ကျောက်မဲတွင် TNLA တို့ကောက်နေသော အခွန်အခခေါင်းစဉ်များမှာ ရန်ကုန်ထက်ပင်များနေ

658

သန့်ဇင် (NP News) - မေ ၂၄
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ TNLA ထိန်းချုပ်ရာဒေသများတွင် နေထိုင်သူများသည် အခွန်အခများစွာပေးဆောင်ရာ ခြင်းနှင့်ရင်ဆိုင်နေရပြီး ကျောက်မဲမြို့တွင် ၎င်းတို့ကောက်နေသော အခွန်အခခေါင်းစဉ်များမှာ ရန်ကုန်မြို့ထက် ပင်များနေကြောင်း ဒေသခံများထံ NP News က ဆက်သွယ်မေးမြန်းထားချက်အရ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ (၁၁)မြို့ကို TNLA အဖွဲ့က ထိန်းချုပ်ထားပြီး ဒေသခံများအပေါ် ခေါင်းစဉ်အမျိုးမျိုးတပ် ထားသည့်အခွန်များကို ပေးဆောင်ခိုင်းခြင်းများရှိနေကြောင်း သိရသည်။
ထို့ပြင် TNLA ထိန်းချုပ်ထားရာ ကျောက်မဲမြို့တွင်လည်း ရေခွန်၊ မိလ္လာခွန်၊ မီတာခွန်အပြင် အခြားသော အခွန်အခများစွာပေးဆောင်နေရပြီး မြန်မာနိုင်ငံ၏ လူဦးရေအထူထပ်ဆုံး ရန်ကုန်မြို့ထပ်ပင် အခွန်အခများနေ ကြောင်း ရှမ်းမြောက်ဒေသခံတစ်ဦးက ဆိုသည်။
“လက်ရှိအခြေအနေမှာ ကျွန်တော်တို့က သူတို့ထိန်းချုပ်နယ်မြေမှာ ဆီတစ်လီတာ(၆၀၀၀)လောက်ရှိတယ်။ စက်သုံး ဆီအနေအထား ခက်ခဲတဲ့ အနေအထားတစ်ခုပါ။ ဂုတ်သွေးစုပ်တာပေါ့နော်။ ဒီလိုမျိုးအခက်အခဲဖြစ်နေတဲ့ အချိန်မှာ ဒီလိုမျိုးထပ်လုပ်တာက ပိုပြီးဆိုးရွားစေတယ်လို့မြင်တယ်။ မိုးတွင်းကာလဆိုတော့ သူတို့အတွက် ဝင်ငွေနည်းတယ်။ အဲဒါကြောင့် ရတဲ့အခွန်တော့ ကောက်နေတာပဲ။ ကျောက်မဲမှာ ဆိုရင်လည်း အခွန်တွေရှိတယ်။ ရေခွန်၊ မိလ္လာခွန်၊ ကျောင်းဝင် ကြေးစသဖြင့် မျိုးစုံကောက်နေတယ်။ ရန်ကုန်မှာတောင် အဲဒီလောက်မရှိဘူး။ ဈေးမှာဆိုလည်း ဈေးခွန်” အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
ထို့အပြင် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းနှင့် နမ့်ဆန်မြို့တို့တွင်လည်း ပြီးခဲ့သည့် မေလ ၂၅ရက်မှစတင်တကာ ကားလိုင်စင်များ ပြုလုပ်ရမည်ဖြစ်ပြီး ကားအမျိုးအစားအလိုက် အခွန်၊ဝန်ဆောင်ခအနေဖြင့် (၂)သိန်းကျပ်မှ (၅)သိန်းကျပ်အထိ ပေးဆောင်ရမည်ဖြစ်ကြောင်း TNLA က မေလ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။
“ဒေသခံတစ်ယောက်အနေနဲ့ လက်ရှိနယ်မြေမငြိမ်းချမ်းတာလည်းတစ်ပိုင်း။ နောက်တစ်ခုက စားသောက်ကုန်တွေ လောင်စာဆီဈေးတွေ မြင့်တဲ့အပိုင်းကတစ်ပိုင်း။ ပြောရရင် အခက်အခဲဖြစ်နေတယ်။ အခက်ခဲဖြစ်နေတဲ့ကြားက ကားအခွန်အခတွေ၊ မီတာအခွန်အခတွေ ကားလိုင်စင်တစ်ခုတည်းတင်မပြီးပေါ့ဗျ။ နောက်အခွန်တွေက ထပ်လာ သေးတယ်ပေါ့။ ဒီမှာက အခွန်အခများလာတဲ့အပေါ်မှာ ဒေသခံ တွေအပေါ်တော်တော်လေးအခက်အခဲဖြစ်တာ များလာတာပေါ့နော်” ဟု ရှမ်းပြည်နယ်မြောက်ပိုင်းမှ ဒေသခံတစ်ဦးက ပြောသည်။
၎င်းတို့သတ်မှတ်ထားသော စီမံချက်ကာလကို (၆)လသက်မှတ်ထားပြီး ကားလိုင်စင်မလုပ်သူများကိုလည်း အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
ထို့ကြောင့် TNLAထိန်းချုပ်ဒေသများတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းများကြောင့် ဒေသခံများအခက်အခဲများစွာနှင့် ရင်ဆိုင်နေကြရသည့် အပြင် နောင်လာမည့်ကာလတွင်လည်း အခြားသော မြို့နယ်များတွင် အထက်ပါ စီမံချက်ကို ဆက်လက်အကောင် အထည်ဖော်နိုင်ကြောင်း အထက်ပါ သတင်းရင်းမြစ်က သုံးသပ်ပြောဆိုထားသည်။

Zawgyi Version:
ေက်ာက္မဲတြင္ TNLA တို႔ေကာက္ေနေသာ အခြန္အခေခါင္းစဥ္မ်ားမွာ ရန္ကုန္ထက္ပင္မ်ားေန
သန႔္ဇင္ (NP News) - ေမ ၂၄
ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ TNLA ထိန္းခ်ဳပ္ရာေဒသမ်ားတြင္ ေနထိုင္သူမ်ားသည္ အခြန္အခမ်ားစြာေပးေဆာင္ရာ ျခင္းႏွင့္ရင္ဆိုင္ေနရၿပီး ေက်ာက္မဲၿမိဳ႕တြင္ ၎တို႔ေကာက္ေနေသာ အခြန္အခေခါင္းစဥ္မ်ားမွာ ရန္ကုန္ၿမိဳ႕ထက္ ပင္မ်ားေနေၾကာင္း ေဒသခံမ်ားထံ NP News က ဆက္သြယ္ေမးျမန္းထားခ်က္အရ သိရသည္။
ရွမ္းျပည္နယ္ေျမာက္ပိုင္းရွိ (၁၁)ၿမိဳ႕ကို TNLA အဖြဲ႕က ထိန္းခ်ဳပ္ထားၿပီး ေဒသခံမ်ားအေပၚ ေခါင္းစဥ္အမ်ိဳးမ်ိဳးတပ္ ထားသည့္အခြန္မ်ားကို ေပးေဆာင္ခိုင္းျခင္းမ်ားရွိေနေၾကာင္း သိရသည္။
ထို႔ျပင္ TNLA ထိန္းခ်ဳပ္ထားရာ ေက်ာက္မဲၿမိဳ႕တြင္လည္း ေရခြန္၊ မိလႅာခြန္၊ မီတာခြန္အျပင္ အျခားေသာ အခြန္အခမ်ားစြာေပးေဆာင္ေနရၿပီး ျမန္မာႏိုင္ငံ၏ လူဦးေရအထူထပ္ဆုံး ရန္ကုန္ၿမိဳ႕ထပ္ပင္ အခြန္အခမ်ားေန ေၾကာင္း ရွမ္းေျမာက္ေဒသခံတစ္ဦးက ဆိုသည္။
“လက္ရွိအေျခအေနမွာ ကြၽန္ေတာ္တို႔က သူတို႔ထိန္းခ်ဳပ္နယ္ေျမမွာ ဆီတစ္လီတာ(၆၀၀၀)ေလာက္ရွိတယ္။ စက္သုံး ဆီအေနအထား ခက္ခဲတဲ့ အေနအထားတစ္ခုပါ။ ဂုတ္ေသြးစုပ္တာေပါ့ေနာ္။ ဒီလိုမ်ိဳးအခက္အခဲျဖစ္ေနတဲ့ အခ်ိန္မွာ ဒီလိုမ်ိဳးထပ္လုပ္တာက ပိုၿပီးဆိုး႐ြားေစတယ္လို႔ျမင္တယ္။ မိုးတြင္းကာလဆိုေတာ့ သူတို႔အတြက္ ဝင္ေငြနည္းတယ္။ အဲဒါေၾကာင့္ ရတဲ့အခြန္ေတာ့ ေကာက္ေနတာပဲ။ ေက်ာက္မဲမွာ ဆိုရင္လည္း အခြန္ေတြရွိတယ္။ ေရခြန္၊ မိလႅာခြန္၊ ေက်ာင္းဝင္ ေၾကးစသျဖင့္ မ်ိဳးစုံေကာက္ေနတယ္။ ရန္ကုန္မွာေတာင္ အဲဒီေလာက္မရွိဘူး။ ေဈးမွာဆိုလည္း ေဈးခြန္” အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။
ထို႔အျပင္ TNLA ထိန္းခ်ဳပ္ထားသည့္ နမ့္ခမ္းႏွင့္ နမ့္ဆန္ၿမိဳ႕တို႔တြင္လည္း ၿပီးခဲ့သည့္ ေမလ ၂၅ရက္မွစတင္တကာ ကားလိုင္စင္မ်ား ျပဳလုပ္ရမည္ျဖစ္ၿပီး ကားအမ်ိဳးအစားအလိုက္ အခြန္၊ဝန္ေဆာင္ခအေနျဖင့္ (၂)သိန္းက်ပ္မွ (၅)သိန္းက်ပ္အထိ ေပးေဆာင္ရမည္ျဖစ္ေၾကာင္း TNLA က ေမလ ၂၂ ရက္တြင္ ထုတ္ျပန္ထားသည္။
“ေဒသခံတစ္ေယာက္အေနနဲ႔ လက္ရွိနယ္ေျမမၿငိမ္းခ်မ္းတာလည္းတစ္ပိုင္း။ ေနာက္တစ္ခုက စားေသာက္ကုန္ေတြ ေလာင္စာဆီေဈးေတြ ျမင့္တဲ့အပိုင္းကတစ္ပိုင္း။ ေျပာရရင္ အခက္အခဲျဖစ္ေနတယ္။ အခက္ခဲျဖစ္ေနတဲ့ၾကားက ကားအခြန္အခေတြ၊ မီတာအခြန္အခေတြ ကားလိုင္စင္တစ္ခုတည္းတင္မၿပီးေပါ့ဗ်။ ေနာက္အခြန္ေတြက ထပ္လာ ေသးတယ္ေပါ့။ ဒီမွာက အခြန္အခမ်ားလာတဲ့အေပၚမွာ ေဒသခံ ေတြအေပၚေတာ္ေတာ္ေလးအခက္အခဲျဖစ္တာ မ်ားလာတာေပါ့ေနာ္” ဟု ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ ေဒသခံတစ္ဦးက ေျပာသည္။
၎တို႔သတ္မွတ္ထားေသာ စီမံခ်က္ကာလကို (၆)လသက္မွတ္ထားၿပီး ကားလိုင္စင္မလုပ္သူမ်ားကိုလည္း အေရးယူမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားပါသည္။
ထို႔ေၾကာင့္ TNLAထိန္းခ်ဳပ္ေဒသမ်ားတြင္ ကုန္ေဈးႏႈန္းႀကီးျမင့္ျခင္းမ်ားေၾကာင့္ ေဒသခံမ်ားအခက္အခဲမ်ားစြာႏွင့္ ရင္ဆိုင္ေနၾကရသည့္ အျပင္ ေနာင္လာမည့္ကာလတြင္လည္း အျခားေသာ ၿမိဳ႕နယ္မ်ားတြင္ အထက္ပါ စီမံခ်က္ကို ဆက္လက္အေကာင္ အထည္ေဖာ္ႏိုင္ေၾကာင္း အထက္ပါ သတင္းရင္းျမစ္က သုံးသပ္ေျပာဆိုထားသည္။