အမေရိကန်နှင့်ဆွေးနွေးရန် လမ်းဖွင့်ထားဟု မြောက်ကိုရီးယားခေါင်းဆောင်ပြော

 125

ဂျန်ဇက် (NP News) - မတ် ၂

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံ အန်းသည် နိုင်ငံ၏ (၉)ကြိမ်မြောက် အလုပ်သမားပါတီ ကွန်ဂရက်တွင် အပိတ်မိန့်ခွန်းပြောဆိုခဲ့ရာ အမေရိကန်နှင့်ဆွေးနွေးညှိနှိုင်းမှုများလုပ်ရန် လမ်းဖွင့်ထားကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
အမေရိကန်အနေဖြင့် မြောက်ကိုရီး ယားကို “နျူကလီးယားပိုင်ဆိုင်တဲ့ နိုင်ငံ” အဖြစ် တရားဝင် အသိအမှတ် ပြုရန်နှင့် ရန်လိုတဲ့မူဝါဒများ ကို စွန့်လွှတ်ရန်တင်းကြပ်သော ကန့်သတ်ချက်တွေ ကို တောင်းဆိုလိုက်ကြောင်းသိရသည်။ ကင်ဂျုံအန်က မြောက်ကိုရီးယားအနေဖြင့် အမေရိကန်၏တုံ့ ပြန်မှုအပေါ်မူတည်ပြီး “ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင် ရေး (သို့မဟုတ်) ထာဝရ ထိပ်တိုက်ရင်ဆိုင်ရေး” ဆိုသော လမ်းကြောင်းနှစ်ခုလုံးအတွက် အဆင်သင့်ရှိနေကြောင်း သိရသည်။
နျူကလီးယား မူဝါဒ နျူကလီးယား လက်နက်စွန့်လွှတ်ရေးဆိုသော အမေရိကန်၏တောင်း ဆိုချက်ကို လုံးဝ ပယ်ချလိုက်ပြီး၊ နိုင်ငံ၏နျူကလီး ယားအင်အားကို ဆက်လက်တိုးချဲ့သွားမည်ဖြစ် ကြောင်း ကင်ဂျုံအန်က ကြေညာ ခဲ့သည်။ ကင်ဂျုံအန်က တောင်ကိုရီးယားကို “ရန်လိုသောအဖွဲ့ အစည်းအဖြစ် တံဆိပ်ကပ်ခဲ့ပြီးနောင်တွင်ပြန် လည်သင့်မြတ်ရေး သို့မဟုတ် ပူးပေါင်းဆောင် ရွက်ရေးလုပ်စရာအကြောင်း လုံးဝမရှိတော့ဘူးဟု ပြောသည်။
မြောက်ကိုရီးယားရဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာရင် တောင်ကိုရီးယားကို အလုံးစုံ ဖျက်ဆီးပစ်မည်ဖြစ်ကြောင်း မြောက်ကိုရီးယား ခေါင်းဆောင်ကခြိမ်းခြောက်ခဲ့သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက အမေရိ ကန်အနေဖြင့် မြောက်ကိုရီးယားအပါအဝင် နိုင်ငံတကာခေါင်းဆောင်များ၏ အသံကို နားထောင်ရန်နှင့်ဆွေးနွေးရန် အဆင်သင့်ရှိကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။

Zawgyi Version;
အေမရိကန္ႏွင့္ေဆြးေႏြးရန္ လမ္းဖြင့္ထားဟု ေျမာက္ကိုရီးယားေခါင္းေဆာင္ေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၂
ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံ အန္းသည္ ႏိုင္ငံ၏ (၉)ႀကိမ္ေျမာက္ အလုပ္သမားပါတီ ကြန္ဂရက္တြင္ အပိတ္မိန႔္ခြန္းေျပာဆိုခဲ့ရာ အေမရိကန္ႏွင့္ေဆြးေႏြးညႇိႏႈိင္းမႈမ်ားလုပ္ရန္ လမ္းဖြင့္ထားေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
အေမရိကန္အေနျဖင့္ ေျမာက္ကိုရီး ယားကို “န်ဴကလီးယားပိုင္ဆိုင္တဲ့ ႏိုင္ငံ” အျဖစ္ တရားဝင္ အသိအမွတ္ ျပဳရန္ႏွင့္ ရန္လိုတဲ့မူဝါဒမ်ား ကို စြန႔္လႊတ္ရန္တင္းၾကပ္ေသာ ကန႔္သတ္ခ်က္ေတြ ကို ေတာင္းဆိုလိုက္ေၾကာင္းသိရသည္။ ကင္ဂ်ဳံအန္က ေျမာက္ကိုရီးယားအေနျဖင့္ အေမရိကန္၏တုံ႔ ျပန္မႈအေပၚမူတည္ၿပီး “ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲ ေနထိုင္ ေရး (သို႔မဟုတ္) ထာဝရ ထိပ္တိုက္ရင္ဆိုင္ေရး” ဆိုေသာ လမ္းေၾကာင္းႏွစ္ခုလုံးအတြက္ အဆင္သင့္ရွိေနေၾကာင္း သိရသည္။
န်ဴကလီးယား မူဝါဒ န်ဴကလီးယား လက္နက္စြန႔္လႊတ္ေရးဆိုေသာ အေမရိကန္၏ေတာင္း ဆိုခ်က္ကို လုံးဝ ပယ္ခ်လိုက္ၿပီး၊ ႏိုင္ငံ၏န်ဴကလီး ယားအင္အားကို ဆက္လက္တိုးခ်ဲ႕သြားမည္ျဖစ္ ေၾကာင္း ကင္ဂ်ဳံအန္က ေၾကညာ ခဲ့သည္။ ကင္ဂ်ဳံအန္က ေတာင္ကိုရီးယားကို “ရန္လိုေသာအဖြဲ႕ အစည္းအျဖစ္ တံဆိပ္ကပ္ခဲ့ၿပီးေနာင္တြင္ျပန္ လည္သင့္ျမတ္ေရး သို႔မဟုတ္ ပူးေပါင္းေဆာင္ ႐ြက္ေရးလုပ္စရာအေၾကာင္း လုံးဝမရွိေတာ့ဘူးဟု ေျပာသည္။
ေျမာက္ကိုရီးယားရဲ႕ လုံၿခဳံေရးကို ၿခိမ္းေျခာက္လာရင္ ေတာင္ကိုရီးယားကို အလုံးစုံ ဖ်က္ဆီးပစ္မည္ျဖစ္ေၾကာင္း ေျမာက္ကိုရီးယား ေခါင္းေဆာင္ကၿခိမ္းေျခာက္ခဲ့သည္။ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး မာကို႐ူဘီယိုက အေမရိ ကန္အေနျဖင့္ ေျမာက္ကိုရီးယားအပါအဝင္ ႏိုင္ငံတကာေခါင္းေဆာင္မ်ား၏ အသံကို နားေထာင္ရန္ႏွင့္ေဆြးေႏြးရန္ အဆင္သင့္ရွိေၾကာင္း တုံ႔ျပန္ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.