ဂါဇာကမ်းမြောင်ဒေသမှာ မြေပြင်စစ်ဆင်ရေးအသစ်ကို အစ္စရေးထုတ်ပြန်ကြေညာ

392

Pika
ဂါဇာကမ်းမြောင်ဒေသမှာ လုံခြုံရေးဇုန်ကို ချဲ့ထွင်ဖို့အတွက် ဂါဇာမြောက်ပိုင်းမှာ မြေပြင်စစ်ဆင်ရေးအသစ်တွေကို စတင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။အစ္စရေးစစ်တပ်က”ပြီးခဲ့တဲ့နာရီအနည်းငယ်အတွင်း အစ္စရေးတပ်ဖွဲ့တွေဟာ လုံခြုံရေးဇုန်ကိုချဲ့ထွင်ဖို့အတွက် ဂါဇာမြောက်ပိုင်းက Shejaiyaမြို့ဧရိယာမှာ မြေပြင်စစ်ဆင်ရေးတွေကို စတင်ခဲ့ပါတယ်။အစ္စရေးတပ်ဖွဲ့တွေဟာ ဟားမက်လက်နက်ကိုင်အဖွဲ့ဝင်အများအပြားကို သုတ်သင်ရှင်းလင်းခဲ့ပြီး အကြမ်းဖက်လုပ်ရပ်တွေကိုလုပ်ဆောင်ဖို့ စီစဉ်တဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့ရဲ့ အခြေခံအဆောက်အဦးတွေကိုလည်း ဖျက်ဆီးပစ်နိုင်ခဲ့ပါတယ်။အဲ့ဒီစစ်ဆင်ရေးအတွင်း အရပ်သားတွေကို တိုက်ခိုက်ရေးဇုန်တွေကနေ ဘေးလွတ်ကင်းရာကိုရွှေ့ပြောင်းနိုင်ဖို့ ခွင့်ပြုခဲ့ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ဂါဇာကမ်းမြောင်ဒေသက ဟားမက်လက်နက်ကိုင်အဖွဲ့ရဲ့ နေရာတွေနဲ့ အခြေခံအဆောက်အဦးတွေကို ဖျက်ဆီးပစ်ဖို့အတွက် အစ္စရေးဟာ ၎င်းရဲ့စစ်ဘက်ဆိုင်ရာတည်ရှိမှုတွေကို တိုးမြှင်သွားမယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ဒါ့ပြင် အဲ့ဒီစစ်ဆင်ရေးဟာ အစ္စရေးလုံခြုံရေးဇုန်တွေအတွင်းကို ထည့်သွင်းမယ့် ဧရိယာအများအပြားကို သိမ်းယူနိုင်လိမ့်မှာဖြစ်တယ်လို့လည်း အစ္စရေးကတ်ဇ်ကပြောကြားခဲ့ပါတယ်။ဒါပေမယ့်လည်း နယ်မြေဘယ်လောက်အတိုင်းအတာအထိ သိမ်းယူနိုင်မယ်ဆိုတာကိုတော့ အစ္စရေးကတ်ဇ်က ထုတ်ဖော်ပြောဆိုခဲ့တာမျိုးမရှိခဲ့ဘူးလို့ သိရပါတယ်။

Zawgyi Version:
ဂါဇာကမ္းေျမာင္ေဒသမွာ ေျမျပင္စစ္ဆင္ေရးအသစ္ကို အစၥေရးထုတ္ျပန္ေၾကညာ
Pika
ဂါဇာကမ္းေျမာင္ေဒသမွာ လုံၿခဳံေရးဇုန္ကို ခ်ဲ႕ထြင္ဖို႔အတြက္ ဂါဇာေျမာက္ပိုင္းမွာ ေျမျပင္စစ္ဆင္ေရးအသစ္ေတြကို စတင္ခဲ့တယ္လို႔ အစၥေရးစစ္တပ္က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။အစၥေရးစစ္တပ္က”ၿပီးခဲ့တဲ့နာရီအနည္းငယ္အတြင္း အစၥေရးတပ္ဖြဲ႕ေတြဟာ လုံၿခဳံေရးဇုန္ကိုခ်ဲ႕ထြင္ဖို႔အတြက္ ဂါဇာေျမာက္ပိုင္းက Shejaiyaၿမိဳ႕ဧရိယာမွာ ေျမျပင္စစ္ဆင္ေရးေတြကို စတင္ခဲ့ပါတယ္။အစၥေရးတပ္ဖြဲ႕ေတြဟာ ဟားမက္လက္နက္ကိုင္အဖြဲ႕ဝင္အမ်ားအျပားကို သုတ္သင္ရွင္းလင္းခဲ့ၿပီး အၾကမ္းဖက္လုပ္ရပ္ေတြကိုလုပ္ေဆာင္ဖို႔ စီစဥ္တဲ့ ဟားမက္လက္နက္ကိုင္အဖြဲ႕ရဲ႕ အေျခခံအေဆာက္အဦးေတြကိုလည္း ဖ်က္ဆီးပစ္ႏိုင္ခဲ့ပါတယ္။အဲ့ဒီစစ္ဆင္ေရးအတြင္း အရပ္သားေတြကို တိုက္ခိုက္ေရးဇုန္ေတြကေန ေဘးလြတ္ကင္းရာကိုေ႐ႊ႕ေျပာင္းႏိုင္ဖို႔ ခြင့္ျပဳခဲ့ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ဂါဇာကမ္းေျမာင္ေဒသက ဟားမက္လက္နက္ကိုင္အဖြဲ႕ရဲ႕ ေနရာေတြနဲ႔ အေျခခံအေဆာက္အဦးေတြကို ဖ်က္ဆီးပစ္ဖို႔အတြက္ အစၥေရးဟာ ၎ရဲ႕စစ္ဘက္ဆိုင္ရာတည္ရွိမႈေတြကို တိုးျမႇင္သြားမယ္လို႔ အစၥေရးကာကြယ္ေရးဝန္ႀကီး အစၥေရးကတ္ဇ္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ဒါ့ျပင္ အဲ့ဒီစစ္ဆင္ေရးဟာ အစၥေရးလုံၿခဳံေရးဇုန္ေတြအတြင္းကို ထည့္သြင္းမယ့္ ဧရိယာအမ်ားအျပားကို သိမ္းယူႏိုင္လိမ့္မွာျဖစ္တယ္လို႔လည္း အစၥေရးကတ္ဇ္ကေျပာၾကားခဲ့ပါတယ္။ဒါေပမယ့္လည္း နယ္ေျမဘယ္ေလာက္အတိုင္းအတာအထိ သိမ္းယူႏိုင္မယ္ဆိုတာကိုေတာ့ အစၥေရးကတ္ဇ္က ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳးမရွိခဲ့ဘူးလို႔ သိရပါတယ္။