Girls' Generation အဖွဲ့ဝင်၊ သရုပ်ဆောင် ဆိုးဟွန်း အေဂျင်စီအသစ်နဲ့လက်မှတ်ရေးထိုး

 42

ရောင်နီ (NP News) - မေ ၁၆

Girls' Generation အဖွဲ့ဝင်နဲ့ သရုပ်ဆောင် ဆိုးဟွန်း ဟာ SM Entertainment မှ ထွက်ခွာပြီးနောက် အေဂျင်စီအသစ် Lead Entertainment နဲ့ စာချုပ်ချုပ်ဆိုလိုက်ပါတယ်။
ဒီအကြောင်းကို LEAD Entertainment က မေလ ၁၅ ရက်မှာ ကြော်ငြာခဲ့တာဖြစ်ပါတယ်။ "ဆိုဟွန်းနဲ့ သီးသန့်စာချုပ်တစ်ရပ် မကြာသေးခင်က ချုပ်ဆိုခဲ့ပါတယ်။ ရှေ့ဆက်ပြီး မတူကွဲပြားပြီး ထူးခြားတဲ့ ဆွဲဆောင်မှုရှိသူ မင်းသမီး ဆိုဟွန်းကို အကောင်းဆုံးပတ်ဝန်းကျင်မှာ သူမရဲ့စွမ်းရည်တွေ အပြည့်အဝ ပြသနိုင်စေဖို့ အတွက် ကျွန်တော်တို့က စေတနာအပြည့်နဲ့ ပံ့ပိုးသွားမယ်လို့ ကတိပြုပါတယ်" လို့ ဆိုပါတယ်။
LEAD Entertainment ကို BH Entertainment မှ ဝါရင့်မန်နေဂျာ ကင်ဆန်းဝူ က၂၀၂၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။
ဆိုဟွန်း ဟာ Girls' Generation အဖွဲ့ရဲ့အသက်အငယ်ဆုံးအဖွဲ့ဝင်အဖြစ် ၂၀၀၇ ခုနှစ်က ပွဲဦးထွက်ခဲ့ပြီး ပရိသတ်ရဲ့ချစ်ခင်အားပေးမှုများစွာ ရရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်က "Madly in Love” ဒရာမာဇာတ်ကားနဲ့ သရုပ်ဆောင်မင်းသမီးအဖြစ် ပထမဆုံးခြေလှမ်း စတင်ခဲ့ပြီး အဲဒီအချိန်ကစ “Song of the Bandits”၊ “Love and Leashes”၊ “So I Married My Anti-Fan” နဲ့ "Jinxed at First” အပါအဝင် ဒရာမာဇာတ်လမ်းတွဲများစွာတွင် ပါဝင်သရုပ်ဆောင်ထားပါတယ်။

Related news

© 2021. All rights reserved.