(၂၀၂၅)ခုနှစ်အတွင်း ယူကရိန်းနယ်မြေ စတုရန်းကီလိုမီတာ(၅၀၀၀)နီးပါးကို သိမ်းယူနိုင်ခဲ့တယ်လို့ ရုရှားသမ္မတပြော

 385

Pika(NP News)-အောက်တိုဘာ ၉
(၂၀၂၅)ခုနှစ်မှာ ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းနိုင်ငံတွင်းမှာ စတုရန်းကီလိုမီတာ(၅၀၀၀)နီးပါးကို သိမ်းယူနိုင်ခဲ့တယ်လို့ ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းစစ်မြေပြင်မှာ မဟာဗျူဟာမြောက်စစ်ဆင်ရေးတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့တယ်လို့လည်း ပူတင်ကပြောကြားခဲ့ပါတယ်။(၂၀၂၅)ခုနှစ်အတွင်း ရုရှားရဲ့နယ်မြေသိမ်းယူနိုင်မှုဟာ ယူကရိန်းမြေဧရိယာရဲ့ (၁)ရာခိုင်နှုန်းနီးပါးရှိပြီး စုစုပေါင်းအနေနဲ့(၂၀)ရာခိုင်နှုန်နီးပါးလောက် ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ယူကရိန်းက ရုရှားပိုင်နက်အတွင်းကို ဝင်ရောက်တိုက်ခိုက်ဖို့ ကြိုးပမ်းနေပေမယ့်လည်း အချိန်(၃)နှစ်ကျော်ကြာဖြစ်ပွားနေတဲ့စစ်ပွဲ အခြေအနေတွေကို‌ ပြောင်းလဲဖို့ အထောက်အကူဖြစ်လိမ့်မှာမဟုတ်ဘူးလို့လည်း ပူတင်ကပြောကြားခဲ့ပါတယ်။ပူတင်က”ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းစစ်မြေပြင်မှာ မဟာဗျူဟာမြောက်စစ်ဆင်ရေးတွေကို ဆက်လက်ထိန်းထားနိုင်ခဲ့ပါတယ်။ဒီနှစ်မှာတော့ ယူကရိန်းနယ်မြေ စတုရန်းကီလိုမီတာ(၅၀၀၀)လောက်ကို ရုရှားတပ်ဖွဲ့တွေက သိမ်းယူနိုင်ခဲ့ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားတပ်ဖွဲ့တွေရဲ့ ထိုးစစ်ဆင်မှုတွေကို ခုခံတိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း တိုက်ခိုက်ရေးလမ်းကြောင်းတစ်လျှောက်ဆုတ်ခွာသွားခဲ့ရတယ်လို့ ပူတင်က ထပ်မံပြောကြားခဲ့ပါတယ်။

Zawgyi Version:
(၂၀၂၅)ခုႏွစ္အတြင္း ယူကရိန္းနယ္ေျမ စတုရန္းကီလိုမီတာ(၅၀၀၀)နီးပါးကို သိမ္းယူႏိုင္ခဲ့တယ္လို႔ ႐ုရွားသမၼတေျပာ
Pika(NP News)-ေအာက္တိုဘာ ၉
(၂၀၂၅)ခုႏွစ္မွာ ႐ုရွားတပ္ဖြဲ႕ေတြဟာ ယူကရိန္းႏိုင္ငံတြင္းမွာ စတုရန္းကီလိုမီတာ(၅၀၀၀)နီးပါးကို သိမ္းယူႏိုင္ခဲ့တယ္လို႔ ႐ုရွားသမၼတပူတင္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ ႐ုရွားတပ္ဖြဲ႕ေတြဟာ ယူကရိန္းစစ္ေျမျပင္မွာ မဟာဗ်ဴဟာေျမာက္စစ္ဆင္ေရးေတြကို ဆက္လက္ထိန္းသိမ္းထားႏိုင္ခဲ့တယ္လို႔လည္း ပူတင္ကေျပာၾကားခဲ့ပါတယ္။(၂၀၂၅)ခုႏွစ္အတြင္း ႐ုရွားရဲ႕နယ္ေျမသိမ္းယူႏိုင္မႈဟာ ယူကရိန္းေျမဧရိယာရဲ႕ (၁)ရာခိုင္ႏႈန္းနီးပါးရွိၿပီး စုစုေပါင္းအေနနဲ႔(၂၀)ရာခိုင္ႏႈန္နီးပါးေလာက္ ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီျဖစ္တယ္လို႔ သိရပါတယ္။ယူကရိန္းက ႐ုရွားပိုင္နက္အတြင္းကို ဝင္ေရာက္တိုက္ခိုက္ဖို႔ ႀကိဳးပမ္းေနေပမယ့္လည္း အခ်ိန္(၃)ႏွစ္ေက်ာ္ၾကာျဖစ္ပြားေနတဲ့စစ္ပြဲ အေျခအေနေတြကို‌ ေျပာင္းလဲဖို႔ အေထာက္အကူျဖစ္လိမ့္မွာမဟုတ္ဘူးလို႔လည္း ပူတင္ကေျပာၾကားခဲ့ပါတယ္။ပူတင္က”႐ုရွားတပ္ဖြဲ႕ေတြဟာ ယူကရိန္းစစ္ေျမျပင္မွာ မဟာဗ်ဴဟာေျမာက္စစ္ဆင္ေရးေတြကို ဆက္လက္ထိန္းထားႏိုင္ခဲ့ပါတယ္။ဒီႏွစ္မွာေတာ့ ယူကရိန္းနယ္ေျမ စတုရန္းကီလိုမီတာ(၅၀၀၀)ေလာက္ကို ႐ုရွားတပ္ဖြဲ႕ေတြက သိမ္းယူႏိုင္ခဲ့ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ ယူကရိန္းတပ္ဖြဲ႕ေတြဟာ ႐ုရွားတပ္ဖြဲ႕ေတြရဲ႕ ထိုးစစ္ဆင္မႈေတြကို ခုခံတိုက္ခိုက္ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း တိုက္ခိုက္ေရးလမ္းေၾကာင္းတစ္ေလွ်ာက္ဆုတ္ခြာသြားခဲ့ရတယ္လို႔ ပူတင္က ထပ္မံေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.