လက်နက်တိုက်တွေမှာ ဖောက်ခွဲရေးဒရုန်းတွေထည့်သွင်းမှုကို ဂျာမနီအစိုးရကြေညာ

579

Pika
ဂျာမနီအစိုးရဟာ ရုရှားရဲ့ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့အတွက် ၎င်းရဲ့တပ်ဖွဲ့တွေဆီမှာ ရင်းနှီးမြှုပ်နှံမှုတွေကို တိုးမြှင့်နေမှုနဲ့အတူ ပထမဆုံးအကြိမ်အဖြစ် ဖောက်ခွဲရေးဒရုန်းတွေကို ဝယ်ယူသွားမယ်လို့ ဂျာမနီအစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ဂျာမနီအစိုးရဟာ အသေခံဒရုန်းတွေကို ဝယ်ယူဖို့အတွက် စာချုပ်နှစ်ခုကို လက်မှတ်ရေးထိုးခဲ့တယ်လို့ ဂျာမနီကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ်ကိုမူလာကပြောကြားခဲ့ပါတယ်။အနောက်အုပ်စုနိုင်ငံတွေဟာ စစ်ပွဲအတွင်း ဒရုန်းတွေက အရေးပါလာတဲ့ ယူကရိန်းစစ်ပွဲကို လေ့လာခဲ့ပြီးနောက် ဒရုန်းနဲ့ပတ်သက်တဲ့ တိုးမြှင့်မှုတွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ရုရှားနဲ့ယူကရိန်းတို့ဟာ ထောက်လှမ်းရေးအတွက် ဒရုန်းတွေကို အသုံးပြုခဲ့ကြပြီး အသေခံဒရုန်းတွေနဲ့တိုက်ခိုက်မှုတွေကိုလည်း လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။ဒါ့ပြင် အဲ့ဒီဒရုန်းတွေဟာ စစ်မြေပြင်မှာ ပစ်မှတ်ကို ဖော်ထုတ်မပြီးမချင်း ဝေဟင်မှာ ပျံဝဲနေနိုင်တယ်လို့လည်း သိရပါတယ်။အဲ့ဒီဒရုန်းတွေမှာ ပေါက်ကွဲစေတဲ့ပစ္စည်းတွေ တပ်ဆင်ထားပြီး ပစ်မှတ်အနီးကိုရောက်တဲ့အခါ ဒါမှမဟုတ် ဝင်တိုက်မိတဲ့အခါ ပေါက်ကွဲမှုကို ဖြစ်ပေါ်စေတယ်လို့လည်း သိရပါတယ်။ဂျာမနီအစိုးရဟာ ၎င်းရဲ့ ဒရုန်းစွမ်းရည်တွေ တိုးတက်စေဖို့အတွက် အများအပြားလုပ်ဆောင်နေတယ်လို့လည်း မစ်ကိုမူလာက ပြောကြားခဲ့ပါတယ်။ဒါ့ပြင် ဂျာမနီကာကွယ်ရေးဝန်ကြီးဌာနဟာ ဒရုန်းတွေကို စမ်းသပ်မှုတွေလုပ်ဆောင်ဖို့အတွက် ၎င်းရဲ့တပ်ဖွဲ့တွေဆီကို တိုက်ရိုက်ပို့ဆောင်ဖို့ အမိန့်ပေးခဲ့တယ်လို့လည်း မစ်ကိုမူလာကပြောကြားခဲ့ပါတယ်။

Zawgyi Veersion:
လက္နက္တိုက္ေတြမွာ ေဖာက္ခြဲေရးဒ႐ုန္းေတြထည့္သြင္းမႈကို ဂ်ာမနီအစိုးရေၾကညာ
Pika
ဂ်ာမနီအစိုးရဟာ ႐ုရွားရဲ႕ၿခိမ္းေျခာက္မႈေတြကို တုံ႔ျပန္ဖို႔အတြက္ ၎ရဲ႕တပ္ဖြဲ႕ေတြဆီမွာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြကို တိုးျမႇင့္ေနမႈနဲ႔အတူ ပထမဆုံးအႀကိမ္အျဖစ္ ေဖာက္ခြဲေရးဒ႐ုန္းေတြကို ဝယ္ယူသြားမယ္လို႔ ဂ်ာမနီအစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ဂ်ာမနီအစိုးရဟာ အေသခံဒ႐ုန္းေတြကို ဝယ္ယူဖို႔အတြက္ စာခ်ဳပ္ႏွစ္ခုကို လက္မွတ္ေရးထိုးခဲ့တယ္လို႔ ဂ်ာမနီကာကြယ္ေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ မစ္ကိုမူလာကေျပာၾကားခဲ့ပါတယ္။အေနာက္အုပ္စုႏိုင္ငံေတြဟာ စစ္ပြဲအတြင္း ဒ႐ုန္းေတြက အေရးပါလာတဲ့ ယူကရိန္းစစ္ပြဲကို ေလ့လာခဲ့ၿပီးေနာက္ ဒ႐ုန္းနဲ႔ပတ္သက္တဲ့ တိုးျမႇင့္မႈေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။႐ုရွားနဲ႔ယူကရိန္းတို႔ဟာ ေထာက္လွမ္းေရးအတြက္ ဒ႐ုန္းေတြကို အသုံးျပဳခဲ့ၾကၿပီး အေသခံဒ႐ုန္းေတြနဲ႔တိုက္ခိုက္မႈေတြကိုလည္း လုပ္ေဆာင္လ်က္ရွိတယ္လို႔ သိရပါတယ္။ဒါ့ျပင္ အဲ့ဒီဒ႐ုန္းေတြဟာ စစ္ေျမျပင္မွာ ပစ္မွတ္ကို ေဖာ္ထုတ္မၿပီးမခ်င္း ေဝဟင္မွာ ပ်ံဝဲေနႏိုင္တယ္လို႔လည္း သိရပါတယ္။အဲ့ဒီဒ႐ုန္းေတြမွာ ေပါက္ကြဲေစတဲ့ပစၥည္းေတြ တပ္ဆင္ထားၿပီး ပစ္မွတ္အနီးကိုေရာက္တဲ့အခါ ဒါမွမဟုတ္ ဝင္တိုက္မိတဲ့အခါ ေပါက္ကြဲမႈကို ျဖစ္ေပၚေစတယ္လို႔လည္း သိရပါတယ္။ဂ်ာမနီအစိုးရဟာ ၎ရဲ႕ ဒ႐ုန္းစြမ္းရည္ေတြ တိုးတက္ေစဖို႔အတြက္ အမ်ားအျပားလုပ္ေဆာင္ေနတယ္လို႔လည္း မစ္ကိုမူလာက ေျပာၾကားခဲ့ပါတယ္။ဒါ့ျပင္ ဂ်ာမနီကာကြယ္ေရးဝန္ႀကီးဌာနဟာ ဒ႐ုန္းေတြကို စမ္းသပ္မႈေတြလုပ္ေဆာင္ဖို႔အတြက္ ၎ရဲ႕တပ္ဖြဲ႕ေတြဆီကို တိုက္႐ိုက္ပို႔ေဆာင္ဖို႔ အမိန႔္ေပးခဲ့တယ္လို႔လည္း မစ္ကိုမူလာကေျပာၾကားခဲ့ပါတယ္။