နေပြည်တော်နှင့်မန္တလေး လေဆိပ်များ ပြန်လည်အသုံးပြုနိုင်ပြီ

 488

NP News ဧပြီ (၅)ရက်
ငလျင်ဒဏ်ကြောင့် ပျက်စီးသွားခဲ့သော နေပြည်တော်နှင့် မန္တလေးမှာရှိသည့် လေဆိပ်များကို အမြန်ဆုံးပြုပြင်ပြီး ပြေးဆွဲနိုင်ရေးအတွက် ပြုပြင်မွန်းမံမှုများ ဆောင်ရွက်ခဲ့ရာ၌ မတ်လ(၅)ရက်နေ့တွင် စတင်ပြေးဆွဲနိုင်ပြီဖြစ်ကြောင်း ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ငလျင်ဒဏ်ကြောင့် ပျက်စီးချို့ယွင်းခဲ့သော မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဧပြီ(၅)ရက်နေ့ မနက် (၆)နရီကစတင်ပြီး ပြည်တွင်းလေကြောင်း ခရီးစဉ်များ ပုံမှန်ပျံသန်း ပြေးဆွဲသွားမည်ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။
မတ်လ ၂၈ ရက်က လှုပ်ခဲ့သော ငလျင်ကြောင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းထိန်းသိမ်းရေးမျှော်စင်နှင့် လေကြောင်းဆက်သွယ်ရေးဆိုင်ရာ စက်အဆောက်အအုံအပြင် ခရီးသည်နားနေဆောင်များ ထိခိုက်ပျက်စီးခဲ့ပြီး လေကြောင်းခရီးစဉ်များ ရပ်နားထားခဲ့ရကြောင်းသိရသည်။
အဆိုပါထိခိုက်ပျက်စီးဆုံးရှုံးမှုများအား အမြန်ဆုံးပြန်လည်ပြုပြင်ခဲ့ပြိး ပြည်တွင်းခရီးစဥ်များပြန်လည်ပေးဆွဲနိုင်ရန်ဆောင်ရွက်ခဲ့ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနမှသိရသည်။
မန္တလေးလေဆိပ်တွင် ငလျင်ဒဏ်ကြောင့် လေယာဉ်ပြေးလမ်း ချို့ယွင်းပျက်စီးမှုအနည်းငယ်ရှိနေခြင်းကြောင့် ပြုပြင်မှုများ ချက်ခြင်းဆောင်ရွက်ခဲ့ပြီး ဧပြီည၂ရက်နေ့တွင် ပြေးလမ်း ပေတစ်သောင်း ပြင်ဆင်ခဲ့ရာ ပြည်တွင်းလေကြောင်းခရီးစဉ်များ ပြန်လည်ပျံသန်းနိုင်ရေးအတွက်ဆောင်ရွက်ခဲ့ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာထားသည်။

Zawgyi Version:
ေနျပည္ေတာ္ႏွင့္မႏၲေလး ေလဆိပ္မ်ား ျပန္လည္အသုံးျပဳႏိုင္ၿပီ
NP News ဧၿပီ (၅)ရက္
ငလ်င္ဒဏ္ေၾကာင့္ ပ်က္စီးသြားခဲ့ေသာ ေနျပည္ေတာ္ႏွင့္ မႏၲေလးမွာရွိသည့္ ေလဆိပ္မ်ားကို အျမန္ဆုံးျပဳျပင္ၿပီး ေျပးဆြဲႏိုင္ေရးအတြက္ ျပဳျပင္မြန္းမံမႈမ်ား ေဆာင္႐ြက္ခဲ့ရာ၌ မတ္လ(၅)ရက္ေန႔တြင္ စတင္ေျပးဆြဲႏိုင္ၿပီျဖစ္ေၾကာင္း ပို႔ေဆာင္ေရးနဲ႔ဆက္သြယ္ေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္သည္။
ငလ်င္ဒဏ္ေၾကာင့္ ပ်က္စီးခ်ိဳ႕ယြင္းခဲ့ေသာ မႏၲေလး အျပည္ျပည္ဆိုင္ရာ ေလဆိပ္ႏွင့္ ေနျပည္ေတာ္ အျပည္ျပည္ဆိုင္ရာ ေလဆိပ္ကို ဧၿပီ(၅)ရက္ေန႔ မနက္ (၆)နရီကစတင္ၿပီး ျပည္တြင္းေလေၾကာင္း ခရီးစဥ္မ်ား ပုံမွန္ပ်ံသန္း ေျပးဆြဲသြားမည္ဟု ေလေၾကာင္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာနမွ ထုတ္ျပန္ေၾကညာထားသည္။
မတ္လ ၂၈ ရက္က လႈပ္ခဲ့ေသာ ငလ်င္ေၾကာင့္ ေနျပည္ေတာ္အျပည္ျပည္ဆိုင္ရာ ေလဆိပ္မွ ေလေၾကာင္းထိန္းသိမ္းေရးေမွ်ာ္စင္ႏွင့္ ေလေၾကာင္းဆက္သြယ္ေရးဆိုင္ရာ စက္အေဆာက္အအုံအျပင္ ခရီးသည္နားေနေဆာင္မ်ား ထိခိုက္ပ်က္စီးခဲ့ၿပီး ေလေၾကာင္းခရီးစဥ္မ်ား ရပ္နားထားခဲ့ရေၾကာင္းသိရသည္။
အဆိုပါထိခိုက္ပ်က္စီးဆုံးရႈံးမႈမ်ားအား အျမန္ဆုံးျပန္လည္ျပဳျပင္ခဲ့ၿပိး ျပည္တြင္းခရီးစဥ္မ်ားျပန္လည္ေပးဆြဲႏိုင္ရန္ေဆာင္႐ြက္ခဲ့ေၾကာင္း ပို႔ေဆာင္ေရးဝန္ႀကီးဌာနမွသိရသည္။
မႏၲေလးေလဆိပ္တြင္ ငလ်င္ဒဏ္ေၾကာင့္ ေလယာဥ္ေျပးလမ္း ခ်ိဳ႕ယြင္းပ်က္စီးမႈအနည္းငယ္ရွိေနျခင္းေၾကာင့္ ျပဳျပင္မႈမ်ား ခ်က္ျခင္းေဆာင္႐ြက္ခဲ့ၿပီး ဧၿပီည၂ရက္ေန႔တြင္ ေျပးလမ္း ေပတစ္ေသာင္း ျပင္ဆင္ခဲ့ရာ ျပည္တြင္းေလေၾကာင္းခရီးစဥ္မ်ား ျပန္လည္ပ်ံသန္းႏိုင္ေရးအတြက္ေဆာင္႐ြက္ခဲ့ေၾကာင္း ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေၾကျငာထားသည္။

Related news

© 2021. All rights reserved.