Running Man မှာ အဖွဲ့ဝင် သရုပ်ဆောင်ဂျီရီအွမ်းကို လက်နဲ့ရိုက်မိခဲ့လို့ ဝေဖန်ခံနေရတဲ့ ယန်းစီချန်း

 57

ရောင်နီ (NP News) - မေ ၁၆

မေလ ၁၁ ရက်က ထုတ်လွှင့်ပြသခဲ့တဲ့ SBS ရုပ်သံလိုင်းရဲ့ Running Man နောက်ဆုံးထွက် အပိုင်းမှာ အဖွဲ့ဝင် ယန်းစီချန်းဟာ လုပ်ရပ်တစ်ခုကြောင့် Running Man ပရိသတ်တွေရဲ့ဝေဖန်မှုကို ခံနေရပါတယ်။
အဆိုပါ အပိုင်းသစ်မှာ Running Man အဖွဲ့ဝင်သစ်လည်းဖြစ်၊ သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်တဲ့ အဖွဲ့ဝင် ဂျီရီအွမ်းက ဂိမ်းပင်နယ်တီအတွက် "aegyo" ဆိုတဲ့ ချစ်စရာကောင်းတဲ့အမူအရာကို ဧည့်သည်သရုပ်ဆောင် ယိုဆန်ဟိုကို လုပ်ပြခဲ့ပါတယ်။ အဲဒီအချိန်မှာ ယန်စီချန်းက ဂျီရီအွမ်းရဲ့ခေါင်းကို လက်နဲ့ရိုက်ချလိုက်ပြီး "တော်တော့၊ ငါ သည်းမခံနိုင်တော့ဘူး" လို့ ပြောခဲ့ပါတယ်။
ဒါဟာ အဖွဲ့ထဲမှာ ဟာသအရွှန်းဖောက်နေကျပုံစံဖြစ်ပေမယ့် ကြည့်ရှုသူတော်တော်များများက စီချန်းကို "လက်ပါတတ်တဲ့ အကျင့်ဆိုးရှိသူ" "စည်းမရှိသူ" အဖြစ် ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။
Running Man ဟာ ၂၀၁၀ ခုနှစ်က စတင်ထုတ်လွှင့်ခဲ့ပြီး SBS ရဲ့ အရှည်ကြာဆုံး variety ရှိုးတွေထဲက တစ်ခုလည်းဖြစ်သလို အဖွဲ့ဝင်သစ်တွေကြား မကြာခဏ ဝေဖန်မှုတွေလည်း ခံစားနေရပါတယ်။

Zawgyi Version:
Running Man မွာ အဖြဲ႕ဝင္ သ႐ုပ္ေဆာင္ဂ်ီရီအြမ္းကို လက္နဲ႔႐ိုက္မိခဲ့လို႔ ေဝဖန္ခံေနရတဲ့ ယန္းစီခ်န္း
ေရာင္နီ (NP News) - ေမ ၁၆

ေမလ ၁၁ ရက္က ထုတ္လႊင့္ျပသခဲ့တဲ့ SBS ႐ုပ္သံလိုင္းရဲ႕ Running Man ေနာက္ဆုံးထြက္ အပိုင္းမွာ အဖြဲ႕ဝင္ ယန္းစီခ်န္းဟာ လုပ္ရပ္တစ္ခုေၾကာင့္ Running Man ပရိသတ္ေတြရဲ႕ေဝဖန္မႈကို ခံေနရပါတယ္။
အဆိုပါ အပိုင္းသစ္မွာ Running Man အဖြဲ႕ဝင္သစ္လည္းျဖစ္၊ သ႐ုပ္ေဆာင္တစ္ေယာက္လည္း ျဖစ္တဲ့ အဖြဲ႕ဝင္ ဂ်ီရီအြမ္းက ဂိမ္းပင္နယ္တီအတြက္ "aegyo" ဆိုတဲ့ ခ်စ္စရာေကာင္းတဲ့အမူအရာကို ဧည့္သည္သ႐ုပ္ေဆာင္ ယိုဆန္ဟိုကို လုပ္ျပခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ ယန္စီခ်န္းက ဂ်ီရီအြမ္းရဲ႕ေခါင္းကို လက္နဲ႔႐ိုက္ခ်လိုက္ၿပီး "ေတာ္ေတာ့၊ ငါ သည္းမခံႏိုင္ေတာ့ဘူး" လို႔ ေျပာခဲ့ပါတယ္။
ဒါဟာ အဖြဲ႕ထဲမွာ ဟာသအ႐ႊန္းေဖာက္ေနက်ပုံစံျဖစ္ေပမယ့္ ၾကည့္ရႈသူေတာ္ေတာ္မ်ားမ်ားက စီခ်န္းကို "လက္ပါတတ္တဲ့ အက်င့္ဆိုးရွိသူ" "စည္းမရွိသူ" အျဖစ္ ေဝဖန္ခဲ့ၾကတာျဖစ္ပါတယ္။
Running Man ဟာ ၂၀၁၀ ခုႏွစ္က စတင္ထုတ္လႊင့္ခဲ့ၿပီး SBS ရဲ႕ အရွည္ၾကာဆုံး variety ရႈိးေတြထဲက တစ္ခုလည္းျဖစ္သလို အဖြဲ႕ဝင္သစ္ေတြၾကား မၾကာခဏ ေဝဖန္မႈေတြလည္း ခံစားေနရပါတယ္။

Related news

© 2021. All rights reserved.