BTS အဖွဲ့ဝင် ဂျင် က တွမ်ခရုစ့်ကို သူ့ရဲ့ရှိုး 'Run Jin' မှာ ပါဝင်ဖို့ ဖိတ်ခေါ်

 263

ရောင်နီ (NP News) - မေ ၂၂
BTS အဖွဲ့ဝင် ဂျင်ဟာ သူ့ရဲ့ရှိုး 'Run Jin' မှာ ဧည့်သည်တော်အဖြစ် တွမ်ခရုစ့်ကို ဖိတ်ခေါ်ထားပြီး ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။
ဒီအကြောင်းကို ဂျင်က မေလ ၁၂ ရက်က လာမည့်သီတင်းပတ် Jin's variety show 'Run Jin' မှာ ဟောလိဝုဒ် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ တွမ်ခရုစ် ပါဝင်လာမယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန် တွမ်ခရုစ့်ကလည်း ရုပ်ရှင် "'Mission: Impossible – The Final Reckoning" အတွက် တောင်ကိုရီးယားကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
ဒီ ပူးပေါင်းမှုဟာ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တစ်ခုအဖြစ် ပရိသတ်တွေ အံ့အားသင့်ခဲ့ရပါတယ်။
မကြာသေးခင်က ဂျင်ရဲ့ အသေးစိတ် ပြောကြားချက်အရ ဂျင်ရဲ့ ရှိုးမှာ တွမ်ခရစ် ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်နိုင်ဖို့ ဖြစ်နိုင်ချေ ရှိ/မရှိကို တွမ်ခရုစ်ရဲ့အဖွဲ့က စတင်ဆက်သွယ်ခဲ့တာဖြစ်ပြီး ဂျင်က လက်ခံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တွမ်ခရုစ်ကလည်း မကြာသေးမီက အင်တာဗျူးတစ်ခုမှာ BTS က "အရမ်းကို အရည်အချင်းရှိပြီး အရမ်းတော်တယ်၊ လူကိုကြည့်ရတာ ပျော်စရာကောင်းတယ်၊ ကြိုးကြိုးစားစား လုပ်တယ်။ အရမ်းမိုက်တယ်" လို့ ချီးကျုးခဲ့ပါသေးတယ်။
ဒါအပြင် ဂျင် ဟာ "Mission Impossible" ဇာတ်ကားသစ် အထူးအကြိုပြသမှုကိုလည်း ကြည့်ရှုခွင့် ရခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
ရောင်နီ (NP News) - မေ ၂၂

Related news

© 2021. All rights reserved.