'Deadline" world tour နဲ့ မြင်တွေ့ရဦးမယ့် BLACKPINK

 182

ရောင်နီ (NP News) - မေ ၁၈

တောင်ကိုရီးယား အမျိုးသမီး K POP အဖွဲ့ BLACKPINK ဟာ ၂၀၂၅ ခုနှစ်မှာ 'Deadline' အမည်နဲ့ World Tour ထွက်ရှိလာဦးမယ်လို့ YG Entertainment က မေလ ၁၆ ရက် (သောကြာနေ့) မှာ ကြေညာခဲ့ပါတယ်။
'Deadline' World Tour ကို တောင်ကိုရီးယားနိုင်ငံ၊ Goyang အားကစားကွင်းမှာ လာမယ့် ဇူလိုင် ၅ ရက်မှ စပြုလုပ်ဖို့ စီစဉ်ထားပြီး လက်ရှိ တစ်ကိုယ်တော် အနုပညာ အလုပ်တွေနဲ့ အလုပ်များနေတဲ့ BLACKPINK အဖွဲ့ဝင် ၄ ဦးလုံးကို စင်မြင့်ထက်မှာ ပြန်လည်မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါဟာ BLACKPINK ရဲ့တစ်နှစ်နဲ့ ၁ဝ လအတွင်း ပထမဆုံးအကြိမ်အဖြစ် ထပ်မံဖျော်ဖြေတဲ့ World Tour ဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မှာ ဖျော်ဖြေပြီးတာနဲ့ မြောက်အမေရိကရဲ့လော့အိန်ဂျလိစ်၊ ချီကာဂို၊ တိုရန်တိုနဲ့ နယူးယောက်ခ်မြို့၊ အဲဒီနောက် ဥရောပမြို့တွေဖြစ်တဲ့ ပါရီ၊ မီလန်၊ ဘာစီလိုနာ၊ လန်ဒန်၊ အဲဒီနောက် ဂျပန်နိုင်ငံ၊ တိုကျိုမှာ World Tour အဆုံးသတ်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

Zawgyi Version:
'Deadline" world tour နဲ႔ ျမင္ေတြ႕ရဦးမယ့္ BLACKPINK
ေရာင္နီ (NP News) - ေမ ၁၈

ေတာင္ကိုရီးယား အမ်ိဳးသမီး K POP အဖြဲ႕ BLACKPINK ဟာ ၂၀၂၅ ခုႏွစ္မွာ 'Deadline' အမည္နဲ႔ World Tour ထြက္ရွိလာဦးမယ္လို႔ YG Entertainment က ေမလ ၁၆ ရက္ (ေသာၾကာေန႔) မွာ ေၾကညာခဲ့ပါတယ္။
'Deadline' World Tour ကို ေတာင္ကိုရီးယားႏိုင္ငံ၊ Goyang အားကစားကြင္းမွာ လာမယ့္ ဇူလိုင္ ၅ ရက္မွ စျပဳလုပ္ဖို႔ စီစဥ္ထားၿပီး လက္ရွိ တစ္ကိုယ္ေတာ္ အႏုပညာ အလုပ္ေတြနဲ႔ အလုပ္မ်ားေနတဲ့ BLACKPINK အဖြဲ႕ဝင္ ၄ ဦးလုံးကို စင္ျမင့္ထက္မွာ ျပန္လည္ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ ဒါဟာ BLACKPINK ရဲ႕တစ္ႏွစ္နဲ႔ ၁ဝ လအတြင္း ပထမဆုံးအႀကိမ္အျဖစ္ ထပ္မံေဖ်ာ္ေျဖတဲ့ World Tour ျဖစ္ပါတယ္။
ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္မွာ ေဖ်ာ္ေျဖၿပီးတာနဲ႔ ေျမာက္အေမရိကရဲ႕ေလာ့အိန္ဂ်လိစ္၊ ခ်ီကာဂို၊ တိုရန္တိုနဲ႔ နယူးေယာက္ခ္ၿမိဳ႕၊ အဲဒီေနာက္ ဥေရာပၿမိဳ႕ေတြျဖစ္တဲ့ ပါရီ၊ မီလန္၊ ဘာစီလိုနာ၊ လန္ဒန္၊ အဲဒီေနာက္ ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳမွာ World Tour အဆုံးသတ္ဖို႔ စီစဥ္ထားတာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.