ရုရှားနဲ့ယူကရိန်းကြား ကြီးမားတဲ့အကျဉ်းသားလဲလှယ်မှုတစ်ခုကို ထပ်မံပြုလုပ်

284

Pika (NP News) - ဧပြီ ၂၁
ရုရှားနဲ့ယူကရိန်းတို့ဟာ ကြီးမားတဲ့စစ်သုံ့ပန်းလဲလှယ်မှုတစ်ခုကို ပြုလုပ်ခဲ့ပြီး တစ်ဖက်နဲ့တစ်ဖက် အကျဉ်းသား (၂၄၆)ဦးစီ အပြန်အလှန်ပေးအပ်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါ့ပြင် ရုရှားဘက်က ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိထားတဲ့ ယူကရိန်းစစ်သား နောက်ထပ်(၃၁)ဦးကို ထပ်မံပေးအပ်ခဲ့ပြီး အပြန်အလှန်အနေနဲ့ ထိခိုက်ဒဏ်ရာရရှိထားတဲ့ ရုရှားစစ်သား(၁၅)ဦးကို လက်ခံရရှိခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
အဲဒီစစ်သုံ့ပန်းလဲလှယ်မှုကို ယူအေအီးနိုင်ငံက ကြားဝင်စေ့စပ်ပေးခဲ့တာဖြစ်တယ်လို့လည်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက မှတ်ချက်ပြုပြောဆိုခဲ့ပါတယ်။ လွတ်မြောက်လာတဲ့ရုရှားစစ်သားတွေဟာ လက်ရှိအချိန်မှာ ဘီလာရုစ်နိုင်ငံမှာရှိနေပြီး လိုအပ်တဲ့ဆေးဘက်ဆိုင်ရာကုသမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုတွေအားလုံးကို လက်ခံ ရရှိနေတယ်လို့ ရုရှားစစ်တပ်ကပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ဘီလာရုစ်နိုင်ငံမှာ ရောက်ရှိနေတဲ့ ရုရှားစစ်သားတွေကို ကုသရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတို့ အတွက် မကြာခင်အချိန်အတွင်း ရုရှားနိုင်ငံကို ပြန်လည်လွှဲပြောင်းပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ပြီးတော့ ယူကရိန်းနဲ့ အပြန်အလှန်လဲလှယ်ခဲ့တဲ့ ရုရှားစစ်သားတွေက ဘတ်စ်ကားတစ်စီးပေါ်ကိုတက်နေတဲ့ ဗီဒီယိုဖိုင်အတိုတစ်ခုကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တယ်လို့လည်း သိရပါတယ်။ ယူကရိန်းနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ယာယီရပ်ဆိုင်းထားမယ်လို့ ရုရှားသမ္မတပူတင်က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် မကြာခင်အချိန်အတွင်းမှာပဲ အကျဉ်းသားလဲလှယ်မှုနဲ့ပတ်သက်တဲ့ ထုတ်ပြန််ကြေညာချက်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Zawgyi Version:
႐ုရွားနဲ႔ယူကရိန္းၾကား ႀကီးမားတဲ့အက်ဥ္းသားလဲလွယ္မႈတစ္ခုကို ထပ္မံျပဳလုပ္
Pika (NP News) - ဧၿပီ ၂၁
႐ုရွားနဲ႔ယူကရိန္းတို႔ဟာ ႀကီးမားတဲ့စစ္သုံ႔ပန္းလဲလွယ္မႈတစ္ခုကို ျပဳလုပ္ခဲ့ၿပီး တစ္ဖက္နဲ႔တစ္ဖက္ အက်ဥ္းသား (၂၄၆)ဦးစီ အျပန္အလွန္ေပးအပ္ခဲ့တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ဒါ့ျပင္ ႐ုရွားဘက္က ဒဏ္ရာျပင္းျပင္းထန္ထန္ရရွိထားတဲ့ ယူကရိန္းစစ္သား ေနာက္ထပ္(၃၁)ဦးကို ထပ္မံေပးအပ္ခဲ့ၿပီး အျပန္အလွန္အေနနဲ႔ ထိခိုက္ဒဏ္ရာရရွိထားတဲ့ ႐ုရွားစစ္သား(၁၅)ဦးကို လက္ခံရရွိခဲ့တယ္လို႔ ႐ုရွားကာကြယ္ေရး ဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။
အဲဒီစစ္သုံ႔ပန္းလဲလွယ္မႈကို ယူေအအီးႏိုင္ငံက ၾကားဝင္ေစ့စပ္ေပးခဲ့တာျဖစ္တယ္လို႔လည္း ႐ုရွားကာကြယ္ေရး ဝန္ႀကီးဌာနက မွတ္ခ်က္ျပဳေျပာဆိုခဲ့ပါတယ္။ လြတ္ေျမာက္လာတဲ့႐ုရွားစစ္သားေတြဟာ လက္ရွိအခ်ိန္မွာ ဘီလာ႐ုစ္ႏိုင္ငံမွာရွိေနၿပီး လိုအပ္တဲ့ေဆးဘက္ဆိုင္ရာကုသမႈေတြနဲ႔ စိတ္ပိုင္းဆိုင္ရာပံ့ပိုးမႈေတြအားလုံးကို လက္ခံ ရရွိေနတယ္လို႔ ႐ုရွားစစ္တပ္ကေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ဘီလာ႐ုစ္ႏိုင္ငံမွာ ေရာက္ရွိေနတဲ့ ႐ုရွားစစ္သားေတြကို ကုသေရးနဲ႔ျပန္လည္ထူေထာင္ေရးလုပ္ငန္းတို႔ အတြက္ မၾကာခင္အခ်ိန္အတြင္း ႐ုရွားႏိုင္ငံကို ျပန္လည္လႊဲေျပာင္းေပးသြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။
ၿပီးေတာ့ ယူကရိန္းနဲ႔ အျပန္အလွန္လဲလွယ္ခဲ့တဲ့ ႐ုရွားစစ္သားေတြက ဘတ္စ္ကားတစ္စီးေပၚကိုတက္ေနတဲ့ ဗီဒီယိုဖိုင္အတိုတစ္ခုကို ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့တယ္လို႔လည္း သိရပါတယ္။ ယူကရိန္းနဲ႔ ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြကို ယာယီရပ္ဆိုင္းထားမယ္လို႔ ႐ုရွားသမၼတပူတင္က ထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္ မၾကာခင္အခ်ိန္အတြင္းမွာပဲ အက်ဥ္းသားလဲလွယ္မႈနဲ႔ပတ္သက္တဲ့ ထုတ္ျပန္္ေၾကညာခ်က္ထြက္ေပၚလာတာ ျဖစ္ပါတယ္။