ဂါဇာအကူအညီပေးရေးနှင့်ပတ်သက်ပြီး အစ္စရေး နှင့် ကုလသမဂ္ဂကြား ငြင်းခုံမှုတွေဖြစ်ပွား

 218

Pika (NP News) - မေ ၃၁

ဂါဇာကမ်းမြောင်ဒေသတွင် အကူအညီများ ဖြန့်ဖြူးမှုကို ကုလသမဂ္ဂကပိတ်ဆို့ရန် ကြိုးပမ်းနေကြောင်း အစ္စရေး အစိုးရက စွပ်စွဲပြောဆိုခဲ့သည်။ အစ္စရေးအာဏာပိုင်များက မီးစိမ်းပြထားသော အကူအညီများကို စုဆောင်းရန် အတွက် အစွမ်းကုန်လုပ်ဆောင်နေကြောင်း ကုလသမဂ္ဂက ပြောဆိုထားသည့်အချိန်တွင် အစ္စရေး၏ စွပ်စွဲ ပြောဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
ကုလသမဂ္ဂဆိုင်ရာ အစ္စရေးကိုယ်စားလှယ် ဒန်နီဒန်နွန်က “ကုလသမဂ္ဂက လက်တွေ့နဲ့ကွဲပြားတဲ့ ထုတ်ပြန် ကြေညာချက်တွေကို လုပ်ဆောင်နေတဲ့အချိန်မှာ အစ္စရေးနိုင်ငံက ဂါဇာကမ်းမြောင်ဒေသတွင်းကို အကူအညီတွေ အဆက်မပြတ်ဝင်လာစေဖို့ လုပ်ဆောင်နေတာပါ” ဟု ပြောခဲ့သည်။
ထို့ပြင် အမေရိကန်နှင့် အဓိက နိုင်ငံတကာ မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်သည့် ဖြန့်ဖြူးရေးယန္တရားအသစ် မှတစ်ဆင့် ဂါဇာကမ်းမြောင်ဒေသတွင်းကို ထရပ်ကားများဖြင့် အကူအညီများ ဝင်ရောက်လာနေကြောင်း ဒန်နီဒန်နွန် က ပြောကြားခဲ့သည်။ ဒန်နီဒန်နွန်သည် ၎င်း၏ကိုယ်ပိုင်ဖြန့်ဖြူးရေးစနစ်ကို တည်ထောင်ထားသော အမေရိကန်ကျောထောက်နောက်ခံပြုအကူအညီပေးရေးအဖွဲ့ဖြစ်သည့် ဂါဇာလူသားချင်းစာနာထောက်ထားမှု ဆိုင်ရာဖောင်ဒေးရှင်း(GHF)ကို ရည်ညွှန်းကာ ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက (GHF)စင်တာတွင် အကူအညီများ ဖြန့်ဝေနေစဉ်အချိန်အတွင်း ရုန်းရင်းဆန်ခတ်မှုများ ကြောင့် လူ(၄၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Zawgyi Version:
ဂါဇာအကူအညီေပးေရးႏွင့္ပတ္သက္ၿပီး အစၥေရး ႏွင့္ ကုလသမဂၢၾကား ျငင္းခုံမႈေတြျဖစ္ပြား
Pika (NP News) - ေမ ၃၁

ဂါဇာကမ္းေျမာင္ေဒသတြင္ အကူအညီမ်ား ျဖန႔္ျဖဴးမႈကို ကုလသမဂၢကပိတ္ဆို႔ရန္ ႀကိဳးပမ္းေနေၾကာင္း အစၥေရး အစိုးရက စြပ္စြဲေျပာဆိုခဲ့သည္။ အစၥေရးအာဏာပိုင္မ်ားက မီးစိမ္းျပထားေသာ အကူအညီမ်ားကို စုေဆာင္းရန္ အတြက္ အစြမ္းကုန္လုပ္ေဆာင္ေနေၾကာင္း ကုလသမဂၢက ေျပာဆိုထားသည့္အခ်ိန္တြင္ အစၥေရး၏ စြပ္စြဲ ေျပာဆိုခ်က္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။
ကုလသမဂၢဆိုင္ရာ အစၥေရးကိုယ္စားလွယ္ ဒန္နီဒန္ႏြန္က “ကုလသမဂၢက လက္ေတြ႕နဲ႔ကြဲျပားတဲ့ ထုတ္ျပန္ ေၾကညာခ်က္ေတြကို လုပ္ေဆာင္ေနတဲ့အခ်ိန္မွာ အစၥေရးႏိုင္ငံက ဂါဇာကမ္းေျမာင္ေဒသတြင္းကို အကူအညီေတြ အဆက္မျပတ္ဝင္လာေစဖို႔ လုပ္ေဆာင္ေနတာပါ” ဟု ေျပာခဲ့သည္။
ထို႔ျပင္ အေမရိကန္ႏွင့္ အဓိက ႏိုင္ငံတကာ မိတ္ဖက္မ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္သည့္ ျဖန႔္ျဖဴးေရးယႏၲရားအသစ္ မွတစ္ဆင့္ ဂါဇာကမ္းေျမာင္ေဒသတြင္းကို ထရပ္ကားမ်ားျဖင့္ အကူအညီမ်ား ဝင္ေရာက္လာေနေၾကာင္း ဒန္နီဒန္ႏြန္ က ေျပာၾကားခဲ့သည္။ ဒန္နီဒန္ႏြန္သည္ ၎၏ကိုယ္ပိုင္ျဖန႔္ျဖဴးေရးစနစ္ကို တည္ေထာင္ထားေသာ အေမရိကန္ေက်ာေထာက္ေနာက္ခံျပဳအကူအညီေပးေရးအဖြဲ႕ျဖစ္သည့္ ဂါဇာလူသားခ်င္းစာနာေထာက္ထားမႈ ဆိုင္ရာေဖာင္ေဒးရွင္း(GHF)ကို ရည္ၫႊန္းကာ ယင္းကဲ့သို႔ေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ရက္ပိုင္းက (GHF)စင္တာတြင္ အကူအညီမ်ား ျဖန႔္ေဝေနစဥ္အခ်ိန္အတြင္း ႐ုန္းရင္းဆန္ခတ္မႈမ်ား ေၾကာင့္ လူ(၄၇)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.