လူပေါင်းထောင်ချီသေဆုံးစေခဲ့တဲ့ မြန်မာ့ငလျင်နဲ့ပတ်သက်ပြီး နိုင်ငံတကာပညာရှင်တွေ ဘယ်လိုမျိုး သုံးသပ်ပြောဆိုထားသလဲ

 103

ဂျန်ဇက် (NP News)
မတ်လ (၂၈) ရက်တုန်းက မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီးနဲ့မန္တလေးတိုင်းဒေသကြီးတွေကို ဗဟိုပြုပြီး ပြင်းအား (၇ ဒသမ ၇) မဂ္ဂနီကျူအဆင့်ရှိ ငလျင်ကြီး တစ်ခုနဲ့နောက်ဆက်တွဲငလျင်ငယ်တွေ လည်း ထပ်မံလှုပ်ခတ်ခဲ့ရာ သမိုင်းဝင်အဆောက်အအုံတွေ၊ အိုး အိမ်တွေ၊ တံတားတွေ၊ လမ်းတွေ၊ စာသင် ကျောင်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေ၊ စေတီပုထိုးတွေ ထိခိုက်ပျက်စီးခဲ့ရပြီး ဧပြီ (၂) ရက်အထိ အနည်းဆုံးလူပေါင်း (၂၇၀ဝ) ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မတ်လ (၂၈) ရက် နေ့လယ် (၁၂) နာရီ (၅၁) မိနစ်ဝန်းကျင်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး အနောက်မြောက်ဘက်အရပ် ဒေသရဲ့မြေ အောက် အနက် (၆) မိုင်ကိုဗဟိုပြုကာ ပြင်းအား (၇ ဒသမ ၇) မဂ္ဂနီကျုအဆင့်ရှိ ငလျင်ကြီးတစ်ခုအပြင် ပြင်းအား (၆ ဒသမ ၇) မဂ္ဂနီကျူအဆင့်ရှိ ငလျင်နဲ့ နောက်ဆက်တွဲ ငလျင်ငယ်များလှုပ်ခတ်ခဲ့တဲ့အတွက် နစက အစိုးရဟာ ငလျင်လှုပ်ခတ်မှုဒဏ်ကို အဓိကတွေ့ ကြုံခံစားခဲ့ရတဲ့ ဒေသ (၆) ခုကို အရေးပေါ် အခြေနေ ကြေညာထားရတယ်လို့သိရပါတယ်။ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ နိုင်ငံတကာကို ဝိုင်းဝန်းအကူအညီပေးဖို့တောင်းဆိုခဲ့ပြီး ရုရှား၊ တရုတ်၊ အိန္ဒိယ အပါအဝင် နိုင်ငံတကာအဖွဲ့စည်းအချို့က မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှု အကူညီပေးပို့ ကူညီခဲ့သလို အပျက်အစီးတွေအောက် ပိတ်မိနေတဲ့သူတွေကို ကယ်ထုတ်နိုင်ဖို့ ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့တွေကို စေလွှတ်ကူညီတာတွေလည်းရှိခဲ့ပါတယ်။
အမေရိကန်အခြေစိုက် ဘူမိဗေဒစစ်တမ်း အဖွဲ့ (USGS) က လူတစ်သန်းကျော်နေထိုင်ရာ မြန်မာ နိုင်ငံအလယ်ပိုင်း မန္တလေးမြို့အနီးမှာ ငလျင်ဗဟိုချက်ကိုတွေ့ရှိရပြီး အသေအပျောက်နဲ့ ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်နိုင်ခြေရှိပြီး သဘာဝဘေး အန္တရာယ် ပျံ့နှံ့နိုင်ဖွယ်ရှိတယ်လို့ သုံးသပ်ဖော်ပြထား ပါတယ်။ ဒါ့ပြင် USGS မှ ခွဲခြမ်းစိတ်ဖြာမှုအရ အဲဒီအင်အားပြင်းငလျင်နဲ့ နောက်ဆက်တွဲငလျင်များ ကြောင့် မြန်မာနိုင်ငံမှာ ထိခိုက်ပျက်စီး ဒဏ်ရာရသူအရေအတွက်ဟာ လူဦးရေ (၁၀ဝဝဝ)မှ (၁၀ဝ,ဝဝဝ) အတွင်း မြင့်တက်လာနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းဖော်ပြထားပါတယ်။ (USGS) အဖွဲ့ရဲ့သုံးသပ်ဖော်ပြချက် အရ မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် မြန်မာနိုင်ငံရဲ့စီးပွားရေးထိခိုက်ရဖွယ်ရှိနေပြီး နိုင်ငံ ဂျီဒီပီရဲ့ (၇၀) ရာခိုင်နှုန်းကျော် သို့မဟုတ် အမေရိကန်ဒေါ်လာ (၁၀ဝ) ဘီလျံဝန်းကျင် ပျက်စီးဆုံးရှုံး ရဖွယ်ရှိနေပါတယ်။ မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ (၁၉၁၂) ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံ အတွင်း လှုပ်ခတ်ခဲ့တဲ့ငလျင်တွေထဲမှာ အင်အားအပြင်းဆုံး ငလျင်တစ်ခုဖြစ်ခဲ့ပြီး ငလျင်ဗဟိုချက်က နေ မိုင်ပေါင်း (၉၃၂) မိုင်အတွင်း အင်အားပြင်းငလျင် များ လှုပ်ခတ်သက်ရောက်မှုတွေရှိခဲ့ကာ မိုင်ပေါင်း (၆၀ဝ) အကွာအဝေးရှိ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာလည်း အဆောက်အအုံတွေ ပြိုကျမှုဖြစ်ပွားခဲ့တယ် လို့ အမေရိကန်အခြေစိုက် (USGS) အဖွဲ့ကဖော်ပြထားပါတယ်။ (၁၉၅၆) ခုနှစ်က အဆိုပါ စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ပေမယ့် ထိခိုက်သေဆုံးမှုအရေအတွက် အခုလိုမျိုး များပြားခြင်းမရှိခဲ့ဘဲ ထိုစဉ်အချိန်က အခိုင်မာ ဆောက်ထားတဲ့အဆောက်အအုံတွေ မရှိသလို လူဦးရေသိပ်သည်းမှုနည်းပါးခဲ့တယ်လို့ ငလျင်ပညာရှင်တွေကပြောပါတယ်။ လက်ရှိအချိန်မှာ ငလျင် လှုပ်ခတ်မှုဖြစ်ပွားရာဒေသမှာ လူနေမှုသိပ်သည်းလာတဲ့အပြင် သံမဏိ၊ ကွန်ကရစ် ၊ သစ်သား၊ အုတ် စတဲ့ ထုထည်ရှိတဲ့အဆောက်အအုံတွေ ဆောက်လုပ်တဲ့ အဆောက်အအုံတွေ ပိုမိုများပြားလာတဲ့အတွက် ငလျင်လှုပ်ခတ်ချိန်မှာ အဆိုပါအဆောက်အအုံတွေ ပြိုကျပျက်စီးမှုတွေကြောင့်ပိမိတာ၊ ပိတ်မိတာတွေ ကြောင့် လူသေဆုံးမှုမြင့်တက်လာတာမျိုးဖြစ်တယ်လို့ ငလျင်ပညာရှင်တွေကဖော်ပြထားပါတယ်။ မတ် လ (၂၈) ရက်က လှုပ်ခတ်ခဲ့တဲ့ငလျင်ဟာ အာရှတိုက်ဒေသအတွင်းမှာ နှစ်ပေါင်း (၁၀ဝ) ကျော်အတွင်း လှုပ်ခတ်ခဲ့ဖူးတဲ့ငလျင်တွေအနက် ပြင်းအားအများဆုံး ငလျင်တွေထဲမှာ ပဉ္စမမြောက် ပြင်းအားအများ ဆုံး ငလျင်ဖြစ်ခဲ့ပါတယ်။ မတ်လ (၂၈) ရက်က မန္တလေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့ကို ဗဟိုပြုတဲ့ အင်အားပြင်းငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် နောက်ဆက်တွဲ ငလျင်ငယ်တွေ ဆက်တိုက်လှုပ်ခတ်ခဲ့ပြီး ပြင်းအား (၁) မဂ္ဂနီကျုအဆင့်ရှိရာကနေ ပြင်းအား (၇) မဂ္ဂနီကျုအတွင်းရှိငလျင်ငယ်ပေါင်း (၁၆၉) ကြိမ် ထပ်မံ လှုပ်ခတ်ခဲ့တယ်လို့ ထိုင်းနိုင်ငံဘူမိဗေဒဌာနက ဖော်ပြထားပါတယ်။
ထိုင်းဘူမိဗေဒဌာနရဲ့ဖော်ပြချက်အရ မတ်လ (၂၈) ရက် နေ့လယ်ပိုင်းက အင်အားပြင်းငလျင်လှုပ် ခတ်ခဲ့ပြီးနောက်ပိုင်း မတ်လ (၃၀) ရက်အထိ ထိုင်းနိုင်ငံမှာလည်း ငလျင်ငယ်အရေအတွက် အကြိမ် ပေါင်း (၁၆၉) ကြိမ်လှုပ်ခတ်ခဲ့ပြီး (၁) မဂ္ဂနီကျု ကနေ (၂ ဒသမ ၉) မဂ္ဂနီကျုအဆင့်ရှိ နောက်ဆက်တွဲ ငလျင်ငယ် အကြိမ်အရေအတွက် (၄၃) ကြိမ်၊ (၃) မဂ္ဂနီကျုအဆင့်ကနေ (၃ ဒသမ ၉) မဂ္ဂနီကျုအဆင့် ရှိ ငလျင်ငယ်အကြိမ်အရေအတွက် (၇၉) ကြိမ်၊ (၄) မဂ္ဂနီကျုကနေ (၄ ဒသမ ၉) မဂ္ဂနီကျုအဆင့်ရှိ ငလျင် ငယ် အကြိမ်အရေအတွက် (၄၀) ၊ (၅) မဂ္ဂနီကျုကနေ (၅ ဒသမ ၉) မဂ္ဂနီကျုအဆင့်ရှိ နောက်ဆက်တွဲ ငလျင်ငယ် (၆) ကြိမ်၊ (၇) မဂ္ဂနီကျု အဆင့်ရှိ ငလျင်နောက်ဆက်တွဲငလျင်ငယ်တွေ လှုပ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ မတ်လ (၂၈)ရက်က စစ်ကိုင်း နဲ့ မန္တလေးမြို့တို့ကို ဗဟိုပြုပြီး အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် တစ်ရက်အတွင်းမှာပဲ မြန်မာနိုင်ငံမှာလည်း အင်အားပြင်းငလျင်ငယ် အနည်းဆုံး (၁၀) ကြိမ်ထက် မနည်း ထပ်မံလှုပ်ခတ်ခဲ့ တယ်လို့သိရပါတယ်။
မြန်မာနိုင်ငံမိုးလေဝသဌာနကလည်း မတ်လ (၂၈) ရက်က မြန်မာနိုင်ငံမှာ အင်အား (၇ ဒသမ ၇) မဂ္ဂနီကျုအဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ငလျင်ငယ်များ ဆက်လက်လှုပ်ခတ်ခဲ့ပြီး မတ်လ (၃၀) ရက်အထိ အင်အား (၂ ဒသမ ၈) မဂ္ဂနီကျုကနေ အင် အား (၇ ဒသမ ၅) မဂ္ဂနီကျူအဆင့်ရှိ ငလျင်ငယ် ပေါင်း အနည်းဆုံး (၃၆) ကြိမ်လှုပ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ကျောက်ထုလွှာနှစ်ခုအနက် တစ်ခုနဲ့တစ်ခု ရုတ်တ ရက် ဖြတ်ပြီး ရွေ့လျားပွတ်တိုက်မိမှုကြောင့်ဖြစ်ပြီး “ lip-strike” ငလျင်ဖြစ်တယ်လို့သိရပါတယ်။ University College London ရဲ့ ဘူမိရူပဗေဒ နဲ့ ရာသီဥ တုဘေးအန္တရာယ်ဆိုင်ရာ ဂုဏ်ထူးဆောင် ပါမောက္ခ ဘီလ်မက်ဂွိုင်းရားက“မြန်မာဟာ ကမ္ဘာမှာ ငလျင် လှုပ်ရှားမှုတွေအရှိဆုံး နိုင်ငံတွေထဲက တခုဖြစ်တာကြောင့် ဒီငလျင်က အံ့အားသင့်စရာတော့ မဟုတ် ပါဘူး။ ဒီငလျင်က လူနေများတဲ့ ဧရိယာတွေ အနီးအနားမှာ မြောက်-တောင် ဖြတ်သန်းတည်ရှိတဲ့ ကျောက်ထုလွှာနှစ်ခုအကြား နယ်ဖြတ်မျဉ်းအဖြစ်ရှိတဲ့ စစ်ကိုင်းပြတ်ရွေ့ကြောပေါ်မှာဖြစ်သွားခဲ့တာပါ” လို့ သုံးသပ်ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံအခြေစိုက်ဘူမိဗေဒပညာရှင်တစ်ဦးဖြစ်တဲ့ ဂျက်ဖုန်းနစ်က မြန်မာနိုင်ငံမှာ လှုပ် ခတ်ခဲ့တဲ့ ငလျင်ရဲ့ energy နဲ့ Force ဟာ နျူကလီးယား ဗုံးအလုံးရေ (၃၀ဝ) ကျော် ပေါက်ကွဲအားရဲ့ energy နဲ့ Force ညီမျှတယ်လို့ သုံးသပ်ပြောဆိုထားတယ်လို့ ပြောဆိုထားကြောင်း CNN သတင်း ဌာန ကဖော်ပြထားပါတယ်။ အမေရိကန်နိုင်ငံအခြေစိုက်ဘူမိဗေဒပညာရှင်တစ်ဦးဂျက် ဖုန်းနစ်က “ မြန်မာ နိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ ငလျင်ရဲ့ energy နဲ့ Force ဟာ နျူကလီးယားဗုံး (၃၃၄) လုံးရဲ့ ပေါက်ကွဲ အားနဲ့ ညီမျှတယ်၊ ငလျင်ဟာ မြန်မာနိုင်ငံရဲ့ပဋိပက္ခတွေ ကို ပိုမိုဆိုးရွားလာဖွယ်ရှိနေပါတယ်။ အခက်ခဲတွေကို လည်း ပိုမိုဖြစ်လာဖွယ်ရှိနေပါတယ်” လို့ ပြောပါတယ်။ ဂျက်ဖုန်းနစ်က အဲဒီပြင်းအား (၇ ဒသမ ၇) မဂ္ဂနီ ကျူအဆင့်ရှိ ငလျင်ကြောင့် ဒေသအတွင်းမှာ ငလျင်တွေလည်းထပ်မံလှုပ်ခတ်လာဖွယ်ရှိနေပြီး လာမယ့် လတွေအတွင်းမှာလည်း ငလျင်ငယ်တွေထပ်မံ လှုပ်ခတ်လာဖွယ်ရှိတယ်လို့ သတိပေးထားပါတယ်။
မတ်လ (၂၈) ရက်ကလည်း ပြင်းအား (၇ ဒသမ ၇) မဂ္ဂနီကျုအဆင့်ရှိ ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီး နောက် (၁၂) မိနစ်အကြာမှာ ပြင်းအား (၆ ဒသမ ၄) ရှိ ဒုတိယမြောက်ငလျင် ထပ်လှုပ်ခဲ့ပြီးနောက် အဆိုးဆုံး ထပ်လာနိုင်တယ်လို့ သိပ္ပံပညာရှင်တို့က သတိပေးထားပါတယ်။ မြန်မာနိုင်ငံမှာ မတ်လ (၂၈) ရက် က လှုပ်ခတ်ခဲ့တဲ့ငလျင်နဲ့ဆက်နွှယ်ပြီး အိန္ဒိယ၊ ထိုင်း၊ လာအို၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်နိုင်ငံတို့မှာ လည်း ငလျင်တွေ ထပ်မံလှုပ်ခတ်ခဲ့ကာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ကလည်း ခံစားသိရှိခဲ့တယ်လို့ ပေကျင်း ငလျင်အေဂျင်စီက ဖော်ပြထားပါတယ်။
ဘူမိဗေဒပညာရှင်တွေဟာ စစ်ကိုင်းပြတ်ရွေ့ကြောပေါ်မှာ လူသေစေနိုင်တဲ့ ‘အကြီးစား ငလျင် တစ်ခု မကြာမီလှုပ်နိုင်တယ်လို့ ယမန်နှစ်စပိုင်းကတည်းက သတိပေးခဲ့ပြီး စစ်ကိုင်းပြတ်ရွေ့ကြောရဲ့ အလယ်အပိုင်းနေရာဟာညပ်နေပြီး ကျောက်ထုလွှာများ ပုံမှန်မဟုတ်ဘဲ အဆမတန် ကပ်ငြိနေတဲ့ အဓိပ္ပာယ်ဖြစ်တယ်လို့လည်း တရုတ်သိပ္ပံအကယ်ဒမီ မှ ဘူမိဗေဒပညာရှင်များက ဇန်နဝါရီလအတွင်း လေ့လာတွေ့ရှိခဲ့ပါတယ်။
ဘူမိဗေဒပညာရှင်တွေရဲ့စာတမ်းထဲမှာ “ ဒီ ဂယက်ရိုက်သက်ရောက်မှုက မန္တလေးလိုမျိုး အနီး အနားက လူနေထူထပ်တဲ့မြို့ကြီးတွေကို အားပြင်း ငလျင် ခြိမ်းခြောက်မှုနဲ့ပတ်သက်လို့ သတိပေးပါ တယ်”လို့ ဖော်ပြထားပါတယ်။ ငလျင်တစ်ခုဖြစ်ပေါ်တဲ့ မျက်နှာပြင်နဲ့ ပိုနီးလေ၊ လွတ်ထွက်လာတဲ့ အားတို့က အဆောက်အအုံတွေထံ ပျံ့နှံ့မှုပိုများလေဖြစ်ပြီး ထိခိုက်ပျက်စီးမှုတို့ကို ပိုကြီးစေမှာဖြစ်တယ် လို့ဆို ပါတယ်။ ပါမောက္ခ မက်ဂွိုင်းရားက“ ဒီငလျင်က ရာစုနှစ်တစ်စုရဲ့ လေးပုံသုံးပုံမှာ မြန်မာမှာလှုပ်တဲ့ အကြီးဆုံး ငလျင်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အရွယ်အစားနဲ့ အင်မတန်တိမ်တဲ့အနက်တို့ပေါင်းစည်းမှု ကြောင့် လည်း ထိခိုက်မှုအလားအလာတွေကို အများဆုံး ဖြစ်စေပါလိမ့်မယ်၊ အတော်အတန်ကြီးမားတဲ့ နောက် ဆက်တွဲငလျင်တစ်ခုလှုပ်သွားပြီးဖြစ်တယ်။ နောက်ထပ်လည်း လာနိုင်သေးတယ်။ ဒါက ခိုင်ခံ့ မှုအားနည်းတဲ့ အဆောက်အအုံတွေ ပြိုကျတာတို့ကို ဖြစ်စေဖို့ ခြိမ်းခြောက်နေသလို ကယ်ဆယ်ရေး သမားတွေရဲ့ လုပ်ဆောင်မှုတွေအတွက်လည်း ပိုပြီးစိန်ခေါ်မှု တွေနဲ့ကြုံရစေပါလိမ့်မယ်” လို့ သုံးသပ် ပြောဆိုထားပါတယ်။
အမေရိကန်အခြေစိုက် USGS ရဲ့သုံးသပ်ဖော်ပြချက်တွေအရ အနက်ပိုတိမ်တဲ့ငလျင်တွေဟာ ထုံးစံ အားဖြင့် မြေမျက်နှာပြင်အောက် အနည်းဆုံး (၁၈) မိုင် (၃၀ ကီလိုမီတာ) မှာ ဖြစ်ပေါ်တဲ့ ငလျင်တွေ ထက်စာရင် နောက်ဆက်တွဲငလျင်တွေကို ပိုပြီးဖြစ်စေနိုင်တယ်လို့လည်း ငလျင်ပညာရှင်တွေက ဆိုပါ တယ်။ ကြီးမားတဲ့ ငလျင်ကြီးတစ်ခုဟာ ထုံးစံအားဖြင့် အရွယ်အစားအသီးသီးရှိ နောက်ဆက်တွဲ ငလျင် အကြိမ်ရေတစ်ထောင်ခန့် လှုပ်ခတ်ဖွယ်ရှိနေပြီး အဲဒီနောက်ဆက်တွဲငလျင်တွေဟာ အဓိကငလျင်တွေ ထက် အနည်းဆုံး (၁) မဂ္ဂနီကျု ပိုနည်းနိုင်ပေမယ့် အသေအပျောက်တို့ကို ဖြစ်နိုင် ဖွယ်ရှိနေပြီး ကယ် ဆယ်ရေး ကြိုးပမ်းမှုတွေလုပ်ဆောင်နေချိန်အတွင်း နောက်ဆက်တွဲငလျင်လှုပ်မှုတွေကြောင့် မခိုင်ခံ့တဲ့ အဆောက်အအုံတို့ကို ပြိုကျစေနိုင်သလို အရေးပေါ် ကယ်ဆယ်ရေးသမားများ အတွက် အသက်ဘေး အန္တရာယ်တို့ကို ရှိစေနိုင်တယ် လို့ဆိုပါတယ်။ အဓိက ငလျင်ကြီး လှုပ်ပြီး နောက် ရက်တွေအတွင်း သို့မဟုတ် သီတင်းပတ်အတွင်း နောက်ဆက်တွဲငလျင် လှုပ်ခတ်မှုတွေကြောင့် နဂိုကတည်းက မခိုင်မခံ့ဖြစ်နေတဲ့ အခြေခံအဆောက်အအုံတို့ကို အကြီးအကျယ်ထိခိုက်ပျက်စီးစေနိုင်ပါတယ်။
မြန်မာ့ငလျင်က ဘာကြောင့် လူသေဆုံးရသလဲဆိုသည်ကို ပြသနေတဲ့အဓိကအကြောင်းရင်း တွေထဲက တစ်ခုက ငလျင်ဒဏ်ခံနိုင်တဲ့အခြေခံအဆောက်အအုံမရှိတဲ့ အချက်ဖြစ်တယ်လို့ ငလျင်ပညာ ရှင်တွေက သုံးသပ်ထားပါတယ်။
University College London ရဲ့ ဘေးဒုက္ခဆိုးတွေနဲ့ ကျန်းမာရေးဆိုင်ရာ ပါမောက္ခအီယန် ကယ်လ်မန်က“ငလျင်တွေက လူတွေကို မသေစေဘူး။ အခြေခံအဆောက်အအုံ ပြိုကျမှုတွေက လူ တွေကို သေစေတာဖြစ်တယ်။ စည်းမျဉ်းတွေရေးဆွဲဖို့နဲ့ကုတ်တွေတည်ဆောက်ဖို့ အစိုးရတွေမှာ တာဝန် ရှိတယ်။ ငလျင်မလှုပ်ခင် လုပ်ဆောင်ဖို့ အစိုးရ တွေရဲ့ကာလကြာ ပျက်ကွက်ခဲ့မှုတွေကို ဒီဘေးဒုက္ခဆိုးက လှစ်ဟပြနေတယ် လို့ပြောပါတယ်။

Zawgyi Version:
လူေပါင္းေထာင္ခ်ီေသဆုံးေစခဲ့တဲ့ ျမန္မာ့ငလ်င္နဲ႔ပတ္သက္ၿပီး ႏိုင္ငံတကာပညာရွင္ေတြ ဘယ္လိုမ်ိဳး သုံးသပ္ေျပာဆိုထားသလဲ
ဂ်န္ဇက္ (NP News)
မတ္လ (၂၈) ရက္တုန္းက ျမန္မာႏိုင္ငံ စစ္ကိုင္းတိုင္းေဒသႀကီးနဲ႔မႏၲေလးတိုင္းေဒသႀကီးေတြကို ဗဟိုျပဳၿပီး ျပင္းအား (၇ ဒသမ ၇) မဂၢနီက်ဴအဆင့္ရွိ ငလ်င္ႀကီး တစ္ခုနဲ႔ေနာက္ဆက္တြဲငလ်င္ငယ္ေတြ လည္း ထပ္မံလႈပ္ခတ္ခဲ့ရာ သမိုင္းဝင္အေဆာက္အအုံေတြ၊ အိုး အိမ္ေတြ၊ တံတားေတြ၊ လမ္းေတြ၊ စာသင္ ေက်ာင္းေတြ၊ ဘုန္းေတာ္ႀကီးေက်ာင္းေတြ၊ ေစတီပုထိုးေတြ ထိခိုက္ပ်က္စီးခဲ့ရၿပီး ဧၿပီ (၂) ရက္အထိ အနည္းဆုံးလူေပါင္း (၂၇၀ဝ) ေက်ာ္ ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ မတ္လ (၂၈) ရက္ ေန႔လယ္ (၁၂) နာရီ (၅၁) မိနစ္ဝန္းက်င္ခန႔္က စစ္ကိုင္းတိုင္းေဒသႀကီး အေနာက္ေျမာက္ဘက္အရပ္ ေဒသရဲ႕ေျမ ေအာက္ အနက္ (၆) မိုင္ကိုဗဟိုျပဳကာ ျပင္းအား (၇ ဒသမ ၇) မဂၢနီက်ဳအဆင့္ရွိ ငလ်င္ႀကီးတစ္ခုအျပင္ ျပင္းအား (၆ ဒသမ ၇) မဂၢနီက်ဴအဆင့္ရွိ ငလ်င္နဲ႔ ေနာက္ဆက္တြဲ ငလ်င္ငယ္မ်ားလႈပ္ခတ္ခဲ့တဲ့အတြက္ နစက အစိုးရဟာ ငလ်င္လႈပ္ခတ္မႈဒဏ္ကို အဓိကေတြ႕ ႀကဳံခံစားခဲ့ရတဲ့ ေဒသ (၆) ခုကို အေရးေပၚ အေျခေန ေၾကညာထားရတယ္လို႔သိရပါတယ္။ အင္အားျပင္း ငလ်င္လႈပ္ခတ္ခဲ့ၿပီးေနာက္ နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ဟာ ႏိုင္ငံတကာကို ဝိုင္းဝန္းအကူအညီေပးဖို႔ေတာင္းဆိုခဲ့ၿပီး ႐ုရွား၊ တ႐ုတ္၊ အိႏၵိယ အပါအဝင္ ႏိုင္ငံတကာအဖြဲ႕စည္းအခ်ိဳ႕က ျမန္မာႏိုင္ငံကို လူသားခ်င္းဆိုင္ရာစာနာမႈ အကူညီေပးပို႔ ကူညီခဲ့သလို အပ်က္အစီးေတြေအာက္ ပိတ္မိေနတဲ့သူေတြကို ကယ္ထုတ္ႏိုင္ဖို႔ ရွာေဖြ ကယ္ဆယ္ေရးအဖြဲ႕ေတြကို ေစလႊတ္ကူညီတာေတြလည္းရွိခဲ့ပါတယ္။
အေမရိကန္အေျခစိုက္ ဘူမိေဗဒစစ္တမ္း အဖြဲ႕ (USGS) က လူတစ္သန္းေက်ာ္ေနထိုင္ရာ ျမန္မာ ႏိုင္ငံအလယ္ပိုင္း မႏၲေလးၿမိဳ႕အနီးမွာ ငလ်င္ဗဟိုခ်က္ကိုေတြ႕ရွိရၿပီး အေသအေပ်ာက္နဲ႔ ႀကီးမားတဲ့ ပ်က္စီးဆုံးရႈံးမႈေတြ ျဖစ္ႏိုင္ေျခရွိၿပီး သဘာဝေဘး အႏၲရာယ္ ပ်ံ႕ႏွံ႔ႏိုင္ဖြယ္ရွိတယ္လို႔ သုံးသပ္ေဖာ္ျပထား ပါတယ္။ ဒါ့ျပင္ USGS မွ ခြဲျခမ္းစိတ္ျဖာမႈအရ အဲဒီအင္အားျပင္းငလ်င္နဲ႔ ေနာက္ဆက္တြဲငလ်င္မ်ား ေၾကာင့္ ျမန္မာႏိုင္ငံမွာ ထိခိုက္ပ်က္စီး ဒဏ္ရာရသူအေရအတြက္ဟာ လူဦးေရ (၁၀ဝဝဝ)မွ (၁၀ဝ,ဝဝဝ) အတြင္း ျမင့္တက္လာႏိုင္ဖြယ္ရွိတယ္လို႔ ခန႔္မွန္းေဖာ္ျပထားပါတယ္။ (USGS) အဖြဲ႕ရဲ႕သုံးသပ္ေဖာ္ျပခ်က္ အရ မတ္လ (၂၈) ရက္က လႈပ္ခတ္ခဲ့တဲ့ငလ်င္ေၾကာင့္ ျမန္မာႏိုင္ငံရဲ႕စီးပြားေရးထိခိုက္ရဖြယ္ရွိေနၿပီး ႏိုင္ငံ ဂ်ီဒီပီရဲ႕ (၇၀) ရာခိုင္ႏႈန္းေက်ာ္ သို႔မဟုတ္ အေမရိကန္ေဒၚလာ (၁၀ဝ) ဘီလ်ံဝန္းက်င္ ပ်က္စီးဆုံးရႈံး ရဖြယ္ရွိေနပါတယ္။ မတ္လ (၂၈) ရက္က လႈပ္ခတ္ခဲ့တဲ့ ငလ်င္ဟာ (၁၉၁၂) ခုႏွစ္ေနာက္ပိုင္း ျမန္မာႏိုင္ငံ အတြင္း လႈပ္ခတ္ခဲ့တဲ့ငလ်င္ေတြထဲမွာ အင္အားအျပင္းဆုံး ငလ်င္တစ္ခုျဖစ္ခဲ့ၿပီး ငလ်င္ဗဟိုခ်က္က ေန မိုင္ေပါင္း (၉၃၂) မိုင္အတြင္း အင္အားျပင္းငလ်င္ မ်ား လႈပ္ခတ္သက္ေရာက္မႈေတြရွိခဲ့ကာ မိုင္ေပါင္း (၆၀ဝ) အကြာအေဝးရွိ ထိုင္းႏိုင္ငံဘန္ေကာက္ၿမိဳ႕မွာလည္း အေဆာက္အအုံေတြ ၿပိဳက်မႈျဖစ္ပြားခဲ့တယ္ လို႔ အေမရိကန္အေျခစိုက္ (USGS) အဖြဲ႕ကေဖာ္ျပထားပါတယ္။ (၁၉၅၆) ခုႏွစ္က အဆိုပါ စစ္ကိုင္းနဲ႔ မႏၲေလးတိုင္းေဒသႀကီးတို႔မွာ အင္အားျပင္းငလ်င္ လႈပ္ခတ္ခဲ့ေပမယ့္ ထိခိုက္ေသဆုံးမႈအေရအတြက္ အခုလိုမ်ိဳး မ်ားျပားျခင္းမရွိခဲ့ဘဲ ထိုစဥ္အခ်ိန္က အခိုင္မာ ေဆာက္ထားတဲ့အေဆာက္အအုံေတြ မရွိသလို လူဦးေရသိပ္သည္းမႈနည္းပါးခဲ့တယ္လို႔ ငလ်င္ပညာရွင္ေတြကေျပာပါတယ္။ လက္ရွိအခ်ိန္မွာ ငလ်င္ လႈပ္ခတ္မႈျဖစ္ပြားရာေဒသမွာ လူေနမႈသိပ္သည္းလာတဲ့အျပင္ သံမဏိ၊ ကြန္ကရစ္ ၊ သစ္သား၊ အုတ္ စတဲ့ ထုထည္ရွိတဲ့အေဆာက္အအုံေတြ ေဆာက္လုပ္တဲ့ အေဆာက္အအုံေတြ ပိုမိုမ်ားျပားလာတဲ့အတြက္ ငလ်င္လႈပ္ခတ္ခ်ိန္မွာ အဆိုပါအေဆာက္အအုံေတြ ၿပိဳက်ပ်က္စီးမႈေတြေၾကာင့္ပိမိတာ၊ ပိတ္မိတာေတြ ေၾကာင့္ လူေသဆုံးမႈျမင့္တက္လာတာမ်ိဳးျဖစ္တယ္လို႔ ငလ်င္ပညာရွင္ေတြကေဖာ္ျပထားပါတယ္။ မတ္ လ (၂၈) ရက္က လႈပ္ခတ္ခဲ့တဲ့ငလ်င္ဟာ အာရွတိုက္ေဒသအတြင္းမွာ ႏွစ္ေပါင္း (၁၀ဝ) ေက်ာ္အတြင္း လႈပ္ခတ္ခဲ့ဖူးတဲ့ငလ်င္ေတြအနက္ ျပင္းအားအမ်ားဆုံး ငလ်င္ေတြထဲမွာ ပၪၥမေျမာက္ ျပင္းအားအမ်ား ဆုံး ငလ်င္ျဖစ္ခဲ့ပါတယ္။ မတ္လ (၂၈) ရက္က မႏၲေလးနဲ႔ စစ္ကိုင္းတိုင္းေဒသႀကီးတို႔ကို ဗဟိုျပဳတဲ့ အင္အားျပင္းငလ်င္ႀကီး လႈပ္ခတ္ခဲ့ၿပီးေနာက္ ေနာက္ဆက္တြဲ ငလ်င္ငယ္ေတြ ဆက္တိုက္လႈပ္ခတ္ခဲ့ၿပီး ျပင္းအား (၁) မဂၢနီက်ဳအဆင့္ရွိရာကေန ျပင္းအား (၇) မဂၢနီက်ဳအတြင္းရွိငလ်င္ငယ္ေပါင္း (၁၆၉) ႀကိမ္ ထပ္မံ လႈပ္ခတ္ခဲ့တယ္လို႔ ထိုင္းႏိုင္ငံဘူမိေဗဒဌာနက ေဖာ္ျပထားပါတယ္။
ထိုင္းဘူမိေဗဒဌာနရဲ႕ေဖာ္ျပခ်က္အရ မတ္လ (၂၈) ရက္ ေန႔လယ္ပိုင္းက အင္အားျပင္းငလ်င္လႈပ္ ခတ္ခဲ့ၿပီးေနာက္ပိုင္း မတ္လ (၃၀) ရက္အထိ ထိုင္းႏိုင္ငံမွာလည္း ငလ်င္ငယ္အေရအတြက္ အႀကိမ္ ေပါင္း (၁၆၉) ႀကိမ္လႈပ္ခတ္ခဲ့ၿပီး (၁) မဂၢနီက်ဳ ကေန (၂ ဒသမ ၉) မဂၢနီက်ဳအဆင့္ရွိ ေနာက္ဆက္တြဲ ငလ်င္ငယ္ အႀကိမ္အေရအတြက္ (၄၃) ႀကိမ္၊ (၃) မဂၢနီက်ဳအဆင့္ကေန (၃ ဒသမ ၉) မဂၢနီက်ဳအဆင့္ ရွိ ငလ်င္ငယ္အႀကိမ္အေရအတြက္ (၇၉) ႀကိမ္၊ (၄) မဂၢနီက်ဳကေန (၄ ဒသမ ၉) မဂၢနီက်ဳအဆင့္ရွိ ငလ်င္ ငယ္ အႀကိမ္အေရအတြက္ (၄၀) ၊ (၅) မဂၢနီက်ဳကေန (၅ ဒသမ ၉) မဂၢနီက်ဳအဆင့္ရွိ ေနာက္ဆက္တြဲ ငလ်င္ငယ္ (၆) ႀကိမ္၊ (၇) မဂၢနီက်ဳ အဆင့္ရွိ ငလ်င္ေနာက္ဆက္တြဲငလ်င္ငယ္ေတြ လႈပ္ခတ္ခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။ မတ္လ (၂၈)ရက္က စစ္ကိုင္း နဲ႔ မႏၲေလးၿမိဳ႕တို႔ကို ဗဟိုျပဳၿပီး အင္အားျပင္း ငလ်င္ လႈပ္ခတ္ခဲ့ၿပီးေနာက္ တစ္ရက္အတြင္းမွာပဲ ျမန္မာႏိုင္ငံမွာလည္း အင္အားျပင္းငလ်င္ငယ္ အနည္းဆုံး (၁၀) ႀကိမ္ထက္ မနည္း ထပ္မံလႈပ္ခတ္ခဲ့ တယ္လို႔သိရပါတယ္။
ျမန္မာႏိုင္ငံမိုးေလဝသဌာနကလည္း မတ္လ (၂၈) ရက္က ျမန္မာႏိုင္ငံမွာ အင္အား (၇ ဒသမ ၇) မဂၢနီက်ဳအဆင့္ရွိ ငလ်င္လႈပ္ခတ္ခဲ့ၿပီးေနာက္ ငလ်င္ငယ္မ်ား ဆက္လက္လႈပ္ခတ္ခဲ့ၿပီး မတ္လ (၃၀) ရက္အထိ အင္အား (၂ ဒသမ ၈) မဂၢနီက်ဳကေန အင္ အား (၇ ဒသမ ၅) မဂၢနီက်ဴအဆင့္ရွိ ငလ်င္ငယ္ ေပါင္း အနည္းဆုံး (၃၆) ႀကိမ္လႈပ္ခတ္ခဲ့တယ္လို႔ဆိုပါတယ္။ ျမန္မာႏိုင္ငံမွာလႈပ္ခတ္ခဲ့တဲ့ ငလ်င္ဟာ ေက်ာက္ထုလႊာႏွစ္ခုအနက္ တစ္ခုနဲ႔တစ္ခု ႐ုတ္တ ရက္ ျဖတ္ၿပီး ေ႐ြ႕လ်ားပြတ္တိုက္မိမႈေၾကာင့္ျဖစ္ၿပီး “ lip-strike” ငလ်င္ျဖစ္တယ္လို႔သိရပါတယ္။ University College London ရဲ႕ ဘူမိ႐ူပေဗဒ နဲ႔ ရာသီဥ တုေဘးအႏၲရာယ္ဆိုင္ရာ ဂုဏ္ထူးေဆာင္ ပါေမာကၡ ဘီလ္မက္ဂြိဳင္းရားက“ျမန္မာဟာ ကမာၻမွာ ငလ်င္ လႈပ္ရွားမႈေတြအရွိဆုံး ႏိုင္ငံေတြထဲက တခုျဖစ္တာေၾကာင့္ ဒီငလ်င္က အံ့အားသင့္စရာေတာ့ မဟုတ္ ပါဘူး။ ဒီငလ်င္က လူေနမ်ားတဲ့ ဧရိယာေတြ အနီးအနားမွာ ေျမာက္-ေတာင္ ျဖတ္သန္းတည္ရွိတဲ့ ေက်ာက္ထုလႊာႏွစ္ခုအၾကား နယ္ျဖတ္မ်ဥ္းအျဖစ္ရွိတဲ့ စစ္ကိုင္းျပတ္ေ႐ြ႕ေၾကာေပၚမွာျဖစ္သြားခဲ့တာပါ” လို႔ သုံးသပ္ေဖာ္ျပထားပါတယ္။
အေမရိကန္ႏိုင္ငံအေျခစိုက္ဘူမိေဗဒပညာရွင္တစ္ဦးျဖစ္တဲ့ ဂ်က္ဖုန္းနစ္က ျမန္မာႏိုင္ငံမွာ လႈပ္ ခတ္ခဲ့တဲ့ ငလ်င္ရဲ႕ energy နဲ႔ Force ဟာ န်ဴကလီးယား ဗုံးအလုံးေရ (၃၀ဝ) ေက်ာ္ ေပါက္ကြဲအားရဲ႕ energy နဲ႔ Force ညီမွ်တယ္လို႔ သုံးသပ္ေျပာဆိုထားတယ္လို႔ ေျပာဆိုထားေၾကာင္း CNN သတင္း ဌာန ကေဖာ္ျပထားပါတယ္။ အေမရိကန္ႏိုင္ငံအေျခစိုက္ဘူမိေဗဒပညာရွင္တစ္ဦးဂ်က္ ဖုန္းနစ္က “ ျမန္မာ ႏိုင္ငံမွာလႈပ္ခတ္ခဲ့တဲ့ ငလ်င္ရဲ႕ energy နဲ႔ Force ဟာ န်ဴကလီးယားဗုံး (၃၃၄) လုံးရဲ႕ ေပါက္ကြဲ အားနဲ႔ ညီမွ်တယ္၊ ငလ်င္ဟာ ျမန္မာႏိုင္ငံရဲ႕ပဋိပကၡေတြ ကို ပိုမိုဆိုး႐ြားလာဖြယ္ရွိေနပါတယ္။ အခက္ခဲေတြကို လည္း ပိုမိုျဖစ္လာဖြယ္ရွိေနပါတယ္” လို႔ ေျပာပါတယ္။ ဂ်က္ဖုန္းနစ္က အဲဒီျပင္းအား (၇ ဒသမ ၇) မဂၢနီ က်ဴအဆင့္ရွိ ငလ်င္ေၾကာင့္ ေဒသအတြင္းမွာ ငလ်င္ေတြလည္းထပ္မံလႈပ္ခတ္လာဖြယ္ရွိေနၿပီး လာမယ့္ လေတြအတြင္းမွာလည္း ငလ်င္ငယ္ေတြထပ္မံ လႈပ္ခတ္လာဖြယ္ရွိတယ္လို႔ သတိေပးထားပါတယ္။
မတ္လ (၂၈) ရက္ကလည္း ျပင္းအား (၇ ဒသမ ၇) မဂၢနီက်ဳအဆင့္ရွိ ငလ်င္ႀကီးလႈပ္ခတ္ခဲ့ၿပီး ေနာက္ (၁၂) မိနစ္အၾကာမွာ ျပင္းအား (၆ ဒသမ ၄) ရွိ ဒုတိယေျမာက္ငလ်င္ ထပ္လႈပ္ခဲ့ၿပီးေနာက္ အဆိုးဆုံး ထပ္လာႏိုင္တယ္လို႔ သိပၸံပညာရွင္တို႔က သတိေပးထားပါတယ္။ ျမန္မာႏိုင္ငံမွာ မတ္လ (၂၈) ရက္ က လႈပ္ခတ္ခဲ့တဲ့ငလ်င္နဲ႔ဆက္ႏႊယ္ၿပီး အိႏၵိယ၊ ထိုင္း၊ လာအို၊ ဘဂၤလားေဒ့ရွ္၊ တ႐ုတ္ႏိုင္ငံတို႔မွာ လည္း ငလ်င္ေတြ ထပ္မံလႈပ္ခတ္ခဲ့ကာ တ႐ုတ္ႏိုင္ငံ အေနာက္ေတာင္ပိုင္း ယူနန္ျပည္နယ္ကလည္း ခံစားသိရွိခဲ့တယ္လို႔ ေပက်င္း ငလ်င္ေအဂ်င္စီက ေဖာ္ျပထားပါတယ္။
ဘူမိေဗဒပညာရွင္ေတြဟာ စစ္ကိုင္းျပတ္ေ႐ြ႕ေၾကာေပၚမွာ လူေသေစႏိုင္တဲ့ ‘အႀကီးစား ငလ်င္ တစ္ခု မၾကာမီလႈပ္ႏိုင္တယ္လို႔ ယမန္ႏွစ္စပိုင္းကတည္းက သတိေပးခဲ့ၿပီး စစ္ကိုင္းျပတ္ေ႐ြ႕ေၾကာရဲ႕ အလယ္အပိုင္းေနရာဟာညပ္ေနၿပီး ေက်ာက္ထုလႊာမ်ား ပုံမွန္မဟုတ္ဘဲ အဆမတန္ ကပ္ၿငိေနတဲ့ အဓိပၸာယ္ျဖစ္တယ္လို႔လည္း တ႐ုတ္သိပၸံအကယ္ဒမီ မွ ဘူမိေဗဒပညာရွင္မ်ားက ဇန္နဝါရီလအတြင္း ေလ့လာေတြ႕ရွိခဲ့ပါတယ္။
ဘူမိေဗဒပညာရွင္ေတြရဲ႕စာတမ္းထဲမွာ “ ဒီ ဂယက္႐ိုက္သက္ေရာက္မႈက မႏၲေလးလိုမ်ိဳး အနီး အနားက လူေနထူထပ္တဲ့ၿမိဳ႕ႀကီးေတြကို အားျပင္း ငလ်င္ ၿခိမ္းေျခာက္မႈနဲ႔ပတ္သက္လို႔ သတိေပးပါ တယ္”လို႔ ေဖာ္ျပထားပါတယ္။ ငလ်င္တစ္ခုျဖစ္ေပၚတဲ့ မ်က္ႏွာျပင္နဲ႔ ပိုနီးေလ၊ လြတ္ထြက္လာတဲ့ အားတို႔က အေဆာက္အအုံေတြထံ ပ်ံ႕ႏွံ႔မႈပိုမ်ားေလျဖစ္ၿပီး ထိခိုက္ပ်က္စီးမႈတို႔ကို ပိုႀကီးေစမွာျဖစ္တယ္ လို႔ဆို ပါတယ္။ ပါေမာကၡ မက္ဂြိဳင္းရားက“ ဒီငလ်င္က ရာစုႏွစ္တစ္စုရဲ႕ ေလးပုံသုံးပုံမွာ ျမန္မာမွာလႈပ္တဲ့ အႀကီးဆုံး ငလ်င္ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ အ႐ြယ္အစားနဲ႔ အင္မတန္တိမ္တဲ့အနက္တို႔ေပါင္းစည္းမႈ ေၾကာင့္ လည္း ထိခိုက္မႈအလားအလာေတြကို အမ်ားဆုံး ျဖစ္ေစပါလိမ့္မယ္၊ အေတာ္အတန္ႀကီးမားတဲ့ ေနာက္ ဆက္တြဲငလ်င္တစ္ခုလႈပ္သြားၿပီးျဖစ္တယ္။ ေနာက္ထပ္လည္း လာႏိုင္ေသးတယ္။ ဒါက ခိုင္ခံ့ မႈအားနည္းတဲ့ အေဆာက္အအုံေတြ ၿပိဳက်တာတို႔ကို ျဖစ္ေစဖို႔ ၿခိမ္းေျခာက္ေနသလို ကယ္ဆယ္ေရး သမားေတြရဲ႕ လုပ္ေဆာင္မႈေတြအတြက္လည္း ပိုၿပီးစိန္ေခၚမႈ ေတြနဲ႔ႀကဳံရေစပါလိမ့္မယ္” လို႔ သုံးသပ္ ေျပာဆိုထားပါတယ္။
အေမရိကန္အေျခစိုက္ USGS ရဲ႕သုံးသပ္ေဖာ္ျပခ်က္ေတြအရ အနက္ပိုတိမ္တဲ့ငလ်င္ေတြဟာ ထုံးစံ အားျဖင့္ ေျမမ်က္ႏွာျပင္ေအာက္ အနည္းဆုံး (၁၈) မိုင္ (၃၀ ကီလိုမီတာ) မွာ ျဖစ္ေပၚတဲ့ ငလ်င္ေတြ ထက္စာရင္ ေနာက္ဆက္တြဲငလ်င္ေတြကို ပိုၿပီးျဖစ္ေစႏိုင္တယ္လို႔လည္း ငလ်င္ပညာရွင္ေတြက ဆိုပါ တယ္။ ႀကီးမားတဲ့ ငလ်င္ႀကီးတစ္ခုဟာ ထုံးစံအားျဖင့္ အ႐ြယ္အစားအသီးသီးရွိ ေနာက္ဆက္တြဲ ငလ်င္ အႀကိမ္ေရတစ္ေထာင္ခန႔္ လႈပ္ခတ္ဖြယ္ရွိေနၿပီး အဲဒီေနာက္ဆက္တြဲငလ်င္ေတြဟာ အဓိကငလ်င္ေတြ ထက္ အနည္းဆုံး (၁) မဂၢနီက်ဳ ပိုနည္းႏိုင္ေပမယ့္ အေသအေပ်ာက္တို႔ကို ျဖစ္ႏိုင္ ဖြယ္ရွိေနၿပီး ကယ္ ဆယ္ေရး ႀကိဳးပမ္းမႈေတြလုပ္ေဆာင္ေနခ်ိန္အတြင္း ေနာက္ဆက္တြဲငလ်င္လႈပ္မႈေတြေၾကာင့္ မခိုင္ခံ့တဲ့ အေဆာက္အအုံတို႔ကို ၿပိဳက်ေစႏိုင္သလို အေရးေပၚ ကယ္ဆယ္ေရးသမားမ်ား အတြက္ အသက္ေဘး အႏၲရာယ္တို႔ကို ရွိေစႏိုင္တယ္ လို႔ဆိုပါတယ္။ အဓိက ငလ်င္ႀကီး လႈပ္ၿပီး ေနာက္ ရက္ေတြအတြင္း သို႔မဟုတ္ သီတင္းပတ္အတြင္း ေနာက္ဆက္တြဲငလ်င္ လႈပ္ခတ္မႈေတြေၾကာင့္ နဂိုကတည္းက မခိုင္မခံ့ျဖစ္ေနတဲ့ အေျခခံအေဆာက္အအုံတို႔ကို အႀကီးအက်ယ္ထိခိုက္ပ်က္စီးေစႏိုင္ပါတယ္။
ျမန္မာ့ငလ်င္က ဘာေၾကာင့္ လူေသဆုံးရသလဲဆိုသည္ကို ျပသေနတဲ့အဓိကအေၾကာင္းရင္း ေတြထဲက တစ္ခုက ငလ်င္ဒဏ္ခံႏိုင္တဲ့အေျခခံအေဆာက္အအုံမရွိတဲ့ အခ်က္ျဖစ္တယ္လို႔ ငလ်င္ပညာ ရွင္ေတြက သုံးသပ္ထားပါတယ္။
University College London ရဲ႕ ေဘးဒုကၡဆိုးေတြနဲ႔ က်န္းမာေရးဆိုင္ရာ ပါေမာကၡအီယန္ ကယ္လ္မန္က“ငလ်င္ေတြက လူေတြကို မေသေစဘူး။ အေျခခံအေဆာက္အအုံ ၿပိဳက်မႈေတြက လူ ေတြကို ေသေစတာျဖစ္တယ္။ စည္းမ်ဥ္းေတြေရးဆြဲဖို႔နဲ႔ကုတ္ေတြတည္ေဆာက္ဖို႔ အစိုးရေတြမွာ တာဝန္ ရွိတယ္။ ငလ်င္မလႈပ္ခင္ လုပ္ေဆာင္ဖို႔ အစိုးရ ေတြရဲ႕ကာလၾကာ ပ်က္ကြက္ခဲ့မႈေတြကို ဒီေဘးဒုကၡဆိုး က လွစ္ဟျပေနတယ္ဂ လို႔ေျပာပါတယ္။

Related news

© 2021. All rights reserved.