ကာကွယ်ရေးအသုံးစရိတ်တိုးမြှင်ဖို့ ဩစတြေးလျကို အမေရိကန်တောင်းဆို

103

Pika (NP News) - မေ ၃၁
အမေရိကန်ရဲ့ လုံခြုံရေးမိတ်ဖက်နိုင်ငံဖြစ်တဲ့ ဩစတြေးလျနိုင်ငံကို ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်ဖို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီတီဟတ်ဆတ်က တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
ပီတီဟတ်ဆတ်ဟာ ဩစတြေးလျကာကွယ်ရေးဝန်ကြီး Richard Marles နဲ့ စင်ကာပူမှာ တွေ့ဆုံစဉ်အချိန်အတွင်း ယခုလိုတောင်းဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ပီတီဟတ်ဆတ်နဲ့ Richard Marles တို့ဟာ အမေရိကန်ရေငုပ်သင်္ဘောထုတ်လုပ်မှုနှုန်းကို သိသိသာသာမြှင့်တင်ဖို့ လိုအပ်မှုတွေကိုလည်း ဆွေးနွေးခဲ့ကြတယ် လို့ သိရပါတယ်။
ဩစတြေးလျအစိုးရဟာ ၎င်းရဲ့ရေငုပ်သင်္ဘောကျင်းတွေကို ကူညီထောက်ပံ့ပေးဖို့နဲ့ (၂၀၃၂)ခုနှစ်မှာ အမေရိကန် ဆီကနေ Virginia-class ရေငုပ်သင်္ဘောသုံးစီးကိုဝယ်ယူဖို့အတွက် (၂၀၂၅)ခုနှစ်အကုန်မှာ အမေရိကန်ကို အမေရိကန်ဒေါ်လာ(၂)ဘီလျံ ပေးချေဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
အမေရိကန်နဲ့ ဩစတြေးလျတို့ရဲ့ကာကွယ်ရေးဝန်ကြီးတွေကြား တွေ့ဆုံမှုဟာ ဒေါ်နယ်ထရမ့်က အမေရိကန် သမ္မတအဖြစ် စတင်တာဝန်ယူပြီးနောက်ပိုင်း ဒုတိယအကြိမ်မြောက်တွေ့ဆုံမှုတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။ Richard Marles က “ကျွန်တော်တို့ဟာ ကာကွယ်ရေးအသုံးစရိတ်ကို သိသာထင်ရှားစွာ တိုးမြှင့်ခဲ့ပါ တယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ရဲ့ ကာကွယ်ရေးအသုံးစရိတ်ကို လိုအပ်တယ်လို့ထင်တဲ့အချိန်မှာ တိုးမြှင့်နိုင်ဖို့ ချိန်ညှိမှုတွေလုပ်ဆောင်နေပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ကာကြယ္ေရးအသုံးစရိတ္တိုးျမႇင္ဖို႔ ဩစေၾတးလ်ကို အေမရိကန္ေတာင္းဆို
Pika (NP News) - ေမ ၃၁
အေမရိကန္ရဲ႕ လုံၿခဳံေရးမိတ္ဖက္ႏိုင္ငံျဖစ္တဲ့ ဩစေၾတးလ်ႏိုင္ငံကို ကာကြယ္ေရးအသုံးစရိတ္တိုးျမႇင့္ဖို႔ အေမရိကန္ကာကြယ္ေရးဝန္ႀကီး ပီတီဟတ္ဆတ္က ေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။
ပီတီဟတ္ဆတ္ဟာ ဩစေၾတးလ်ကာကြယ္ေရးဝန္ႀကီး Richard Marles နဲ႔ စင္ကာပူမွာ ေတြ႕ဆုံစဥ္အခ်ိန္အတြင္း ယခုလိုေတာင္းဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ပီတီဟတ္ဆတ္နဲ႔ Richard Marles တို႔ဟာ အေမရိကန္ေရငုပ္သေဘၤာထုတ္လုပ္မႈႏႈန္းကို သိသိသာသာျမႇင့္တင္ဖို႔ လိုအပ္မႈေတြကိုလည္း ေဆြးေႏြးခဲ့ၾကတယ္ လို႔ သိရပါတယ္။
ဩစေၾတးလ်အစိုးရဟာ ၎ရဲ႕ေရငုပ္သေဘၤာက်င္းေတြကို ကူညီေထာက္ပံ့ေပးဖို႔နဲ႔ (၂၀၃၂)ခုႏွစ္မွာ အေမရိကန္ ဆီကေန Virginia-class ေရငုပ္သေဘၤာသုံးစီးကိုဝယ္ယူဖို႔အတြက္ (၂၀၂၅)ခုႏွစ္အကုန္မွာ အေမရိကန္ကို အေမရိကန္ေဒၚလာ(၂)ဘီလ်ံ ေပးေခ်ဖို႔ စီစဥ္ထားတယ္လို႔လည္း သိရပါတယ္။
အေမရိကန္နဲ႔ ဩစေၾတးလ်တို႔ရဲ႕ကာကြယ္ေရးဝန္ႀကီးေတြၾကား ေတြ႕ဆုံမႈဟာ ေဒၚနယ္ထရမ့္က အေမရိကန္ သမၼတအျဖစ္ စတင္တာဝန္ယူၿပီးေနာက္ပိုင္း ဒုတိယအႀကိမ္ေျမာက္ေတြ႕ဆုံမႈတစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။ Richard Marles က “ကြၽန္ေတာ္တို႔ဟာ ကာကြယ္ေရးအသုံးစရိတ္ကို သိသာထင္ရွားစြာ တိုးျမႇင့္ခဲ့ပါ တယ္။ ဒါေပမယ့္လည္း ကြၽန္ေတာ္တို႔ရဲ႕ ကာကြယ္ေရးအသုံးစရိတ္ကို လိုအပ္တယ္လို႔ထင္တဲ့အခ်ိန္မွာ တိုးျမႇင့္ႏိုင္ဖို႔ ခ်ိန္ညႇိမႈေတြလုပ္ေဆာင္ေနပါတယ္” လို႔ ေျပာခဲ့ပါတယ္။