စစ်မှုထမ်း ပြီးပြီးချင်းမှာပဲ 'Directors Cut Awards' မှာ 'တစ်နှစ်တာအကောင်းဆုံးအမျိုးသားသရုပ်ဆောင်အသစ်' ဆု ရရှိခဲ့တဲ့ လီဒိုဟွန်း

 327

ရောင်နီ (NP News) - မေ ၂၃
မေလ ၂၀ ရက်က Directors Guild of Korea (DGK) မှ ကျင်းပပြုလုပ်ခဲ့တဲ့ '23rd Directors Cut Awards' ဆုပေးပွဲမှာ သရုပ်ဆောင် လီဒိုဟွန်းက 'တစ်နှစ်တာ အကောင်းဆုံး သရုပ်ဆောင်သစ်' ဆု ရရှိခဲ့ပါတယ်။
ဒါဟာ လီဒိုဟွန်းအတွက် စစ်မှုထမ်းတာဝန်ပြီးစီးပြီးတဲ့နောက် ပထမဆုံး ရရှိတဲ့ ဆုလည်း ဖြစ်ပါတယ်။ ဆုပေးပွဲကို ဒါရိုက်တာ ကင်ချိုဟီး၊ ဘန်မန်ဒဲတို့က ရုပ်ရှင်နဲ့ပတ်သက်ပြီး အမျိုးအစား ၁၃ ခုအတွက် ဆုတွေပေးအပ်ခဲ့တာဖြစ် ပြီး လီဒိုဟွန်းက 'Exhuma' ဇာတ်ကားမှာ ဘွန်ဂီ ဇာတ်ကောင်နဲ့ တစ်နှစ်တာ အကောင်းဆုံး အမျိုးသား သရုပ်ဆောင်သစ်ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ Exhuma ဇာတ်ကားနဲ့ပဲ မင်းသမီးကင်ဂိုအွန်းက အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆု၊ ဒါရိုက်တာ ဂျောင်ဂျေဟွန်းက အကောင်းဆုံးဒါရိုက်တာဆုနဲ့ အကောင်းဆုံးဇာတ်ညွှန်းတွေလည်း ဆွတ်ခူးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ Directors' Cut Awards တွေ ကို Korea Directors Guild အဖွဲ့ဝင်တွေက တိုက်ရိုက်မဲပေး ဆုံးဖြတ်ကြတာဖြစ်ပါတယ်။
လီဒိုဟွန်း ဟာ ဆိုးလ်မြို့ရှိ Sungshin Women's University Woonjung Green Campus မှာ 'RE: Lee Do Hyun' 'RE: Lee Do Hyun' ဆိုတဲ့ သူ့ရဲ့ အာရှပရိသတ်တွေ့ဆုံပွဲ ခရီးစဉ်ကို စတင်ဦးမှာဖြစ်ပြီး အဲဒီနောက် ဂျကာတာ၊ အိုဆာကာ၊ တိုကျို၊ တိုင်ပေ၊ ဘန်ကောက်၊ ဟောင်ကောင်နဲ့ မနီလာအပါအဝင် အခြားမြို့ (၈) မြို့မှာလည်း ပရိသတ်တွေနဲ့ တိုက်ရိုက်တွေ့ဆုံဦးမယ်လို့ သိရပါတယ်။

Zawgyi Version:
စစ္မႈထမ္း ၿပီးၿပီးခ်င္းမွာပဲ 'Directors Cut Awards' မွာ 'တစ္ႏွစ္တာအေကာင္းဆုံးအမ်ိဳးသားသ႐ုပ္ေဆာင္အသစ္' ဆု ရရွိခဲ့တဲ့ လီဒိုဟြန္း
ေရာင္နီ (NP News) - ေမ ၂၃
ေမလ ၂၀ ရက္က Directors Guild of Korea (DGK) မွ က်င္းပျပဳလုပ္ခဲ့တဲ့ '23rd Directors Cut Awards' ဆုေပးပြဲမွာ သ႐ုပ္ေဆာင္ လီဒိုဟြန္းက 'တစ္ႏွစ္တာ အေကာင္းဆုံး သ႐ုပ္ေဆာင္သစ္' ဆု ရရွိခဲ့ပါတယ္။
ဒါဟာ လီဒိုဟြန္းအတြက္ စစ္မႈထမ္းတာဝန္ၿပီးစီးၿပီးတဲ့ေနာက္ ပထမဆုံး ရရွိတဲ့ ဆုလည္း ျဖစ္ပါတယ္။ ဆုေပးပြဲကို ဒါ႐ိုက္တာ ကင္ခ်ိဳဟီး၊ ဘန္မန္ဒဲတို႔က ႐ုပ္ရွင္နဲ႔ပတ္သက္ၿပီး အမ်ိဳးအစား ၁၃ ခုအတြက္ ဆုေတြေပးအပ္ခဲ့တာျဖစ္ ၿပီး လီဒိုဟြန္းက 'Exhuma' ဇာတ္ကားမွာ ဘြန္ဂီ ဇာတ္ေကာင္နဲ႔ တစ္ႏွစ္တာ အေကာင္းဆုံး အမ်ိဳးသား သ႐ုပ္ေဆာင္သစ္ဆုကို ရရွိခဲ့တာျဖစ္ပါတယ္။ ဒီပြဲမွာ Exhuma ဇာတ္ကားနဲ႔ပဲ မင္းသမီးကင္ဂိုအြန္းက အေကာင္းဆုံးအမ်ိဳးသမီးသ႐ုပ္ေဆာင္ဆု၊ ဒါ႐ိုက္တာ ေဂ်ာင္ေဂ်ဟြန္းက အေကာင္းဆုံးဒါ႐ိုက္တာဆုနဲ႔ အေကာင္းဆုံးဇာတ္ၫႊန္းေတြလည္း ဆြတ္ခူးခဲ့တယ္လို႔ သိရပါတယ္။
အဆိုပါ Directors' Cut Awards ေတြ ကို Korea Directors Guild အဖြဲ႕ဝင္ေတြက တိုက္႐ိုက္မဲေပး ဆုံးျဖတ္ၾကတာျဖစ္ပါတယ္။
လီဒိုဟြန္း ဟာ ဆိုးလ္ၿမိဳ႕ရွိ Sungshin Women's University Woonjung Green Campus မွာ 'RE: Lee Do Hyun' 'RE: Lee Do Hyun' ဆိုတဲ့ သူ႔ရဲ႕ အာရွပရိသတ္ေတြ႕ဆုံပြဲ ခရီးစဥ္ကို စတင္ဦးမွာျဖစ္ၿပီး အဲဒီေနာက္ ဂ်ကာတာ၊ အိုဆာကာ၊ တိုက်ိဳ၊ တိုင္ေပ၊ ဘန္ေကာက္၊ ေဟာင္ေကာင္နဲ႔ မနီလာအပါအဝင္ အျခားၿမိဳ႕ (၈) ၿမိဳ႕မွာလည္း ပရိသတ္ေတြနဲ႔ တိုက္႐ိုက္ေတြ႕ဆုံဦးမယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.