ဩစတြေးလျ၏ အမြင့်ဆုံးမိုးမျှော်တိုက်အဆောက်အအုံကို ဒေါ်နယ်ထရမ့်၏ ကုမ္ပဏီက တည်ဆောက်သွားမည်

84

Pika (NP News) - မတ် ၂
ဩစတြေးလျ၏ အမြင့်ဆုံးမိုးမျှော်တိုက်အဆောက်အအုံကို ဆောက်လုပ်ရန်အစီအစဉ်ရှိကြောင်း အမေရိကန် သမ္မတဒေါ်နယ်ထရမ့် ပိုင်ဆိုင်သည့်ကုမ္ပဏီတစ်ခုက ထုတ်ပြန်ကြေညာခဲ့သည်။ Trump Organization နှင့် ဒေသခံ Developer Altus Property Group တို့၏ ပရောဂျက်သည် ကွင်းစ်လန်းပြည်နယ် Gold Coast မြို့တွင် အထပ် ပေါင်း(၉၁)ထပ်ပါဝင်မည့် ဇိမ်ခံမိုးမျှော်တိုက်အဆောက်အအုံကို တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါမိုးမျှော်တိုက်အဆောက်အအုံတွင် ကြယ်(၆)ပွင့်ဟိုတယ်၊ တိုက်ခန်းပေါင်း(၂၇၀)၊ ဈေးဆိုင်များ၊ ကမ်းခြေ ကလပ်တစ်ခုနှင့် ရေကူးကန်တစ်ခုတို့ပါဝင်မည်ဖြစ်ကြောင်း ကုမ္ပဏီနှစ်ခုစလုံးက အတည်ပြုပြောကြားခဲ့သည်။
သို့သော်လည်း အဆိုပါအစီအစဉ်ကို ဒေသခံအချို့က ပြစ်တင်ဝေဖန်မှုများလုပ်ဆောင်ခဲ့ကြကြောင်းလည်း သိရသည်။ ဒေသခံ တစ်ဦးက ‘ဒေါ်နယ်ထရမ့်က တကယ်တော့ ကြောက်စရာကောင်းပါတယ်။ သူက ထူးဆန်းတဲ့လူတစ် ယောက်ပဲဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်မှာ ငွေကြေးအများအပြားရှိပြီး အဲဒါတွေကိုဘယ်နေရာမှာထားရမလဲ ဆိုတာကို သူလုံးဝ သိပါတယ်’ ဟုပြောခဲ့သည်။
ထို့ပြင် အဆိုပါစီမံကိန်းကို ဆန့်ကျင်ကန့်ကွက်သည့် စာတစ်စောင်လည်း ကုမ္ပဏီဆီကို ရောက်ရှိလာခဲ့သလို ယင်းစီမံကိန်းက စီးပွားရေးလိုအပ်ချက်တစ်ခုဖြစ်ပြီး အဆိုပါဧရိယာကို တိုးတက်နေသော လှုပ်ရှားမှုနှင့် အခွင့်အလမ်း အဖြစ် ပြောင်းလဲပေးလိမ့်မည်ဆိုသည့် စာတစ်စောင်လည်းရောက်လာခဲ့ကြောင်းသိရသည်။

Zawgyi Version;
ဩစေၾတးလ်၏ အျမင့္ဆုံးမိုးေမွ်ာ္တိုက္အေဆာက္အအုံကို ေဒၚနယ္ထရမ့္၏ ကုမၸဏီက တည္ေဆာက္သြားမည္
Pika (NP News) - မတ္ ၂
ဩစေၾတးလ်၏ အျမင့္ဆုံးမိုးေမွ်ာ္တိုက္အေဆာက္အအုံကို ေဆာက္လုပ္ရန္အစီအစဥ္ရွိေၾကာင္း အေမရိကန္ သမၼတေဒၚနယ္ထရမ့္ ပိုင္ဆိုင္သည့္ကုမၸဏီတစ္ခုက ထုတ္ျပန္ေၾကညာခဲ့သည္။ Trump Organization ႏွင့္ ေဒသခံ Developer Altus Property Group တို႔၏ ပေရာဂ်က္သည္ ကြင္းစ္လန္းျပည္နယ္ Gold Coast ၿမိဳ႕တြင္ အထပ္ ေပါင္း(၉၁)ထပ္ပါဝင္မည့္ ဇိမ္ခံမိုးေမွ်ာ္တိုက္အေဆာက္အအုံကို တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါမိုးေမွ်ာ္တိုက္အေဆာက္အအုံတြင္ ၾကယ္(၆)ပြင့္ဟိုတယ္၊ တိုက္ခန္းေပါင္း(၂၇၀)၊ ေဈးဆိုင္မ်ား၊ ကမ္းေျခ ကလပ္တစ္ခုႏွင့္ ေရကူးကန္တစ္ခုတို႔ပါဝင္မည္ျဖစ္ေၾကာင္း ကုမၸဏီႏွစ္ခုစလုံးက အတည္ျပဳေျပာၾကားခဲ့သည္။
သို႔ေသာ္လည္း အဆိုပါအစီအစဥ္ကို ေဒသခံအခ်ိဳ႕က ျပစ္တင္ေဝဖန္မႈမ်ားလုပ္ေဆာင္ခဲ့ၾကေၾကာင္းလည္း သိရသည္။ ေဒသခံ တစ္ဦးက ‘ေဒၚနယ္ထရမ့္က တကယ္ေတာ့ ေၾကာက္စရာေကာင္းပါတယ္။ သူက ထူးဆန္းတဲ့လူတစ္ ေယာက္ပဲျဖစ္ပါတယ္။ ေဒၚနယ္ထရမ့္မွာ ေငြေၾကးအမ်ားအျပားရွိၿပီး အဲဒါေတြကိုဘယ္ေနရာမွာထားရမလဲ ဆိုတာကို သူလုံးဝ သိပါတယ္’ ဟုေျပာခဲ့သည္။
ထို႔ျပင္ အဆိုပါစီမံကိန္းကို ဆန႔္က်င္ကန႔္ကြက္သည့္ စာတစ္ေစာင္လည္း ကုမၸဏီဆီကို ေရာက္ရွိလာခဲ့သလို ယင္းစီမံကိန္းက စီးပြားေရးလိုအပ္ခ်က္တစ္ခုျဖစ္ၿပီး အဆိုပါဧရိယာကို တိုးတက္ေနေသာ လႈပ္ရွားမႈႏွင့္ အခြင့္အလမ္း အျဖစ္ ေျပာင္းလဲေပးလိမ့္မည္ဆိုသည့္ စာတစ္ေစာင္လည္းေရာက္လာခဲ့ေၾကာင္းသိရသည္။