တစ်လအတွင်းပျားရည်တန် (၂၀၀) ကျော်ပြည်ပသို့တင်ပို့

 258

NP News မေလ (၂၁) ရက်
ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်စ ဧပြီလအတွင်းမှာပင် ပြည်တွင်းထုတ် ပျားရည် မက်ထရစ်တန် ၂၀၀ ကျော် တင်ပို့မှုမှ ကန်ဒေါ်လာ သုည ဒသမ ၃၅၅ သန်းကျော်ရရှိထားကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားလုပ်ငန်းဌာနမှ သိရသည်။
အဆိုပါ ကာလအတွင်း ပြည်ပသို့ ပျားရည်တင်ပို့ရာတွင် ပုံမှန်ကုန်သွယ်ရေးတစ်ခုတည်းမှ တင်ပို့ခဲ့တာဖြစ်ပြီး ဂျပန်နိုင်ငံသို့ ပျားရည်မက်ထရစ်တန် ၉၆ ဒသမ ၂၁ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၁၄၄ သန်း ရရှိခဲ့ကြောင်းနှင့် ထိုင်းနိုင်ငံသို့ ပျားရည် မက်ထရစ်တန် ၁၄၀ ဒသမ ၇ တန် တင်ပို့မှုမှ ကန်ဒေါ်လာ သုညဒသမ ၂၁၁ သန်း ရရှိခဲ့ကာ စုစုပေါင်း မက်ထရစ်တန် ၂၃၆ ဒသမ ၉၁ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန် ဒေါ်လာ သုည ဒသမ ၃၅၅ သန်း ရရှိထားကြောင်း သိရသည်။
မြန်မာပြည်တွင်းထုတ် ပျားရည်ကို ပြည်ပနိုင်ငံများဖြစ်သည့် ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ အဓိက ဝယ်ယူနေခြင်းဖြစ်ပြီး ပျားရည်ထုတ်လုပ်မှုအနေဖြင့် နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊ ရော်ဘာပျားရည် နှင့် လိုက်ချီးပျားရည် စသဖြင့် ထုတ်လုပ်ကြောင်းလည်း သိရသည်။

Zawgyi Version:
တစ္လအတြင္းပ်ားရည္တန္၂၀၀ေက်ာ္ျပည္ပသို႔တင္ပို႔
NP News ေမလ (၂၁) ရက္
ယခု ၂၀၂၅-၂၀၂၆ ဘ႑ာႏွစ္စ ဧၿပီလအတြင္းမွာပင္ ျပည္တြင္းထုတ္ ပ်ားရည္ မက္ထရစ္တန္ ၂၀၀ ေက်ာ္ တင္ပို႔မႈမွ ကန္ေဒၚလာ သုည ဒသမ ၃၅၅ သန္းေက်ာ္ရရွိထားေၾကာင္း ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန၊ ပ်ားလုပ္ငန္းဌာနမွ သိရသည္။
အဆိုပါ ကာလအတြင္း ျပည္ပသို႔ ပ်ားရည္တင္ပို႔ရာတြင္ ပုံမွန္ကုန္သြယ္ေရးတစ္ခုတည္းမွ တင္ပို႔ခဲ့တာျဖစ္ၿပီး ဂ်ပန္ႏိုင္ငံသို႔ ပ်ားရည္မက္ထရစ္တန္ ၉၆ ဒသမ ၂၁ တန္ တင္ပို႔မႈမွ အေမရိကန္ေဒၚလာ သုည ဒသမ ၁၄၄ သန္း ရရွိခဲ့ေၾကာင္းႏွင့္ ထိုင္းႏိုင္ငံသို႔ ပ်ားရည္ မက္ထရစ္တန္ ၁၄၀ ဒသမ ၇ တန္ တင္ပို႔မႈမွ ကန္ေဒၚလာ သုညဒသမ ၂၁၁ သန္း ရရွိခဲ့ကာ စုစုေပါင္း မက္ထရစ္တန္ ၂၃၆ ဒသမ ၉၁ တန္ တင္ပို႔ႏိုင္ခဲ့ၿပီး အေမရိကန္ ေဒၚလာ သုည ဒသမ ၃၅၅ သန္း ရရွိထားေၾကာင္း သိရသည္။
ျမန္မာျပည္တြင္းထုတ္ ပ်ားရည္ကို ျပည္ပႏိုင္ငံမ်ားျဖစ္သည့္ ဂ်ပန္၊ ေတာင္ကိုရီးယား၊ ထိုင္းႏွင့္ တ႐ုတ္ႏိုင္ငံတို႔မွ အဓိက ဝယ္ယူေနျခင္းျဖစ္ၿပီး ပ်ားရည္ထုတ္လုပ္မႈအေနျဖင့္ ႏွမ္းပ်ားရည္၊ ဆီးပ်ားရည္၊ ပန္းႏွမ္းပ်ားရည္၊ ေနၾကာပ်ားရည္၊ ေရာ္ဘာပ်ားရည္ ႏွင့္ လိုက္ခ်ီးပ်ားရည္ စသျဖင့္ ထုတ္လုပ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.