ငွေမှားလွှဲသူအနေဖြင့် မြဝတီ KBZ ဘဏ်မှတစ်ဆင့် ထုတ်ယူနိုင်ကြောင်း ခိုင်နှင်းဝေ အသိပေး
                        
                            
                             
 48005
 
                             
                            
                            
                         
                        
 
                        Pearl (NP News) - မေ ၂၇
ငွေလွှဲမှားခြင်းအတွက် ငွေမှားလွှဲကြောင်းကို အသင်းဘက်သို့ တရားဝင်အတည်ပြုပြီး ကရင်ပြည်နယ် ၊ မြဝတီမြို့ရှိ  KBZ ဘဏ်မှတစ်ဆင့်  ယခုတစ်ပတ်အတွင်း အတတ်နိုင်ဆုံးလာရောက် ထုတ်ယူနိုင်ကြောင်း ခိုင်နှင်းဝေက ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ယနေ့ (မေလ ၂၇ရက်) က ရေးသားထုတ်ပြန်ထားသည်။ 
“ကိုဝေသူ အနေဖြင့် ကိုယ်တိုင်(သို့) လာနေကျ ကိုယ်စားများလွှတ်ဖို့ ခက်ခဲနေပါက မြဝတီ KBZ ဘဏ်မှ တစ်ဆင့် မှားလွှဲကြောင်းကို အသင်းဘက်သို့ တရားဝင်အတည်ပြု၍ မြဝတီ KBZ ဘဏ်မှတစ်ဆင့် ယခု တစ်ပတ်အတွင်း အတတ်နိုင်ဆုံး လာရောက်၍ထုတ်ယူပေးနိုင်ပါတယ်ရှင်” ဟု ခိုင်နှင်းဝေက ရေးသားထားသည်။ 
အဆိုပါငွေမှားလွှဲခြင်းနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာစွာကိုင်တွယ်ဖြေရှင်းပေးမည်ဖြစ်ကြောင်း  ခိုင်နှင်းဝေက  ၎င်း၏ဖေ့ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် အသိပေးထုတ်ပြန်ပြီးနောက် ယခုကဲ့သို့ ထပ်မံ အသိပေးထုတ်ပြန်ခြင်းဖြစ်သည်။ 
Shar Htet Nwe ဖေ့ဘုတ်ခ်လူမှုကွန်ရက်စာမျက်နှာပိုင်ရှင်ကလည်း ငွေမှားလွှဲမိကြောင်း အချက်အလက်များနှင့်အတူ မေလ (၇) ရက်ကပင် တောင်းယူခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်ကိုတွေ့ရသည်။
“အများနားလည်မှုလွဲနေလို့ပါ ညီမတို့က ကိုဝေသူနဲ့လွှဲပြီး တခြားအကောင့်ထဲကို ပြန်ထည့်ခိုင်းနေတာမဟုတ်ပါဘူးရှင့်။ ကိုဝေသူရဲ့မှတ်ပုံတင်ရှေ့နောက်၊ ဘဏ်စာအုပ်၊ ဘဏ် statement ကိုလည်းပြသခဲ့ပြီးမှ တောင်းတာပါ။ မခိုင်နှင်းဝေရဲ့ဘဏ်ထဲကို ဝင်ပြီးကြောင်းလည်း အတည်ပြုပြီးသားပါ” ဟု Shar Htet Nwe ဖေ့ဘုတ်ခ်လူမှုကွန်ရက်စာမျက်နှာပိုင်ရှင်က ယမန်နေ့ (မေလ ၂၇ ရက်)က ရေးသားဖြန့်ဝေထားသည်ကိုတွေ့ရသည်။
                     
                        
                                
                                
                                        zawgyi version
ေငြမွားလႊဲသူအေနျဖင့္ ျမဝတီ KBZ ဘဏ္မွတစ္ဆင့္ ထုတ္ယူႏိုင္ေၾကာင္း ခိုင္ႏွင္းေဝ အသိေပး
Pearl (NP News) - ေမ ၂၇
ေငြလႊဲမွားျခင္းအတြက္ ေငြမွားလႊဲေၾကာင္းကို အသင္းဘက္သို႔ တရားဝင္အတည္ျပဳၿပီး ကရင္ျပည္နယ္ ၊ ျမဝတီၿမိဳ႕ရွိ  KBZ ဘဏ္မွတစ္ဆင့္  ယခုတစ္ပတ္အတြင္း အတတ္ႏိုင္ဆုံးလာေရာက္ ထုတ္ယူႏိုင္ေၾကာင္း ခိုင္ႏွင္းေဝက ၎၏လူမႈကြန္ရက္စာမ်က္ႏွာမွတစ္ဆင့္ ယေန႔ (ေမလ ၂၇ရက္) က ေရးသားထုတ္ျပန္ထားသည္။ 
“ကိုေဝသူ အေနျဖင့္ ကိုယ္တိုင္(သို႔) လာေနက် ကိုယ္စားမ်ားလႊတ္ဖို႔ ခက္ခဲေနပါက ျမဝတီ KBZ ဘဏ္မွ တစ္ဆင့္ မွားလႊဲေၾကာင္းကို အသင္းဘက္သို႔ တရားဝင္အတည္ျပဳ၍ ျမဝတီ KBZ ဘဏ္မွတစ္ဆင့္ ယခု တစ္ပတ္အတြင္း အတတ္ႏိုင္ဆုံး လာေရာက္၍ထုတ္ယူေပးႏိုင္ပါတယ္ရွင္” ဟု ခိုင္ႏွင္းေဝက ေရးသားထားသည္။ 
အဆိုပါေငြမွားလႊဲျခင္းႏွင့္ပတ္သက္၍ ပြင့္လင္းျမင္သာစြာကိုင္တြယ္ေျဖရွင္းေပးမည္ျဖစ္ေၾကာင္း  ခိုင္ႏွင္းေဝက  ၎၏ေဖ့ဘြတ္ခ္လူမႈကြန္ရက္ စာမ်က္ႏွာမွတစ္ဆင့္ အသိေပးထုတ္ျပန္ၿပီးေနာက္ ယခုကဲ့သို႔ ထပ္မံ အသိေပးထုတ္ျပန္ျခင္းျဖစ္သည္။ 
Shar Htet Nwe ေဖ့ဘုတ္ခ္လူမႈကြန္ရက္စာမ်က္ႏွာပိုင္ရွင္ကလည္း ေငြမွားလႊဲမိေၾကာင္း အခ်က္အလက္မ်ားႏွင့္အတူ ေမလ (၇) ရက္ကပင္ ေတာင္းယူခဲ့ျခင္းျဖစ္ေၾကာင္း ေရးသားထားသည္ကိုေတြ႕ရသည္။
“အမ်ားနားလည္မႈလြဲေနလို႔ပါ ညီမတို႔က ကိုေဝသူနဲ႔လႊဲၿပီး တျခားအေကာင့္ထဲကို ျပန္ထည့္ခိုင္းေနတာမဟုတ္ပါဘူးရွင့္။ ကိုေဝသူရဲ႕မွတ္ပုံတင္ေရွ႕ေနာက္၊ ဘဏ္စာအုပ္၊ ဘဏ္ statement ကိုလည္းျပသခဲ့ၿပီးမွ ေတာင္းတာပါ။ မခိုင္ႏွင္းေဝရဲ႕ဘဏ္ထဲကို ဝင္ၿပီးေၾကာင္းလည္း အတည္ျပဳၿပီးသားပါ” ဟု Shar Htet Nwe ေဖ့ဘုတ္ခ္လူမႈကြန္ရက္စာမ်က္ႏွာပိုင္ရွင္က ယမန္ေန႔ (ေမလ ၂၇ ရက္)က ေရးသားျဖန႔္ေဝထားသည္ကိုေတြ႕ရသည္။