အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ထိုင်းနှင့် ကမ္ဘောဒီးယားစစ်တပ်မှ တပ်ဖွဲ့ဝင်များ မီတာ ၂၀၀ အထိ ပြန်ဆုတ်ရန် သဘောတူ

 754

ဂျန်ဇက် (NP News) - မေ ၃၁

ထိုင်းနှင့် ကမ္ဘောဒီးယားတို့သည် ပြီးခဲ့သည့်ရက်ပိုင်းက နယ်စပ်ဒေသ Ubon Ratchathani တွင် အငြင်းပွားမှုများ ဖြစ်ပွားကာ အပြန်အလှန်ပစ်ခတ်မှုများဖြစ်လာခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် အငြင်းပွားမှုဖြစ်ပွားသော နယ်စပ် ဒေသမှ နှစ်ဖက်တပ်ဖွဲ့ဝင်များ မီတာ ၂၀၀ သို့ ပြန်လည်ဆုတ်ခွာပေးရန် သဘောတူညီခဲ့ကြောင်း သိရသည်။ ထိုင်းစစ်တပ် နှင့် ကမ္ဘောဒီးယားစစ်တပ်တို့သည် မေလ ၂၈ ရက်က နယ်စပ်ဒေသတွင် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ကမ္ဘောဒီးယားစစ်သားတစ်ဦးသေဆုံးခဲ့ပြီးနောက် ထိုင်းကာကွယ်ရေးဦးစီးချုပ် နှင့် ကမ္ဘောဒီးယား ကာကွယ်ရေးဦးချုပ်တို့သည် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ကမ္ဘောဒီးယားစစ်တပ်က အပြန်အလှန်ပစ်ခတ်မှုများကြောင့် ကမ္ဘောဒီးယားစစ်တပ်မှ တပ်ကြပ်ကြီးအဆင့်ရှိသည့် စစ်သည်တစ်ဦးကျဆုံးခဲ့ကြောင်း ပြောသည်။ အငြင်းပွားခဲ့သောနယ်စပ်ဒေသမှ တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ပေးခဲ့ ခြင်းသည် တင်းမာမှုများဖြေလျော့ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။ ထိုင်း နှင့် ကမ္ဘောဒီးယား ပူးတွဲ နယ်နိမိတ်သတ်မှတ်ရေးအဖွဲ့သည် အငြင်းပွားသည့်နေရာများသို့ သွားရောက်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ ထိုင်း နှင့် ကမ္ဘောဒီးယားတို့၏ ပူးတွဲနယ်နိမိတ်သတ်မှတ်ရေးအဖွဲ့က ထိုင်းစစ်တပ် နှင့် ကမ္ဘောဒီးယားကြား ဖြစ်ပွားခဲ့သော ပစ်ခတ်မှုနှင့်ပတ်သက်ပြီး သတင်းအမှား ပျံ့နှံ့ခြင်းကြောင့် နှစ်ဖက်နားလည်မှု လွဲမည်ကို စိုးရိမ်မိ ကြောင်း ပြောသည်။
နှစ်နိုင်ငံစလုံးမှ မီဒီယာသမားများအနေဖြင့် နယ်စပ်ဒေသအငြင်းပွားမှုများနှင့်ပတ်သက်ပြီး သတင်းအမှားများ (သို့မဟုတ်) ယုံကြည်ရမှုနည်းပါးသည့် သတင်းအရင်းမြစ်များ၏ပြောဆိုချက်ကို ကိုးကားပြီး သတင်းရေးသား ဖော်ပြခြင်းကို ရှောင်ကြည်ရမည်ဖြစ်ကြောင်း၊ သတင်းဖော်ပြမှုများကို သတိထားဖော်ပြစေလိုကြောင်း ထိုင်းနှင့် ကမ္ဘောဒီးယားတို့၏ ပူးတွဲနယ်နိမိတ်သတ်မှတ်ရေးအဖွဲ့က ပြောသည်။
နှစ်နိုင်ငံစလုံးမှ မီဒီယာသုံးစွဲသူများအနေဖြင့်လည်း အငြင်းပွားမှုများရှိခဲ့သည့် နယ်စပ်ဒေသအခြေအနေများနှင့် ပတ်သက်ပြီး ဖြစ်လာနိုင်သောအလားလာများကို စဉ်းစားပြီးမျှဝေရန် တိုက်တွန်းလိုကြောင်း ထိုင်း နှင့် ကမ္ဘောဒီးယားတို့၏ ပူးတွဲနယ်နိမိတ်သတ်မှတ်ရေးအဖွဲ့က တောင်းဆိုထားသည်။

Zawgyi Version:
အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီးေနာက္ ထိုင္းႏွင့္ ကေမာၻဒီးယားစစ္တပ္မွ တပ္ဖြဲ႕ဝင္မ်ား မီတာ ၂၀၀ အထိ ျပန္ဆုတ္ရန္ သေဘာတူ
ဂ်န္ဇက္ (NP News) - ေမ ၃၁

ထိုင္းႏွင့္ ကေမာၻဒီးယားတို႔သည္ ၿပီးခဲ့သည့္ရက္ပိုင္းက နယ္စပ္ေဒသ Ubon Ratchathani တြင္ အျငင္းပြားမႈမ်ား ျဖစ္ပြားကာ အျပန္အလွန္ပစ္ခတ္မႈမ်ားျဖစ္လာခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာတြင္ အျငင္းပြားမႈျဖစ္ပြားေသာ နယ္စပ္ ေဒသမွ ႏွစ္ဖက္တပ္ဖြဲ႕ဝင္မ်ား မီတာ ၂၀၀ သို႔ ျပန္လည္ဆုတ္ခြာေပးရန္ သေဘာတူညီခဲ့ေၾကာင္း သိရသည္။ ထိုင္းစစ္တပ္ ႏွင့္ ကေမာၻဒီးယားစစ္တပ္တို႔သည္ ေမလ ၂၈ ရက္က နယ္စပ္ေဒသတြင္ အျပန္အလွန္ ပစ္ခတ္မႈ ျဖစ္ပြားခဲ့ရာ ကေမာၻဒီးယားစစ္သားတစ္ဦးေသဆုံးခဲ့ၿပီးေနာက္ ထိုင္းကာကြယ္ေရးဦးစီးခ်ဳပ္ ႏွင့္ ကေမာၻဒီးယား ကာကြယ္ေရးဦးခ်ဳပ္တို႔သည္ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ကေမာၻဒီးယားစစ္တပ္က အျပန္အလွန္ပစ္ခတ္မႈမ်ားေၾကာင့္ ကေမာၻဒီးယားစစ္တပ္မွ တပ္ၾကပ္ႀကီးအဆင့္ရွိသည့္ စစ္သည္တစ္ဦးက်ဆုံးခဲ့ေၾကာင္း ေျပာသည္။ အျငင္းပြားခဲ့ေသာနယ္စပ္ေဒသမွ တပ္ဖြဲ႕ဝင္မ်ား ျပန္လည္ဆုတ္ေပးခဲ့ ျခင္းသည္ တင္းမာမႈမ်ားေျဖေလ်ာ့ရန္ ရည္႐ြယ္ျခင္းျဖစ္ေၾကာင္း သိရသည္။ ထိုင္း ႏွင့္ ကေမာၻဒီးယား ပူးတြဲ နယ္နိမိတ္သတ္မွတ္ေရးအဖြဲ႕သည္ အျငင္းပြားသည့္ေနရာမ်ားသို႔ သြားေရာက္စစ္ေဆးမည္ျဖစ္ေၾကာင္း သိရသည္။ ထိုင္း ႏွင့္ ကေမာၻဒီးယားတို႔၏ ပူးတြဲနယ္နိမိတ္သတ္မွတ္ေရးအဖြဲ႕က ထိုင္းစစ္တပ္ ႏွင့္ ကေမာၻဒီးယားၾကား ျဖစ္ပြားခဲ့ေသာ ပစ္ခတ္မႈႏွင့္ပတ္သက္ၿပီး သတင္းအမွား ပ်ံ႕ႏွံ႔ျခင္းေၾကာင့္ ႏွစ္ဖက္နားလည္မႈ လြဲမည္ကို စိုးရိမ္မိ ေၾကာင္း ေျပာသည္။
ႏွစ္ႏိုင္ငံစလုံးမွ မီဒီယာသမားမ်ားအေနျဖင့္ နယ္စပ္ေဒသအျငင္းပြားမႈမ်ားႏွင့္ပတ္သက္ၿပီး သတင္းအမွားမ်ား (သို႔မဟုတ္) ယုံၾကည္ရမႈနည္းပါးသည့္ သတင္းအရင္းျမစ္မ်ား၏ေျပာဆိုခ်က္ကို ကိုးကားၿပီး သတင္းေရးသား ေဖာ္ျပျခင္းကို ေရွာင္ၾကည္ရမည္ျဖစ္ေၾကာင္း၊ သတင္းေဖာ္ျပမႈမ်ားကို သတိထားေဖာ္ျပေစလိုေၾကာင္း ထိုင္းႏွင့္ ကေမာၻဒီးယားတို႔၏ ပူးတြဲနယ္နိမိတ္သတ္မွတ္ေရးအဖြဲ႕က ေျပာသည္။
ႏွစ္ႏိုင္ငံစလုံးမွ မီဒီယာသုံးစြဲသူမ်ားအေနျဖင့္လည္း အျငင္းပြားမႈမ်ားရွိခဲ့သည့္ နယ္စပ္ေဒသအေျခအေနမ်ားႏွင့္ ပတ္သက္ၿပီး ျဖစ္လာႏိုင္ေသာအလားလာမ်ားကို စဥ္းစားၿပီးမွ်ေဝရန္ တိုက္တြန္းလိုေၾကာင္း ထိုင္း ႏွင့္ ကေမာၻဒီးယားတို႔၏ ပူးတြဲနယ္နိမိတ္သတ္မွတ္ေရးအဖြဲ႕က ေတာင္းဆိုထားသည္။

Related news

© 2021. All rights reserved.