ရုရှားနဲ့ ယူကရိန်းသမ္မတတို့က သဘောတူညီချက်တစ်ခုပြုလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဒေါ်နယ်ထရမ့်ပြော

409

Pika
ရုရှားနဲ့ယူကရိန်းခေါင်းဆောင်တို့ဟာ ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုပြုလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလတည်းက ရုရှားနဲ့ယူကရိန်းကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိဖို့ ကြိုးပမ်းနေခဲ့တာလည်းဖြစ်ပါတယ်။ဒါ့ပြင် ယူကရိန်းသမ္မတဇီလန်စကီးနဲ့ ၎င်းတို့ကြား ဆက်သွယ်မှုတွေနဲ့ပတ်သက်တဲ့မေးခွန်းတွေကို ဒေါ်နယ်ထရမ့်က တုံ့ပြန်ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။ဒေါ်နယ်ထရမ့်က”သဘောတူညီချက်တစ်ခုပြုလုပ်ဖို့ ဇီလန်စကီးက အဆင်သင့်ဖြစ်နေပြီလို့ ကျွန်တော်ထင်ပါတယ်။ပြီးတော့ ရုရှားသမ္မတပူတင်ကလည်း သဘောတူညီချက်တစ်ခုပြုလုပ်လို့ အဆင်သင့်ဖြစ်နေပြီလို့ ကျွန်တော်ထင်ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ဒါပေမယ့်လည်း ဒေါ်နယ်ထရမ့်ဟာ နောက်ထပ်အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုခဲ့တာမျိုးမရှိဘဲ အမေရိကန်က ရုရှား၊ယူကရိန်းတို့နဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့ဆွေးနွေးမှု အများအပြားကို လုပ်ဆောင်နေတယ်လို့ပဲ ပြောကြားခဲ့ပါတယ်။ဒေါ်နယ်ထရမ့်က”သီတင်းပတ်တစ်ခုအတွင်း လူထောင်ပေါင်းများစွာ အသတ်ခံခဲ့ရတာကြောင့် ဒီပဋိပက္ခ အမြန်ဆုံးရပ်တန့်သွားတာကို ကျွန်တော်တို့မြင်ချင်ပါတယ်။ဥရောပဟာ သမ္မတပူတင်နဲ့ ဆက်ဆံမှုတွေလုပ်ဆောင်ရာမှာ မအောင်မြင်ပေမယ့် ကျွန်တော်ကတော့ အောင်မြင်လိမ့်မယ်လို့ ထင်ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ရုရှားသမ္မတပူတင်ရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာသံတမန် ကီရေးဒီမစ်ထရိဗ်က အမေရိကန်ကို သွားရောက်လည်ပတ်ခဲ့ပြီး အမေရိကန်ရဲ့အရှေ့အလယ်ပိုင်းသံတမန် စတိဗ်ဝစ်အော့ဖ်နဲ့ တွေ့ဆုံခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်ရဲ့မှတ်ချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

Zawgyi Version:
႐ုရွားနဲ႔ ယူကရိန္းသမၼတတို႔က သေဘာတူညီခ်က္တစ္ခုျပဳလုပ္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ေဒၚနယ္ထရမ့္ေျပာ
Pika
႐ုရွားနဲ႔ယူကရိန္းေခါင္းေဆာင္တို႔ဟာ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္တစ္ခုျပဳလုပ္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ေဒၚနယ္ထရမ့္ဟာ ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလတည္းက ႐ုရွားနဲ႔ယူကရိန္းၾကား အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ရရွိဖို႔ ႀကိဳးပမ္းေနခဲ့တာလည္းျဖစ္ပါတယ္။ဒါ့ျပင္ ယူကရိန္းသမၼတဇီလန္စကီးနဲ႔ ၎တို႔ၾကား ဆက္သြယ္မႈေတြနဲ႔ပတ္သက္တဲ့ေမးခြန္းေတြကို ေဒၚနယ္ထရမ့္က တုံ႔ျပန္ေျဖၾကားခဲ့တယ္လို႔လည္း သိရပါတယ္။ေဒၚနယ္ထရမ့္က”သေဘာတူညီခ်က္တစ္ခုျပဳလုပ္ဖို႔ ဇီလန္စကီးက အဆင္သင့္ျဖစ္ေနၿပီလို႔ ကြၽန္ေတာ္ထင္ပါတယ္။ၿပီးေတာ့ ႐ုရွားသမၼတပူတင္ကလည္း သေဘာတူညီခ်က္တစ္ခုျပဳလုပ္လို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ကြၽန္ေတာ္ထင္ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါေပမယ့္လည္း ေဒၚနယ္ထရမ့္ဟာ ေနာက္ထပ္အေသးစိတ္အခ်က္အလက္ေတြကို ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳးမရွိဘဲ အေမရိကန္က ႐ုရွား၊ယူကရိန္းတို႔နဲ႔ ပတ္သက္ၿပီး ေကာင္းမြန္တဲ့ေဆြးေႏြးမႈ အမ်ားအျပားကို လုပ္ေဆာင္ေနတယ္လို႔ပဲ ေျပာၾကားခဲ့ပါတယ္။ေဒၚနယ္ထရမ့္က”သီတင္းပတ္တစ္ခုအတြင္း လူေထာင္ေပါင္းမ်ားစြာ အသတ္ခံခဲ့ရတာေၾကာင့္ ဒီပဋိပကၡ အျမန္ဆုံးရပ္တန႔္သြားတာကို ကြၽန္ေတာ္တို႔ျမင္ခ်င္ပါတယ္။ဥေရာပဟာ သမၼတပူတင္နဲ႔ ဆက္ဆံမႈေတြလုပ္ေဆာင္ရာမွာ မေအာင္ျမင္ေပမယ့္ ကြၽန္ေတာ္ကေတာ့ ေအာင္ျမင္လိမ့္မယ္လို႔ ထင္ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။႐ုရွားသမၼတပူတင္ရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာသံတမန္ ကီေရးဒီမစ္ထရိဗ္က အေမရိကန္ကို သြားေရာက္လည္ပတ္ခဲ့ၿပီး အေမရိကန္ရဲ႕အေရွ႕အလယ္ပိုင္းသံတမန္ စတိဗ္ဝစ္ေအာ့ဖ္နဲ႔ ေတြ႕ဆုံခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္ရဲ႕မွတ္ခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။