ယူကရိန်းကို နောက်ထပ်အမေရိကန်ဒေါ်လာ(၅ ဒသမ ၆) ဘီလျံ ထောက်ပံ့ပေးဖို့ ဂျာမနီကတိပြု

 74

Pika (NP News) - မေ ၃၁

ဂျာမနီအစိုးရဟာ ယူကရိန်းကို စစ်ရေးအကူအညီအဖြစ် နောက်ထပ်အမေရိကန်ဒေါ်လာ(၅ ဒသမ ၆) ဘီလျံ ထောက်ပံ့ပေးသွားမယ်လို့ ဂျာမနီကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူကရိန်းကို နောက်ထပ်အကူအညီပေးမှုတွေက ဂျာမနီနိုင်ငံ ပြိုလဲမှုကို အရှိန်မြှင့်တင်ပေးသွားနိုင်တယ်လို့ ရုရှားဘက်က တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
ဂျာမနီအစိုးရက ကတိပြုထားတဲ့ ရန်ပုံငွေတွေကို ယူကရိန်းမှာ တာဝေးပစ်လက်နက်စနစ်တွေ ထုတ်လုပ်ဖို့ ငွေကြေးထောက်ပံ့မှုတွေလုပ်ဆောင်ရာမှာ အသုံးပြုသွားမယ်လို့ ဂျာမနီကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါ တယ်။ ဒါ့ပြင် ဂျာမနီကာကွယ်ရေးဝန်ကြီး ဘိုးရစ်ပစ်စတိုးရီးယက်စ်နဲ့ ယူကရိန်းကာကွယ်ရေးဝန်ကြီး ရူစတန်ရူမာရော့ဗ်တို့ဟာ နှစ်နိုင်ငံကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့ကြတယ်လို့လည်း သိရပါတယ်။
ထုတ်ပြန်ချက်မှာ “သိသာထင်ရှားတဲ့ တာဝေးပစ်လက်နက်စနစ် အရေအတွက်ကို ယခုနှစ်အတွင်း ယူကရိန်းမှာ ထုတ်လုပ်သွားနိုင်ပါတယ်” လို့ ရေးသားဖော်ပြထားပါတယ်။
ဒါပေမယ့်လည်း ဘယ်လိုစစ်လက်နက်ပစ္စည်းမျိုးဖြစ်တယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားတာမျိုး မရှိဘူးလို့ သိရပါတယ်။

Zawgyi Version:
ယူကရိန္းကို ေနာက္ထပ္အေမရိကန္ေဒၚလာ(၅ဒသမ၆)ဘီလ်ံ ေထာက္ပံ့ေပးဖို႔ ဂ်ာမနီကတိျပဳ
Pika (NP News) - ေမ ၃၁

ဂ်ာမနီအစိုးရဟာ ယူကရိန္းကို စစ္ေရးအကူအညီအျဖစ္ ေနာက္ထပ္အေမရိကန္ေဒၚလာ(၅ ဒသမ ၆) ဘီလ်ံ ေထာက္ပံ့ေပးသြားမယ္လို႔ ဂ်ာမနီကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ဒါေပမယ့္လည္း ယူကရိန္းကို ေနာက္ထပ္အကူအညီေပးမႈေတြက ဂ်ာမနီႏိုင္ငံ ၿပိဳလဲမႈကို အရွိန္ျမႇင့္တင္ေပးသြားႏိုင္တယ္လို႔ ႐ုရွားဘက္က တုံ႔ျပန္ေျပာဆိုခဲ့ပါတယ္။
ဂ်ာမနီအစိုးရက ကတိျပဳထားတဲ့ ရန္ပုံေငြေတြကို ယူကရိန္းမွာ တာေဝးပစ္လက္နက္စနစ္ေတြ ထုတ္လုပ္ဖို႔ ေငြေၾကးေထာက္ပံ့မႈေတြလုပ္ေဆာင္ရာမွာ အသုံးျပဳသြားမယ္လို႔ ဂ်ာမနီကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါ တယ္။ ဒါ့ျပင္ ဂ်ာမနီကာကြယ္ေရးဝန္ႀကီး ဘိုးရစ္ပစ္စတိုးရီးယက္စ္နဲ႔ ယူကရိန္းကာကြယ္ေရးဝန္ႀကီး ႐ူစတန္႐ူမာေရာ့ဗ္တို႔ဟာ ႏွစ္ႏိုင္ငံၾကား ကာကြယ္ေရးပူးေပါင္းေဆာင္႐ြက္မႈသေဘာတူညီခ်က္ကို လက္မွတ္ ေရးထိုးခဲ့ၾကတယ္လို႔လည္း သိရပါတယ္။
ထုတ္ျပန္ခ်က္မွာ “သိသာထင္ရွားတဲ့ တာေဝးပစ္လက္နက္စနစ္ အေရအတြက္ကို ယခုႏွစ္အတြင္း ယူကရိန္းမွာ ထုတ္လုပ္သြားႏိုင္ပါတယ္” လို႔ ေရးသားေဖာ္ျပထားပါတယ္။
ဒါေပမယ့္လည္း ဘယ္လိုစစ္လက္နက္ပစၥည္းမ်ိဳးျဖစ္တယ္ဆိုတဲ့ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ ထုတ္ျပန္ခ်က္မွာ ေရးသားေဖာ္ျပထားတာမ်ိဳး မရွိဘူးလို႔ သိရပါတယ္။

Related news

© 2021. All rights reserved.