ရုရှားနှင့် တရုတ်တို့၏ ကာကွယ်ရေးစနစ်များ အမေရိကန်ကို မယှဉ်နိုင်ခဲ့ဟု အမေရိကန်သမ္မတပြော

 438

ဂျန်ဇက် (NP News) - မတ် ၂

ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုကိုဝင်ရောက်ဖမ်းဆီးခဲ့သည့် ‘Operation Absolute Resolve’ စစ်ဆင် ရေးအတွင်း ရုရှားနှင့် တရုတ်နိုင်ငံတို့မှထောက်ပံ့ထားသော အဆင့်မြင့်လေကြောင်း ရန်ကာကွယ်ရေးစနစ်များကို အမေရိကန်တပ်ဖွဲ့များက လုံးဝအစွမ်းမဲ့သွားစေရန်လုပ်ပြခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော် ပြောဆိုလိုက်သည်။
အမေရိကန်လေတပ်နှင့် အထူးတပ်ဖွဲ့ဝင်များ ပူးပေါင်းဆင်နွှဲခဲ့သည့် အဆိုပါ လျှပ်တစ်ပြက် စစ်ဆင်ရေးသည် လက်တင်အမေရိကသမိုင်းတွင် ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံးသော စစ်ရေး လှုပ်ရှားမှုတစ်ခုဖြစ်လာခဲ့ကာ ရဟတ်ယာဉ်များ၊ စစ် လေယာဉ် အစင်း (၁၅၀)ကျော်အသုံးပြုခဲ့ပြီး စုစုပေါင်း နှစ်နာရီခွဲခန့်သာ ကြာမြင့်ခဲ့ကြောင်း သိရသည်။
အမေရိကန်သမ္မတ ထရမ့်က ဗင်နီဇွဲလား စစ်တပ်အသုံးပြုနေသော ရုရှားလုပ် Buk-M2E ဒုံး ကျည်စနစ်များနှင့် တရုတ်ထုတ် JY-27 ရေဒါစနစ် များသည် အမေရိကန်၏ဝင်ရောက်စီးနင်းမှုကို ဟန့်တားနိုင်စွမ်းမရှိဘဲ ‘လုံးဝ အလုပ် မလုပ်ခဲ့ကြောင်း ထောက်ပြဝေဖန်ခဲ့သည်။ သမ္မထရမ့်၏ ပြောဆိုချက် သည် အမေရိကန်စစ်တပ်၏စွမ်းရည်ကို ပြသလိုက် ခြင်းဖြစ်သလို မော်စကိုနှင့် ပေကျင်းတို့၏ စစ်လက်နက်တင်ပို့မှု အရည်အသွေးအပေါ် တိုက်ရိုက်ထိုးနှက် လိုက်ခြင်း ဖြစ်သည်ဟု နိုင်ငံတကာသတင်းမီဒီယာများက ဖော်ပြနေသည်။
အမေရိကန်တပ်ဖွဲ့များအနေဖြင့် အဆိုပါ ရေဒါစနစ်များကို အီလက်ထရွန်နစ် စစ်ဆင်ရေးနည်း ဗျူဟာများဖြင့် နှောင့်ယှက်ဖြတ်တောက်ခဲ့ကြောင်း သိရသည်။ အမေရိကန်၏ အဆိုပါစစ်ဆင်ရေးကို တရုတ်နှင့် ရုရှားလေ ကြောင်းရန်ကာကွယ်ရေးစနစ်များက မတားဆီးနိုင်ခဲ့ခြင်းသည့် တရုတ်တိုင်ပေ အရေးနှင့်ပတ်သက်ပြီး တရုတ်အစိုးရ အတွက် ကြီးမားသော စစ်ရေးသတိပေးချက်တစ်ခု ဖြစ်လာနိုင် ဖွယ်ရှိနေသည်။ သမ္မတထရမ့်က အဆိုပါစစ်ဆင်ရေး အတွင်း စက်သေနတ်ဒဏ်ရာ လေးချက်ရရှိခဲ့သော်လည်း တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့သည့် CH-47 Chinook ရဟတ်ယာဉ်မှူး Eric Slover အား အမေရိကန်စစ်တပ်၏ အမြင့်ဆုံးစွမ်းရည် သတ္တိဆိုင်ရာ Medal of Hono ဆုတံဆိပ်ကို ဂုဏ်ပြုချီး မြှင့်ခဲ့ကြာင်းသိရသည်။

Zawgyi Version;
႐ုရွားႏွင့္ တ႐ုတ္တို႔၏ ကာကြယ္ေရးစနစ္မ်ား အေမရိကန္ကို မယွဥ္ႏိုင္ခဲ့ဟု အေမရိကန္သမၼတေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၂

ဗင္နီဇြဲလားသမၼတ နီကိုးလပ္စ္ မာဒူ႐ိုကိုဝင္ေရာက္ဖမ္းဆီးခဲ့သည့္ ‘Operation Absolute Resolve’ စစ္ဆင္ ေရးအတြင္း ႐ုရွားႏွင့္ တ႐ုတ္ႏိုင္ငံတို႔မွေထာက္ပံ့ထားေသာ အဆင့္ျမင့္ေလေၾကာင္း ရန္ကာကြယ္ေရးစနစ္မ်ားကို အေမရိကန္တပ္ဖြဲ႕မ်ားက လုံးဝအစြမ္းမဲ့သြားေစရန္လုပ္ျပခဲ့ေၾကာင္း အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ ေျပာဆိုလိုက္သည္။
အေမရိကန္ေလတပ္ႏွင့္ အထူးတပ္ဖြဲ႕ဝင္မ်ား ပူးေပါင္းဆင္ႏႊဲခဲ့သည့္ အဆိုပါ လွ်ပ္တစ္ျပက္ စစ္ဆင္ေရးသည္ လက္တင္အေမရိကသမိုင္းတြင္ ဆယ္စုႏွစ္မ်ားစြာအတြင္း အႀကီးမားဆုံးေသာ စစ္ေရး လႈပ္ရွားမႈတစ္ခုျဖစ္လာခဲ့ကာ ရဟတ္ယာဥ္မ်ား၊ စစ္ ေလယာဥ္ အစင္း (၁၅၀)ေက်ာ္အသုံးျပဳခဲ့ၿပီး စုစုေပါင္း ႏွစ္နာရီခြဲခန႔္သာ ၾကာျမင့္ခဲ့ေၾကာင္း သိရသည္။
အေမရိကန္သမၼတ ထရမ့္က ဗင္နီဇြဲလား စစ္တပ္အသုံးျပဳေနေသာ ႐ုရွားလုပ္ Buk-M2E ဒုံး က်ည္စနစ္မ်ားႏွင့္ တ႐ုတ္ထုတ္ JY-27 ေရဒါစနစ္ မ်ားသည္ အေမရိကန္၏ဝင္ေရာက္စီးနင္းမႈကို ဟန႔္တားႏိုင္စြမ္းမရွိဘဲ ‘လုံးဝ အလုပ္ မလုပ္ခဲ့ေၾကာင္း ေထာက္ျပေဝဖန္ခဲ့သည္။ သမၼထရမ့္၏ ေျပာဆိုခ်က္ သည္ အေမရိကန္စစ္တပ္၏စြမ္းရည္ကို ျပသလိုက္ ျခင္းျဖစ္သလို ေမာ္စကိုႏွင့္ ေပက်င္းတို႔၏ စစ္လက္နက္တင္ပို႔မႈ အရည္အေသြးအေပၚ တိုက္႐ိုက္ထိုးႏွက္ လိုက္ျခင္း ျဖစ္သည္ဟု ႏိုင္ငံတကာသတင္းမီဒီယာမ်ားက ေဖာ္ျပေနသည္။
အေမရိကန္တပ္ဖြဲ႕မ်ားအေနျဖင့္ အဆိုပါ ေရဒါစနစ္မ်ားကို အီလက္ထ႐ြန္နစ္ စစ္ဆင္ေရးနည္း ဗ်ဴဟာမ်ားျဖင့္ ေႏွာင့္ယွက္ျဖတ္ေတာက္ခဲ့ေၾကာင္း သိရသည္။ အေမရိကန္၏ အဆိုပါစစ္ဆင္ေရးကို တ႐ုတ္ႏွင့္ ႐ုရွားေလ ေၾကာင္းရန္ကာကြယ္ေရးစနစ္မ်ားက မတားဆီးႏိုင္ခဲ့ျခင္းသည့္ တ႐ုတ္တိုင္ေပ အေရးႏွင့္ပတ္သက္ၿပီး တ႐ုတ္အစိုးရ အတြက္ ႀကီးမားေသာ စစ္ေရးသတိေပးခ်က္တစ္ခု ျဖစ္လာႏိုင္ ဖြယ္ရွိေနသည္။ သမၼတထရမ့္က အဆိုပါစစ္ဆင္ေရး အတြင္း စက္ေသနတ္ဒဏ္ရာ ေလးခ်က္ရရွိခဲ့ေသာ္လည္း တာဝန္ကို ေအာင္ျမင္စြာ ထမ္းေဆာင္ႏိုင္ခဲ့သည့္ CH-47 Chinook ရဟတ္ယာဥ္မႉး Eric Slover အား အေမရိကန္စစ္တပ္၏ အျမင့္ဆုံးစြမ္းရည္ သတၱိဆိုင္ရာ Medal of Hono ဆုတံဆိပ္ကို ဂုဏ္ျပဳခ်ီး ျမႇင့္ခဲ့ၾကာင္းသိရသည္။

Related news

© 2021. All rights reserved.