ပင်လယ်နက်အတွင်း ရေကြောင်းလုံခြုံရေးအချက်ချာနေရာတစ်ခု ဖန်တီးရန် ဥရောပသမဂ္ဂ အဆိုပြု

 229

Pika (NP News) - မေ ၃၁

မဟာဗျူဟာအရ အရေးပါသောဒေသကို အနီးကပ်စောင့်ကြည့်ရန်အတွက် နိုင်ငံအများအပြားထံမှ သတင်းအချက် အလက်များ စုဆောင်းခြင်းဖြင့် ပင်လယ်နက်အတွင်း လုံခြုံရေးကို တိုးမြှင့်ရန် အချက်အချာနေရာတစ်ခုကို ဖန်တီး ရန် ဥရောပသမဂ္ဂက အဆိုပြုခဲ့ကြောင်း သိရသည်။ ရုရှားထံမှ ခြိမ်းခြောက်မှုများ ဆက်လက်ဖြစ်ပေါ်နေခြင်း နှင့် ပင်လယ်ရေအောက်အခြေခံအဆောက်အဦးဆိုင်ရာ အန္တရာယ်များနှင့်ပတ်သက်ပြီး ဥရောပသမဂ္ဂတွင်းတွင် စိုးရိမ်မှုများမြင့်တက်နေချိန်တွင် အဆိုပြုအဆိုပြုချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
ရုရှား-ယူကရိန်းစစ်ပွဲ ဆက်လက်ဖြစ်ပွားနေမှုနှင့်တူ အဆိုပါအချက်အချာနေရာကို မကြာမီကာလအတွင်း ဦးစားပေးသဘောဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြ ထားသည်။ ထို့ပြင် ယင်းအချက်အချာနေရာတွင် ပင်လယ်နက် နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများထံမှ ကူညီပံ့ပိုး ပေးမှုများ၊ ပင်လယ်နက်ရှိ ရေကြောင်းအခြေအနေဆိုင်ရာအသိပညာ နှင့် သတင်းအချက်အလက်မျှဝေမှု၊ အာကာသမှ ပင်လယ်ကြမ်းပြင်အထိ အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ခြင်း နှင့် ကြိုတင်သတိပေးချက်တို့ကို အသုံးပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
အဆိုပါအချက်အချာနေရာတွင် ကေဘယ်ကြိုးများကို စောင့်ကြည့်ခြင်း၊ကမ်းလွန်တွင် တည်ဆောက်မှုများနှင့် ဓာတ်ငွေ့နှင့် လေစွမ်းအင်ဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုများ ပါဝင်ကြောင်း ဥရောပသမဂ္ဂ၏ မူဝါဒရေးရာ အကြီးအကဲ ကာဂျာကဲလက်စ်က ပြောကြားခဲ့သည်။ ထို့ပြင် ရေအောက်အာရုံခံကိရိယာများ၊ အဝေးထိန်း ရေယာဉ်များ နှင့် စောင့်ကြည့်ရေးဒရုန်းများကိုလည်း အသုံးပြုသွားမည်ဖြစ်ကြောင်း ကာဂျာကဲလက်စ်က ပြောကြားခဲ့သည်။

Zawgyi Version:
ပင္လယ္နက္အတြင္း ေရေၾကာင္းလုံၿခဳံေရးအခ်က္ခ်ာေနရာတစ္ခု ဖန္တီးရန္ ဥေရာပသမဂၢ အဆိုျပဳ
Pika (NP News) - ေမ ၃၁

မဟာဗ်ဴဟာအရ အေရးပါေသာေဒသကို အနီးကပ္ေစာင့္ၾကည့္ရန္အတြက္ ႏိုင္ငံအမ်ားအျပားထံမွ သတင္းအခ်က္ အလက္မ်ား စုေဆာင္းျခင္းျဖင့္ ပင္လယ္နက္အတြင္း လုံၿခဳံေရးကို တိုးျမႇင့္ရန္ အခ်က္အခ်ာေနရာတစ္ခုကို ဖန္တီး ရန္ ဥေရာပသမဂၢက အဆိုျပဳခဲ့ေၾကာင္း သိရသည္။ ႐ုရွားထံမွ ၿခိမ္းေျခာက္မႈမ်ား ဆက္လက္ျဖစ္ေပၚေနျခင္း ႏွင့္ ပင္လယ္ေရေအာက္အေျခခံအေဆာက္အဦးဆိုင္ရာ အႏၲရာယ္မ်ားႏွင့္ပတ္သက္ၿပီး ဥေရာပသမဂၢတြင္းတြင္ စိုးရိမ္မႈမ်ားျမင့္တက္ေနခ်ိန္တြင္ အဆိုျပဳအဆိုျပဳခ်က္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။
႐ုရွား-ယူကရိန္းစစ္ပြဲ ဆက္လက္ျဖစ္ပြားေနမႈႏွင့္တူ အဆိုပါအခ်က္အခ်ာေနရာကို မၾကာမီကာလအတြင္း ဦးစားေပးသေဘာျဖင့္ တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း ဥေရာပသမဂၢ၏ ထုတ္ျပန္ခ်က္တြင္ ေရးသားေဖာ္ျပ ထားသည္။ ထို႔ျပင္ ယင္းအခ်က္အခ်ာေနရာတြင္ ပင္လယ္နက္ ႏွင့္ ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံမ်ားထံမွ ကူညီပံ့ပိုး ေပးမႈမ်ား၊ ပင္လယ္နက္ရွိ ေရေၾကာင္းအေျခအေနဆိုင္ရာအသိပညာ ႏွင့္ သတင္းအခ်က္အလက္မွ်ေဝမႈ၊ အာကာသမွ ပင္လယ္ၾကမ္းျပင္အထိ အခ်ိန္ႏွင့္တစ္ေျပးညီ ေစာင့္ၾကည့္ျခင္း ႏွင့္ ႀကိဳတင္သတိေပးခ်က္တို႔ကို အသုံးျပဳသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေရးသားေဖာ္ျပထားသည္။
အဆိုပါအခ်က္အခ်ာေနရာတြင္ ေကဘယ္ႀကိဳးမ်ားကို ေစာင့္ၾကည့္ျခင္း၊ကမ္းလြန္တြင္ တည္ေဆာက္မႈမ်ားႏွင့္ ဓာတ္ေငြ႕ႏွင့္ ေလစြမ္းအင္ဆိုင္ရာလုပ္ငန္းေဆာင္႐ြက္မႈမ်ား ပါဝင္ေၾကာင္း ဥေရာပသမဂၢ၏ မူဝါဒေရးရာ အႀကီးအကဲ ကာဂ်ာကဲလက္စ္က ေျပာၾကားခဲ့သည္။ ထို႔ျပင္ ေရေအာက္အာ႐ုံခံကိရိယာမ်ား၊ အေဝးထိန္း ေရယာဥ္မ်ား ႏွင့္ ေစာင့္ၾကည့္ေရးဒ႐ုန္းမ်ားကိုလည္း အသုံးျပဳသြားမည္ျဖစ္ေၾကာင္း ကာဂ်ာကဲလက္စ္က ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.