ချားအင်ဝူး ပါဝင်တဲ့ အယ်လ်ဘမ်အသစ်နဲ့အတူ ပရိသတ်ရှေ့ ရောက်လာဦးမယ့် IU

 162

ရောင်နီ (NP News) - မေ ၁၄

အဆိုတော်၊ သရုပ်ဆောင် IU ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလက သူမရဲ့ (၆) ခုမြောက် မီနီအယ်လ်ဘမ် "The Winning" ထွက်ရှိပြီးနောက် ပထမဆုံးအကြိမ်အဖြစ် နောက်ထပ်အယ်လ်ဘမ်ထွက်ရှိဖို့ စီစဉ်နေပါတယ်။ အဲဒီသီချင်းသစ်မှာ သရုပ်ဆောင် ချားအင်ဝူးပါဝင်မှာဖြစ်ပြီး သီချင်းကလည်း မေလအတွင်း ထွက်ရှိမယ်လို့ သိရပါတယ်။

မေလ ၁၂ ရက်က ထွက်ရှိတဲ့ ရိုက်ကူးရေး လုပ်ငန်းအတွင်းလူတွေရဲ့ ပြောကြားချက်အရ IU ဟာ သူမရဲ့ အယ်လ်ဘမ်သစ်အတွက် ပြင်ဆင်မှု နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်ပြီး ထူးခြားချက်အနေနဲ့ သီချင်းဗီဒီယိုမှာ ASTRO အဖွဲ့ဝင်၊ သရုပ်ဆောင်မင်းသား ချားအင်ဝူးလည်း ပါဝင်လာမယ်လို့ ဆိုပါတယ်။ IU နဲ့ ချားအင်ဝူးဟာ ယခုနှစ်အစောပိုင်းက လက်ဝတ်ရတနာ brand တစ်ခုအတွက် ပူးတွဲလုပ်ဆောင်ရတဲ့ ကမ်ပိန်းတစ်ခုမှာ chemistry မိနေခဲ့တာ တွေ့ရတာကြောင့် သီချင်းဗီဒီယိုမှာ အတူတွဲ တွေ့ရဖို့ ပရိသတ်တွေက စိတ်ဝင်စားနေပါတယ်။

IU ဟာ မကြာသေးမီကလည်း Netflix ရဲ့ဇာတ်လမ်းတွဲ “When Life Gives You Tangerines” မှာ နှစ်ကိုယ်ခွဲ ပါဝင်သရုပ်ဆောင်ထားပြီး မကြာခင်လည်း "21st Century Lady" ဆိုတဲ့ ဇာတ်လမ်းတွဲမှာ မင်းသား ဗြောင်ဝူဆော့ခ်နဲ့ ပါဝင်သရုပ်ဆောင်ဦးမယ်လို့ သိရပါတယ်။

zawgyi version
ခ်ားအင္ဝူး ပါဝင္တဲ့ အယ္လ္ဘမ္အသစ္နဲ႔အတူ ပရိသတ္ေရွ႕ ေရာက္လာဦးမယ့္ IU
ေရာင္နီ (NP News) - ေမ ၁၄

အဆိုေတာ္၊ သ႐ုပ္ေဆာင္ IU ဟာ ၂၀၂၄ ခုႏွစ္ ေဖေဖာ္ဝါရီလက သူမရဲ႕ (၆) ခုေျမာက္ မီနီအယ္လ္ဘမ္ "The Winning" ထြက္ရွိၿပီးေနာက္ ပထမဆုံးအႀကိမ္အျဖစ္ ေနာက္ထပ္အယ္လ္ဘမ္ထြက္ရွိဖို႔ စီစဥ္ေနပါတယ္။ အဲဒီသီခ်င္းသစ္မွာ သ႐ုပ္ေဆာင္ ခ်ားအင္ဝူးပါဝင္မွာျဖစ္ၿပီး သီခ်င္းကလည္း ေမလအတြင္း ထြက္ရွိမယ္လို႔ သိရပါတယ္။

ေမလ ၁၂ ရက္က ထြက္ရွိတဲ့ ႐ိုက္ကူးေရး လုပ္ငန္းအတြင္းလူေတြရဲ႕ ေျပာၾကားခ်က္အရ IU ဟာ သူမရဲ႕ အယ္လ္ဘမ္သစ္အတြက္ ျပင္ဆင္မႈ ေနာက္ဆုံးအဆင့္ကို ေရာက္ရွိေနၿပီျဖစ္ၿပီး ထူးျခားခ်က္အေနနဲ႔ သီခ်င္းဗီဒီယိုမွာ ASTRO အဖြဲ႕ဝင္၊ သ႐ုပ္ေဆာင္မင္းသား ခ်ားအင္ဝူးလည္း ပါဝင္လာမယ္လို႔ ဆိုပါတယ္။ IU နဲ႔ ခ်ားအင္ဝူးဟာ ယခုႏွစ္အေစာပိုင္းက လက္ဝတ္ရတနာ brand တစ္ခုအတြက္ ပူးတြဲလုပ္ေဆာင္ရတဲ့ ကမ္ပိန္းတစ္ခုမွာ chemistry မိေနခဲ့တာ ေတြ႕ရတာေၾကာင့္ သီခ်င္းဗီဒီယိုမွာ အတူတြဲ ေတြ႕ရဖို႔ ပရိသတ္ေတြက စိတ္ဝင္စားေနပါတယ္။

IU ဟာ မၾကာေသးမီကလည္း Netflix ရဲ႕ဇာတ္လမ္းတြဲ “When Life Gives You Tangerines” မွာ ႏွစ္ကိုယ္ခြဲ ပါဝင္သ႐ုပ္ေဆာင္ထားၿပီး မၾကာခင္လည္း "21st Century Lady" ဆိုတဲ့ ဇာတ္လမ္းတြဲမွာ မင္းသား ေျဗာင္ဝူေဆာ့ခ္နဲ႔ ပါဝင္သ႐ုပ္ေဆာင္ဦးမယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.