အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင်ရှိသည့် ကမ္ဘာ့အသက်အကြီးဆုံး ရေဝက်

 170

Pika (NP News) - မတ် ၂

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ငါးပြတိုက်တစ်ခုရှိ အသက်အနည်းဆုံး (၇၁)နှစ်ရှိပြီ ဖြစ်သော ရေဝက် တစ်ကောင်သည် မှတ်တမ်းတင်ဖူး သမျှထဲတွင် ကမ္ဘာ့အသက်အကြီးဆုံးရေဝက်တစ် ကောင်ဖြစ်ကြောင်း ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့က တရားဝင်အတည်ပြုပေးခဲ့သည်။

ရိုမီယိုဟုအမည်ပေးထားသော ရေဝက်ကို ခန့်မှန်းခြေ အသက်(၂)နှစ် မှ (၅)နှစ်ကြားအရွယ်တွင် ဂင်းနစ်စံချိန်မှတ်တမ်း အဖွဲ့က အိုကာလိုဆာကျွန်းတွင် (၁၉၅၇)ခုနှစ်က စတင် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်းလည်းသိရသည်။လက်ရှိအချိန်တွင် ရိုမီယိုသည် အသက်အနည်း ဆုံး(၇၁)နှစ်ရှိပြီဖြစ်ပြီး မှတ်တမ်းတင်ဖူး သမျှထဲတွင် ကမ္ဘာ့အသက်အကြီးဆုံးရေဝက်တစ်ကောင်ဖြစ်ကြောင်း ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့က ပြောကြားခဲ့သည်။ ရိုမီယိုသည် မိုင်ယာမီပင်လယ်ငါးပြတိုက်တွင် ၎င်း၏ ဘဝအချိန်အများစုကို ကုန်ဆုံးခဲ့ပြီး (၂၀၂၃)ခုနှစ်တွင် Tampa တိရစ္ဆာန်ရုံသို့ပြောင်းရွှေ့ခဲ့ပြီးနောက် (၂၀၂၅)ခုနှစ်တွင် Gulfarium ငါးပြတိုက်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

Gulfarium ငါးပြတိုက်ဥက္ကဋ္ဌ ပက်ထရစ်ဘယ်ရီက ‘ရိုမီယိုကို ပြုစုစောင့်ရှောက်ခွင့်ရတဲ့အတွက် ကျွန်တော်တို့ အရမ်းကို ဂုဏ်ယူမိပါတယ်။ ရိုမီယိုက လူအများအပြားရဲ့ဂရုစိုက်မှုကို ခံခဲ့ရပြီး နှစ်ပေါင်းများ စွာကြာအောင် သမုဒ္ဒရာ ထိန်းသိမ်းရေးအတွက် လှုံ့ဆော်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ Gulfarium ငါးပြ တိုက်မှာ မျိုးတုံးလုနီးပါးဖြစ်နေတဲ့ ရေဝက်မျိုး စိတ်ကို ဆက်လက်ထိန်းသိမ်းခွင့်ရတာက တကယ်ကိုကံ ကောင်းပါတယ်’ဟုပြောဆိုခဲ့သည်။ ယခင်က ကမ္ဘာ့အသက်အကြီးဆုံးရေဝက်ဖြစ်သော စနူတီသည် (၂၀၁၇)ခုနှစ် ဇူလိုင်လတွင် သေဆုံးသွားခဲ့ပြီး သေဆုံးသည့်အချိန်တွင် အသက် (၆၉)နှစ်နှင့်(၂)ရက်ရှိ ပြီဖြစ်ကြောင်း သိရသည်။

Zawgyi Version;
အေမရိကန္ႏိုင္ငံ ဖေလာ္ရီဒါျပည္နယ္တြင္ရွိသည့္ ကမာၻ႔အသက္အႀကီးဆုံး ေရဝက္
Pika (NP News) - မတ္ ၂
အေမရိကန္ႏိုင္ငံ ဖေလာ္ရီဒါျပည္နယ္ ငါးျပတိုက္တစ္ခုရွိ အသက္အနည္းဆုံး (၇၁)ႏွစ္ရွိၿပီ ျဖစ္ေသာ ေရဝက္ တစ္ေကာင္သည္ မွတ္တမ္းတင္ဖူး သမွ်ထဲတြင္ ကမာၻ႔အသက္အႀကီးဆုံးေရဝက္တစ္ ေကာင္ျဖစ္ေၾကာင္း ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕က တရားဝင္အတည္ျပဳေပးခဲ့သည္။

႐ိုမီယိုဟုအမည္ေပးထားေသာ ေရဝက္ကို ခန႔္မွန္းေျခ အသက္(၂)ႏွစ္ မွ (၅)ႏွစ္ၾကားအ႐ြယ္တြင္ ဂင္းနစ္စံခ်ိန္မွတ္တမ္း အဖြဲ႕က အိုကာလိုဆာကြၽန္းတြင္ (၁၉၅၇)ခုႏွစ္က စတင္ ေတြ႕ရွိခဲ့ျခင္း ျဖစ္ေၾကာင္းလည္းသိရသည္။လက္ရွိအခ်ိန္တြင္ ႐ိုမီယိုသည္ အသက္အနည္း ဆုံး(၇၁)ႏွစ္ရွိၿပီျဖစ္ၿပီး မွတ္တမ္းတင္ဖူး သမွ်ထဲတြင္ ကမာၻ႔အသက္အႀကီးဆုံးေရဝက္တစ္ေကာင္ျဖစ္ေၾကာင္း ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕က ေျပာၾကားခဲ့သည္။ ႐ိုမီယိုသည္ မိုင္ယာမီပင္လယ္ငါးျပတိုက္တြင္ ၎၏ ဘဝအခ်ိန္အမ်ားစုကို ကုန္ဆုံးခဲ့ၿပီး (၂၀၂၃)ခုႏွစ္တြင္ Tampa တိရစာၦန္႐ုံသို႔ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ (၂၀၂၅)ခုႏွစ္တြင္ Gulfarium ငါးျပတိုက္သို႔ ေရာက္ရွိလာခဲ့ျခင္းျဖစ္ေၾကာင္း သိရ သည္။

Gulfarium ငါးျပတိုက္ဥကၠ႒ ပက္ထရစ္ဘယ္ရီက ‘႐ိုမီယိုကို ျပဳစုေစာင့္ေရွာက္ခြင့္ရတဲ့အတြက္ ကြၽန္ေတာ္တို႔ အရမ္းကို ဂုဏ္ယူမိပါတယ္။ ႐ိုမီယိုက လူအမ်ားအျပားရဲ႕ဂ႐ုစိုက္မႈကို ခံခဲ့ရၿပီး ႏွစ္ေပါင္းမ်ား စြာၾကာေအာင္ သမုဒၵရာ ထိန္းသိမ္းေရးအတြက္ လႈံ႕ေဆာ္မႈတစ္ခုျဖစ္ခဲ့ပါတယ္။ Gulfarium ငါးျပ တိုက္မွာ မ်ိဳးတုံးလုနီးပါးျဖစ္ေနတဲ့ ေရဝက္မ်ိဳး စိတ္ကို ဆက္လက္ထိန္းသိမ္းခြင့္ရတာက တကယ္ကိုကံ ေကာင္းပါတယ္’ဟုေျပာဆိုခဲ့သည္။ ယခင္က ကမာၻ႔အသက္အႀကီးဆုံးေရဝက္ျဖစ္ေသာ စႏူတီသည္ (၂၀၁၇)ခုႏွစ္ ဇူလိုင္လတြင္ ေသဆုံးသြားခဲ့ၿပီး ေသဆုံးသည့္အခ်ိန္တြင္ အသက္ (၆၉)ႏွစ္ႏွင့္(၂)ရက္ရွိ ၿပီျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.