တူရကီသမ္မတ အာဒိုဂမ်ရဲ့အုပ်စိုးမှုကို စိန်ခေါ်လာတဲ့ အစ္စတန်ဘူလ်မြို့တော် ဝန်က ဘယ်လိုလူမျိုးလဲ

 547

ဂျန်ဇက်(NP News)
တူရကီအာဏာပိုင်တွေဟာ အစ္စတန် ဘူလ်မြို့တော်ဝန် အက်ကရမ်အက်မာမိုလူကို မတ်လအတွင်းစတင် ဖမ်းဆီးခဲ့ပြီးနောက် တူရကီနိုင်ငံမှာ လက်ရှိအချိန်အထိ ဆန္ဒပြပွဲတွေဖြစ်ပွားနေပြီး ဆန္ဒပြသူတွေက လက်ရှိတူရကီ သမ္မတ အာဒိုဂမ်ကို ရာထူးကနေထွက်ရအောင် ဆန္ဒပြဖို့စီစဉ်နေပါတယ်။
အက်ကရမ်ဟာ လက်ရှိတူရကီသမ္မတ အာဒိုဂမ်ရဲ့ နိုင်ငံရေးပြိုင်ဘက်တစ်ဦးဖြစ်နေပြီး အာဒိုဂမ်က လာမယ့် သမ္မတရွေးကောက်ပွဲမှာ ထပ်မံအနိုင်ရယူနိုင်ဖို့ ပြိုင်ဘက်နိုင်ငံရေးသမားတစ်ဦးကို ကြိုတင်အလဲ ထိုးခဲ့တာမျိုး ဖြစ်တယ် လို့ စွပ်စွဲမှုတွေလည်းရှိနေပါတယ်။ တူရကီအစိုးရက အက်ကရမ်ကို အကျင့်ပျက် လာဘ်စားမှုတွေနဲ့ ကျူးလွန်ခဲ့ တယ်လို့စွပ်စွဲကာ မတ်လအတွင်းက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အစ္စတန်ဘူလ်မြို့တော်ဝန် အက်ကရမ် ဖမ်းဆီးခံရပြီးနောက် လူဦးရေ(၈၆)သန်းကျော်ရှိနေတဲ့ တူရကီနိုင်ငံမှာ ဆန္ဒပြပွဲတွေဆက်တိုက်ဖြစ် ပွားခဲ့ပြီး တူရကီရဲတပ်ဖွဲ့ကလည်း ဆန္ဒပြသူတွေကို အင်အားသုံးဖြိုခွင်းခဲ့ကာ ဆန္ဒပြသူ (၂၀ဝဝ) နီးပါးကိုဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ အက်ကရမ်ဟာ တူရကီအတိုက်အခံပါတီဖြစ်တဲ့ ရီပတ် ဘလစ်ကန် ပြည်သူ့ပါတီ (CHP) ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး လာမယ့် တူရကီသမ္မတရွေးကောက်ပွဲမှာ အာဒိုဂမ်ရဲ့ အဓိက ပြိုင်ဘက်ဖြစ်လာ မယ့်သူတစ်ဦးလည်းဖြစ်ပါတယ်။ ၎င်းကို (၁၉၇၀)ပြည့်နှစ်က တူရကီနိုင်ငံတီရက်ဇွန်ဒေသမှာ မွေးဖွားခဲ့ပြီး လက်ရှိအချိန်မှာ အသက် (၅၅)နှစ်အရွယ်ရှိနေ သူဖြစ်ပြီး အစ္စတန်ဘူလ်တက္ကသိုလ်ကနေ စီးပွားရေး စီမံခန့်ခွဲ မှုဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့သလို လူသားအရင်း မြစ်စီမံခန့်ခွဲမှုဘာသာရပ်နဲ့ မဟာဘွဲ့ရရှိခဲ့သူဖြစ်ပါတယ်။
အက်ကရမ်ဟာ (၁၉၈၇)ခုနှစ်မှာ မွေးဖွား ရာဇာတိကနေ အစ္စတန်ဘူလ်မြို့ကိုပြောင်းရွှေ့ခဲ့ပြီး ဘွဲ့တွေရရှိပြီး ချိန်မှာ မိသားစု စီးပွားရေးလုပ်ငန်းဖြစ် တဲ့ဆောက်လုပ်ရေးနဲ့အိမ်ခြံမြေလုပ်ငန်းမှာပါဝင် လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ သူဟာ မိသားစုစီးပွားရေး လုပ်ငန်းတွေကိုလုပ်ကိုင်နေချိန်အတွင်း (၂၀ဝ၂)ခုနှစ်မှာ Trabzonspor အားကစား ကလပ်ရဲ့ ဘုတ်အဖွဲ့ဝင်ဖြစ်လာခဲ့တယ်လို့သိရပါတယ်။
၎င်းဟာ ဘွဲ့ရရှိခဲ့ပြီးနောက် မကြာမီ အသက် (၃၈)နှစ်အရွယ်မှာ ရီပတ်ဘလစ်ကန် ပြည်သူ့ပါတီ (CHP) ပါတီ ကိုဝင်ရောက်ခဲ့သူဖြစ်ပြီး ပါတီဝင်အဖြစ်စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့တဲ့အတွက် ပါတီရဲ့ မြို့တော်ဝန်ရွေး ကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ အသက် (၅၅)နှစ်အရွယ်ရှိအက်ကရမ်ဟာ တူရကီ နိုင်ငံ Beylikduzu ဒေသရဲ့မြို့တော်ဝန်အဖြစ် (၂၀၁၄)ခုနှစ်ကနေ (၂၀၁၉)ခုနှစ်အထိ ပထမဆုံး တာဝန်ယူခွင့်ရရှိခဲ့ပြီး (၂၀၁၉)ခုနှစ်ကကျင်းပတဲ့ မြို့တော်ဝန်ရွေးကောက်ပွဲမှာ Justice and Development Party (AK Party) ပါတီရဲ့ ကိုယ် စားလှယ်လောင်းကိုအနိုင်ရပြီး တူရကီနိုင်ငံရဲ့အဓိ ကမြို့ဖြစ်တဲ့ အစ္စတန်ဘူလ်မြို့ရဲ့ မြို့တော်ဝန်အဖြစ် ရွေးကောက်ခံခဲ့ ရပါတယ်။ အဲဒီ အစ္စတန်ဘူလ်မြို့ တော်ဝန်ရွေးကောက်ပွဲအတွင်း ရလဒ်တွေကို အစော ပိုင်းကပယ်ဖျက်ခဲ့ပေမယ့် နောက်ပိုင်းမှာအတည်ပြုခဲ့တယ်လို့သိရပါတယ်။ ၎င်းဟာ ထက်မြက်ပြီးမဟုတ် မခံစိတ်ရှိတဲ့ နိုင်ငံရေးသမားတစ်ဦး ဖြစ်တဲ့အတွက် (၂၀၁၉)ခုနှစ်ကကျင်းပခဲ့တဲ့ မြို့တော်ဝန်ရွေး ကောက်ပွဲနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်ကို ဝေဖန်ပြစ်တင်ခဲ့တဲ့အတွက် (၂၀၂၂)ခုနှစ်မှာ (၂)နှစ်နဲ့ (၇)လ ထောင်ဒဏ်ချမှတ်ခံခဲ့ရသလို နိုင်ငံရေး လုပ်ဆောင်ခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ၎င်းအပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်နဲ့ နိုင်ငံရေးလုပ်ဆောင်ခွင့် ပိတ်ပင်ခြင်းကို အယူခံ ဝင်ခဲ့ရာ အောင်မြင်ခဲ့တယ် လို့သိရပါတယ်။
အက်ကရမ်ဟာ တူရကီပြည်သူတွေကြားမှာ ရေပန်းစားတဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်ခဲ့ပေမယ့် သမ္မတအာဒို ဂမ်ဦးဆောင်တဲ့ တူရကီအစိုးရက အက်ကရမ်ဟာ ဖိအားပေးဖို့ ကြိုးပမ်းခဲ့ရာ (၂၀၂၅)ခုနှစ် မတ်လ (၁၈)ရက်မှာ အစ္စတန် ဘူလ် တက္ကသိုလ်ကနေ အက်ကရမ်ရဲ့ဘွဲ့တွေကို ပြန်လည်ရုပ်သိမ်းခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အစ္စတန်ဘူလ် တက္ကသိုလ်က အက်ကရမ်ဟာ အဆင့်မြင့်ပညာရေး ကောင်စီရဲ့ စည်းကမ်းတွေကိုချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲကာ ဘွဲ့ကို ပြန်ရုပ်သိမ်းခဲ့တာလည်းဖြစ်ပါတယ်။ အစ္စတန်ဘူလ်တက္ကသိုလ်က အက်ကရမ်ကိုချီးမြှင့် ထားတဲ့ဘွဲ့ကို ပြန်လည်ရုပ်သိမ်း လိုက်တာဟာ အက်ကရမ်အတွက် တူရကီသမ္မတရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ချိန်မှာ ၎င်းရဲ့တရားဝင်မှုတွေကို အဟန့် အတားဖြစ်လာဖွယ်ရှိနေပါတယ်။ တူရကီနိုင်ငံရဲ့ဥပဒေတွေထဲမှာ သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်မယ့်သူဟာ အဆင့်မြင့်ပညာရေးတက္ကသိုလ် တစ်ခုရဲ့ဘွဲ့တစ်ခုကို အနည်းဆုံးရရှိထားရမယ်လို့ စည်းကမ်းသတ်မှတ်ချက် တွေရှိနေ တယ်လို့ သိရပါတယ်။ (၂၀၂၅)ခုနှစ် မတ်လ (၁၉)ရက်မှာတော့ တူရကီ အစိုးရကအက်ကရမ်ကို အကျင့်ပျက်လာဘ် စားမှုအပြင် အကြမ်းဖက် အဖွဲ့စည်းအဖြစ်သတ်မှတ်ထားတဲ့ PKK အဖွဲ့ကို အားပေးကူညီခဲ့တယ်လို့ စွပ်စွဲကာ ဖမ်းဆီး ခဲ့တယ်လို့သိရပါတယ်။ ဒါပေမဲ့ တူရကီအာဏာပိုင်တွေက အက်ကရမ်ကို ဖမ်းဆီးခဲ့ပေမယ့် အတိုက်ခံပါတီဖြစ်တဲ့ ရီပတ်ဘလစ်ကန် ပြည်သူ့ပါတီ(CHP) ကတော့ အက်ကရမ်ကို ပါတီကိုယ်စားပြုပြီး သမ္မတရွေးကောက်ပွဲကို ပါဝင် ယှဉ်ပြိုင်မယ့် သမ္မတလောင်းအဖြစ် ရွေးချယ်ခဲ့ပါတယ်။ အက်ကရမ်ဟာ တူရကီနိုင်ငံအစ္စတန်ဘူလ် မြို့ရဲ့(၃၂)ဦး မြောက် မြို့တော်ဝန်အဖြစ် (၂၀၁၉)ခုနှစ်ကတည်းက တာဝန်ယူခဲ့ပေမယ့် အကျင့်ပျက်လာဘ်စားမှုတွေ ကျူးလွန် တယ်ဆိုတဲ့စွပ်စွဲချက်ကြောင့် ရာထူးဆိုင်းငံ့ခံထားရပြီဖြစ်ပါတယ်။ တကယ်တော့ အက်ကရမ်ရဲ့မိခင်နဲ့ ဖခင်ဖြစ်သူတို့ ဟာ နိုင်ငံရေးဝါသနာပါသူတွေဖြစ်ပြီး ဖခင်ဖြစ်သူဟာ တူရကီ နိုင်ငံအခြေစိုက် Motherland Party (ANAP) ပါတီဝင် တစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူကတော့ ရီပတ်ဘလစ်ကန် ပြည်သူ့ပါတီ (CHP)ကိုအားပေး ထောက်ခံသူတစ်ဦးဖြစ်ပါတယ်။ အက်ဒရမ်ဟာ မိခင်ဖြစ်သူအားပေးထောက်ခံတဲ့ ရီပတ်ဘလစ်ကန် ပြည်သူ့ပါတီ (CHP) ပါတီမှာ ပါတီဝင်အဖြစ် ပူး ပေါင်းပါဝင်ခဲ့ပြီး မြို့တော်ဝန်အဖြစ်တာဝန်ယူခဲ့သလို သမ္မတလောင်းအဖြစ်ရွေးချယ်ခံထားရသူလည်းဖြစ်ပါတယ်။ သူဟာ အစ္စတန်ဘူလ်မြို့တော်ဝန် အဖြစ်တာဝန်ယူချိန်အတွင်း မြို့အတွင်းနေထိုင်သူ တွေရဲ့သဘာဝပတ်ဝန်းကျင်ဆိုင် ရာအခက်အခဲတွေ၊ လူမှုစီးပွားအခက်အခဲတွေနဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးအခက်ခဲတွေကို ယခင်ထက်ပိုမို ကောင်းမွန်အောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့သိရပါတယ်။ ၎င်းဟာအတိုက်ခံနိုင်ငံရေးသမားအဖြစ် လုပ်ကိုင်ချိန် အတွင်း အစ္စလာမ္မစ် အစွန်းရောက်အဖွဲ့ ISIS ရဲ့လုပ်ကြံဖို့ ကြိုးပမ်းခြင်းကို ရင်ဆိုင်ခဲ့ရပေမယ့် အောင်မြင်စွာကျော် ဖြတ်နိုင်ခဲ့တယ်လို့သိရပါတယ်။ (၂၀၂၃) ခုနှစ်က ကျင်းပခဲ့တဲ့ တူရကီသမ္မတ ရွေးကောက်ပွဲကာလအတွင်း (CHP) ပါတီခေါင်းဆောင် Kemal Kılıçdaroğluက သမ္မတ လောင်း အဖြစ်ကြေညာခဲ့ပြီး အက်ကရမ်အပါအဝင် တခြား သူငါးဦးကို ပါတီရဲ့ဒုတိယသမ္မတလောင်းအဖြစ် ကြေညာခဲ့ပါတယ်။
အသက် (၅၅)နှစ်အရွယ်ရှိ အက်ကရမ်ဟာ ဆိုရှယ်ဒီကရက်တစ် အယူအဆကိုလက်ခံ ကျင်းပတဲ့ နိုင်ငံရေးသမား တစ်ဦးအဖြစ် လူသိရှင် ကြားကြေညာထားသူဖြစ်ပြီး အစ္စလာမ်အစွန်းရောက် အဖွဲ့တွေကို မကြာခဏဝေဖန်ပြစ်တင်ခဲ့ဖူး သူဖြစ်ပါတယ်။ ၎င်းဟာ အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်ပေမယ့် LGBT အခွင့်ရေးကိုလက်ခံသူ တစ်ဦးဖြစ် သလိုလိင်တူ လက်ထပ်ခြင်းကိုတရားဝင်စေဖို့ အားပေးသူဖြစ်ပါတယ်။ အစ္စရေးနဲ့ဟားမက်လက်နက် ကိုင်အဖွဲ့ကြား ဂါဇာစစ်ပွဲဖြစ် လာခဲ့ပြီးနောက်ပိုင်း အက်ကရမ်ဟာ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ကို ဝေဖန်ပြစ်တင်ခဲ့ပြီး ဟားမတ်စ်အဖွဲ့ကို အကြမ်း ဖက်အဖွဲ့စည်းအဖြစ် ပြစ်တင်ရှုတ်ချခဲ့သူလည်းဖြစ်ပါတယ်။ အက်ကရမ်ဟာ တူရကီရဲတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးထိန်း သိမ်းခြင်းမခံရခင် ရက်ပိုင်းအလိုက တူရကီပြည်သူတွေကို တရားမျှတမှုတွေအတွက် တိုက်ပွဲဝင်ဖို့ လူမှုကွန်ရက်မှာ ရေးသားတောင်းဆိုခဲ့ပြီး ၎င်းကိုအားပေးထောက်ခံသူတွေနဲ့ တူရကီအစိုးရကို ဆန့်ကျင်သူတွေကို ၎င်းအဖမ်းခံရပါက ဆန္ဒပြဖို့ ကြို တင်တောင်းဆိုခဲ့တယ်လို့သိရပါတယ်။ အက်ကရမ်ရဲ့တောင်းဆိုမှုတွေ လူမူကွန်ရက်မှာပျံ့နှံ့လာပြီးနောက် မကြာမီအကျင့်ပျက် လာဘ်စားမှုနဲ့ စွဲချက်တင်ဖမ်းဆီးခံရပြီး ၎င်းဖမ်းဆီးခံရချိန်အတွင်း တူရကီနိုင်ငံတစ်ဝန်းမှာ မတ်လ (၂၃) ရက်ကတည်းက လက်ရှိအချိန်အထိ ဆန္ဒပြပွဲတွေ ဖြစ်လာခဲ့ပါတယ်။ တူရကီနိုင်ငံမှာ အက်ကရမ်ဖမ်း ဆီးခံရပြီးနော က်ပိုင်း အစောပိုင်း ကာလတွေက ဖြစ်ပွားခဲ့တဲ့ဆန္ဒပြပွဲတွေအတွင်း တူရကီပြည်သူတွေဟာ အက်ကရမ်ကို ပြန်လွှတ် ပေးဖို့တောင်းဆိုခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ (CHP) ပါတီက ဦးဆောင်ပြီး သမ္မတ အာဒိုဂမ် ဦးဆောင်တဲ့ အစိုးရ အဖွဲ့ကို ရာထူးကဖြုတ်ချနိုင်ဖို့ ရည်ရွယ်ဦးတည်လုပ်ဆောင်လာခဲ့တယ်လို့ သိရပါတယ်။ တူရကီအစိုးရ ဟာဆန္ဒပြသူတွေ ကိုဖြိုခွင်းဖို့ အင်အားသုံးခဲ့ပြီး အနောက်အုပ်စုနိုင်ငံတွေနဲ့ လူအခွင့်ရေးအဖွဲ့အစည်းတွေက တူရကီ အစိုးရကို ဝေဖန်ပြစ် တင်နေတယ်လို့သိရပါတယ်။ နိုင်ငံတကာသတင်းမီဒီယာတွေကလည်း မြို့တော်ဝန် အက်ကရမ်ဖမ်းဆီးခံရမှုကို ဗဟိုပြုပြီး တူရကီနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေဟာ တူရကီသမ္မတ အာဒိုဂမ်ကို သမ္မတရာထူး ကဖယ်ထုတ် နိုင်မလား ဆိုတာ မေးခွန်းထုတ်မှုတွေ လည်းမြင့်တက်နေပါတယ်။ ဒါ့ပြင် လက်ရှိဆန္ဒပြပွဲတွေဟာ နိုင်ငံကို တစ်ဦးတည်း၊ တစ်ပါတီတည်းက နှစ်ပေါင်းများစွာ ကြာအုပ်ချုပ်နေတဲ့ အချိန်တွေကို အဆုံးသတ် နိုင်မလားဆိုတာ စိတ်ဝင်စားမှု တွေလည်း မြင့်တက်နေပါတယ်။ မြို့တော်ဝန်အက်ကရမ် ဖမ်းဆီးခံရပြီးနောက် တူရကီနိုင်ငံမှာဖြစ် ပွားခဲ့တဲ့ဆန္ဒပြ ပွဲတွေဟာ တစ်ရက်ထက်တစ်ရက် လူပိုမိုများပြားလာနေရာ သမ္မတအာဒိုဂမ်ဦးဆောင်တဲ့အစိုးရအဖွဲ့အတွက် စိုးရိမ်စရာ ဖြစ်လာနေပါတယ်။
အာဒိုဂမ်ဟာ တူရကီနိုင်ငံရဲ့ဝါရင့် နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး တူရကီဝန်ကြီးချုပ်အဖြစ် (၂၀ဝ၃)ခုနှစ်ကနေ (၂၀၁၄)ခုနှစ်အထိ တာဝန်ယူခဲ့ဖူးသလို (၂၀၁၄) ခုနှစ်ကနေ လက်ရှိအချိန်အထိ တူရကီနိုင်ငံသမ္မတအဖြစ် တာဝန်ယူခွင့် ရခဲ့သူဖြစ်ပါတယ်။ အာဒိုဂမ်ဟာ တူရကီနိုင်ငံရဲ့ဝန်ကြီးချုပ်နဲ့ သမ္မတ ရာထူးကို (၂၀ဝ၃)ခုနှစ်ကနေ လက်ရှိအချိန်အထိ တာဝန်ယူခွင့်ရရှိနေပြီး နိုင်ငံကိုတစ်ဦးတည်း အုပ်ချုပ်နေတဲ့ပုံစံမျိုးဖြစ်နေပါတယ်။ မည်သို့ပင်ဆိုစေကာမူ အစ္စတန်ဘူလ် မြို့တော်ဝန် အက်ကရမ်ကိုအားပေးထောက်ခံသူ တွေဟာ လက်ရှိတူရကီ သမ္မတအာဒိုဂမ် ဦးဆောင်တဲ့ တူရကီအစိုးရကိုဖြုတ်ချပြီး မြို့တော်ဝန် အက်ကရမ် ပြန်လည်လွတ်မြောက်အောင် လုပ်ဆောင်နိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ်စောင့်ကြည့်ရဖွယ်ရှိနေပါတယ်။

Zawgyi Version:
တူရကီသမၼတ အာဒိုဂမ္ရဲ႕အုပ္စိုးမႈကို စိန္ေခၚလာတဲ့ အစၥတန္ဘူလ္ၿမိဳ႕ေတာ္ဝန္က
ဘယ္လိုလူမ်ိဳးလဲ
ဂ်န္ဇက္(NP News)
တူရကီအာဏာပိုင္ေတြဟာ အစၥတန္ ဘူလ္ၿမိဳ႕ေတာ္ဝန္ အက္ကရမ္အက္မာမိုလူကို မတ္လအတြင္းစတင္ ဖမ္းဆီးခဲ့ၿပီးေနာက္ တူရကီႏိုင္ငံမွာ လက္ရွိအခ်ိန္အထိ ဆႏၵျပပြဲေတြျဖစ္ပြားေနၿပီး ဆႏၵျပသူေတြက လက္ရွိတူရကီ သမၼတ အာဒိုဂမ္ကို ရာထူးကေနထြက္ရေအာင္ ဆႏၵျပဖို႔စီစဥ္ေနပါတယ္။
အက္ကရမ္ဟာ လက္ရွိတူရကီသမၼတ အာဒိုဂမ္ရဲ႕ ႏိုင္ငံေရးၿပိဳင္ဘက္တစ္ဦးျဖစ္ေနၿပီး အာဒိုဂမ္က လာမယ့္ သမၼတေ႐ြးေကာက္ပြဲမွာ ထပ္မံအႏိုင္ရယူႏိုင္ဖို႔ ၿပိဳင္ဘက္ႏိုင္ငံေရးသမားတစ္ဦးကို ႀကိဳတင္အလဲ ထိုးခဲ့တာမ်ိဳး ျဖစ္တယ္ လို႔ စြပ္စြဲမႈေတြလည္းရွိေနပါတယ္။ တူရကီအစိုးရက အက္ကရမ္ကို အက်င့္ပ်က္ လာဘ္စားမႈေတြနဲ႔ က်ဴးလြန္ခဲ့ တယ္လို႔စြပ္စြဲကာ မတ္လအတြင္းက ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။
အစၥတန္ဘူလ္ၿမိဳ႕ေတာ္ဝန္ အက္ကရမ္ ဖမ္းဆီးခံရၿပီးေနာက္ လူဦးေရ(၈၆)သန္းေက်ာ္ရွိေနတဲ့ တူရကီႏိုင္ငံမွာ ဆႏၵျပပြဲေတြဆက္တိုက္ျဖစ္ ပြားခဲ့ၿပီး တူရကီရဲတပ္ဖြဲ႕ကလည္း ဆႏၵျပသူေတြကို အင္အားသုံးၿဖိဳခြင္းခဲ့ကာ ဆႏၵျပသူ (၂၀ဝဝ) နီးပါးကိုဖမ္းဆီးထိန္းသိမ္းထားတယ္လို႔ သိရပါတယ္။ အက္ကရမ္ဟာ တူရကီအတိုက္အခံပါတီျဖစ္တဲ့ ရီပတ္ ဘလစ္ကန္ ျပည္သူ႔ပါတီ (CHP) ရဲ႕ ေခါင္းေဆာင္တစ္ဦးျဖစ္ၿပီး လာမယ့္ တူရကီသမၼတေ႐ြးေကာက္ပြဲမွာ အာဒိုဂမ္ရဲ႕ အဓိက ၿပိဳင္ဘက္ျဖစ္လာ မယ့္သူတစ္ဦးလည္းျဖစ္ပါတယ္။ ၎ကို (၁၉၇၀)ျပည့္ႏွစ္က တူရကီႏိုင္ငံတီရက္ဇြန္ေဒသမွာ ေမြးဖြားခဲ့ၿပီး လက္ရွိအခ်ိန္မွာ အသက္ (၅၅)ႏွစ္အ႐ြယ္ရွိေန သူျဖစ္ၿပီး အစၥတန္ဘူလ္တကၠသိုလ္ကေန စီးပြားေရး စီမံခန႔္ခြဲ မႈဘာသာရပ္နဲ႔ ဘြဲ႕ရရွိခဲ့သလို လူသားအရင္း ျမစ္စီမံခန႔္ခြဲမႈဘာသာရပ္နဲ႔ မဟာဘြဲ႕ရရွိခဲ့သူျဖစ္ပါတယ္။
အက္ကရမ္ဟာ (၁၉၈၇)ခုႏွစ္မွာ ေမြးဖြား ရာဇာတိကေန အစၥတန္ဘူလ္ၿမိဳ႕ကိုေျပာင္းေ႐ႊ႕ခဲ့ၿပီး ဘြဲ႕ေတြရရွိၿပီး ခ်ိန္မွာ မိသားစု စီးပြားေရးလုပ္ငန္းျဖစ္ တဲ့ေဆာက္လုပ္ေရးနဲ႔အိမ္ၿခံေျမလုပ္ငန္းမွာပါဝင္ လုပ္ကိုင္ခဲ့သူျဖစ္ပါတယ္။ သူဟာ မိသားစုစီးပြားေရး လုပ္ငန္းေတြကိုလုပ္ကိုင္ေနခ်ိန္အတြင္း (၂၀ဝ၂)ခုႏွစ္မွာ Trabzonspor အားကစား ကလပ္ရဲ႕ ဘုတ္အဖြဲ႕ဝင္ျဖစ္လာခဲ့တယ္လို႔သိရပါတယ္။
၎ဟာ ဘြဲ႕ရရွိခဲ့ၿပီးေနာက္ မၾကာမီ အသက္ (၃၈)ႏွစ္အ႐ြယ္မွာ ရီပတ္ဘလစ္ကန္ ျပည္သူ႔ပါတီ (CHP) ပါတီ ကိုဝင္ေရာက္ခဲ့သူျဖစ္ၿပီး ပါတီဝင္အျဖစ္စြမ္းေဆာင္ရည္ေကာင္းေတြျပသႏိုင္ခဲ့တဲ့အတြက္ ပါတီရဲ႕ ၿမိဳ႕ေတာ္ဝန္ေ႐ြး ေကာက္ပြဲေတြမွာ ပါဝင္ယွဥ္ၿပိဳင္ခြင့္ရရွိခဲ့သူတစ္ဦးလည္းျဖစ္ပါတယ္။ အသက္ (၅၅)ႏွစ္အ႐ြယ္ရွိအက္ကရမ္ဟာ တူရကီ ႏိုင္ငံ Beylikduzu ေဒသရဲ႕ၿမိဳ႕ေတာ္ဝန္အျဖစ္ (၂၀၁၄)ခုႏွစ္ကေန (၂၀၁၉)ခုႏွစ္အထိ ပထမဆုံး တာဝန္ယူခြင့္ရရွိခဲ့ၿပီး (၂၀၁၉)ခုႏွစ္ကက်င္းပတဲ့ ၿမိဳ႕ေတာ္ဝန္ေ႐ြးေကာက္ပြဲမွာ Justice and Development Party (AK Party) ပါတီရဲ႕ ကိုယ္ စားလွယ္ေလာင္းကိုအႏိုင္ရၿပီး တူရကီႏိုင္ငံရဲ႕အဓိ ကၿမိဳ႕ျဖစ္တဲ့ အစၥတန္ဘူလ္ၿမိဳ႕ရဲ႕ ၿမိဳ႕ေတာ္ဝန္အျဖစ္ ေ႐ြးေကာက္ခံခဲ့ ရပါတယ္။ အဲဒီ အစၥတန္ဘူလ္ၿမိဳ႕ ေတာ္ဝန္ေ႐ြးေကာက္ပြဲအတြင္း ရလဒ္ေတြကို အေစာ ပိုင္းကပယ္ဖ်က္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာအတည္ျပဳခဲ့တယ္လို႔သိရပါတယ္။ ၎ဟာ ထက္ျမက္ၿပီးမဟုတ္ မခံစိတ္ရွိတဲ့ ႏိုင္ငံေရးသမားတစ္ဦး ျဖစ္တဲ့အတြက္ (၂၀၁၉)ခုႏွစ္ကက်င္းပခဲ့တဲ့ ၿမိဳ႕ေတာ္ဝန္ေ႐ြး ေကာက္ပြဲနဲ႔ ပတ္သက္ၿပီး ေ႐ြးေကာက္ပြဲေကာ္မရွင္ကို ေဝဖန္ျပစ္တင္ခဲ့တဲ့အတြက္ (၂၀၂၂)ခုႏွစ္မွာ (၂)ႏွစ္နဲ႔ (၇)လ ေထာင္ဒဏ္ခ်မွတ္ခံခဲ့ရသလို ႏိုင္ငံေရး လုပ္ေဆာင္ခြင့္ ပိတ္ပင္ခံခဲ့ရပါတယ္။ ဒါေပမဲ့ ၎အေပၚ ခ်မွတ္ထားတဲ့ ျပစ္ဒဏ္နဲ႔ ႏိုင္ငံေရးလုပ္ေဆာင္ခြင့္ ပိတ္ပင္ျခင္းကို အယူခံ ဝင္ခဲ့ရာ ေအာင္ျမင္ခဲ့တယ္ လို႔သိရပါတယ္။
အက္ကရမ္ဟာ တူရကီျပည္သူေတြၾကားမွာ ေရပန္းစားတဲ့ ႏိုင္ငံေရးသမားတစ္ဦးျဖစ္ခဲ့ေပမယ့္ သမၼတအာဒို ဂမ္ဦးေဆာင္တဲ့ တူရကီအစိုးရက အက္ကရမ္ဟာ ဖိအားေပးဖို႔ ႀကိဳးပမ္းခဲ့ရာ (၂၀၂၅)ခုႏွစ္ မတ္လ (၁၈)ရက္မွာ အစၥတန္ ဘူလ္ တကၠသိုလ္ကေန အက္ကရမ္ရဲ႕ဘြဲ႕ေတြကို ျပန္လည္႐ုပ္သိမ္းခဲ့တယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။ အစၥတန္ဘူလ္ တကၠသိုလ္က အက္ကရမ္ဟာ အဆင့္ျမင့္ပညာေရး ေကာင္စီရဲ႕ စည္းကမ္းေတြကိုခ်ိဳးေဖာက္ခဲ့တယ္လို႔ စြပ္စြဲကာ ဘြဲ႕ကို ျပန္႐ုပ္သိမ္းခဲ့တာလည္းျဖစ္ပါတယ္။ အစၥတန္ဘူလ္တကၠသိုလ္က အက္ကရမ္ကိုခ်ီးျမႇင့္ ထားတဲ့ဘြဲ႕ကို ျပန္လည္႐ုပ္သိမ္း လိုက္တာဟာ အက္ကရမ္အတြက္ တူရကီသမၼတေ႐ြးေကာက္ပြဲ ပါဝင္ယွဥ္ၿပိဳင္ခ်ိန္မွာ ၎ရဲ႕တရားဝင္မႈေတြကို အဟန႔္ အတားျဖစ္လာဖြယ္ရွိေနပါတယ္။ တူရကီႏိုင္ငံရဲ႕ဥပေဒေတြထဲမွာ သမၼတေလာင္းအျဖစ္ ပါဝင္ယွဥ္ၿပိဳင္မယ့္သူဟာ အဆင့္ျမင့္ပညာေရးတကၠသိုလ္ တစ္ခုရဲ႕ဘြဲ႕တစ္ခုကို အနည္းဆုံးရရွိထားရမယ္လို႔ စည္းကမ္းသတ္မွတ္ခ်က္ ေတြရွိေန တယ္လို႔ သိရပါတယ္။ (၂၀၂၅)ခုႏွစ္ မတ္လ (၁၉)ရက္မွာေတာ့ တူရကီ အစိုးရကအက္ကရမ္ကို အက်င့္ပ်က္လာဘ္ စားမႈအျပင္ အၾကမ္းဖက္ အဖြဲ႕စည္းအျဖစ္သတ္မွတ္ထားတဲ့ PKK အဖြဲ႕ကို အားေပးကူညီခဲ့တယ္လို႔ စြပ္စြဲကာ ဖမ္းဆီး ခဲ့တယ္လို႔သိရပါတယ္။ ဒါေပမဲ့ တူရကီအာဏာပိုင္ေတြက အက္ကရမ္ကို ဖမ္းဆီးခဲ့ေပမယ့္ အတိုက္ခံပါတီျဖစ္တဲ့ ရီပတ္ဘလစ္ကန္ ျပည္သူ႔ပါတီ(CHP) ကေတာ့ အက္ကရမ္ကို ပါတီကိုယ္စားျပဳၿပီး သမၼတေ႐ြးေကာက္ပြဲကို ပါဝင္ ယွဥ္ၿပိဳင္မယ့္ သမၼတေလာင္းအျဖစ္ ေ႐ြးခ်ယ္ခဲ့ပါတယ္။ အက္ကရမ္ဟာ တူရကီႏိုင္ငံအစၥတန္ဘူလ္ ၿမိဳ႕ရဲ႕(၃၂)ဦး ေျမာက္ ၿမိဳ႕ေတာ္ဝန္အျဖစ္ (၂၀၁၉)ခုႏွစ္ကတည္းက တာဝန္ယူခဲ့ေပမယ့္ အက်င့္ပ်က္လာဘ္စားမႈေတြ က်ဴးလြန္ တယ္ဆိုတဲ့စြပ္စြဲခ်က္ေၾကာင့္ ရာထူးဆိုင္းငံ့ခံထားရၿပီျဖစ္ပါတယ္။ တကယ္ေတာ့ အက္ကရမ္ရဲ႕မိခင္နဲ႔ ဖခင္ျဖစ္သူတို႔ ဟာ ႏိုင္ငံေရးဝါသနာပါသူေတြျဖစ္ၿပီး ဖခင္ျဖစ္သူဟာ တူရကီ ႏိုင္ငံအေျခစိုက္ Motherland Party (ANAP) ပါတီဝင္ တစ္ဦးျဖစ္ၿပီး မိခင္ျဖစ္သူကေတာ့ ရီပတ္ဘလစ္ကန္ ျပည္သူ႔ပါတီ (CHP)ကိုအားေပး ေထာက္ခံသူတစ္ဦးျဖစ္ပါတယ္။ အက္ဒရမ္ဟာ မိခင္ျဖစ္သူအားေပးေထာက္ခံတဲ့ ရီပတ္ဘလစ္ကန္ ျပည္သူ႔ပါတီ (CHP) ပါတီမွာ ပါတီဝင္အျဖစ္ ပူး ေပါင္းပါဝင္ခဲ့ၿပီး ၿမိဳ႕ေတာ္ဝန္အျဖစ္တာဝန္ယူခဲ့သလို သမၼတေလာင္းအျဖစ္ေ႐ြးခ်ယ္ခံထားရသူလည္းျဖစ္ပါတယ္။ သူဟာ အစၥတန္ဘူလ္ၿမိဳ႕ေတာ္ဝန္ အျဖစ္တာဝန္ယူခ်ိန္အတြင္း ၿမိဳ႕အတြင္းေနထိုင္သူ ေတြရဲ႕သဘာဝပတ္ဝန္းက်င္ဆိုင္ ရာအခက္အခဲေတြ၊ လူမႈစီးပြားအခက္အခဲေတြနဲ႔ အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးအခက္ခဲေတြကို ယခင္ထက္ပိုမို ေကာင္းမြန္ေအာင္ ကူညီေဆာင္႐ြက္ေပးႏိုင္ခဲ့တယ္လို႔သိရပါတယ္။ ၎ဟာအတိုက္ခံႏိုင္ငံေရးသမားအျဖစ္ လုပ္ကိုင္ခ်ိန္ အတြင္း အစၥလာမၼစ္ အစြန္းေရာက္အဖြဲ႕ ISIS ရဲ႕လုပ္ႀကံဖို႔ ႀကိဳးပမ္းျခင္းကို ရင္ဆိုင္ခဲ့ရေပမယ့္ ေအာင္ျမင္စြာေက်ာ္ ျဖတ္ႏိုင္ခဲ့တယ္လို႔သိရပါတယ္။ (၂၀၂၃) ခုႏွစ္က က်င္းပခဲ့တဲ့ တူရကီသမၼတ ေ႐ြးေကာက္ပြဲကာလအတြင္း (CHP) ပါတီေခါင္းေဆာင္ Kemal Kılıçdaroğluက သမၼတ ေလာင္း အျဖစ္ေၾကညာခဲ့ၿပီး အက္ကရမ္အပါအဝင္ တျခား သူငါးဦးကို ပါတီရဲ႕ဒုတိယသမၼတေလာင္းအျဖစ္ ေၾကညာခဲ့ပါတယ္။
အသက္ (၅၅)ႏွစ္အ႐ြယ္ရွိ အက္ကရမ္ဟာ ဆိုရွယ္ဒီကရက္တစ္ အယူအဆကိုလက္ခံ က်င္းပတဲ့ ႏိုင္ငံေရးသမား တစ္ဦးအျဖစ္ လူသိရွင္ ၾကားေၾကညာထားသူျဖစ္ၿပီး အစၥလာမ္အစြန္းေရာက္ အဖြဲ႕ေတြကို မၾကာခဏေဝဖန္ျပစ္တင္ခဲ့ဖူး သူျဖစ္ပါတယ္။ ၎ဟာ အစၥလာမ္ဘာသာဝင္တစ္ဦးျဖစ္ေပမယ့္ LGBT အခြင့္ေရးကိုလက္ခံသူ တစ္ဦးျဖစ္ သလိုလိင္တူ လက္ထပ္ျခင္းကိုတရားဝင္ေစဖို႔ အားေပးသူျဖစ္ပါတယ္။ အစၥေရးနဲ႔ဟားမက္လက္နက္ ကိုင္အဖြဲ႕ၾကား ဂါဇာစစ္ပြဲျဖစ္ လာခဲ့ၿပီးေနာက္ပိုင္း အက္ကရမ္ဟာ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ကို ေဝဖန္ျပစ္တင္ခဲ့ၿပီး ဟားမတ္စ္အဖြဲ႕ကို အၾကမ္း ဖက္အဖြဲ႕စည္းအျဖစ္ ျပစ္တင္ရႈတ္ခ်ခဲ့သူလည္းျဖစ္ပါတယ္။ အက္ကရမ္ဟာ တူရကီရဲတပ္ဖြဲ႕ဝင္ေတြရဲ႕ ဖမ္းဆီးထိန္း သိမ္းျခင္းမခံရခင္ ရက္ပိုင္းအလိုက တူရကီျပည္သူေတြကို တရားမွ်တမႈေတြအတြက္ တိုက္ပြဲဝင္ဖို႔ လူမႈကြန္ရက္မွာ ေရးသားေတာင္းဆိုခဲ့ၿပီး ၎ကိုအားေပးေထာက္ခံသူေတြနဲ႔ တူရကီအစိုးရကို ဆန႔္က်င္သူေတြကို ၎အဖမ္းခံရပါက ဆႏၵျပဖို႔ ႀကိဳ တင္ေတာင္းဆိုခဲ့တယ္လို႔သိရပါတယ္။ အက္ကရမ္ရဲ႕ေတာင္းဆိုမႈေတြ လူမူကြန္ရက္မွာပ်ံ႕ႏွံ႔လာၿပီးေနာက္ မၾကာမီအက်င့္ပ်က္ လာဘ္စားမႈနဲ႔ စြဲခ်က္တင္ဖမ္းဆီးခံရၿပီး ၎ဖမ္းဆီးခံရခ်ိန္အတြင္း တူရကီႏိုင္ငံတစ္ဝန္းမွာ မတ္လ (၂၃) ရက္ကတည္းက လက္ရွိအခ်ိန္အထိ ဆႏၵျပပြဲေတြ ျဖစ္လာခဲ့ပါတယ္။ တူရကီႏိုင္ငံမွာ အက္ကရမ္ဖမ္း ဆီးခံရၿပီးေနာ က္ပိုင္း အေစာပိုင္း ကာလေတြက ျဖစ္ပြားခဲ့တဲ့ဆႏၵျပပြဲေတြအတြင္း တူရကီျပည္သူေတြဟာ အက္ကရမ္ကို ျပန္လႊတ္ ေပးဖို႔ေတာင္းဆိုခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ (CHP) ပါတီက ဦးေဆာင္ၿပီး သမၼတ အာဒိုဂမ္ ဦးေဆာင္တဲ့ အစိုးရ အဖြဲ႕ကို ရာထူးကျဖဳတ္ခ်ႏိုင္ဖို႔ ရည္႐ြယ္ဦးတည္လုပ္ေဆာင္လာခဲ့တယ္လို႔ သိရပါတယ္။ တူရကီအစိုးရ ဟာဆႏၵျပသူေတြ ကိုၿဖိဳခြင္းဖို႔ အင္အားသုံးခဲ့ၿပီး အေနာက္အုပ္စုႏိုင္ငံေတြနဲ႔ လူအခြင့္ေရးအဖြဲ႕အစည္းေတြက တူရကီ အစိုးရကို ေဝဖန္ျပစ္ တင္ေနတယ္လို႔သိရပါတယ္။ ႏိုင္ငံတကာသတင္းမီဒီယာေတြကလည္း ၿမိဳ႕ေတာ္ဝန္ အက္ကရမ္ဖမ္းဆီးခံရမႈကို ဗဟိုျပဳၿပီး တူရကီႏိုင္ငံမွာ လက္ရွိျဖစ္ပြားေနတဲ့ ဆႏၵျပပြဲေတြဟာ တူရကီသမၼတ အာဒိုဂမ္ကို သမၼတရာထူး ကဖယ္ထုတ္ ႏိုင္မလား ဆိုတာ ေမးခြန္းထုတ္မႈေတြ လည္းျမင့္တက္ေနပါတယ္။ ဒါ့ျပင္ လက္ရွိဆႏၵျပပြဲေတြဟာ ႏိုင္ငံကို တစ္ဦးတည္း၊ တစ္ပါတီတည္းက ႏွစ္ေပါင္းမ်ားစြာ ၾကာအုပ္ခ်ဳပ္ေနတဲ့ အခ်ိန္ေတြကို အဆုံးသတ္ ႏိုင္မလားဆိုတာ စိတ္ဝင္စားမႈ ေတြလည္း ျမင့္တက္ေနပါတယ္။ ၿမိဳ႕ေတာ္ဝန္အက္ကရမ္ ဖမ္းဆီးခံရၿပီးေနာက္ တူရကီႏိုင္ငံမွာျဖစ္ ပြားခဲ့တဲ့ဆႏၵျပ ပြဲေတြဟာ တစ္ရက္ထက္တစ္ရက္ လူပိုမိုမ်ားျပားလာေနရာ သမၼတအာဒိုဂမ္ဦးေဆာင္တဲ့အစိုးရအဖြဲ႕အတြက္ စိုးရိမ္စရာ ျဖစ္လာေနပါတယ္။
အာဒိုဂမ္ဟာ တူရကီႏိုင္ငံရဲ႕ဝါရင့္ ႏိုင္ငံေရးသမားတစ္ဦးျဖစ္ၿပီး တူရကီဝန္ႀကီးခ်ဳပ္အျဖစ္ (၂၀ဝ၃)ခုႏွစ္ကေန (၂၀၁၄)ခုႏွစ္အထိ တာဝန္ယူခဲ့ဖူးသလို (၂၀၁၄) ခုႏွစ္ကေန လက္ရွိအခ်ိန္အထိ တူရကီႏိုင္ငံသမၼတအျဖစ္ တာဝန္ယူခြင့္ ရခဲ့သူျဖစ္ပါတယ္။ အာဒိုဂမ္ဟာ တူရကီႏိုင္ငံရဲ႕ဝန္ႀကီးခ်ဳပ္နဲ႔ သမၼတ ရာထူးကို (၂၀ဝ၃)ခုႏွစ္ကေန လက္ရွိအခ်ိန္အထိ တာဝန္ယူခြင့္ရရွိေနၿပီး ႏိုင္ငံကိုတစ္ဦးတည္း အုပ္ခ်ဳပ္ေနတဲ့ပုံစံမ်ိဳးျဖစ္ေနပါတယ္။ မည္သို႔ပင္ဆိုေစကာမူ အစၥတန္ဘူလ္ ၿမိဳ႕ေတာ္ဝန္ အက္ကရမ္ကိုအားေပးေထာက္ခံသူ ေတြဟာ လက္ရွိတူရကီ သမၼတအာဒိုဂမ္ ဦးေဆာင္တဲ့ တူရကီအစိုးရကိုျဖဳတ္ခ်ၿပီး ၿမိဳ႕ေတာ္ဝန္ အက္ကရမ္ ျပန္လည္လြတ္ေျမာက္ေအာင္ လုပ္ေဆာင္ႏိုင္မလားဆိုတာကို စိတ္ဝင္စားဖြယ္ေစာင့္ၾကည့္ရဖြယ္ရွိေနပါတယ္။

Related news

© 2021. All rights reserved.