ကာလျပည့္ေျမာက္သြားခ်ိန္တြင္ မိမိ၏အသက္အ႐ြယ္မွာ စစ္မႈထမ္းရမည့္အသက္အ႐ြယ္ကို ေက်ာ္လြန္ေနခဲ့ပါေစ မိမိထမ္းေဆာင္ရမည့္စစ္မႈထမ္းကာလကို ျပည့္မီေအာင္ ျပန္လည္ထမ္းေဆာင္ရမည္ျဖစ္ေၾကာင္း ဆိုလိုျခင္းလည္း ျဖစ္ပါသည္။)
(၂) ျပည္သူ႔စစ္မႈထမ္းျခင္းမွ သက္ဆိုင္ရာ ကင္းလြတ္ခြင့္/ ေလွ်ာ့ေပါ့ခြင့္/ ေ႐ႊ႕ဆိုင္းခြင့္တို႔ႏွင့္ပတ္သက္ၿပီး သက္ဆိုင္ရာ ပုံစံ(၇-က)၊ ပုံစံ(၇-ခ)၊ ပုံစံ(၇-ဂ)တို႔ျဖင့္ အသီးသီး သက္ဆိုင္ရာၿမိဳ႕နယ္အဆင့္/ ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရတိုင္း (သို႔မဟုတ္) ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ (သို႔မဟုတ္) ခ႐ိုင္အ ဆင့္/ ေနျပည္ေတာ္ အဖြဲ႕ (သို႔မဟုတ္) သက္ဆိုင္ရာ တိုင္းေဒသႀကီး/ ျပည္နယ္အဆင့္မ်ားမွ ဗဟိုအဖြဲ႕ထံ အဆင့္ဆင့္တင္ျပ ေလွ်ာက္ထားခဲ့ၾကသူမ်ားအေနျဖင့္ ဗဟိုအဖြဲ႕၏ ခြင့္ျပဳေၾကာင္းျပန္ၾကားသည့္ ပုံစံ(၈-က)၊ ပုံစံ(၈-ခ)၊ ပုံစံ(၈-ဂ)တို႔ကို မရမီ ျပည္ပႏိုင္ငံမ်ားသို႔ ထြက္ခြာခြင့္မရွိဟုသတ္မွတ္ထားပါသည္။
(၃) ျပည္သူ႔စစ္မႈထမ္းျခင္းမွ သက္ဆိုင္ရာ ကင္း လြတ္ခြင့္/ ေလွ်ာ့ေပါ့ခြင့္/ ေ႐ႊ႕ဆိုင္းခြင့္တို႔ႏွင့္ပတ္ သက္ ၿပီး သက္ဆိုင္ရာ ပုံစံ(၇-က)၊ ပုံစံ(၇-ခ)၊ ပုံစံ(၇-ဂ)တို႔ျဖင့္ အသီးသီး သက္ဆိုင္ရာ ၿမိဳ႕နယ္ အဆင့္/ ကိုယ္ ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း (သို႔မဟုတ္) ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ (သို႔မဟုတ္) ခ႐ိုင္ အ ဆင့္/ ေနျပည္ ေတာ္အဖြဲ႕ (သို႔မဟုတ္) သက္ဆိုင္ရာ တိုင္းေဒသႀကီး/ ျပည္နယ္အဆင့္မ်ားမွ ဗဟိုအဖြဲ႕ထံ အဆင့္ဆင့္ တင္ျပေလွ်ာက္ထားခဲ့ၾကသူမ်ားအေန ျဖင့္ ဗဟိုအဖြဲ႕၏ ျငင္းပယ္ေၾကာင္းျပန္ၾကားသည့္ ပုံစံ(၉) ကို ျပန္လည္ရရွိသူမ်ားျဖစ္ပါက ျပည္ပႏိုင္ငံမ်ားသို႔ ထြက္ခြာရာတြင္ ဗဟိုအဖြဲ႕၏ခြင့္ျပဳခ်က္ကို လိုအပ္မည္ ျဖစ္ပါသည္။
(၄) သက္ဆိုင္ရာပုံစံ(၇-က)၊ ပုံစံ(၇-ခ)၊ ပုံစံ(၇-ဂ)တို႔ျဖင့္ အသီးသီးေလွ်ာက္ထားခဲ့ၾကသူမ်ားစာရင္း ႏွင့္ အဆိုပါေလွ်ာက္ထားမႈမ်ားအေပၚ ပုံစံ(၉)ျဖင့္ ျငင္းပယ္ခံရသူမ်ားစာရင္းတို႔မွာ သက္ဆိုင္ရာ ဝန္ႀကီး ဌာန မ်ားႏွင့္ အဖြဲ႕အစည္းမ်ားမွ လက္ခံရရွိထားၾက မည္ျဖစ္ပါသည္။ ဆက္လက္၍ ျပည္သူ႔စစ္မႈထမ္းနည္း ဥပေဒမ်ားပါ ေနာက္ဆက္တြဲ ပုံစံမ်ားကို ျပည္သူ႔ စစ္မႈထမ္း ဥပေဒ၊ ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ားပါ ျပ႒ာန္းခ်က္မ်ားႏွင့္အတူ ဆက္လက္ေရးသားေဖာ္ျပေပးပါဦးမည္။

Related news

© 2021. All rights reserved.