ရှေ့ဆက်ရမည့် ဖွံ့ဖြိုးရေးခြေလှမ်းတို့ကို တားဆီးနေသည့် ဇွန်ဘီး ပရောဂျက်များ

789

Htay Oung (NP News) - မေ ၃ဝ
ပြီးခဲ့တဲ့ နွေရာသီကတည်းက စတင်သင့်တဲ့ ဗြိတိန်နိုင်ငံ ဆိုလာစွမ်းအင်ခြံကြီးတစ်ခုဟာ လျှပ်စစ် ဓာတ်အားကွန်ရက်နဲ့ချိတ်ဆက်ဖို့ နှောင့်နှေးမှုတွေ ကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲဖြစ်နေရပါတယ်။ အင်္ဂ လန်ကျွန်းအရှေ့ပိုင်း နော်ဖော့ခ်ဒေသ ဆွတ်ဖ်ဟမ်း ဈေးမြို့တော်အနီး JAFA နေရောင်ခြည်စွမ်းအင်ဖွံ့ ဖြိုးရေးအစီအစဉ်တွေကို (၂၀၂၃)ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာပိုင်တွေကအတည်ပြုခဲ့ပြီး ယခုနှစ်မှာ စတင်လုပ်ကိုင်နိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူ့ရှေ့က တခြားစီမံကိန်းအသစ်တွေရဲ့ “ဇွန်ဘီး ပရောဂျက်” တွေက ဓာတ်အားကွန်ရက်နဲ့မချိတ်ဆက်နိုင်သေးတဲ့အတွက် အလှည့်ရောက်တဲ့ အထိ စောင့်ဆိုင်းနေရကြောင်း ဒီအစီအစဉ်ကိုတာဝန်ယူထားတဲ့ Low Carbonကုမ္ပဏီကပြောပြတယ်လို့ BBC (၁၈-မေ-၂၀၂၅)က ရေးပါတယ်။
ဇွန်ဘီးပရောဂျက်ဆိုတာက စီမံကိန်း ဒါမှ မဟုတ် လုပ်ငန်းတစ်ခုဟာ စီးပွားရေး၊ နည်းပညာ ဒါမှမဟုတ် လုပ်ဆောင်နိုင်စွမ်းဆိုင်ရာပြဿနာတွေ ကြောင့် အောင်မြင်ဖို့အလားအလာမရှိတော့ပေမယ့် ဆက်လက်ရှင်သန်နေတဲ့အခြေအနေကိုရည်ညွှန်းပါတယ်။ ဒီလိုစီမံကိန်းတွေဟာ အချိန်၊ ငွေ၊ လူအင်အား စသဖြင့် အရင်းအမြစ်တွေကို အကျိုးမဲ့စွာစုပ်ယူနေပြီး လုပ်ငန်းရဲ့ရလဒ်က သုညနီးပါးဖြစ်နေတတ်ပါ တယ်။ ဆိုလိုတာ အသက်ဝိညာဉ်မရှိတော့ပေမယ့် အလွယ် တကူမသေဆုံးနိုင်ဘဲ အနီးအနား တွေ့သမျှ အသွေးအသားကို ရှာဖွေဝါးမျိုနေတဲ့သတ္တဝါကြီးလိုဖြစ်နေပါတယ်။
တကယ်တော့ ခရိုင်ကောင်စီမှာ တင်သွင်းထားတဲ့အတိုင်းဆိုရင် JAFA ဟာ ဗြိတိန်နိုင်ငံရဲ့ အ ကြီးဆုံးဆိုလာစွမ်းအင်ထုတ်လုပ်ရေးခြံကြီးတွေအနက် တစ်ခုဖြစ်လာဖွယ်ရှိပါတယ်။ (၂၃၃)ဧက (၉၄) ဟက်တာကျယ်ဝန်းတဲ့ ဆိုလာစွမ်းအင်ခြံကြီးဟာ တစ်နှစ် လျှင် အိမ်ခြေ (၁၆,၅၀ဝ) အတွက်လုံလောက် တဲ့ လျှပ်စစ်ဓာတ်အားကိုထုတ်ပေးနိုင်ပါတယ်။ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနဲ့ စိုက်ပျိုးရေးမြေဆုံးရှုံးမှု ကြောင့် ဒေသခံကောင်စီတချို့က ဆန့်ကျင်ခဲ့ကြပါတယ်။ ရာသီဥတုတွေ ဖောက်ပြန်ပြောင်းလဲရတဲ့အထိ ပူနွေးလာတဲ့ကမ္ဘာကြီးမှာ ကာဗွန်ထုတ်လွှတ်မှုနည်းပါးတဲ့ စွမ်းအင်ကို လိုအပ်တဲ့အတွက် တခြားကောင်စီ တွေကတော့ ထောက်ခံခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်း ဗြိတိန်နိုင်ငံမှာ နေရောင်ခြည်စွမ်းအင် ဧက (၅,ဝဝဝ) (၁၆၁၈) ဟက်တာအထိ အကြီးစား မီဂါပရောဂျက် တွေပေါ်ထွက်လာတဲ့အခါ JAFA ရဲ့အရေးပါ မှုဟာ မှေးမှိန်သွားပါတယ်။
လျှပ်စစ်ဓာတ်အားဆိုတာ လောင်စာဆီ-ကျောက်မီးသွေး-ရေအား စသဖြင့် တစ်နည်းနည်းနဲ့ ထုတ်လုပ်ပြီးရင် သိုလှောင်သိမ်းဆည်းထားလို့ရတဲ့ အရာမျိုးမဟုတ်ပါဘူး၊ ထုတ်လဲထုတ် ဖြန့်လဲဖြန့်ဖို့ လိုအပ်ထာကြောင့် ဓာတ်အားကွန်ရက်စနစ်နဲ့ အချိန် တစ်ပြိုင်တည်း ချိတ်ဆက်ရပါလိမ့်မယ်။ ဆိုလာစွမ်း အင်စနစ်တွေမှာတော့ နေရောင်ခြည်ကို လျှပ်စစ်ဓာတ်အားအဖြစ် တိုက်ရိုက်ပြောင်းလဲပြီး ဘက်ထရီ စနစ် ဒါမှမဟုတ် တခြားနည်းလမ်းနဲ့ နေရာတစ်ခုခုမှာ ခေတ္တသိမ်းဆည်းထားနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလို လုပ်ခဲ့ရင် ပမာဏတစ်ခုသာသိမ်းဆည်းထားနိုင်တဲ့ ကန့်သတ်မှုရှိနေတဲ့အပြင် ကုန်ကျစရိတ်အလွန်များ တတ်ပါတယ်။ ဆိုလာစွမ်းအင်စီမံကိန်းတွေအတွက် “ရင်းနှီးမြှုပ်နှံမှုမှ ပြန်လည်ရရှိမှု” Return on Investment (ROI) ဟာ ထုတ်လုပ်လိုက်တဲ့စွမ်း အင်ကို ကွန်ရက်စနစ်နဲ့ချိတ်ဆက်ပြီး ရောင်းချခြင်း ဖြင့် သာရရှိနိုင်ပါတယ်။
နိုင်ငံအတော်များများရဲ့ ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်စီမံကိန်းတွေဟာ လျှပ်စစ်ကွန်ရက်နဲ့ ချိတ် ဆက်နိုင်ကြောင်း ခွင့်ပြုချက် Grid Connection Agreement ရရှိမှသာ လုပ်ကိုင်ဆောင်ရွက်ခွင့်ပေးလေ့ ရှိပါတယ်။ အဲဒီလိုချိတ်ဆက်ဖို့ စောင့်ဆိုင်းနေတဲ့ တန်းစီဇယားမှာ ပရောဂျက်ပေါင်းများစွာရှိနေပြီး တချို့ တွေက အလုပ်ဖြစ်နိုးနိုး ဟန်ရေးပြတုန်းရှိပါသေးတယ်။
လျှပ်စစ်ကွန်ရက်ရဲ့လက်ခံနိုင်စွမ်းမှာလည်း အကန့်အသတ်ရှိပါတယ်။ ဇွန်ဘီးပရောဂျက်များက ရှေ့မှာပိတ်ဆို့ထားသလိုဖြစ်နေတဲ့အတွက် JAFA လိုစီမံကိန်းတွေဟာ နောက်ဆုံးတန်းမှာရောက် ရှိသွား ရပါတယ်။ အလားတူ တခြားပရောဂျက်တွေလည်း တမေ့တမောကြီးစောင့်ဆိုင်းရလောက်တဲ့ နှောင့်နှေး မှုကိုဖြစ်စေပြီး အချို့ကိစ္စတွေမှာ (၁၀) နှစ် ဒါမှမဟုတ် (၁၂)နှစ်အထိ ကြာမြင့်ဖွယ်ရှိနေပါတယ်။
ခုတော့ Ofgem လို့ခေါ်တဲ့ “စွမ်းအင်သုံး စွဲမှုစီမံကိန်းများကြီးကြပ်ရေးဦးစီးဌာန”က အဲဒီဖုတ် ကောင်ပရောဂျက်တွေကိုဖယ်ရှားပြီး အမှန်တကယ် တည်ဆောက်ဖို့အသင့်ရှိနေတဲ့ပရောဂျက်တွေကို ဦး စားပေးချိတ်ဆက်ခွင့်ပြုမယ့်စနစ်အသစ်ကို အတည်ပြုလိုက်ပြီလို့ဆိုပါတယ်။ ဒါပေမဲ့ တစ်နှစ် နှစ်နှစ် လောက် ထပ်မံစောင့်ဆိုင်းရမှာဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲမှုတွေကိုကြိုဆိုပေမယ့် အဲဒီလိုစောင့်ဆိုင်း နေရခြင်းမှာ စိတ်ပျက်စရာပဲလို့ Low Carbon ကုမ္ပဏီ ဒါရိုက်တာ တစ်ဦးက မှတ်ချက်ပေးပါတယ်။
ဒီဖြစ်ရပ်ဟာ အတိတ်ကာလ အရှေ့ အနောက် ကမ္ဘာတစ်ခွင်လုံးကို ကိုလိုနီပြုနိုင်ခဲ့တဲ့ ဗြိတိန် နိုင်ငံမှာ စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး အားနည်းချက် တွေရှိနေကြောင်း ပြသနေပါတယ်။ ဇွန်ဘီးပရော ဂျက်တွေ ဘာကြောင့်ပေါ်ပေါက်လာသလဲလို့ မေးရင် (၁) ဈေးကွက်နဲ့ စီးပွားရေးအခြေအနေ ပြောင်းလဲ မှုကြောင့်ဖြစ်ပါတယ်။ တခြား လေအား သို့မဟုတ် လောင်စာဆီဈေးနှုန်းကျဆင်းတာကြောင့် ဒီဇယ်လျှပ် စစ်တို့လို ဆူလွယ်နပ်လွယ် ပိုမိုတွက်ခြေကိုက်မယ့်လုပ် ငန်းတွေရဲ့ယှဉ်ပြိုင်မှု ပေါ်ပေါက်လာတာ၊ နည်း ပညာ ဟောင်းတွေက ခေတ်မမီတော့တာ တို့ကြောင့်ဖြစ်ပါတယ်။
(၂) ဘဏ္ဍာရေးနဲ့ စည်းမျဉ်းဆိုင်ရာပြဿနာကလည်း ဖုတ်ကောင်ပရောဂျက်တွေကို ဖြစ်ပေါ် စေပါတယ်။ နော်ဖော့ခ်ဒေသ ဆိုလာစီမံကိန်းတည်ဆောက်မယ့်သူတချို့ဟာ ငွေကြေးပြည့်စုံမှုမရှိခြင်း (ဥပမာ- ဘဏ်ချေးငွေမရရှိခြင်း)ကြောင့်ဖြစ်ပါ တယ်။ ဇွန်ဘီးပရောဂျက်တွေဟာ အစိုးရပိုင်ဖြစ်လို့ ဦးစားပေးထားတာကြောင့်တော့ မဟုတ်ပါဘူး၊ ဆိုလာ စွမ်းအင်စီမံကိန်းအများစုဟာ အစိုးရပိုင်မဟုတ်ဘဲ ပုဂ္ဂလိကကုမ္ပဏီတွေက လုပ်ကိုင်နေကြပါတယ်။ “ရှေ့ဆုံး စောစောတန်းစီတဲ့သူ ပထမ စနစ်”ကို ကာလ ကြာမြင့်စွာကျင့်သုံးခဲ့တာရဲ့ရလဒ်လို့ ဆိုနိုင်ပါတယ်။ အရည်အချင်း စိစစ်ခြင်းမရှိဘဲ လျှောက်ထား တဲ့ အစီအစဉ်အတိုင်း အလှည့်ကျချိတ်ဆက်ဖို့သတ်မှတ်လိုက်တဲ့အခါ တန်းစီဇယားမှာ ဇွန်ဘီးပရောဂျက် တွေကြောင့် နှောင့်နှေးကုန်ကြတာဖြစ်ပါတယ်။
(၃) ဒီလိုဆို ဇွန်ဘီးပရောဂျက်မှန်းသိရဲ့နဲ့ ဘာကြောင့်ခွင့်ပြုထားရသလဲလို့ မေးစရာရှိပါတယ်။ ကုမ္ပဏီတစ်ခုခုက မိမိစီမံကိန်းကို ဖျက်သိမ်းမယ်ဆိုရင်လည်း ရင်းနှီးထားတဲ့ ငွေကြေးပမာဏတစ်ခု ဆုံးရှုံးရမယ့်အပြင် ဒဏ်ကြေးငွေပေးဆောင်ရပါဦးမယ်။ နောက်ဆက်တွဲ အလုပ်လက်မဲ့ ပြဿနာတွေနဲ့ နိုင်ငံရေး လူမှုရေး ဖိအားတွေဖြစ်ပေါ်လာနိုင်တဲ့အတွက် ဖျက်သိမ်းခြင်းမပြုဘဲ အာဏာပိုင်တွေနဲ့ လုပ် ငန်းရှင်ကြား မြွေမသေ တုတ်မကျိုး ဖြစ်စေချင်ကြပါတယ်။ မိမိတို့ စီးပွားရေးလုပ်ငန်းရဲ့ ဂုဏ်သိက္ခာနဲ့ ပတ်သက်နေတဲ့အတွက် စီမံကိန်းဖျက်သိမ်းဖို့ကို ဝန်လေးကြပါတယ်။
ဗြိတိန်လို စီမံခန့်ခွဲမှုအတွေ့အကြုံသမ္ဘာရင့် နိုင်ငံမျိုးတောင် ဒီလိုဖြစ်နေရင် တစ်ဦးတစ်ဖွဲ့ တည်းက လုပ်ပိုင်ခွင့်အားလုံးကိုချူပ်ကိုင်ထားတဲ့တိုင်းပြည်မျိုး မှာ ဇွန်ဘီးပရောဂျက်တွေရဲ့ “ရွှေခေတ် ကြီး” ဖြစ်နေနိုင်ကြောင်း အလွယ်တကူသိနိုင်ပါတယ်။ ဆီးသီးဗန်းမှောက်တုန်းလေး လူကြီးကျောသပ် ခံရအောင် အပေါ်ယံလုပ်ပြ၊ ကိုယ့်အိတ်ထဲလည်း ရသမျှထည့်ဖို့ ကမန်းကတန်း လုပ်ကြတဲ့အခါ ဖုတ် ကောင်ပရောဂျက်ချည်း ဖြစ်ကုန်တတ်ပါတယ်။ နိုင်ငံရေးသမားတချို့ဟာ စီမံကိန်းလုပ်ဆောင်သင့်တဲ့ နေရာမဟုတ်ဘဲ လူကြီး ကိုဖော်လံဖားဖို့ ဒါမှမဟုတ် သူ့မဲဆန္ဒနယ်အတွင်း ပြည်သူတွေအမြင် ကောင်းရုံ သက်သက် အကောင်အထည်ဖော်ရင်တော့ ဖုတ်ကောင်ထက်ဆိုးတဲ့ သရဲအကြီးစားမွေးမိသလိုဖြစ်ပါ လိမ့်မယ်။ ကြီးမားတဲ့ ငွေကြေး ပမာဏတစ်ခုကိုသုံးစွဲထားမိတဲ့အတွက် စီမံကိန်းကို ရပ်ဆိုင်းပစ်လိုက်ရင် အရှုံးကြီးရှုံးရမှာကြောင့် မဖြစ်နိုင်၊ ငွေကြေးလိုအပ်မှုထပ်ဆောင်းလာတဲ့အခါ ချေးငွေ သို့မဟုတ် အစိုးရ ဘတ်ဂျက်များမှ ထပ်မံကျခံသုံးစွဲဖို့ ဖြစ်လာရပါတယ်။ တိုတိုပြောရရင် ကာယကံရှင်နဲ့ တိုင်းပြည်အပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်အောင် ထပ်ကာထပ်ကာ လုပ်မိသွားတတ်ပါတယ်။
(၄) စနစ်တကျစီမံခန့်ခွဲမှုမရှိခြင်း တစ်နည်းအားဖြင့် လွဲမှားတဲ့စီမံခန့်ခွဲမှုတွေဟာ ဖုတ်ကောင် ပရောဂျက်တွေကို မွေးထုတ်ပေးတတ်ပါတယ်။ စွမ်းဆောင်ရည်ပြည့်မီခြင်း ရှိမရှိ ပုံမှန်စိစစ်ပြီး အရေးယူ တဲ့စည်းမျဉ်းတွေ မရှိတာ၊ စီမံကိန်းတစ်ခုရဲ့ နှစ်စဉ် ရလဒ်တွေနဲ့ ကုန်ကျစရိတ်တွေကို ပြန်လည်တွက် ချက်မှု မပြုလုပ်တာတို့ကြောင့် ဇွန်ဘီးပရောဂျက်မှန်းမသိနိုင်ဘဲဖြစ်ရပါတယ်။
ဇွန်ဘီးပရောဂျက်တွေဟာ အဓိကအားဖြင့် စီးပွားရေးအခြေအနေ၊ စည်းမျဉ်းစည်းကမ်းနဲ့ စီမံခန့် ခွဲမှုဆိုင်ရာပြဿနာတွေကြောင့် ပေါ်ပေါက်လာတတ်ပြီး၊ အကျင့်ပျက်ခြစားမှုသာထပ်ဆောင်းလိုက်ရင် “နူရာ ဝဲစွဲ၊ လဲရာ သူခိုးထောင်း” ကိန်းဆိုက်ပြီး ပိုမို ဆိုးရွားသွားတတ်ပါတယ်။ ခေါင်းမာတဲ့ နိုင်ငံရေးသ မားတွေက မလိုလားအပ်တဲ့ပရောဂျက်တွေကို ပေတေပြီးဆက်လုပ်နေမယ်ဆိုရင် ဖုတ်ကောင်ဟာ လာ သမျှဖမ်းယူစားသောက်တဲ့ “ဘီလူး” ဖြစ်သွားပါလိမ့်မယ်။
ဇွန်ဘီးပရောဂျက်တွေကို အခြေခံအားဖြင့် ဖြေရှင်းနည်းတွေ ရှိနေပါတယ်။ စည်းမျဉ်းပြုပြင် ပြောင်းလဲမှု၊ စွမ်းဆောင်ရည်မရှိတဲ့စီမံကိန်းတွေကို စိစစ်ဖယ်ရှားတာတို့ဖြစ်ပါတယ်။ အရေးကြီးဆုံးက တော့ အများပြည်သူပါဝင်နိုင်စေဖို့ လမ်းဖွင့်ပေးဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ စီမံကိန်းလုပ်ငန်းတွေကို ပွင့်လင်းမြင်သာစွာစိစစ်နိုင်ဖို့ဆိုတာ လူထုရဲ့အသိ ပညာရေချိန်က အခြေခံအဆင့်တစ်ခုအထိ မြင့်မားမှု တော့ ရှိရပါလိမ့်မယ်။ မဟုတ်ရင် သူတို့သိသမျှ တစ်ယောက်တစ်ပေါက် ဝင်ရောက်ပြောဆိုရင်း “ရှည် လျား ပေများ”နေရပြန်ပါတယ်။ ဥပမာပြောရရင် “ကျောက်မီးသွေးစွမ်းအင်ဆိုတာ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းတတ်တယ်”၊ “ဆည်ဆောက်တယ်ဆိုတာ မြစ်တစ်စင်းကို ခန်းခြောက်အောင်လုပ်ထာ”၊ “ငလျင် လှုပ်လို့ ဆည်ပြိုကျရင် မြို့တွေရွာတွေပျက်စီးမယ်” ဆိုတဲ့ လှေနံဓားထစ် အယူအဆဟောင်း တွေဟာ အခါခပ်သိမ်း မှန်ကန်ခြင်းမရှိကြောင်း အသိပညာပေးဖို့လိုအပ်ပါတယ်။
ဗြိတိန်နိုင်ငံရဲ့ ဇွန်ဘီးပရောဂျက်တွေအကြောင်း ရှင်းလင်းစွာသိရှိနိုင်ဖို့ လက်လှမ်းမီသမျှရှာဖွေ နေတဲ့ကျွန်တော့်ကို “မြန်မာပြည်မှာလည်း ဖုတ်ကောင် ပရောဂျက်တွေရှိတယ်၊ သိချင်လား”လို့ Chat GPT ဥာဏ်ရည်တု Artificial Intelligence (AI) ကမေးပါတယ်။ သိချင်တယ် ပြောပြပါလို့ အကူအညီ တောင်းတဲ့အခါ (က) (၂၀၁၅) ခန့်က စတင်ကြေညာခဲ့တဲ့ မန္တလေးတိုင်း စဉ့်ကူးစက်မှုဇုန် (Singu Indu strial Zone) ဖြစ်ကြောင်း မြေရာအငြင်းပွားမှုတွေနဲ့ အခြေခံအဆောက်အအုံ ပြည့်စုံမှုမရှိခြင်း၊ လူထုပူး ပေါင်းမှုမပါဝင်ခြင်း၊ နည်းပညာ စွမ်းရည်အသုံးချနိုင်ခြင်းမရှိ၊ ရင်းနှီးမြှုပ်နှံသူနည်းပါးတဲ့အတွက် (၂၀၂၀) ပြည့်နှစ် စက်မှုဇုန်အတွင်း (၇၀%)ကျော် အလုပ်မဖြစ်၊ ရှေ့ဆက်မတိုးနိုင်ဖြစ်နေကြောင်း Myanmar Times က ရေးဖူးတယ်လို့ဆိုပါတယ်။
(ခ) (၂၀၁၇-၂၀၁၈) ခုနှစ် ရန်ကုန်မြို့ ခရီးသည်တင် ယာဉ်လိုင်းများ GPS စနစ်ခြေရာခံ ပရော ဂျက် (YBS GPS System Project) မှာ နည်းပညာ အခက်အခဲနဲ့ ဘတ်ဂျက်လိုအပ်ချက်ဖြစ်ပေါ် လုပ်ငန်း တစ်ခုလုံး (၃၀%)သာလည်ပတ်နိုင်ကြောင်း (၂၀၂၁)ခုနှစ်မှာတွေ့ရှိတယ်လို့ Frontier Myanmar က ဖော်ပြပါတယ်။
(ဂ) Nikkei Asia ရဲ့ အဆိုအရ တနင်္သာရီတိုင်း ထားဝယ်အထူးစီးပွားရေးဇုန်လည်း ပါဝင်ပါ တယ်။ (၂၀ဝ၈)ခုနှစ်မှာစတင်ခဲ့ပေမယ့် တိုးတက်မှု အလွန်နှေးကွေးနေကြောင်း၊ တောင်ကိုရီးယား-ထိုင်း-အိန္ဒိယနိုင်ငံတို့ ပါဝင်လုပ်ကိုင်မယ်ဆိုပေမယ့် ရင်းနှီးမြှုပ်နှံသူနည်းပါးတာနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေ ကြောင့် (၂၀၂၀) ခုနှစ်မှာ မူလစီမံကိန်းရဲ့ (၁၅%)သာပြီးစီးသေးကြောင်း သိရှိရပါတယ်။ ဒါကြောင့် (၂၀၂၁) ခုနှစ်နောက်ပိုင်းမှာ ရုရှားနိုင်ငံနဲ့ ပူးပေါင်းပြီး အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေပါတယ်။
(ဃ) နိုင်ငံပိုင် ရေနံဓာတု အင်တာပရိုက်စ်ဟာ စက်ပစ္စည်းတွေ ဟောင်းနွမ်းခေတ်နောက်ကျ နေတာ၊ နည်းပညာဟောင်းတွေနဲ့ ထိရောက်စွာလုပ် ကိုင်ဖို့အခက်အခဲတွေကြောင့် နှစ်စဉ် အရည်အသွေး နိမ့်ရေနံထွက်ပစ္စည်းတွေသာ ထုတ်လုပ်နိုင်တယ်လို့ ဆိုပါတယ်။ ဒီအတွက် အရည်အသွေးနဲ့ ထုတ်လုပ်မှု မြှင့်တင်ဖို့ ရုရှားနိုင်ငံနဲ့ စာချုပ်ချုပ်ဆို လုပ်ကိုင်နေကြောင်း သတင်းတွေကဆိုပါတယ်။
zawgyi version
ေရွ႕ဆက္ရမည့္ ဖြံ႕ၿဖိဳးေရးေျခလွမ္းတို႔ကို တားဆီးေနသည့္ ဇြန္ဘီး ပေရာဂ်က္မ်ား
Htay Oung (NP News) - ေမ ၃ဝ
ၿပီးခဲ့တဲ့ ေႏြရာသီကတည္းက စတင္သင့္တဲ့ ၿဗိတိန္ႏိုင္ငံ ဆိုလာစြမ္းအင္ၿခံႀကီးတစ္ခုဟာ လွ်ပ္စစ္ ဓာတ္အားကြန္ရက္နဲ႔ခ်ိတ္ဆက္ဖို႔ ေႏွာင့္ေႏွးမႈေတြ ေၾကာင့္ ေရွ႕ဆက္မတိုးႏိုင္ဘဲျဖစ္ေနရပါတယ္။ အဂၤ လန္ကြၽန္းအေရွ႕ပိုင္း ေနာ္ေဖာ့ခ္ေဒသ ဆြတ္ဖ္ဟမ္း ေဈးၿမိဳ႕ေတာ္အနီး JAFA ေနေရာင္ျခည္စြမ္းအင္ဖြံ႕ ၿဖိဳးေရးအစီအစဥ္ေတြကို (၂၀၂၃)ခုႏွစ္ ေဖေဖာ္ဝါရီလမွာ အာဏာပိုင္ေတြကအတည္ျပဳခဲ့ၿပီး ယခုႏွစ္မွာ စတင္လုပ္ကိုင္ႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ခဲ့ၾကပါတယ္။ ဒါေပမဲ့ သူ႔ေရွ႕က တျခားစီမံကိန္းအသစ္ေတြရဲ႕ “ဇြန္ဘီး ပေရာဂ်က္” ေတြက ဓာတ္အားကြန္ရက္နဲ႔မခ်ိတ္ဆက္ႏိုင္ေသးတဲ့အတြက္ အလွည့္ေရာက္တဲ့ အထိ ေစာင့္ဆိုင္းေနရေၾကာင္း ဒီအစီအစဥ္ကိုတာဝန္ယူထားတဲ့ Low Carbonကုမၸဏီကေျပာျပတယ္လို႔ BBC (၁၈-ေမ-၂၀၂၅)က ေရးပါတယ္။
ဇြန္ဘီးပေရာဂ်က္ဆိုတာက စီမံကိန္း ဒါမွ မဟုတ္ လုပ္ငန္းတစ္ခုဟာ စီးပြားေရး၊ နည္းပညာ ဒါမွမဟုတ္ လုပ္ေဆာင္ႏိုင္စြမ္းဆိုင္ရာျပႆနာေတြ ေၾကာင့္ ေအာင္ျမင္ဖို႔အလားအလာမရွိေတာ့ေပမယ့္ ဆက္လက္ရွင္သန္ေနတဲ့အေျခအေနကိုရည္ၫႊန္းပါတယ္။ ဒီလိုစီမံကိန္းေတြဟာ အခ်ိန္၊ ေငြ၊ လူအင္အား စသျဖင့္ အရင္းအျမစ္ေတြကို အက်ိဳးမဲ့စြာစုပ္ယူေနၿပီး လုပ္ငန္းရဲ႕ရလဒ္က သုညနီးပါးျဖစ္ေနတတ္ပါ တယ္။ ဆိုလိုတာ အသက္ဝိညာဥ္မရွိေတာ့ေပမယ့္ အလြယ္ တကူမေသဆုံးႏိုင္ဘဲ အနီးအနား ေတြ႕သမွ် အေသြးအသားကို ရွာေဖြဝါးမ်ိဳေနတဲ့သတၱဝါႀကီးလိုျဖစ္ေနပါတယ္။
တကယ္ေတာ့ ခ႐ိုင္ေကာင္စီမွာ တင္သြင္းထားတဲ့အတိုင္းဆိုရင္ JAFA ဟာ ၿဗိတိန္ႏိုင္ငံရဲ႕ အ ႀကီးဆုံးဆိုလာစြမ္းအင္ထုတ္လုပ္ေရးၿခံႀကီးေတြအနက္ တစ္ခုျဖစ္လာဖြယ္ရွိပါတယ္။ (၂၃၃)ဧက (၉၄) ဟက္တာက်ယ္ဝန္းတဲ့ ဆိုလာစြမ္းအင္ၿခံႀကီးဟာ တစ္ႏွစ္ လွ်င္ အိမ္ေျခ (၁၆,၅၀ဝ) အတြက္လုံေလာက္ တဲ့ လွ်ပ္စစ္ဓာတ္အားကိုထုတ္ေပးႏိုင္ပါတယ္။ သဘာဝပတ္ဝန္းက်င္ထိခိုက္မႈနဲ႔ စိုက္ပ်ိဳးေရးေျမဆုံးရႈံးမႈ ေၾကာင့္ ေဒသခံေကာင္စီတခ်ိဳ႕က ဆန႔္က်င္ခဲ့ၾကပါတယ္။ ရာသီဥတုေတြ ေဖာက္ျပန္ေျပာင္းလဲရတဲ့အထိ ပူေႏြးလာတဲ့ကမာၻႀကီးမွာ ကာဗြန္ထုတ္လႊတ္မႈနည္းပါးတဲ့ စြမ္းအင္ကို လိုအပ္တဲ့အတြက္ တျခားေကာင္စီ ေတြကေတာ့ ေထာက္ခံခဲ့ၾကပါတယ္။ ဒါေပမဲ့ အဲဒီေနာက္ပိုင္း ၿဗိတိန္ႏိုင္ငံမွာ ေနေရာင္ျခည္စြမ္းအင္ ဧက (၅,ဝဝဝ) (၁၆၁၈) ဟက္တာအထိ အႀကီးစား မီဂါပေရာဂ်က္ ေတြေပၚထြက္လာတဲ့အခါ JAFA ရဲ႕အေရးပါ မႈဟာ ေမွးမွိန္သြားပါတယ္။
လွ်ပ္စစ္ဓာတ္အားဆိုတာ ေလာင္စာဆီ-ေက်ာက္မီးေသြး-ေရအား စသျဖင့္ တစ္နည္းနည္းနဲ႔ ထုတ္လုပ္ၿပီးရင္ သိုေလွာင္သိမ္းဆည္းထားလို႔ရတဲ့ အရာမ်ိဳးမဟုတ္ပါဘူး၊ ထုတ္လဲထုတ္ ျဖန႔္လဲျဖန႔္ဖို႔ လိုအပ္ထာေၾကာင့္ ဓာတ္အားကြန္ရက္စနစ္နဲ႔ အခ်ိန္ တစ္ၿပိဳင္တည္း ခ်ိတ္ဆက္ရပါလိမ့္မယ္။ ဆိုလာစြမ္း အင္စနစ္ေတြမွာေတာ့ ေနေရာင္ျခည္ကို လွ်ပ္စစ္ဓာတ္အားအျဖစ္ တိုက္႐ိုက္ေျပာင္းလဲၿပီး ဘက္ထရီ စနစ္ ဒါမွမဟုတ္ တျခားနည္းလမ္းနဲ႔ ေနရာတစ္ခုခုမွာ ေခတၱသိမ္းဆည္းထားႏိုင္ပါတယ္။ ဒါေပမဲ့ အဲဒီလို လုပ္ခဲ့ရင္ ပမာဏတစ္ခုသာသိမ္းဆည္းထားႏိုင္တဲ့ ကန႔္သတ္မႈရွိေနတဲ့အျပင္ ကုန္က်စရိတ္အလြန္မ်ား တတ္ပါတယ္။ ဆိုလာစြမ္းအင္စီမံကိန္းေတြအတြက္ “ရင္းႏွီးျမႇဳပ္ႏွံမႈမွ ျပန္လည္ရရွိမႈ” Return on Investment (ROI) ဟာ ထုတ္လုပ္လိုက္တဲ့စြမ္း အင္ကို ကြန္ရက္စနစ္နဲ႔ခ်ိတ္ဆက္ၿပီး ေရာင္းခ်ျခင္း ျဖင့္ သာရရွိႏိုင္ပါတယ္။
ႏိုင္ငံအေတာ္မ်ားမ်ားရဲ႕ ျပန္လည္ျပည့္ၿဖိဳး ၿမဲစြမ္းအင္စီမံကိန္းေတြဟာ လွ်ပ္စစ္ကြန္ရက္နဲ႔ ခ်ိတ္ ဆက္ႏိုင္ေၾကာင္း ခြင့္ျပဳခ်က္ Grid Connection Agreement ရရွိမွသာ လုပ္ကိုင္ေဆာင္႐ြက္ခြင့္ေပးေလ့ ရွိပါတယ္။ အဲဒီလိုခ်ိတ္ဆက္ဖို႔ ေစာင့္ဆိုင္းေနတဲ့ တန္းစီဇယားမွာ ပေရာဂ်က္ေပါင္းမ်ားစြာရွိေနၿပီး တခ်ိဳ႕ ေတြက အလုပ္ျဖစ္ႏိုးႏိုး ဟန္ေရးျပတုန္းရွိပါေသးတယ္။
လွ်ပ္စစ္ကြန္ရက္ရဲ႕လက္ခံႏိုင္စြမ္းမွာလည္း အကန႔္အသတ္ရွိပါတယ္။ ဇြန္ဘီးပေရာဂ်က္မ်ားက ေရွ႕မွာပိတ္ဆို႔ထားသလိုျဖစ္ေနတဲ့အတြက္ JAFA လိုစီမံကိန္းေတြဟာ ေနာက္ဆုံးတန္းမွာေရာက္ ရွိသြား ရပါတယ္။ အလားတူ တျခားပေရာဂ်က္ေတြလည္း တေမ့တေမာႀကီးေစာင့္ဆိုင္းရေလာက္တဲ့ ေႏွာင့္ေႏွး မႈကိုျဖစ္ေစၿပီး အခ်ိဳ႕ကိစၥေတြမွာ (၁၀) ႏွစ္ ဒါမွမဟုတ္ (၁၂)ႏွစ္အထိ ၾကာျမင့္ဖြယ္ရွိေနပါတယ္။
ခုေတာ့ Ofgem လို႔ေခၚတဲ့ “စြမ္းအင္သုံး စြဲမႈစီမံကိန္းမ်ားႀကီးၾကပ္ေရးဦးစီးဌာန”က အဲဒီဖုတ္ ေကာင္ပေရာဂ်က္ေတြကိုဖယ္ရွားၿပီး အမွန္တကယ္ တည္ေဆာက္ဖို႔အသင့္ရွိေနတဲ့ပေရာဂ်က္ေတြကို ဦး စားေပးခ်ိတ္ဆက္ခြင့္ျပဳမယ့္စနစ္အသစ္ကို အတည္ျပဳလိုက္ၿပီလို႔ဆိုပါတယ္။ ဒါေပမဲ့ တစ္ႏွစ္ ႏွစ္ႏွစ္ ေလာက္ ထပ္မံေစာင့္ဆိုင္းရမွာျဖစ္ေၾကာင္း၊ ျပဳျပင္ေျပာင္းလဲမႈေတြကိုႀကိဳဆိုေပမယ့္ အဲဒီလိုေစာင့္ဆိုင္း ေနရျခင္းမွာ စိတ္ပ်က္စရာပဲလို႔ Low Carbon ကုမၸဏီ ဒါ႐ိုက္တာ တစ္ဦးက မွတ္ခ်က္ေပးပါတယ္။
ဒီျဖစ္ရပ္ဟာ အတိတ္ကာလ အေရွ႕ အေနာက္ ကမာၻတစ္ခြင္လုံးကို ကိုလိုနီျပဳႏိုင္ခဲ့တဲ့ ၿဗိတိန္ ႏိုင္ငံမွာ စီမံခန႔္ခြဲမႈနဲ႔ပတ္သက္ၿပီး အားနည္းခ်က္ ေတြရွိေနေၾကာင္း ျပသေနပါတယ္။ ဇြန္ဘီးပေရာ ဂ်က္ေတြ ဘာေၾကာင့္ေပၚေပါက္လာသလဲလို႔ ေမးရင္ (၁) ေဈးကြက္နဲ႔ စီးပြားေရးအေျခအေန ေျပာင္းလဲ မႈေၾကာင့္ျဖစ္ပါတယ္။ တျခား ေလအား သို႔မဟုတ္ ေလာင္စာဆီေဈးႏႈန္းက်ဆင္းတာေၾကာင့္ ဒီဇယ္လွ်ပ္ စစ္တို႔လို ဆူလြယ္နပ္လြယ္ ပိုမိုတြက္ေျခကိုက္မယ့္လုပ္ ငန္းေတြရဲ႕ယွဥ္ၿပိဳင္မႈ ေပၚေပါက္လာတာ၊ နည္း ပညာ ေဟာင္းေတြက ေခတ္မမီေတာ့တာ တို႔ေၾကာင့္ျဖစ္ပါတယ္။
(၂) ဘ႑ာေရးနဲ႔ စည္းမ်ဥ္းဆိုင္ရာျပႆနာကလည္း ဖုတ္ေကာင္ပေရာဂ်က္ေတြကို ျဖစ္ေပၚ ေစပါတယ္။ ေနာ္ေဖာ့ခ္ေဒသ ဆိုလာစီမံကိန္းတည္ေဆာက္မယ့္သူတခ်ိဳ႕ဟာ ေငြေၾကးျပည့္စုံမႈမရွိျခင္း (ဥပမာ- ဘဏ္ေခ်းေငြမရရွိျခင္း)ေၾကာင့္ျဖစ္ပါ တယ္။ ဇြန္ဘီးပေရာဂ်က္ေတြဟာ အစိုးရပိုင္ျဖစ္လို႔ ဦးစားေပးထားတာေၾကာင့္ေတာ့ မဟုတ္ပါဘူး၊ ဆိုလာ စြမ္းအင္စီမံကိန္းအမ်ားစုဟာ အစိုးရပိုင္မဟုတ္ဘဲ ပုဂၢလိကကုမၸဏီေတြက လုပ္ကိုင္ေနၾကပါတယ္။ “ေရွ႕ဆုံး ေစာေစာတန္းစီတဲ့သူ ပထမ စနစ္”ကို ကာလ ၾကာျမင့္စြာက်င့္သုံးခဲ့တာရဲ႕ရလဒ္လို႔ ဆိုႏိုင္ပါတယ္။ အရည္အခ်င္း စိစစ္ျခင္းမရွိဘဲ ေလွ်ာက္ထား တဲ့ အစီအစဥ္အတိုင္း အလွည့္က်ခ်ိတ္ဆက္ဖို႔သတ္မွတ္လိုက္တဲ့အခါ တန္းစီဇယားမွာ ဇြန္ဘီးပေရာဂ်က္ ေတြေၾကာင့္ ေႏွာင့္ေႏွးကုန္ၾကတာျဖစ္ပါတယ္။
(၃) ဒီလိုဆို ဇြန္ဘီးပေရာဂ်က္မွန္းသိရဲ႕နဲ႔ ဘာေၾကာင့္ခြင့္ျပဳထားရသလဲလို႔ ေမးစရာရွိပါတယ္။ ကုမၸဏီတစ္ခုခုက မိမိစီမံကိန္းကို ဖ်က္သိမ္းမယ္ဆိုရင္လည္း ရင္းႏွီးထားတဲ့ ေငြေၾကးပမာဏတစ္ခု ဆုံးရႈံးရမယ့္အျပင္ ဒဏ္ေၾကးေငြေပးေဆာင္ရပါဦးမယ္။ ေနာက္ဆက္တြဲ အလုပ္လက္မဲ့ ျပႆနာေတြနဲ႔ ႏိုင္ငံေရး လူမႈေရး ဖိအားေတြျဖစ္ေပၚလာႏိုင္တဲ့အတြက္ ဖ်က္သိမ္းျခင္းမျပဳဘဲ အာဏာပိုင္ေတြနဲ႔ လုပ္ ငန္းရွင္ၾကား ေႁမြမေသ တုတ္မက်ိဳး ျဖစ္ေစခ်င္ၾကပါတယ္။ မိမိတို႔ စီးပြားေရးလုပ္ငန္းရဲ႕ ဂုဏ္သိကၡာနဲ႔ ပတ္သက္ေနတဲ့အတြက္ စီမံကိန္းဖ်က္သိမ္းဖို႔ကို ဝန္ေလးၾကပါတယ္။
ၿဗိတိန္လို စီမံခန႔္ခြဲမႈအေတြ႕အႀကဳံသမာၻရင့္ ႏိုင္ငံမ်ိဳးေတာင္ ဒီလိုျဖစ္ေနရင္ တစ္ဦးတစ္ဖြဲ႕ တည္းက လုပ္ပိုင္ခြင့္အားလုံးကိုခ်ဴပ္ကိုင္ထားတဲ့တိုင္းျပည္မ်ိဳး မွာ ဇြန္ဘီးပေရာဂ်က္ေတြရဲ႕ “ေ႐ႊေခတ္ ႀကီး” ျဖစ္ေနႏိုင္ေၾကာင္း အလြယ္တကူသိႏိုင္ပါတယ္။ ဆီးသီးဗန္းေမွာက္တုန္းေလး လူႀကီးေက်ာသပ္ ခံရေအာင္ အေပၚယံလုပ္ျပ၊ ကိုယ့္အိတ္ထဲလည္း ရသမွ်ထည့္ဖို႔ ကမန္းကတန္း လုပ္ၾကတဲ့အခါ ဖုတ္ ေကာင္ပေရာဂ်က္ခ်ည္း ျဖစ္ကုန္တတ္ပါတယ္။ ႏိုင္ငံေရးသမားတခ်ိဳ႕ဟာ စီမံကိန္းလုပ္ေဆာင္သင့္တဲ့ ေနရာမဟုတ္ဘဲ လူႀကီး ကိုေဖာ္လံဖားဖို႔ ဒါမွမဟုတ္ သူ႔မဲဆႏၵနယ္အတြင္း ျပည္သူေတြအျမင္ ေကာင္း႐ုံ သက္သက္ အေကာင္အထည္ေဖာ္ရင္ေတာ့ ဖုတ္ေကာင္ထက္ဆိုးတဲ့ သရဲအႀကီးစားေမြးမိသလိုျဖစ္ပါ လိမ့္မယ္။ ႀကီးမားတဲ့ ေငြေၾကး ပမာဏတစ္ခုကိုသုံးစြဲထားမိတဲ့အတြက္ စီမံကိန္းကို ရပ္ဆိုင္းပစ္လိုက္ရင္ အရႈံးႀကီးရႈံးရမွာေၾကာင့္ မျဖစ္ႏိုင္၊ ေငြေၾကးလိုအပ္မႈထပ္ေဆာင္းလာတဲ့အခါ ေခ်းေငြ သို႔မဟုတ္ အစိုးရ ဘတ္ဂ်က္မ်ားမွ ထပ္မံက်ခံသုံးစြဲဖို႔ ျဖစ္လာရပါတယ္။ တိုတိုေျပာရရင္ ကာယကံရွင္နဲ႔ တိုင္းျပည္အေပၚ ဝန္ထုပ္ဝန္ပိုးျဖစ္ေအာင္ ထပ္ကာထပ္ကာ လုပ္မိသြားတတ္ပါတယ္။
(၄) စနစ္တက်စီမံခန႔္ခြဲမႈမရွိျခင္း တစ္နည္းအားျဖင့္ လြဲမွားတဲ့စီမံခန႔္ခြဲမႈေတြဟာ ဖုတ္ေကာင္ ပေရာဂ်က္ေတြကို ေမြးထုတ္ေပးတတ္ပါတယ္။ စြမ္းေဆာင္ရည္ျပည့္မီျခင္း ရွိမရွိ ပုံမွန္စိစစ္ၿပီး အေရးယူ တဲ့စည္းမ်ဥ္းေတြ မရွိတာ၊ စီမံကိန္းတစ္ခုရဲ႕ ႏွစ္စဥ္ ရလဒ္ေတြနဲ႔ ကုန္က်စရိတ္ေတြကို ျပန္လည္တြက္ ခ်က္မႈ မျပဳလုပ္တာတို႔ေၾကာင့္ ဇြန္ဘီးပေရာဂ်က္မွန္းမသိႏိုင္ဘဲျဖစ္ရပါတယ္။
ဇြန္ဘီးပေရာဂ်က္ေတြဟာ အဓိကအားျဖင့္ စီးပြားေရးအေျခအေန၊ စည္းမ်ဥ္းစည္းကမ္းနဲ႔ စီမံခန႔္ ခြဲမႈဆိုင္ရာျပႆနာေတြေၾကာင့္ ေပၚေပါက္လာတတ္ၿပီး၊ အက်င့္ပ်က္ျခစားမႈသာထပ္ေဆာင္းလိုက္ရင္ “ႏူရာ ဝဲစြဲ၊ လဲရာ သူခိုးေထာင္း” ကိန္းဆိုက္ၿပီး ပိုမို ဆိုး႐ြားသြားတတ္ပါတယ္။ ေခါင္းမာတဲ့ ႏိုင္ငံေရးသ မားေတြက မလိုလားအပ္တဲ့ပေရာဂ်က္ေတြကို ေပေတၿပီးဆက္လုပ္ေနမယ္ဆိုရင္ ဖုတ္ေကာင္ဟာ လာ သမွ်ဖမ္းယူစားေသာက္တဲ့ “ဘီလူး” ျဖစ္သြားပါလိမ့္မယ္။
ဇြန္ဘီးပေရာဂ်က္ေတြကို အေျခခံအားျဖင့္ ေျဖရွင္းနည္းေတြ ရွိေနပါတယ္။ စည္းမ်ဥ္းျပဳျပင္ ေျပာင္းလဲမႈ၊ စြမ္းေဆာင္ရည္မရွိတဲ့စီမံကိန္းေတြကို စိစစ္ဖယ္ရွားတာတို႔ျဖစ္ပါတယ္။ အေရးႀကီးဆုံးက ေတာ့ အမ်ားျပည္သူပါဝင္ႏိုင္ေစဖို႔ လမ္းဖြင့္ေပးဖို႔ လိုအပ္ပါတယ္။ ဒီေနရာမွာ စီမံကိန္းလုပ္ငန္းေတြကို ပြင့္လင္းျမင္သာစြာစိစစ္ႏိုင္ဖို႔ဆိုတာ လူထုရဲ႕အသိ ပညာေရခ်ိန္က အေျခခံအဆင့္တစ္ခုအထိ ျမင့္မားမႈ ေတာ့ ရွိရပါလိမ့္မယ္။ မဟုတ္ရင္ သူတို႔သိသမွ် တစ္ေယာက္တစ္ေပါက္ ဝင္ေရာက္ေျပာဆိုရင္း “ရွည္ လ်ား ေပမ်ား”ေနရျပန္ပါတယ္။ ဥပမာေျပာရရင္ “ေက်ာက္မီးေသြးစြမ္းအင္ဆိုတာ သဘာဝပတ္ဝန္းက်င္ ညစ္ညမ္းတတ္တယ္”၊ “ဆည္ေဆာက္တယ္ဆိုတာ ျမစ္တစ္စင္းကို ခန္းေျခာက္ေအာင္လုပ္ထာ”၊ “ငလ်င္ လႈပ္လို႔ ဆည္ၿပိဳက်ရင္ ၿမိဳ႕ေတြ႐ြာေတြပ်က္စီးမယ္” ဆိုတဲ့ ေလွနံဓားထစ္ အယူအဆေဟာင္း ေတြဟာ အခါခပ္သိမ္း မွန္ကန္ျခင္းမရွိေၾကာင္း အသိပညာေပးဖို႔လိုအပ္ပါတယ္။
ၿဗိတိန္ႏိုင္ငံရဲ႕ ဇြန္ဘီးပေရာဂ်က္ေတြအေၾကာင္း ရွင္းလင္းစြာသိရွိႏိုင္ဖို႔ လက္လွမ္းမီသမွ်ရွာေဖြ ေနတဲ့ကြၽန္ေတာ့္ကို “ျမန္မာျပည္မွာလည္း ဖုတ္ေကာင္ ပေရာဂ်က္ေတြရွိတယ္၊ သိခ်င္လား”လို႔ Chat GPT ဥာဏ္ရည္တု Artificial Intelligence (AI) ကေမးပါတယ္။ သိခ်င္တယ္ ေျပာျပပါလို႔ အကူအညီ ေတာင္းတဲ့အခါ (က) (၂၀၁၅) ခန႔္က စတင္ေၾကညာခဲ့တဲ့ မႏၲေလးတိုင္း စဥ့္ကူးစက္မႈဇုန္ (Singu Indu strial Zone) ျဖစ္ေၾကာင္း ေျမရာအျငင္းပြားမႈေတြနဲ႔ အေျခခံအေဆာက္အအုံ ျပည့္စုံမႈမရွိျခင္း၊ လူထုပူး ေပါင္းမႈမပါဝင္ျခင္း၊ နည္းပညာ စြမ္းရည္အသုံးခ်ႏိုင္ျခင္းမရွိ၊ ရင္းႏွီးျမႇဳပ္ႏွံသူနည္းပါးတဲ့အတြက္ (၂၀၂၀) ျပည့္ႏွစ္ စက္မႈဇုန္အတြင္း (၇၀%)ေက်ာ္ အလုပ္မျဖစ္၊ ေရွ႕ဆက္မတိုးႏိုင္ျဖစ္ေနေၾကာင္း Myanmar Times က ေရးဖူးတယ္လို႔ဆိုပါတယ္။
(ခ) (၂၀၁၇-၂၀၁၈) ခုႏွစ္ ရန္ကုန္ၿမိဳ႕ ခရီးသည္တင္ ယာဥ္လိုင္းမ်ား GPS စနစ္ေျခရာခံ ပေရာ ဂ်က္ (YBS GPS System Project) မွာ နည္းပညာ အခက္အခဲနဲ႔ ဘတ္ဂ်က္လိုအပ္ခ်က္ျဖစ္ေပၚ လုပ္ငန္း တစ္ခုလုံး (၃၀%)သာလည္ပတ္ႏိုင္ေၾကာင္း (၂၀၂၁)ခုႏွစ္မွာေတြ႕ရွိတယ္လို႔ Frontier Myanmar က ေဖာ္ျပပါတယ္။
(ဂ) Nikkei Asia ရဲ႕ အဆိုအရ တနသၤာရီတိုင္း ထားဝယ္အထူးစီးပြားေရးဇုန္လည္း ပါဝင္ပါ တယ္။ (၂၀ဝ၈)ခုႏွစ္မွာစတင္ခဲ့ေပမယ့္ တိုးတက္မႈ အလြန္ေႏွးေကြးေနေၾကာင္း၊ ေတာင္ကိုရီးယား-ထိုင္း-အိႏၵိယႏိုင္ငံတို႔ ပါဝင္လုပ္ကိုင္မယ္ဆိုေပမယ့္ ရင္းႏွီးျမႇဳပ္ႏွံသူနည္းပါးတာနဲ႔ ႏိုင္ငံေရး မတည္ၿငိမ္မႈေတြ ေၾကာင့္ (၂၀၂၀) ခုႏွစ္မွာ မူလစီမံကိန္းရဲ႕ (၁၅%)သာၿပီးစီးေသးေၾကာင္း သိရွိရပါတယ္။ ဒါေၾကာင့္ (၂၀၂၁) ခုႏွစ္ေနာက္ပိုင္းမွာ ႐ုရွားႏိုင္ငံနဲ႔ ပူးေပါင္းၿပီး အေကာင္အထည္ေဖာ္ဖို႔ ျပင္ဆင္ေနပါတယ္။
(ဃ) ႏိုင္ငံပိုင္ ေရနံဓာတု အင္တာပ႐ိုက္စ္ဟာ စက္ပစၥည္းေတြ ေဟာင္းႏြမ္းေခတ္ေနာက္က် ေနတာ၊ နည္းပညာေဟာင္းေတြနဲ႔ ထိေရာက္စြာလုပ္ ကိုင္ဖို႔အခက္အခဲေတြေၾကာင့္ ႏွစ္စဥ္ အရည္အေသြး နိမ့္ေရနံထြက္ပစၥည္းေတြသာ ထုတ္လုပ္ႏိုင္တယ္လို႔ ဆိုပါတယ္။ ဒီအတြက္ အရည္အေသြးနဲ႔ ထုတ္လုပ္မႈ ျမႇင့္တင္ဖို႔ ႐ုရွားႏိုင္ငံနဲ႔ စာခ်ဳပ္ခ်ဳပ္ဆို လုပ္ကိုင္ေနေၾကာင္း သတင္းေတြကဆိုပါတယ္။