KIA ၏ ဗန်းမော်မြို့သိမ်းတိုက်စစ်မှာ ချည့်နဲ့လာသည့် အပြင် ၎င်းတို့ဘက်တွင် သေဆုံးသူများပြားနေ

11643

သုတကျော် (NP News) - ဇွန် ၁
KIA ၏ ဗန်းမော်မြို့သိမ်းတိုက်စစ်မှာ ချည့်နဲ့လာသည့်အပြင် ၎င်းတို့ဘက်တွင် သေဆုံးသူ များပြားနေကြောင်း NP News က စုံစမ်းသိရှိရသော အချက်အလက်များနှင့် စစ်ရေး သတင်းရင်းမြစ်များထံ မေးမြန်းထားချက်များအရ သိရ သည်။
ငါးလခန့် ကြာမြင့်လာခဲ့ပြီဖြစ်သော ဗန်းမော်တိုက်ပွဲသည် ကနဦးတွင် KIA က အင်အား အများအပြားဖြင့် တပ်မတော်စခန်းများကို စတင်တိုက်ခိုက်ခဲ့ရာ ထိုးစစ်က အားကောင်းခဲ့သော်လည်း နောက်ပိုင်းတွင် တပ်မတော်၏ ခံစစ်ကြောင့် ထိခိုက်မှု များပြားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် မေလ (၂၇) ရက်တွင်လည်း KIA က အင်အား အလုံးအရင်ဖြင့် ဗန်းမော်မြို့ အခြေစိုက် (စကခ - ၂၁) ကို တိုက်စစ်တစ်ကြိမ် ဖွင့်ခဲ့သေးသော် လည်း ဒရုန်းနှင့် ခြေလျင် တွဲဖက်ကာ ခံစစ်ဆင်ခဲ့သော တပ်မတော်၏ချေမှုန်းခြင်းကို ခံခဲ့ရသည်။
“အဲဒီနေ့ မေလ (၂၇) ရက်က မနက် (၃) နာရီကြီး လာတိုက်တာ။ တစ်နေကုန် နှစ်ဖက်ပွဲကြမ်း တယ်ပေါ့ဗျာ။ မရှိရှိတဲ့ အင်အားနဲ့ စုပေါင်းပြီး ဖားကန့် ဘက်က ဟာတွေပါ ဆွဲခေါ်ပြီး သူတို့ (KIA ပူးပေါင်း အဖွဲ့) ကတိုက်တာ။ တော်တော် ပြင်းထန်ပါတယ်။ ညနေပိုင်းလောက်ကျတော့လန်ဆင်းသွားတယ်ပေါ့။ မနက် (၉) နာရီလောက်မှာလည်း တစ်ခါ လန်သေး တယ်။ နှစ်ခါ လန်ဆင်းသွားတာပေါ့။ လန်ဆင်းသွား တဲ့အခါတိုင်း ဒရုန်းနဲ့ လိုက်ပြီးပစ်တော့ သူတို့အထိ ခိုက်၊ ကျဆုံး တော်တော်များသွားတယ်။ ကျွန်တော်တို့ ဘက်က အခြေအနေအများကြီး ကောင်းပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
လက်ရှိ ဗန်းမော်မြို့မှာလည်း KIA တို့ ဖော်ဆောင်သည့်တိုက်ပွဲကြောင့် မြို့၏ (၉၀) ရာခိုင်နှုန်းခန့် ပျက်စီးသွားခဲ့ပြီဖြစ်ကာ KIA ပူးပေါင်း အဖွဲ့ မှလည်း တပ်မဟာ (၂) ခုစာခန့် သေဆုံးခဲ့ပြီး ဖြစ် ကြောင်း သိရသည်။
“သူတို့ တိုက်စစ်က တိုက်စစ်ဆိုပေမယ့် တဖြည်းဖြည်း ချည့်လာတယ်။ အင်အားကလည်း ပစ်နိုင်ရင် တော်ပြီ ဆိုပြီး လူသစ်တွေ လျှောက်ထည့်နေတာပေါ့။ ဒီလိုအခြေအနေနဲ့ကတော့ ထိုးစစ်ကောင်း ကောင်း ဖြစ်မလာတော့ဘူး။ တိုက်တတ်တဲ့သူတွေကလည်း ဗန်းမော်ရဲ့ ပထမတိုက်ပွဲတွေမှာ သေကုန် ပြီ” ဟု အခြား စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြော သည်။
NP News က စုံစမ်းသိရှိရသော အချက်အလက်များအရ ဗန်းမော်မြို့ကို တိုက်ခိုက်ရာတွင် KIA နှင့် အတူ KPDF ၊ PDF၊ ABSDF နှင့် AA တို့ ပါဝင်ကြောင်း ကနဦး သိရကာ တိုက်ပွဲငယ်များ ရှိနေကြောင်းသိရသည်။ “ဖြစ်နိုင်ရင် ရဲဘော်တွေပြန်ခေါ် ကိုယ့်အိမ်ကိုယ်ပြန်ခိုင်းပြီး ကိုယ်လည်း ကိုယ့်နေရာကိုသာ ပြန်နေချင်တော့ တယ်” ဟု ဗန်းမော်မြို့ တိုက်ပွဲတွင် ရောက်ရှိနေသော PDF အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ယင်းမာပင်ခရိုင် တပ်ရင်း (၂၈) မှ ဗိုလ်စွမ်းဆိုသူက ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် ရေးသားထား သည်။
လက်ရှိ ဗန်းမော်ဒေသတွင် တော်လှန်ရေး အကြောင်းပြကာ KIA က လူငယ်လူရွယ်များကို ဖမ်းဆီးပြီး သေဆုံးမှုများပြားနေသော ရှေ့တန်းသို့ စေလွှတ်သောကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရပြီး ပြည်သူများအနေဖြင့် KIA နောက်ဆွဲ လက်နက်ကိုင်များ၏ ဆက်ကြေးတောင်းသမျှကို ပေးနေ ကြရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“ဒီဒေသလူတွေကသာ အကုန်ပေးဆပ်ရင်း ဒီဒေသပဲ ပြာပုံဘဝရောက်ခဲ့ကြရတာပါပဲ။ ဒီလိုနဲ့ မြို့သိမ်းမယ် လုပ်ရာကနေ တစ်မြို့နယ်လုံး PDF ပူပေါင်းတပ်ဖွဲ့၊ မဟာမိတ် တပ်ဖွဲ့တွေ တော်လှန်ရေး ကြေးစားပူးပေါင်းတပ်ဖွဲ့တွေ လုပ်ကြရပါတော့တယ်။ ပကဖ၊ ပလဖ၊ ပအဖတွေ ပြောမနေပါနဲ့တော့ တစ်နယ်လုံး လိုလိုပါပဲ။ သေနတ်တွေ တကားကားနဲ့။ စစ်ကြောင်းလာရင် ထွက်ပြေး။ ဒါတော်လှန်ရေးပါပဲ” ဟု ဒေသခံတစ်ဦးက ၎င်း၏လူမှုကွန်ရက် ဖေ့စ် ဘွတ်ခ် စာမျက်နှာထက်တွင် ရေးသားထားသည်။

Zawgyi Version:
KIA ၏ ဗန္းေမာ္ၿမိဳ႕သိမ္းတိုက္စစ္မွာ ခ်ည့္နဲ႔လာသည့္ အျပင္ ၎တို႔ဘက္တြင္ ေသဆုံးသူမ်ားျပားေန
သုတေက်ာ္ (NP News) - ဇြန္ ၁
KIA ၏ ဗန္းေမာ္ၿမိဳ႕သိမ္းတိုက္စစ္မွာ ခ်ည့္နဲ႔လာသည့္အျပင္ ၎တို႔ဘက္တြင္ ေသဆုံးသူ မ်ားျပားေနေၾကာင္း NP News က စုံစမ္းသိရွိရေသာ အခ်က္အလက္မ်ားႏွင့္ စစ္ေရး သတင္းရင္းျမစ္မ်ားထံ ေမးျမန္းထားခ်က္မ်ားအရ သိရ သည္။
ငါးလခန႔္ ၾကာျမင့္လာခဲ့ၿပီျဖစ္ေသာ ဗန္းေမာ္တိုက္ပြဲသည္ ကနဦးတြင္ KIA က အင္အား အမ်ားအျပားျဖင့္ တပ္မေတာ္စခန္းမ်ားကို စတင္တိုက္ခိုက္ခဲ့ရာ ထိုးစစ္က အားေကာင္းခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ တပ္မေတာ္၏ ခံစစ္ေၾကာင့္ ထိခိုက္မႈ မ်ားျပားခဲ့ျခင္း ျဖစ္သည္။
ထို႔ျပင္ ေမလ (၂၇) ရက္တြင္လည္း KIA က အင္အား အလုံးအရင္ျဖင့္ ဗန္းေမာ္ၿမိဳ႕ အေျခစိုက္ (စကခ - ၂၁) ကို တိုက္စစ္တစ္ႀကိမ္ ဖြင့္ခဲ့ေသးေသာ္ လည္း ဒ႐ုန္းႏွင့္ ေျခလ်င္ တြဲဖက္ကာ ခံစစ္ဆင္ခဲ့ေသာ တပ္မေတာ္၏ေခ်မႈန္းျခင္းကို ခံခဲ့ရသည္။
“အဲဒီေန႔ ေမလ (၂၇) ရက္က မနက္ (၃) နာရီႀကီး လာတိုက္တာ။ တစ္ေနကုန္ ႏွစ္ဖက္ပြဲၾကမ္း တယ္ေပါ့ဗ်ာ။ မရွိရွိတဲ့ အင္အားနဲ႔ စုေပါင္းၿပီး ဖားကန႔္ ဘက္က ဟာေတြပါ ဆြဲေခၚၿပီး သူတို႔ (KIA ပူးေပါင္း အဖြဲ႕) ကတိုက္တာ။ ေတာ္ေတာ္ ျပင္းထန္ပါတယ္။ ညေနပိုင္းေလာက္က်ေတာ့လန္ဆင္းသြားတယ္ေပါ့။ မနက္ (၉) နာရီေလာက္မွာလည္း တစ္ခါ လန္ေသး တယ္။ ႏွစ္ခါ လန္ဆင္းသြားတာေပါ့။ လန္ဆင္းသြား တဲ့အခါတိုင္း ဒ႐ုန္းနဲ႔ လိုက္ၿပီးပစ္ေတာ့ သူတို႔အထိ ခိုက္၊ က်ဆုံး ေတာ္ေတာ္မ်ားသြားတယ္။ ကြၽန္ေတာ္တို႔ ဘက္က အေျခအေနအမ်ားႀကီး ေကာင္းပါတယ္” ဟု စစ္ေရးသတင္းရင္းျမစ္တစ္ဦးက ဆိုသည္။
လက္ရွိ ဗန္းေမာ္ၿမိဳ႕မွာလည္း KIA တို႔ ေဖာ္ေဆာင္သည့္တိုက္ပြဲေၾကာင့္ ၿမိဳ႕၏ (၉၀) ရာခိုင္ႏႈန္းခန႔္ ပ်က္စီးသြားခဲ့ၿပီျဖစ္ကာ KIA ပူးေပါင္း အဖြဲ႕ မွလည္း တပ္မဟာ (၂) ခုစာခန႔္ ေသဆုံးခဲ့ၿပီး ျဖစ္ ေၾကာင္း သိရသည္။
“သူတို႔ တိုက္စစ္က တိုက္စစ္ဆိုေပမယ့္ တျဖည္းျဖည္း ခ်ည့္လာတယ္။ အင္အားကလည္း ပစ္ႏိုင္ရင္ ေတာ္ၿပီ ဆိုၿပီး လူသစ္ေတြ ေလွ်ာက္ထည့္ေနတာေပါ့။ ဒီလိုအေျခအေနနဲ႔ကေတာ့ ထိုးစစ္ေကာင္း ေကာင္း ျဖစ္မလာေတာ့ဘူး။ တိုက္တတ္တဲ့သူေတြကလည္း ဗန္းေမာ္ရဲ႕ ပထမတိုက္ပြဲေတြမွာ ေသကုန္ ၿပီ” ဟု အျခား စစ္ေရးသတင္းရင္းျမစ္တစ္ဦးက ေျပာ သည္။
NP News က စုံစမ္းသိရွိရေသာ အခ်က္အလက္မ်ားအရ ဗန္းေမာ္ၿမိဳ႕ကို တိုက္ခိုက္ရာတြင္ KIA ႏွင့္ အတူ KPDF ၊ PDF၊ ABSDF ႏွင့္ AA တို႔ ပါဝင္ေၾကာင္း ကနဦး သိရကာ တိုက္ပြဲငယ္မ်ား ရွိေနေၾကာင္းသိရသည္။ “ျဖစ္ႏိုင္ရင္ ရဲေဘာ္ေတြျပန္ေခၚ ကိုယ့္အိမ္ကိုယ္ျပန္ခိုင္းၿပီး ကိုယ္လည္း ကိုယ့္ေနရာကိုသာ ျပန္ေနခ်င္ေတာ့ တယ္” ဟု ဗန္းေမာ္ၿမိဳ႕ တိုက္ပြဲတြင္ ေရာက္ရွိေနေသာ PDF အဖြဲ႕တစ္ဖြဲ႕ျဖစ္သည့္ ယင္းမာပင္ခ႐ိုင္ တပ္ရင္း (၂၈) မွ ဗိုလ္စြမ္းဆိုသူက ၎၏ လူမႈကြန္ရက္ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာထက္တြင္ ေရးသားထား သည္။
လက္ရွိ ဗန္းေမာ္ေဒသတြင္ ေတာ္လွန္ေရး အေၾကာင္းျပကာ KIA က လူငယ္လူ႐ြယ္မ်ားကို ဖမ္းဆီးၿပီး ေသဆုံးမႈမ်ားျပားေနေသာ ေရွ႕တန္းသို႔ ေစလႊတ္ေသာေၾကာင့္ ထြက္ေျပး တိမ္းေရွာင္ေနၾကရၿပီး ျပည္သူမ်ားအေနျဖင့္ KIA ေနာက္ဆြဲ လက္နက္ကိုင္မ်ား၏ ဆက္ေၾကးေတာင္းသမွ်ကို ေပးေန ၾကရေၾကာင္း ေဒသခံတစ္ဦးက ဆိုသည္။
“ဒီေဒသလူေတြကသာ အကုန္ေပးဆပ္ရင္း ဒီေဒသပဲ ျပာပုံဘဝေရာက္ခဲ့ၾကရတာပါပဲ။ ဒီလိုနဲ႔ ၿမိဳ႕သိမ္းမယ္ လုပ္ရာကေန တစ္ၿမိဳ႕နယ္လုံး PDF ပူေပါင္းတပ္ဖြဲ႕၊ မဟာမိတ္ တပ္ဖြဲ႕ေတြ ေတာ္လွန္ေရး ေၾကးစားပူးေပါင္းတပ္ဖြဲ႕ေတြ လုပ္ၾကရပါေတာ့တယ္။ ပကဖ၊ ပလဖ၊ ပအဖေတြ ေျပာမေနပါနဲ႔ေတာ့ တစ္နယ္လုံး လိုလိုပါပဲ။ ေသနတ္ေတြ တကားကားနဲ႔။ စစ္ေၾကာင္းလာရင္ ထြက္ေျပး။ ဒါေတာ္လွန္ေရးပါပဲ” ဟု ေဒသခံတစ္ဦးက ၎၏လူမႈကြန္ရက္ ေဖ့စ္ ဘြတ္ခ္ စာမ်က္ႏွာထက္တြင္ ေရးသားထားသည္။