ယူကရိန်းက အနောက်အုပ်စုရဲ့လက်နက်တွေနဲ့ ရုရှားရဲ့စစ်ဘက်ပစ်မှတ်တွေကို လွတ်လွတ်လပ်လပ်တိုက်ခိုက်နိုင်ပြီလို့ ဂျာမနီပြော

860

Pika (NP News) - မေ ၂၈
ရုရှားကိုတိုက်ခိုက်ဖို့အတွက် ယူကရိန်းကို ပေးပို့ခဲ့တဲ့ စစ်လက်နက်ပစ္စည်းတွေအပေါ် ကန့်သတ်ချက်တွေကို အနောက်အုပ်စုနိုင်ငံတွေနဲ့အတူ ဂျာမနီက ရုတ်သိမ်းလိုက်ပြီလို့ ဂျာမန်အဓိပတိ Friedrich Merz က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ယခုလအစောပိုင်းမှာ အဓိပတိဖြစ်လာခဲ့တဲ့ Friedrich Merz ဟာ အနောက်အုပ်စုနိုင်ငံတွေနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ ယူကရိန်းကို စစ်ရေးအရကူညီပံ့ပိုးပေးမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ အစွမ်းကုန်လုပ်ဆောင်သွားမယ်လို့ ကတိပြုခဲ့တာလည်းဖြစ်ပါတယ်။ Friedrich Merz က"ယူကရိန်းကို ပေးပို့ခဲ့တဲ့ စစ်လက်နက်ပစ္စည်းတွေအပေါ် အကွာအဝေးကန့်သတ်မှုတွေကို ကျွန်တော်တို့ရုတ်သိမ်းလိုက်ပါပြီ။ အဲဒါက ယူကရိန်းဟာ ရုရှားမှာရှိတဲ့ စစ်ဘက်ဆိုင်ရာနေရာတွေအပေါ် တိုက်ခိုက်မှုတွေလုပ်ဆောင်ပြီး ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်နိုင်ပြီလို့ ဆိုလိုတာပါ။ လက်ရှိအချိန်မှာ ယူကရိန်းက အဲဒါကို ပွင့်ပွင့်လင်းလင်း လုပ်ဆောင်နိုင်ပါပြီ"လို့ ပြောဆိုခဲ့ပါတယ်။
ဥရောပနိုင်ငံတွေက ယူကရိန်းအတွက် တာဝေးပစ်ဒုံးကျည်တွေအပေါ် ကန့်သတ်မှုတွေကို ရုတ်သိမ်းလိုက်တာဟာ အန္တရာယ်ရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်လို့ ရုရှားအစိုးရက ပြန်လည်တုံ့ပြန်ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အဲဒီလိုမျိုးဆုံးဖြတ်ချက်တွေဟာ ရုရှား-ယူကရိန်းပဋိပက္ခကို နိုင်ငံရေးအရပြေလည်မှုရရှိနိုင်ဖို့ မျှော်မှန်းချက်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်လို့ ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်ကပြောကြားခဲ့ပါတယ်။
zawgyi version
ယူကရိန္းက အေနာက္အုပ္စုရဲ႕လက္နက္ေတြနဲ႔ ႐ုရွားရဲ႕စစ္ဘက္ပစ္မွတ္ေတြကို လြတ္လြတ္လပ္လပ္တိုက္ခိုက္ႏိုင္ၿပီလို႔ ဂ်ာမနီေျပာ
Pika (NP News) - ေမ ၂၈
႐ုရွားကိုတိုက္ခိုက္ဖို႔အတြက္ ယူကရိန္းကို ေပးပို႔ခဲ့တဲ့ စစ္လက္နက္ပစၥည္းေတြအေပၚ ကန႔္သတ္ခ်က္ေတြကို အေနာက္အုပ္စုႏိုင္ငံေတြနဲ႔အတူ ဂ်ာမနီက ႐ုတ္သိမ္းလိုက္ၿပီလို႔ ဂ်ာမန္အဓိပတိ Friedrich Merz က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ယခုလအေစာပိုင္းမွာ အဓိပတိျဖစ္လာခဲ့တဲ့ Friedrich Merz ဟာ အေနာက္အုပ္စုႏိုင္ငံေတြနဲ႔ အနီးကပ္ပူးေပါင္းေဆာင္႐ြက္မႈနဲ႔အတူ ယူကရိန္းကို စစ္ေရးအရကူညီပံ့ပိုးေပးမႈေတြ ဆက္လက္လုပ္ေဆာင္ဖို႔ အစြမ္းကုန္လုပ္ေဆာင္သြားမယ္လို႔ ကတိျပဳခဲ့တာလည္းျဖစ္ပါတယ္။ Friedrich Merz က"ယူကရိန္းကို ေပးပို႔ခဲ့တဲ့ စစ္လက္နက္ပစၥည္းေတြအေပၚ အကြာအေဝးကန႔္သတ္မႈေတြကို ကြၽန္ေတာ္တို႔႐ုတ္သိမ္းလိုက္ပါၿပီ။ အဲဒါက ယူကရိန္းဟာ ႐ုရွားမွာရွိတဲ့ စစ္ဘက္ဆိုင္ရာေနရာေတြအေပၚ တိုက္ခိုက္မႈေတြလုပ္ေဆာင္ၿပီး ကိုယ့္ကိုယ္ကိုယ္ခုခံကာကြယ္ႏိုင္ၿပီလို႔ ဆိုလိုတာပါ။ လက္ရွိအခ်ိန္မွာ ယူကရိန္းက အဲဒါကို ပြင့္ပြင့္လင္းလင္း လုပ္ေဆာင္ႏိုင္ပါၿပီ"လို႔ ေျပာဆိုခဲ့ပါတယ္။
ဥေရာပႏိုင္ငံေတြက ယူကရိန္းအတြက္ တာေဝးပစ္ဒုံးက်ည္ေတြအေပၚ ကန႔္သတ္မႈေတြကို ႐ုတ္သိမ္းလိုက္တာဟာ အႏၲရာယ္ရွိတဲ့ လုပ္ရပ္တစ္ခုျဖစ္တယ္လို႔ ႐ုရွားအစိုးရက ျပန္လည္တုံ႔ျပန္ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ အဲဒီလိုမ်ိဳးဆုံးျဖတ္ခ်က္ေတြဟာ ႐ုရွား-ယူကရိန္းပဋိပကၡကို ႏိုင္ငံေရးအရေျပလည္မႈရရွိႏိုင္ဖို႔ ေမွ်ာ္မွန္းခ်က္ေတြနဲ႔ ဆန႔္က်င္ဘက္ျဖစ္တယ္လို႔ ႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္စေကာ့ဗ္ကေျပာၾကားခဲ့ပါတယ္။