အထင်ကရ နေရာတွေနဲ့ လှပတဲ့ ကမ်းခြေတွေကြောင့် နာမည်ကြီးတဲ့ ဆစ်ဒနီမြို့

 246

Pika (NP News) - မေ ၃ဝ

ဆစ်ဒနီမြို့သည် ဩစတြေးလျနိုင်ငံတွင် လူဦးရေအများဆုံးမြို့တစ်မြို့ဖြစ်ပြီး နယူးဆောက် ဝေးလ်ပြည်နယ်၏ မြို့တော်လည်းဖြစ်ကာ Sydney Harbor တံတား ၊ Sydney Opera House တို့ ကဲ့သို့သော အထင်ကရနေရာများနှင့် လှပသောကမ်းခြေများကြောင့် နာမည်ကျော်ကြားသည့် မြို့တစ် မြို့ဖြစ်သည်။ ဆစ်ဒနီမြို့သည် ဩစတြေးလျနိုင်ငံ၏ အရှေ့ဘက်ကမ်းရိုးတန်းတွင် တည်ရှိကာ Greater Sydney မြို့ပြဧရိယာတွင် ဆင်ခြေဖုံးရပ်ကွက်(၆၅၈)ခုရှိပြီး ဒေသတွင်းအစိုးရ နယ်မြေ(၃၃)ခုအထိ ကျယ်ပြန့်ကြောင်းလည်းသိရ သည်။ (၂၀၂၄)ခုနှစ် ဇွန်လအထိ ဆစ်ဒနီမြို့တွင်နေထိုင်သူလူဦးရေမှာ (၅၅၅၇၂၃၃)ဦးရှိပြီး နယူးဆောက်ဝေးလ်ပြည်နယ် စုစုပေါင်းလူဦးရေ၏ (၆၀) ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။ ထို့ပြင် ဆစ်ဒနီမြို့ကို Emerald City နှင့် Harbour City ဟု နာမည်ပြောင်များဖြင့်လည်း ခေါ်ဆိုကြကြောင်း သိရသည်။

သမိုင်းကြောင်း

Aboriginal Australians များသည် Greater Sydney ဒေသတွင် လွန်ခဲ့သောနှစ်ပေါင်း (၃၀ဝဝဝ) ခန့်က နေထိုင်ခဲ့ကြကြောင်း အထောက်အထားများရှိပြီး ၎င်းတို့၏ ထွင်းထုမှုများနှင့် ယဉ်ကျေး မှုဆိုင်ရာ နေရာများမှာ လက်ရှိအချိန်အထိ တည်ရှိနေဆဲဖြစ်သေးကြောင်း သိရသည်။ ခေတ်သစ် ဆစ်ဒနီ တွင် နေထိုင်လျက်ရှိသည့် နယ်မြေရိုးရာထိန်းသိမ်းသူများမှာ Darug, Dharawal နှင့် Eora မျိုးနွယ်စုများ ဖြစ် ကြောင်း သိရသည်။ (၁၇၈၈)ခုနှစ်တွင် အာသာဖီးလစ်ဦးဆောင်သော ရေတပ်တပ်ဖွဲ့သည် ဆစ်ဒနီ မြို့ကို ဩစတြေးလျတွင် ပထမဆုံးဥရောပအခြေချနေထိုင်ရာ ဗြိတိသျှ ကိုလိုနီနယ်မြေအဖြစ် စတင်တည် ထောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် ဆစ်ဒနီမြို့သည် အစုလိုက် အပြုံလိုက် ရွှေ့ပြောင်း နေထိုင်ခြင်းကို ကြုံတွေ့ခဲ့ရပြီး (၂၀၂၁)ခုနှစ်တွင် ဆစ်ဒနီမြို့လူဦးရေ၏ (၄၀) ရာခိုင်နှုန်း ကျော်မှာ နိုင် ငံရပ်ခြားတွင်မွေးဖွားသူများဖြစ်ကြောင်းသိရသည်။ ဆစ်ဒနီမြို့တွင် ရွှေ့ပြောင်း နေထိုင်သူ အများစုမှာ တရုတ်၊ အိန္ဒိယ၊ ဗြိတိန်၊ ဗီယက်နမ်နှင့်ဖိလစ်ပိုင်နိုင်ငံတို့မှ ဖြစ်ကြောင်းသိရသည်။

ခေတ်သစ်ဆစ်ဒနီ

ဆစ်ဒနီမြို့သည် ကမ္ဘာ့ဈေးအကြီးဆုံးမြို့များထဲမှ တစ်မြို့အဖြစ် ရပ်တည်လျက်ရှိသော်လည်း ၎င်းသည် နေထိုင်ရန်အသင့်တော်ဆုံး ထိပ်တန်းမြို့ (၁၀)မြို့ထဲတွင် မကြာခဏပါဝင်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ဆစ်ဒနီမြို့ကို Alpha+မြို့တစ်မြို့အဖြစ် Globalization and World Cities Research Network က သတ်မှတ်ခဲ့ပြီး ဒေသတွင်းနှင့် ကမ္ဘာတစ်ဝန်းတွင် ၎င်း၏လွှမ်းမိုးမှုများကို ထောက်ပလျက်ရှိကြောင်းသိရသည်။ စီးပွားရေး အခွင့်အလမ်းအတွက် ကမ္ဘာပေါ်တွင် အဆင့်(၁၁) နေရာရှိသော ဆစ်ဒနီမြို့၌ ပညာရေး၊ ဘဏ္ဍာရေး၊ ကုန်ထုတ်လုပ်မှုနှင့် ခရီးသွားလုပ်ငန်းတို့တွင် အားသာ ချက်များရှိသည့် အဆင့်မြင့် ဈေးကွက်စီးပွားရေးတစ်ခုရှိကြောင်းလည်း သိရသည်။ ထို့ပြင် ဆစ်ဒနီ တက္က သိုလ်နှင့်နယူးဆောက်ဝေးလ်တက္ကသိုလ်တို့သည် ကမ္ဘာပေါ်တွင် အဆင့်(၁၈)နှင့်(၁၉)နေရာတွင် အသီး သီး ရပ်တည်လျက်ရှိသည့် တက္ကသိုလ်များ ဖြစ်ကြောင်းလည်း သိရသည်။ ဆစ်ဒနီမြို့သည် (၂၀ဝဝ) ပြည့်နှစ် နွေရာသီအိုလံပစ်ပြိုင်ပွဲ၊(၂၀ဝ၃)ခုနှစ် ရပ်ဘီကမ္ဘာ့ဖလားဗိုလ်လုပွဲနှင့် (၂၀၂၃)ခုနှစ် ဖီဖာအမျိုး သမီး ကမ္ဘာ့ဖလားဗိုလ်လုပွဲတို့ကဲ့သို့သော နိုင်ငံတကာအားကစားပွဲများကို လက်ခံကျင်းပခဲ့သည့်မြို့တစ် မြို့လည်းဖြစ်သည်။ ဆစ်ဒနီမြို့သည် လာရောက်လည် ပတ်မှုအများဆုံး ထိပ်တန်း(၁၅)မြို့ထဲတွင် ပါဝင် ပြီး မြို့၏အထင်ကရ နေရာများကိုကြည့်ရှုရန် နှစ်စဉ် သန်းနှင့်ချီသော ကမ္ဘာလှည့်ခရီးသွားများ လာ ရောက်လည်ပတ်လေ့ရှိကြောင်းသိရသည်။ ထို့ပြင် ဆစ်ဒနီ မြို့တွင် ဧက (၂၅၀ဝဝဝ၀)ကျော်ရှိသော သဘာဝ ဘေးမဲ့တောများနှင့် ပန်းခြံများရှိပြီး ၎င်း၏အထင်ကရနေရာများမှာ Sydney Harbour တံတား နှင့် Royal National Park တို့ဖြစ်ကြောင်းသိရသည်။ Sydney Harbour တံတားနှင့် ကမ္ဘာ့အမွေ အနှစ် စာရင်းဝင် Sydney Opera House တို့သည် ခရီးသွားများအတွက် အဓိကဆွဲဆောင်မှုနေရာများ ဖြစ် သည်။ Central Station သည် ဆစ်ဒနီမြို့၏ ဆင်ခြေဖုံး ရထား၊ မက်ထရိုနှင့် အပေါ့စား ရထားလမ်းများ နှင့် အကွာ အဝေးရှည်လျားသောဝန်ဆောင်မှုများအတွက် အချက်အချာနေရာ တစ်ခုဖြစ်ပြီး ဆစ်ဒနီ မြို့ ကိုဝန်ဆောင်မှုပေးနေသော အဓိကခရီးသည်လေဆိပ်မှာ ကမ္ဘာ့ရှေးအကျဆုံး စဉ်ဆက် မပြတ်လည် ပတ်နေသည့် လေဆိပ်များထဲမှတစ်ခုဖြစ်သော Kingsford Smith လေဆိပ်ဖြစ်ကြောင်းသိရသည်။

စီးပွားရေး

Loughborough တက္ကသိုလ်မှ သုတေသီများသည် ဆစ်ဒနီမြို့ကို ကမ္ဘာလုံးဆိုင်ရာစီးပွားရေးနှင့် မြင့်မားစွာပေါင်းစည်းထားသော ကမ္ဘာ့ထိပ်တန်းမြို့ကြီး(၁၀)မြို့ထဲမှ တစ်မြို့အဖြစ်အဆင့်သတ်မှတ်ခဲ့ ပြီး ဆစ်ဒနီမြို့သည် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအင်အား ညွှန်းကိန်းတွင် အဆင့်(၁၁)နေရာတွင် ရပ်တည် လျက်ရှိကြောင်းသိရသည်။ ထို့ပြင် Global Cities ညွှန်းကိန်းသည် ဆစ်ဒနီမြို့ကို ကမ္ဘာလုံးဆိုင်ရာ ထိ တွေ့ဆက်ဆံမှုအပေါ် အခြေခံပြီး ကမ္ဘာပေါ်တွင် အဆင့် (၁၄) နေရာအဖြစ် သတ် မှတ်ခဲ့ကြောင်းသိရ သည်။ ဆစ်ဒနီမြို့တွင် နိုင်ငံခြား ဘဏ်များနှင့် နိုင်ငံစုံ ကော်ပိုရေးရှင်းများ သိသိ သာသာစုစည်းလျက် ရှိပြီး ဩစတြေးလျ၏ ဘဏ္ဍာရေးမြို့တော်နှင့် အာရှပစိဖိတ်၏ ထိပ် တန်းဘဏ္ဍာရေး အချက်အချာ နေရာများထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံထားရကြောင်းသိရသည်။ ကိုလိုနီခေတ်အစောပိုင်းကာလများ အတွင်း ဆစ်ဒနီမြို့တွင် လွှမ်းမိုးနေသော စီးပွားရေးသီအိုရီမှာ အနောက်ဥရောပအများစုတွင်ရှိသည့် သီအိုရီကဲ့သို့ပင် ရောင်းဝယ်ဖောက်ကားမှု ဝါဒဖြစ်ကြောင်း သိရသည်။ ဆစ်ဒနီမြို့သည် လယ်ယာမြေ စိုက်ပျိုးရာတွင် အခက်အခဲများနှင့် တည်ငြိမ်သော ငွေကြေးစနစ်မရှိခြင်းကြောင့် စီးပွားရေးမှာ အစပိုင်း တွင် ရုန်းကန် ခဲ့ရကြောင်းသိရသည်။ (၁၈၀ဝ) ပြည့်နှစ်များနှောင်းပိုင်းတွင် ဂျုံ၊ ရွှေနှင့် အခြား တွင်းထွက် ပစ္စည်းများသည် ဆစ်ဒနီမြို့၏ပို့ကုန်လုပ်ငန်းများဖြစ်လာခဲ့ပြီး (၁၈၇၀)ခုနှစ်များအတွင်း ဆစ်ဒနီမြို့ သည် တဖြည်းဖြည်းထွန်းကား လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (၂၀၁၅) ခုနှစ် တွင် ဆစ်ဒနီမြို့၏ ဂျီဒီပီ သည် ဩစတြေးလျ ဒေါ်လာ (၄၀ဝ ဒသမ ၉)ဘီလျံရှိပြီး တစ်ဦးချင်း ဂျီဒီပီမှာ ဩစတြေးလျ ဒေါ်လာ (၈၀ဝဝဝ)ဖြစ် ကြောင်းသိရသည်။ တီထွင်ဖန်တီးမှုနှင့် နည်း ပညာကဏ္ဍများသည် ဆစ်ဒနီမြို့ အတွက် အဓိကကျသော စက်မှုလုပ် ငန်းဖြစ်ပြီး (၂၀၁၂)ခုနှစ်တွင် စီးပွားရေးထွက် ကုန်၏ (၉)ရာခိုင်နှုန်းနှင့် (၁၁) ရာခိုင်နှုန်းကို အသီးသီးကိုယ်စားပြုခဲ့ကြောင်းသိရသည်။

စီးပွားရေးလုပ်ငန်း

(၂၀၁၁)ခုနှစ်တွင် ဆစ်ဒနီမြို့၌ အခြေ စိုက်ခဲ့သော စီးပွားရေးလုပ်ငန်း ပေါင်း (၄၅၁၀ဝဝ) ခုရှိခဲ့ပြီး ယင်းတွင် ဩစတြေးလျရှိ ထိပ်တန်း ကုမ္ပဏီ (၅၀ဝ)၏ (၄၈)ရာခိုင်နှုန်းနှင့် နိုင်ငံစုံ ကော်ပိုရေး ရှင်းများ၏ ဒေသတွင်း ရုံးချုပ် များ၏ (၃)ပုံ (၂)ပုံခန့်ရှိခဲ့ကြောင်း သိရသည်။ ဆစ်ဒနီ မြို့ရှိ နိုင်ငံခြား ကုမ္ပဏီအများစုသည် သိသာထင် ရှားသော အရောင်းနှင့် ဝန်ဆောင်မှု လုပ်ငန်းများကို ဆက်လက် ထိန်းသိမ်းထားသော်လည်း ထုတ်လုပ်မှု၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုစွမ်းရည်များမှာ နည်းပါး လျက် ရှိကြောင်း သိရသည်။ ထို့ပြင် ဆစ်ဒနီ မြို့တွင် ဒေသဆိုင်ရာ ရုံးများနှင့် အတူ နိုင်ငံစုံကုမ္ပဏီ (၂၈၃) ခုရှိ ကြောင်းသိရသည်။

zawgyi version
အထင္ကရ ေနရာေတြနဲ႔ လွပတဲ့ ကမ္းေျခေတြေၾကာင့္ နာမည္ႀကီးတဲ့ ဆစ္ဒနီၿမိဳ႕
Pika (NP News) - ေမ ၃ဝ

ဆစ္ဒနီၿမိဳ႕သည္ ဩစေၾတးလ်ႏိုင္ငံတြင္ လူဦးေရအမ်ားဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး နယူးေဆာက္ ေဝးလ္ျပည္နယ္၏ ၿမိဳ႕ေတာ္လည္းျဖစ္ကာ Sydney Harbor တံတား ၊ Sydney Opera House တို႔ ကဲ့သို႔ေသာ အထင္ကရေနရာမ်ားႏွင့္ လွပေသာကမ္းေျခမ်ားေၾကာင့္ နာမည္ေက်ာ္ၾကားသည့္ ၿမိဳ႕တစ္ ၿမိဳ႕ျဖစ္သည္။ ဆစ္ဒနီၿမိဳ႕သည္ ဩစေၾတးလ်ႏိုင္ငံ၏ အေရွ႕ဘက္ကမ္း႐ိုးတန္းတြင္ တည္ရွိကာ Greater Sydney ၿမိဳ႕ျပဧရိယာတြင္ ဆင္ေျခဖုံးရပ္ကြက္(၆၅၈)ခုရွိၿပီး ေဒသတြင္းအစိုးရ နယ္ေျမ(၃၃)ခုအထိ က်ယ္ျပန႔္ေၾကာင္းလည္းသိရ သည္။ (၂၀၂၄)ခုႏွစ္ ဇြန္လအထိ ဆစ္ဒနီၿမိဳ႕တြင္ေနထိုင္သူလူဦးေရမွာ (၅၅၅၇၂၃၃)ဦးရွိၿပီး နယူးေဆာက္ေဝးလ္ျပည္နယ္ စုစုေပါင္းလူဦးေရ၏ (၆၀) ရာခိုင္ႏႈန္းခန႔္ရွိေၾကာင္း သိရသည္။ ထို႔ျပင္ ဆစ္ဒနီၿမိဳ႕ကို Emerald City ႏွင့္ Harbour City ဟု နာမည္ေျပာင္မ်ားျဖင့္လည္း ေခၚဆိုၾကေၾကာင္း သိရသည္။

သမိုင္းေၾကာင္း

Aboriginal Australians မ်ားသည္ Greater Sydney ေဒသတြင္ လြန္ခဲ့ေသာႏွစ္ေပါင္း (၃၀ဝဝဝ) ခန႔္က ေနထိုင္ခဲ့ၾကေၾကာင္း အေထာက္အထားမ်ားရွိၿပီး ၎တို႔၏ ထြင္းထုမႈမ်ားႏွင့္ ယဥ္ေက်း မႈဆိုင္ရာ ေနရာမ်ားမွာ လက္ရွိအခ်ိန္အထိ တည္ရွိေနဆဲျဖစ္ေသးေၾကာင္း သိရသည္။ ေခတ္သစ္ ဆစ္ဒနီ တြင္ ေနထိုင္လ်က္ရွိသည့္ နယ္ေျမ႐ိုးရာထိန္းသိမ္းသူမ်ားမွာ Darug, Dharawal ႏွင့္ Eora မ်ိဳးႏြယ္စုမ်ား ျဖစ္ ေၾကာင္း သိရသည္။ (၁၇၈၈)ခုႏွစ္တြင္ အာသာဖီးလစ္ဦးေဆာင္ေသာ ေရတပ္တပ္ဖြဲ႕သည္ ဆစ္ဒနီ ၿမိဳ႕ကို ဩစေၾတးလ်တြင္ ပထမဆုံးဥေရာပအေျခခ်ေနထိုင္ရာ ၿဗိတိသွ် ကိုလိုနီနယ္ေျမအျဖစ္ စတင္တည္ ေထာင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ဒုတိယကမာၻစစ္အၿပီးတြင္ ဆစ္ဒနီၿမိဳ႕သည္ အစုလိုက္ အၿပဳံလိုက္ ေ႐ႊ႕ေျပာင္း ေနထိုင္ျခင္းကို ႀကဳံေတြ႕ခဲ့ရၿပီး (၂၀၂၁)ခုႏွစ္တြင္ ဆစ္ဒနီၿမိဳ႕လူဦးေရ၏ (၄၀) ရာခိုင္ႏႈန္း ေက်ာ္မွာ ႏိုင္ ငံရပ္ျခားတြင္ေမြးဖြားသူမ်ားျဖစ္ေၾကာင္းသိရသည္။ ဆစ္ဒနီၿမိဳ႕တြင္ ေ႐ႊ႕ေျပာင္း ေနထိုင္သူ အမ်ားစုမွာ တ႐ုတ္၊ အိႏၵိယ၊ ၿဗိတိန္၊ ဗီယက္နမ္ႏွင့္ဖိလစ္ပိုင္ႏိုင္ငံတို႔မွ ျဖစ္ေၾကာင္းသိရသည္။

ေခတ္သစ္ဆစ္ဒနီ

ဆစ္ဒနီၿမိဳ႕သည္ ကမာၻ႔ေဈးအႀကီးဆုံးၿမိဳ႕မ်ားထဲမွ တစ္ၿမိဳ႕အျဖစ္ ရပ္တည္လ်က္ရွိေသာ္လည္း ၎သည္ ေနထိုင္ရန္အသင့္ေတာ္ဆုံး ထိပ္တန္းၿမိဳ႕ (၁၀)ၿမိဳ႕ထဲတြင္ မၾကာခဏပါဝင္လ်က္ရွိေၾကာင္း သိရသည္။ ထို႔ျပင္ ဆစ္ဒနီၿမိဳ႕ကို Alpha+ၿမိဳ႕တစ္ၿမိဳ႕အျဖစ္ Globalization and World Cities Research Network က သတ္မွတ္ခဲ့ၿပီး ေဒသတြင္းႏွင့္ ကမာၻတစ္ဝန္းတြင္ ၎၏လႊမ္းမိုးမႈမ်ားကို ေထာက္ပလ်က္ရွိေၾကာင္းသိရသည္။ စီးပြားေရး အခြင့္အလမ္းအတြက္ ကမာၻေပၚတြင္ အဆင့္(၁၁) ေနရာရွိေသာ ဆစ္ဒနီၿမိဳ႕၌ ပညာေရး၊ ဘ႑ာေရး၊ ကုန္ထုတ္လုပ္မႈႏွင့္ ခရီးသြားလုပ္ငန္းတို႔တြင္ အားသာ ခ်က္မ်ားရွိသည့္ အဆင့္ျမင့္ ေဈးကြက္စီးပြားေရးတစ္ခုရွိေၾကာင္းလည္း သိရသည္။ ထို႔ျပင္ ဆစ္ဒနီ တကၠ သိုလ္ႏွင့္နယူးေဆာက္ေဝးလ္တကၠသိုလ္တို႔သည္ ကမာၻေပၚတြင္ အဆင့္(၁၈)ႏွင့္(၁၉)ေနရာတြင္ အသီး သီး ရပ္တည္လ်က္ရွိသည့္ တကၠသိုလ္မ်ား ျဖစ္ေၾကာင္းလည္း သိရသည္။ ဆစ္ဒနီၿမိဳ႕သည္ (၂၀ဝဝ) ျပည့္ႏွစ္ ေႏြရာသီအိုလံပစ္ၿပိဳင္ပြဲ၊(၂၀ဝ၃)ခုႏွစ္ ရပ္ဘီကမာၻ႔ဖလားဗိုလ္လုပြဲႏွင့္ (၂၀၂၃)ခုႏွစ္ ဖီဖာအမ်ိဳး သမီး ကမာၻ႔ဖလားဗိုလ္လုပြဲတို႔ကဲ့သို႔ေသာ ႏိုင္ငံတကာအားကစားပြဲမ်ားကို လက္ခံက်င္းပခဲ့သည့္ၿမိဳ႕တစ္ ၿမိဳ႕လည္းျဖစ္သည္။ ဆစ္ဒနီၿမိဳ႕သည္ လာေရာက္လည္ ပတ္မႈအမ်ားဆုံး ထိပ္တန္း(၁၅)ၿမိဳ႕ထဲတြင္ ပါဝင္ ၿပီး ၿမိဳ႕၏အထင္ကရ ေနရာမ်ားကိုၾကည့္ရႈရန္ ႏွစ္စဥ္ သန္းႏွင့္ခ်ီေသာ ကမာၻလွည့္ခရီးသြားမ်ား လာ ေရာက္လည္ပတ္ေလ့ရွိေၾကာင္းသိရသည္။ ထို႔ျပင္ ဆစ္ဒနီ ၿမိဳ႕တြင္ ဧက (၂၅၀ဝဝဝ၀)ေက်ာ္ရွိေသာ သဘာဝ ေဘးမဲ့ေတာမ်ားႏွင့္ ပန္းၿခံမ်ားရွိၿပီး ၎၏အထင္ကရေနရာမ်ားမွာ Sydney Harbour တံတား ႏွင့္ Royal National Park တို႔ျဖစ္ေၾကာင္းသိရသည္။ Sydney Harbour တံတားႏွင့္ ကမာၻ႔အေမြ အႏွစ္ စာရင္းဝင္ Sydney Opera House တို႔သည္ ခရီးသြားမ်ားအတြက္ အဓိကဆြဲေဆာင္မႈေနရာမ်ား ျဖစ္ သည္။ Central Station သည္ ဆစ္ဒနီၿမိဳ႕၏ ဆင္ေျခဖုံး ရထား၊ မက္ထ႐ိုႏွင့္ အေပါ့စား ရထားလမ္းမ်ား ႏွင့္ အကြာ အေဝးရွည္လ်ားေသာဝန္ေဆာင္မႈမ်ားအတြက္ အခ်က္အခ်ာေနရာ တစ္ခုျဖစ္ၿပီး ဆစ္ဒနီ ၿမိဳ႕ ကိုဝန္ေဆာင္မႈေပးေနေသာ အဓိကခရီးသည္ေလဆိပ္မွာ ကမာၻ႔ေရွးအက်ဆုံး စဥ္ဆက္ မျပတ္လည္ ပတ္ေနသည့္ ေလဆိပ္မ်ားထဲမွတစ္ခုျဖစ္ေသာ Kingsford Smith ေလဆိပ္ျဖစ္ေၾကာင္းသိရသည္။

စီးပြားေရး

Loughborough တကၠသိုလ္မွ သုေတသီမ်ားသည္ ဆစ္ဒနီၿမိဳ႕ကို ကမာၻလုံးဆိုင္ရာစီးပြားေရးႏွင့္ ျမင့္မားစြာေပါင္းစည္းထားေသာ ကမာၻ႔ထိပ္တန္းၿမိဳ႕ႀကီး(၁၀)ၿမိဳ႕ထဲမွ တစ္ၿမိဳ႕အျဖစ္အဆင့္သတ္မွတ္ခဲ့ ၿပီး ဆစ္ဒနီၿမိဳ႕သည္ ကမာၻလုံးဆိုင္ရာစီးပြားေရးအင္အား ၫႊန္းကိန္းတြင္ အဆင့္(၁၁)ေနရာတြင္ ရပ္တည္ လ်က္ရွိေၾကာင္းသိရသည္။ ထို႔ျပင္ Global Cities ၫႊန္းကိန္းသည္ ဆစ္ဒနီၿမိဳ႕ကို ကမာၻလုံးဆိုင္ရာ ထိ ေတြ႕ဆက္ဆံမႈအေပၚ အေျခခံၿပီး ကမာၻေပၚတြင္ အဆင့္ (၁၄) ေနရာအျဖစ္ သတ္ မွတ္ခဲ့ေၾကာင္းသိရ သည္။ ဆစ္ဒနီၿမိဳ႕တြင္ ႏိုင္ငံျခား ဘဏ္မ်ားႏွင့္ ႏိုင္ငံစုံ ေကာ္ပိုေရးရွင္းမ်ား သိသိ သာသာစုစည္းလ်က္ ရွိၿပီး ဩစေၾတးလ်၏ ဘ႑ာေရးၿမိဳ႕ေတာ္ႏွင့္ အာရွပစိဖိတ္၏ ထိပ္ တန္းဘ႑ာေရး အခ်က္အခ်ာ ေနရာမ်ားထဲမွ တစ္ခုအျဖစ္ သတ္မွတ္ခံထားရေၾကာင္းသိရသည္။ ကိုလိုနီေခတ္အေစာပိုင္းကာလမ်ား အတြင္း ဆစ္ဒနီၿမိဳ႕တြင္ လႊမ္းမိုးေနေသာ စီးပြားေရးသီအိုရီမွာ အေနာက္ဥေရာပအမ်ားစုတြင္ရွိသည့္ သီအိုရီကဲ့သို႔ပင္ ေရာင္းဝယ္ေဖာက္ကားမႈ ဝါဒျဖစ္ေၾကာင္း သိရသည္။ ဆစ္ဒနီၿမိဳ႕သည္ လယ္ယာေျမ စိုက္ပ်ိဳးရာတြင္ အခက္အခဲမ်ားႏွင့္ တည္ၿငိမ္ေသာ ေငြေၾကးစနစ္မရွိျခင္းေၾကာင့္ စီးပြားေရးမွာ အစပိုင္း တြင္ ႐ုန္းကန္ ခဲ့ရေၾကာင္းသိရသည္။ (၁၈၀ဝ) ျပည့္ႏွစ္မ်ားေႏွာင္းပိုင္းတြင္ ဂ်ဳံ၊ ေ႐ႊႏွင့္ အျခား တြင္းထြက္ ပစၥည္းမ်ားသည္ ဆစ္ဒနီၿမိဳ႕၏ပို႔ကုန္လုပ္ငန္းမ်ားျဖစ္လာခဲ့ၿပီး (၁၈၇၀)ခုႏွစ္မ်ားအတြင္း ဆစ္ဒနီၿမိဳ႕ သည္ တျဖည္းျဖည္းထြန္းကား လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ (၂၀၁၅) ခုႏွစ္ တြင္ ဆစ္ဒနီၿမိဳ႕၏ ဂ်ီဒီပီ သည္ ဩစေၾတးလ် ေဒၚလာ (၄၀ဝ ဒသမ ၉)ဘီလ်ံရွိၿပီး တစ္ဦးခ်င္း ဂ်ီဒီပီမွာ ဩစေၾတးလ် ေဒၚလာ (၈၀ဝဝဝ)ျဖစ္ ေၾကာင္းသိရသည္။ တီထြင္ဖန္တီးမႈႏွင့္ နည္း ပညာက႑မ်ားသည္ ဆစ္ဒနီၿမိဳ႕ အတြက္ အဓိကက်ေသာ စက္မႈလုပ္ ငန္းျဖစ္ၿပီး (၂၀၁၂)ခုႏွစ္တြင္ စီးပြားေရးထြက္ ကုန္၏ (၉)ရာခိုင္ႏႈန္းႏွင့္ (၁၁) ရာခိုင္ႏႈန္းကို အသီးသီးကိုယ္စားျပဳခဲ့ေၾကာင္းသိရသည္။

စီးပြားေရးလုပ္ငန္း

(၂၀၁၁)ခုႏွစ္တြင္ ဆစ္ဒနီၿမိဳ႕၌ အေျခ စိုက္ခဲ့ေသာ စီးပြားေရးလုပ္ငန္း ေပါင္း (၄၅၁၀ဝဝ) ခုရွိခဲ့ၿပီး ယင္းတြင္ ဩစေၾတးလ်ရွိ ထိပ္တန္း ကုမၸဏီ (၅၀ဝ)၏ (၄၈)ရာခိုင္ႏႈန္းႏွင့္ ႏိုင္ငံစုံ ေကာ္ပိုေရး ရွင္းမ်ား၏ ေဒသတြင္း ႐ုံးခ်ဳပ္ မ်ား၏ (၃)ပုံ (၂)ပုံခန႔္ရွိခဲ့ေၾကာင္း သိရသည္။ ဆစ္ဒနီ ၿမိဳ႕ရွိ ႏိုင္ငံျခား ကုမၸဏီအမ်ားစုသည္ သိသာထင္ ရွားေသာ အေရာင္းႏွင့္ ဝန္ေဆာင္မႈ လုပ္ငန္းမ်ားကို ဆက္လက္ ထိန္းသိမ္းထားေသာ္လည္း ထုတ္လုပ္မႈ၊ သုေတသနႏွင့္ ဖြံ႕ၿဖိဳးတိုးတက္မႈစြမ္းရည္မ်ားမွာ နည္းပါး လ်က္ ရွိေၾကာင္း သိရသည္။ ထို႔ျပင္ ဆစ္ဒနီ ၿမိဳ႕တြင္ ေဒသဆိုင္ရာ ႐ုံးမ်ားႏွင့္ အတူ ႏိုင္ငံစုံကုမၸဏီ (၂၈၃) ခုရွိ ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.