နာဂဒေသ၊လေရှီးမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပြိုမှုများဖြစ်ပွား

396

အင်ကြင်းမွှေး (NP News) - မေလ ၃၁
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လေရှီးမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့တွင်းလူနေရပ်ကွက် များ အပါအဝင် အချို့နေရာများတွင် မြေပြိုမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိုးရွာသွန်းမှု များပြားသည့် အတွက် ယမန်နေ့ (မေလ ၃၀ ရက်) ညနေပိုင်း ခန့်က စတင်ကာ လေရှီးမြို့နယ်တွင် မြေပြိုမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
NP News က စုံစမ်းသိရှိရသော အချက်အလက်များအရ လေရှီးမြို့တွင် မြေပြိုကျမှု ဖြစ်ပွားရာ လူနေအိမ် အစိတ်အပိုင်း တစ်ခု ပါဝင်သွားခဲ့ပြီး ဒေသတွင်း မီဒီယာတစ်ခု ဖြစ်သော Naga News ၏ သတင်းအရ လေရှီးမြို့တွင် မြေပြိုမှုများ ရှိနေသော်လည်း ရာသီဥတု အခြေအနေရ မြို့တွင်း သွားလာရခက်သည့် အတွက် သတင်းအတည်ပြုရန်ခက်ခဲနေကြောင်း ဖော်ပြထားသည်။
ထိုသို့ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လေရှီး-ထမံသီ လမ်းပိုင်း နေရာအချို့တွင် မြေပြိုမှုများ၊ သစ်ပင်ကြီးလဲကျပိတ်မိမှုများ ကြောင့် ယာဉ်ပြေးဆွဲမှုများနဲ့ ခရီးသွားလာမှုများ ယာယီ ရပ်ထားရကြောင်း သိရသည်။
တောင်ပေါ်မြို့ ဖြစ်သော လေရှီးမြို့တွင် ယနေ့ (မေလ ၃၁ ရက်) ထိတိုင် ရာသီဥတု အခြေအနေ ဆိုးဝါး နေဆဲ ဖြစ်ပြီး မိုးသည်းထန်ခြင်း နှင့် လေတိုက်ခိုက်ခြင်းများ ရှိနေကြောင်း သိရသည်။

zawgyi version
နာဂေဒသ၊ေလရွီးၿမိဳ႕နယ္တြင္ မိုးအဆက္မျပတ္႐ြာသြန္းမႈေၾကာင့္ ေျမၿပိဳမႈမ်ားျဖစ္ပြား
အင္ၾကင္းေမႊး (NP News) - ေမလ ၃၁
နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ေလရွီးၿမိဳ႕နယ္တြင္ မိုးအဆက္မျပတ္႐ြာသြန္းမႈေၾကာင့္ ၿမိဳ႕တြင္းလူေနရပ္ကြက္ မ်ား အပါအဝင္ အခ်ိဳ႕ေနရာမ်ားတြင္ ေျမၿပိဳမႈမ်ား ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
မိုး႐ြာသြန္းမႈ မ်ားျပားသည့္ အတြက္ ယမန္ေန႔ (ေမလ ၃၀ ရက္) ညေနပိုင္း ခန႔္က စတင္ကာ ေလရွီးၿမိဳ႕နယ္တြင္ ေျမၿပိဳမႈ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
NP News က စုံစမ္းသိရွိရေသာ အခ်က္အလက္မ်ားအရ ေလရွီးၿမိဳ႕တြင္ ေျမၿပိဳက်မႈ ျဖစ္ပြားရာ လူေနအိမ္ အစိတ္အပိုင္း တစ္ခု ပါဝင္သြားခဲ့ၿပီး ေဒသတြင္း မီဒီယာတစ္ခု ျဖစ္ေသာ Naga News ၏ သတင္းအရ ေလရွီးၿမိဳ႕တြင္ ေျမၿပိဳမႈမ်ား ရွိေနေသာ္လည္း ရာသီဥတု အေျခအေနရ ၿမိဳ႕တြင္း သြားလာရခက္သည့္ အတြက္ သတင္းအတည္ျပဳရန္ခက္ခဲေနေၾကာင္း ေဖာ္ျပထားသည္။
ထိုသို႔ မိုးအဆက္မျပတ္႐ြာသြန္းမႈေၾကာင့္ ေလရွီး-ထမံသီ လမ္းပိုင္း ေနရာအခ်ိဳ႕တြင္ ေျမၿပိဳမႈမ်ား၊ သစ္ပင္ႀကီးလဲက်ပိတ္မိမႈမ်ား ေၾကာင့္ ယာဥ္ေျပးဆြဲမႈမ်ားနဲ႔ ခရီးသြားလာမႈမ်ား ယာယီ ရပ္ထားရေၾကာင္း သိရသည္။
ေတာင္ေပၚၿမိဳ႕ ျဖစ္ေသာ ေလရွီးၿမိဳ႕တြင္ ယေန႔ (ေမလ ၃၁ ရက္) ထိတိုင္ ရာသီဥတု အေျခအေန ဆိုးဝါး ေနဆဲ ျဖစ္ၿပီး မိုးသည္းထန္ျခင္း ႏွင့္ ေလတိုက္ခိုက္ျခင္းမ်ား ရွိေနေၾကာင္း သိရသည္။
လစဥ္ေၾကး ေပးသြင္းရန္ ႏွင့္ The Statesman ဂ်ာနယ္ဝယ္ယူရန္ စုံစမ္းလိုပါက
(မနက္ ၉ နာရီ မွ ညေန ၆ နာရီ)အတြင္းသာ ဆက္သြယ္ရန္
ဖုန္း - 09-444681478 (Viber)