တရုတ်နိုင်ငံ၏ စစ်ရေးအသုံးစရိတ်က (၁၅) နှစ်အတွင်း ယခင်ထက် (၃) ဆကျော် မြင့်တက်လာနေဟုဆို

 125

ဂျန်ဇက် (NP News) - မတ် ၂

တရုတ်နိုင်ငံ၏ စစ်ရေးအသုံးစရိတ်သည် ပြီးခဲ့သည့် (၁၅) နှစ်အတွင်း အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့ကြောင်း ကိန်းဂဏန်း အချက်အလက်များအရ သိရသည်။ (၂၀၁၀) ပြည့်နှစ်က အမေရိကန်ဒေါ်လာ (၇၆) ဘီလျံသာရှိခဲ့သော တရုတ်၏ တရားဝင် ကာကွယ်ရေးဘတ်ဂျက်သည် ယခု (၂၀၂၅) ခုနှစ် တွင် အမေရိကန်ဒေါ်လာ (၂၄၉) ဘီလျံအထိ စံချိန်တင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
သမ္မတရှီကျင့်ဖျင်၏ ဦးဆောင်မှုအောက်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကို “ကမ္ဘာ့အဆင့်မီ စစ်တပ်” အဖြစ် (၂၀၂၇) ခုနှစ်တွင် အသွင်ပြောင်းနိုင်ရန် အပြင်းအထန် ကြိုးပမ်းနေပြီး အဆင့်မြင့် လေယာဉ်တင် သင်္ဘောများ၊ ပဉ္စမမျိုးဆက် တိုက်လေယာဉ်များနှင့် နျူကလီးယား လက်နက်တိုက်များကို အကြီး အကျယ်တိုးချဲ့တည် ဆောက်နေခြင်း ဖြစ်ကြောင်း သိရသည်။
တရုတ်တိုင်ပေအရေးနှင့် ပတ်သက်၍ အင်အားသုံး ဖြေရှင်းနိုင်ခြေကိုချန်လှပ်မထားခြင်း၊ တောင်တရုတ် ပင်လယ်အတွင်း နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှုများ ကြီးထွားလာခြင်းနှင့် အမေရိကန်နှင့် အင်အားပြိုင်ဆိုင်မှုများ ပြင်းထန်လာခြင်းတို့က တရုတ်အစိုးရကို စစ်ရေးအသုံးစရိတ် ဆက်တိုက်မြှင့်တင်ရန် တွန်းအားပေးလျက်ရှိ နေကြောင်း သိရသည်။ တရုတ်အစိုးရက တရားဝင် ကြေညာထားသော စစ်ရေးဘတ်ဂျက်မှာ (၂၄၉) ဘီလျံဟု ဆိုသော်လည်း၊ နိုင်ငံတကာ စစ်ရေးလေ့ လာစောင့်ကြည့်သူများကမူ မြေပြင်အမှန်တကယ် အသုံးစရိတ်မှပိုနိုင်ကြောင်း ခန့်မှန်း ထားသည်။ တရုတ်နိုင်ငံသည် ပြီးခဲ့သောနှစ်များအတွင်း ဖိလစ်ပိုင်၊ တရုတ်တိုင်ပေ၊ အမေရိကန်၊ ဂျပန်နိုင်ငံ တို့နှင့် အငြင်းပွားမှုများ တင်းမာမူများ ပိုမို ဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံသည် အမေရိကန်ပြီးလျှင် ကမ္ဘာပေါ်တွင် စစ်ရေး အသုံးစရိတ် ဒုတိယအများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေကြောင်း သိရသည်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံ၏ စစ္ေရးအသုံးစရိတ္က (၁၅) ႏွစ္အတြင္း ယခင္ထက္ (၃) ဆေက်ာ္ ျမင့္တက္လာေနဟုဆို
ဂ်န္ဇက္ (NP News) - မတ္ ၂
တ႐ုတ္ႏိုင္ငံ၏ စစ္ေရးအသုံးစရိတ္သည္ ၿပီးခဲ့သည့္ (၁၅) ႏွစ္အတြင္း အရွိန္အဟုန္ျဖင့္ ျမင့္တက္လာခဲ့ေၾကာင္း ကိန္းဂဏန္း အခ်က္အလက္မ်ားအရ သိရသည္။ (၂၀၁၀) ျပည့္ႏွစ္က အေမရိကန္ေဒၚလာ (၇၆) ဘီလ်ံသာရွိခဲ့ေသာ တ႐ုတ္၏ တရားဝင္ ကာကြယ္ေရးဘတ္ဂ်က္သည္ ယခု (၂၀၂၅) ခုႏွစ္ တြင္ အေမရိကန္ေဒၚလာ (၂၄၉) ဘီလ်ံအထိ စံခ်ိန္တင္ ေရာက္ရွိလာခဲ့ေၾကာင္း သိရသည္။
သမၼတရွီက်င့္ဖ်င္၏ ဦးေဆာင္မႈေအာက္တြင္ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ (PLA) ကို “ကမာၻ႔အဆင့္မီ စစ္တပ္” အျဖစ္ (၂၀၂၇) ခုႏွစ္တြင္ အသြင္ေျပာင္းႏိုင္ရန္ အျပင္းအထန္ ႀကိဳးပမ္းေနၿပီး အဆင့္ျမင့္ ေလယာဥ္တင္ သေဘၤာမ်ား၊ ပၪၥမမ်ိဳးဆက္ တိုက္ေလယာဥ္မ်ားႏွင့္ န်ဴကလီးယား လက္နက္တိုက္မ်ားကို အႀကီး အက်ယ္တိုးခ်ဲ႕တည္ ေဆာက္ေနျခင္း ျဖစ္ေၾကာင္း သိရသည္။
တ႐ုတ္တိုင္ေပအေရးႏွင့္ ပတ္သက္၍ အင္အားသုံး ေျဖရွင္းႏိုင္ေျခကိုခ်န္လွပ္မထားျခင္း၊ ေတာင္တ႐ုတ္ ပင္လယ္အတြင္း နယ္ေျမပိုင္ဆိုင္မႈ အျငင္းပြားမႈမ်ား ႀကီးထြားလာျခင္းႏွင့္ အေမရိကန္ႏွင့္ အင္အားၿပိဳင္ဆိုင္မႈမ်ား ျပင္းထန္လာျခင္းတို႔က တ႐ုတ္အစိုးရကို စစ္ေရးအသုံးစရိတ္ ဆက္တိုက္ျမႇင့္တင္ရန္ တြန္းအားေပးလ်က္ရွိ ေနေၾကာင္း သိရသည္။ တ႐ုတ္အစိုးရက တရားဝင္ ေၾကညာထားေသာ စစ္ေရးဘတ္ဂ်က္မွာ (၂၄၉) ဘီလ်ံဟု ဆိုေသာ္လည္း၊ ႏိုင္ငံတကာ စစ္ေရးေလ့ လာေစာင့္ၾကည့္သူမ်ားကမူ ေျမျပင္အမွန္တကယ္ အသုံးစရိတ္မွပိုႏိုင္ေၾကာင္း ခန႔္မွန္း ထားသည္။ တ႐ုတ္ႏိုင္ငံသည္ ၿပီးခဲ့ေသာႏွစ္မ်ားအတြင္း ဖိလစ္ပိုင္၊ တ႐ုတ္တိုင္ေပ၊ အေမရိကန္၊ ဂ်ပန္ႏိုင္ငံ တို႔ႏွင့္ အျငင္းပြားမႈမ်ား တင္းမာမူမ်ား ပိုမို ျဖစ္လာခဲ့သည္။ တ႐ုတ္ႏိုင္ငံသည္ အေမရိကန္ၿပီးလွ်င္ ကမာၻေပၚတြင္ စစ္ေရး အသုံးစရိတ္ ဒုတိယအမ်ားဆုံးႏိုင္ငံအျဖစ္ ဆက္လက္ရပ္တည္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.