ရှေးဟောင်းရေနွေးငွေ့ရထားဖြင့် ကလော ကိုအခြေပြုကာ ခရီးစဉ်ပြေးဆွဲရန် စီစဉ်နေ သွားနိုင်ဟုဆို

319

သက်ပိုင် (NP News)မေ-၂၁
ရှမ်းပြည်နယ် ကလောမြို့နယ်ကို အခြေပြုကာ ရှေးဟောင်းရေနွေးငွေ့မီးရထားဖြင့် ရထားပြေး ဆွဲရန် စီစဉ်လျက်ရှိကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်း မောင်က NP News သို့ပြောသည်။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်ကာ ယခု အစီ စဉ်ကို လုပ်ဆောင်နေခြင်းဖြစ်ပြီး ကလောမှ ညောင်ရွှေ သို့မဟုတ် ကလောမှ အောင်ပန်း စသဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးကပြောသည်။ “ကျွန်တော်တို့နိုင်ငံက ဘေးဒုက္ခတွေကြောင့် ခရီးသွားလုပ်ငန်းတွေ နည်းပါးနေတဲ့အချိန်မှာ ခရီးသွားလုပ်ငန်း ပြန်တိုးတက်လာစေဖို့အတွက် ရည် ရွယ်ပြီးတော့ အခုလိုစီစဉ်တာပါ။ ခရီးစဉ်တစ်လျှောက်လုံး ဘေးကင်းစေဖို့အတွက် လိုအပ်တဲ့စစ်ဆေးမှု တွေကို အခုလုပ်နေကြပါတယ်”ဟု ၎င်း ကဆိုသည်။ အဆိုပါ လမ်းကြောင်းကိုပြေးဆွဲမည့် စက်ခေါင်းမှာ (၁၉၅၀) ပြည့်နှစ်ကပင် အင်္ဂလန်နိုင်ငံမှ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ကနဦးအနေဖြင့် တွဲဆိုင်းသုံးဆိုင်းလျာ ထားသော်လည်း စက်အားကိုမူတည် ကာ တွဲအရေအတွက်ပြောင်းလဲနိုင်ကြောင်း ဦးခွန်သိန်းမောင်က ပြောသည်။ “ဈေးနှုန်းကတော့ အတိအကျ ပြောလို့မရသေးဘူး။ အခုခရီးစဉ်က ခရီးသွားတွေ ရထားပေါ် မှာ အေးအေးဆေးဆေးနဲ့ သဘာဝအရသာကို ခံစားနိုင်ဖို့ စီစဉ်ထားတာဖြစ်တယ်။ အမြန်သွားမှာ မဟုတ် တဲ့အတွက် ဈေးနှုန်းအတိကျကတော့ ပြောလို့မရသေးပါဘူး” ဟု ၎င်းက ရှင်းပြသည်။ အဆိုပါ ခရီးစဉ် ကို လာမည့်ခရီးသွားရာသီပြန်လည်စတင်ချိန် နိုဝင်ဘာလခန့်တွင် စတင်နိုင်ရန် စီစဉ်နေကြောင်းကို လည်း ဝန်ကြီးက ထပ်မံပြောကြားသည်။

Zawgyi Version:
ေရွးေဟာင္းေရေႏြးေငြ႕ရထားျဖင့္ ကေလာ ကိုအေျချပဳကာ ခရီးစဥ္ေျပးဆြဲရန္ စီစဥ္ေန သြားႏိုင္ဟုဆို
သက္ပိုင္ (NP News)ေမ-၂၁
ရွမ္းျပည္နယ္ ကေလာၿမိဳ႕နယ္ကို အေျချပဳကာ ေရွးေဟာင္းေရေႏြးေငြ႕မီးရထားျဖင့္ ရထားေျပး ဆြဲရန္ စီစဥ္လ်က္ရွိေၾကာင္း ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ စီးပြားေရးဝန္ႀကီး ဦးခြန္သိန္း ေမာင္က NP News သို႔ေျပာသည္။ ခရီးသြားလုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ရည္႐ြယ္ကာ ယခု အစီ စဥ္ကို လုပ္ေဆာင္ေနျခင္းျဖစ္ၿပီး ကေလာမွ ေညာင္ေ႐ႊ သို႔မဟုတ္ ကေလာမွ ေအာင္ပန္း စသျဖင့္ ေျပးဆြဲေပးသြားမည္ျဖစ္ေၾကာင္း ဝန္ႀကီးကေျပာသည္။ “ကြၽန္ေတာ္တို႔ႏိုင္ငံက ေဘးဒုကၡေတြေၾကာင့္ ခရီးသြားလုပ္ငန္းေတြ နည္းပါးေနတဲ့အခ်ိန္မွာ ခရီးသြားလုပ္ငန္း ျပန္တိုးတက္လာေစဖို႔အတြက္ ရည္ ႐ြယ္ၿပီးေတာ့ အခုလိုစီစဥ္တာပါ။ ခရီးစဥ္တစ္ေလွ်ာက္လုံး ေဘးကင္းေစဖို႔အတြက္ လိုအပ္တဲ့စစ္ေဆးမႈ ေတြကို အခုလုပ္ေနၾကပါတယ္”ဟု ၎ ကဆိုသည္။ အဆိုပါ လမ္းေၾကာင္းကိုေျပးဆြဲမည့္ စက္ေခါင္းမွာ (၁၉၅၀) ျပည့္ႏွစ္ကပင္ အဂၤလန္ႏိုင္ငံမွ ထုတ္လုပ္ခဲ့ျခင္းျဖစ္ၿပီး ကနဦးအေနျဖင့္ တြဲဆိုင္းသုံးဆိုင္းလ်ာ ထားေသာ္လည္း စက္အားကိုမူတည္ ကာ တြဲအေရအတြက္ေျပာင္းလဲႏိုင္ေၾကာင္း ဦးခြန္သိန္းေမာင္က ေျပာသည္။ “ေဈးႏႈန္းကေတာ့ အတိအက် ေျပာလို႔မရေသးဘူး။ အခုခရီးစဥ္က ခရီးသြားေတြ ရထားေပၚ မွာ ေအးေအးေဆးေဆးနဲ႔ သဘာဝအရသာကို ခံစားႏိုင္ဖို႔ စီစဥ္ထားတာျဖစ္တယ္။ အျမန္သြားမွာ မဟုတ္ တဲ့အတြက္ ေဈးႏႈန္းအတိက်ကေတာ့ ေျပာလို႔မရေသးပါဘူး” ဟု ၎က ရွင္းျပသည္။ အဆိုပါ ခရီးစဥ္ ကို လာမည့္ခရီးသြားရာသီျပန္လည္စတင္ခ်ိန္ ႏိုဝင္ဘာလခန႔္တြင္ စတင္ႏိုင္ရန္ စီစဥ္ေနေၾကာင္းကို လည္း ဝန္ႀကီးက ထပ္မံေျပာၾကားသည္။