အီရန်နဲ့ အမေရိကန်ကြား ဆွေးနွေးပွဲအသစ်တွေ ထပ်မံပြုလုပ်

324

Pika (NP News) - ဧပြီ ၂ဝ
အီရန်နဲ့ အမေရိကန်တို့ဟာ အီရန်ရဲ့နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး အဆင့်မြင့်ဆွေးနွေးပွဲတွေကို ဧပြီလ(၁၉)ရက်မှာ ပြန်လည်စတင်ခဲ့တယ်လို့ သိရပါတယ်။ အီရန်နဲ့အမေရိကန် နှစ်ဘက်စလုံးက အပြုသဘော ဆောင်တဲ့ရလဒ်တွေရှိခဲ့တယ်လို့ ဖော်ပြပြောဆိုခဲ့တဲ့ အစောပိုင်းဆွေးနွေးမှုအပြီး သီတင်းပတ်တစ်ပတ်အကြာမှာ ယခုလိုဆွေးနွေးပွဲအသစ်တွေ ထပ်မံထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒါ့ပြင် အီတလီနိုင်ငံ ရောမမြို့မှာ အိုမန်နိုင်ငံက ကြားဝင်စေ့စပ်ပေးထားတဲ့ အမေရိကန်နဲ့ အီရန်ကြားဆွေးနွေးပွဲကို ဧပြီလ(၁၉)ရက်အစောပိုင်းမှာ စတင်ခဲ့တယ်လို့ အီရန်နိုင်ငံပိုင်ရုပ်မြင်သံကြားလိုင်းတစ်ခုက ဖော်ပြခဲ့ပါတယ်။
ဒါ့ပြင် အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်အာဂရာချီဟာ ဆွေးနွေးပွဲအတွက် အီတလီနိုင်ငံ ရောမမြို့ကိုရောက်ရှိ လာတာကို အီရန်နိုင်ငံပိုင်ရုပ်မြင်သံကြားလိုင်းက ဖော်ပြထားတဲ့ဓါတ်ပုံတွေမှာ တွေ့မြင်ခဲ့ရပါတယ်။ အဲဒီဆွေးနွေးပွဲကို အမေရိကန်ရဲ့အရှေ့အလယ်ပိုင်းဆိုင်ရာသံတမန် စတိဗ်ဝစ်အော့ဖ်က ပါဝင်တက်ရောက်ခဲ့တယ် လို့လည်း သိရပါတယ်။
အီရန်ဘက်က သွယ်ဝိုက်တဲ့ဆွေးနွေးပွဲလို့ခေါ်ဆိုထားတဲ့ ဆွေးနွေးပွဲတွေကို နှစ်ဘက်စလုံးက ပြုလုပ်ခဲ့ပြီးနောက် သီတင်းပတ်တစ်ပတ်အကြာမှာ ယခုလိုဆွေးနွေးပွဲ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါ့ပြင် အဲဒီဆွေးနွေးပွဲဟာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က (၂၀၁၈)ခုနှစ်မှာ နျူကလီးယားသဘောတူစာချုပ်ကနေ နှုတ်ထွက်ပြီး နောက်ပိုင်း အမြင့်ဆုံးအဆင့်ရှိတဲ့ ပထမဆုံးဆွေးနွေးပွဲတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အီရန္နဲ႔ အေမရိကန္ၾကား ေဆြးေႏြးပြဲအသစ္ေတြ ထပ္မံျပဳလုပ္
Pika (NP News) - ဧၿပီ ၂ဝ
အီရန္နဲ႔ အေမရိကန္တို႔ဟာ အီရန္ရဲ႕န်ဴကလီးယားအစီအစဥ္နဲ႔ပတ္သက္ၿပီး အဆင့္ျမင့္ေဆြးေႏြးပြဲေတြကို ဧၿပီလ(၁၉)ရက္မွာ ျပန္လည္စတင္ခဲ့တယ္လို႔ သိရပါတယ္။ အီရန္နဲ႔အေမရိကန္ ႏွစ္ဘက္စလုံးက အျပဳသေဘာ ေဆာင္တဲ့ရလဒ္ေတြရွိခဲ့တယ္လို႔ ေဖာ္ျပေျပာဆိုခဲ့တဲ့ အေစာပိုင္းေဆြးေႏြးမႈအၿပီး သီတင္းပတ္တစ္ပတ္အၾကာမွာ ယခုလိုေဆြးေႏြးပြဲအသစ္ေတြ ထပ္မံထြက္ေပၚလာတာျဖစ္ပါတယ္။
ဒါ့ျပင္ အီတလီႏိုင္ငံ ေရာမၿမိဳ႕မွာ အိုမန္ႏိုင္ငံက ၾကားဝင္ေစ့စပ္ေပးထားတဲ့ အေမရိကန္နဲ႔ အီရန္ၾကားေဆြးေႏြးပြဲကို ဧၿပီလ(၁၉)ရက္အေစာပိုင္းမွာ စတင္ခဲ့တယ္လို႔ အီရန္ႏိုင္ငံပိုင္႐ုပ္ျမင္သံၾကားလိုင္းတစ္ခုက ေဖာ္ျပခဲ့ပါတယ္။
ဒါ့ျပင္ အီရန္ႏိုင္ငံျခားေရးဝန္ႀကီး အာဘတ္အာဂရာခ်ီဟာ ေဆြးေႏြးပြဲအတြက္ အီတလီႏိုင္ငံ ေရာမၿမိဳ႕ကိုေရာက္ရွိ လာတာကို အီရန္ႏိုင္ငံပိုင္႐ုပ္ျမင္သံၾကားလိုင္းက ေဖာ္ျပထားတဲ့ဓါတ္ပုံေတြမွာ ေတြ႕ျမင္ခဲ့ရပါတယ္။ အဲဒီေဆြးေႏြးပြဲကို အေမရိကန္ရဲ႕အေရွ႕အလယ္ပိုင္းဆိုင္ရာသံတမန္ စတိဗ္ဝစ္ေအာ့ဖ္က ပါဝင္တက္ေရာက္ခဲ့တယ္ လို႔လည္း သိရပါတယ္။
အီရန္ဘက္က သြယ္ဝိုက္တဲ့ေဆြးေႏြးပြဲလို႔ေခၚဆိုထားတဲ့ ေဆြးေႏြးပြဲေတြကို ႏွစ္ဘက္စလုံးက ျပဳလုပ္ခဲ့ၿပီးေနာက္ သီတင္းပတ္တစ္ပတ္အၾကာမွာ ယခုလိုေဆြးေႏြးပြဲ ထြက္ေပၚလာတာျဖစ္ပါတယ္။ ဒါ့ျပင္ အဲဒီေဆြးေႏြးပြဲဟာ အေမရိကန္သမၼတေဒၚနယ္ထရမ့္က (၂၀၁၈)ခုႏွစ္မွာ န်ဴကလီးယားသေဘာတူစာခ်ဳပ္ကေန ႏႈတ္ထြက္ၿပီး ေနာက္ပိုင္း အျမင့္ဆုံးအဆင့္ရွိတဲ့ ပထမဆုံးေဆြးေႏြးပြဲတစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။