ရခိုင်အမျိုးသမီးအချို့ အခကြေးငွေ ရယူ၍ တရုတ်ဇနီးအဖြစ် သွားရောက်ခြင်းများ ရှိလာ

 276

သက်ပိုင် (NP News) - ဇွန် ၂

ရခိုင်ပြည်နယ်တွင် အကြပ်အတည်း ထွက်ပေါက်အဖြစ် အခကြေးငွေယူကာ တရုတ်နိုင်ငံသို့ ဇနီးမယားအဖြစ် သွားရောက်ခြင်းများ များပြားလာနေကြောင်း အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားနေသူတစ်ဦးက NP News သို့ ပြောသည်။
တပ်မတော် နှင့် AA တို့ တိုက်ပွဲဖြစ်ပွားလာပြီးနောက်ပိုင်းမှစတင်ကာ တရုတ်ဇနီးအဖြစ် တရုတ်နိုင်ငံသို့ ပွဲစားအကူအညီဖြင့် ကိုယ်တိုင်သွားရောက်ခြင်း သို့မဟုတ် မိသားစုဝင်များကို စေလွှတ်ခြင်းများ ရှိလာခြင်းဖြစ် ကြောင်း ၎င်းက ဆိုသည်။ “စစ်ဘေးရှောင်တွေ၊ နောက်ပြီး အလုပ်အကိုင်ရှားပါးနေတဲ့ စစ်တွေလိုနေရာမျိုးတွေနဲ့ AA ထိန်း ချုပ်ထားတဲ့ဒေသတွေအထိ ပျံ့နေတာကို တွေ့လာရတယ်။ အရင်က ဆိုရင် ဒီလောက်ထိ မဟုတ်သေးဘူး။ အခုက တိုက်ပွဲတွေကြောင့် စီးပွားရေးတွေ ကျပ်တည်းလာတော့ အခုလိုတွေဖြစ်ကုန်တာ” ဟု ၎င်း ကဆိုသည်။ အကယ်၍ တရုတ်ဇနီးမယားအဖြစ် တရုတ်နိုင်ငံသို့ သွား ရောက်မည်ဆိုပါက အမျိုးသမီးတစ်ဦးလျှင် ငွေကျပ် သိန်း (၂၀) နှင့် ကျပ်သိန်း (၅၀) အကြား ပေါက်ဈေး ရှိနေကြောင်းသိရသည်။
“သူတို့က ကိုယ့်ကိုယ်ကိုယ်လူကုန်ကူးခံရလို့ ကူးခံရမှန်းတောင်မသိဘူး။ သူတို့ကိုပွဲစားတွေက တရုတ်မှာ အိမ်ထောင်ပြုရမယ်။ ကောင်းကောင်းမွန်မွန် နေရမယ်ဆိုတာရယ်၊ သူတို့အတွက်ဒီကာလမှာ သိန်းဆယ်ချီ ရမယ်ဆိုတာတွေရယ်ကြောင့် လက်ခံကြတာများတယ်။ ကျွန်မတို့သွားတားရင်တောင် တချို့က မကြိုက်ချင်ကြ တာမျိုးတွေရှိတယ်။ ကျွန်မတို့လည်း သူတို့ကို ပညာပေးတာပဲလုပ်နိုင်တော့ အတော်လေး လုပ်ရတာ ခက်ခဲပါတယ်” ဟု ၎င်းက ဆိုသည်။
ထိုသို့ တရားမဝင်လူကုန်ကူးမှုများကို AA အပါအဝင် အခြားတာဝန်ရှိသူများက တစ်စုံတစ်ရာ အရေးယူမှု မတွေ့ရှိရသေးကြောင်း နှင့် လက်ရှိတွင် တရုတ်နိုင်ငံသို့ ပို့မြဲ၊ သွားလာမြဲဖြစ်ကြောင်း အဆိုပါ တက်ကြွလှုပ်ရှားသူ က ဆိုသည်။ ယခုဖြစ်စဉ်များ မှာ ရခိုင်ပြည်မြောက်ပိုင်းတွင်သာမက ရခိုင်ပြည်နယ် တစ်ခုလုံးတွင် ဖြစ်ပွားနေ ခြင်းဖြစ်ပြီး လက်ရှိတွင် AA အဖွဲ့၏ လူသစ်စုဆောင်းနေမှုများကြောင့် တရုတ်ဇနီးမယားအဖြစ် ရောင်းဝယ်မှုများ ပိုများလာနိုင် ကြောင်း ရခိုင်ပြည်နယ်အရေး လေ့လာသုံး သပ်သပ်သူတစ်ဦးက ဆိုသည်။
“ဒီဖြစ်စဉ်တွေက ရခိုင်တစ်ပြည်နယ်လုံးမှာ ဖြစ်နေတာပါ။ တချို့ဆိုရင် ပွဲစားလက်ထဲကနေတစ်ဆင့် တရုတ်ကို မရောက်ဘဲ နယ်စပ်မှာ ပြည့်တန်ဆာလုပ်ငန်းတွေ၊ KTV တွေမှာ ရောင်းစားခံရတာတွေတောင် ရှိတယ်လို့ သိရတယ်။ နောက်ပြီး အခု AA ကလည်း လူငယ်တွေအပြင်ထွက်ခွင့်ကို ပိတ်ထားတာဆိုတော့ AA အထဲမဝင်ချင်သူတွေက ရတဲ့နည်းနဲ့ထွက်ရင် ပွဲစားတွေအကြိုက် ဖြစ်ကုန်မှာ” ဟု ၎င်းက ရှင်းပြသည်။
မြန်မာနိုင်ငံတွင် ပွဲစားမှတစ်ဆင့် တရုတ် ဇနီးမယားအဖြစ် လာရောက်ဝယ်ယူမှုများ ဖြစ်ပွား လျက်ရှိနေပြီး နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါ ပွဲစားများ(လူကုန်ကူးသူများ)ကို ပြင်းပြင်းထန်ထန် အရေးယူလျက်ရှိနေသည်။

Zawgyi Version:
ရခိုင္အမ်ိဳးသမီးအခ်ိဳ႕ အခေၾကးေငြ ရယူ၍ တ႐ုတ္ဇနီးအျဖစ္ သြားေရာက္ျခင္းမ်ား ရွိလာ
သက္ပိုင္ (NP News) - ဇြန္ ၂

ရခိုင္ျပည္နယ္တြင္ အၾကပ္အတည္း ထြက္ေပါက္အျဖစ္ အခေၾကးေငြယူကာ တ႐ုတ္ႏိုင္ငံသို႔ ဇနီးမယားအျဖစ္ သြားေရာက္ျခင္းမ်ား မ်ားျပားလာေနေၾကာင္း အမ်ိဳးသမီးအခြင့္အေရး တက္ႂကြလႈပ္ရွားေနသူတစ္ဦးက NP News သို႔ ေျပာသည္။
တပ္မေတာ္ ႏွင့္ AA တို႔ တိုက္ပြဲျဖစ္ပြားလာၿပီးေနာက္ပိုင္းမွစတင္ကာ တ႐ုတ္ဇနီးအျဖစ္ တ႐ုတ္ႏိုင္ငံသို႔ ပြဲစားအကူအညီျဖင့္ ကိုယ္တိုင္သြားေရာက္ျခင္း သို႔မဟုတ္ မိသားစုဝင္မ်ားကို ေစလႊတ္ျခင္းမ်ား ရွိလာျခင္းျဖစ္ ေၾကာင္း ၎က ဆိုသည္။ “စစ္ေဘးေရွာင္ေတြ၊ ေနာက္ၿပီး အလုပ္အကိုင္ရွားပါးေနတဲ့ စစ္ေတြလိုေနရာမ်ိဳးေတြနဲ႔ AA ထိန္း ခ်ဳပ္ထားတဲ့ေဒသေတြအထိ ပ်ံ႕ေနတာကို ေတြ႕လာရတယ္။ အရင္က ဆိုရင္ ဒီေလာက္ထိ မဟုတ္ေသးဘူး။ အခုက တိုက္ပြဲေတြေၾကာင့္ စီးပြားေရးေတြ က်ပ္တည္းလာေတာ့ အခုလိုေတြျဖစ္ကုန္တာ” ဟု ၎ ကဆိုသည္။ အကယ္၍ တ႐ုတ္ဇနီးမယားအျဖစ္ တ႐ုတ္ႏိုင္ငံသို႔ သြား ေရာက္မည္ဆိုပါက အမ်ိဳးသမီးတစ္ဦးလွ်င္ ေငြက်ပ္ သိန္း (၂၀) ႏွင့္ က်ပ္သိန္း (၅၀) အၾကား ေပါက္ေဈး ရွိေနေၾကာင္းသိရသည္။
“သူတို႔က ကိုယ့္ကိုယ္ကိုယ္လူကုန္ကူးခံရလို႔ ကူးခံရမွန္းေတာင္မသိဘူး။ သူတို႔ကိုပြဲစားေတြက တ႐ုတ္မွာ အိမ္ေထာင္ျပဳရမယ္။ ေကာင္းေကာင္းမြန္မြန္ ေနရမယ္ဆိုတာရယ္၊ သူတို႔အတြက္ဒီကာလမွာ သိန္းဆယ္ခ်ီ ရမယ္ဆိုတာေတြရယ္ေၾကာင့္ လက္ခံၾကတာမ်ားတယ္။ ကြၽန္မတို႔သြားတားရင္ေတာင္ တခ်ိဳ႕က မႀကိဳက္ခ်င္ၾက တာမ်ိဳးေတြရွိတယ္။ ကြၽန္မတို႔လည္း သူတို႔ကို ပညာေပးတာပဲလုပ္ႏိုင္ေတာ့ အေတာ္ေလး လုပ္ရတာ ခက္ခဲပါတယ္” ဟု ၎က ဆိုသည္။
ထိုသို႔ တရားမဝင္လူကုန္ကူးမႈမ်ားကို AA အပါအဝင္ အျခားတာဝန္ရွိသူမ်ားက တစ္စုံတစ္ရာ အေရးယူမႈ မေတြ႕ရွိရေသးေၾကာင္း ႏွင့္ လက္ရွိတြင္ တ႐ုတ္ႏိုင္ငံသို႔ ပို႔ၿမဲ၊ သြားလာၿမဲျဖစ္ေၾကာင္း အဆိုပါ တက္ႂကြလႈပ္ရွားသူ က ဆိုသည္။ ယခုျဖစ္စဥ္မ်ား မွာ ရခိုင္ျပည္ေျမာက္ပိုင္းတြင္သာမက ရခိုင္ျပည္နယ္ တစ္ခုလုံးတြင္ ျဖစ္ပြားေန ျခင္းျဖစ္ၿပီး လက္ရွိတြင္ AA အဖြဲ႕၏ လူသစ္စုေဆာင္းေနမႈမ်ားေၾကာင့္ တ႐ုတ္ဇနီးမယားအျဖစ္ ေရာင္းဝယ္မႈမ်ား ပိုမ်ားလာႏိုင္ ေၾကာင္း ရခိုင္ျပည္နယ္အေရး ေလ့လာသုံး သပ္သပ္သူတစ္ဦးက ဆိုသည္။
“ဒီျဖစ္စဥ္ေတြက ရခိုင္တစ္ျပည္နယ္လုံးမွာ ျဖစ္ေနတာပါ။ တခ်ိဳ႕ဆိုရင္ ပြဲစားလက္ထဲကေနတစ္ဆင့္ တ႐ုတ္ကို မေရာက္ဘဲ နယ္စပ္မွာ ျပည့္တန္ဆာလုပ္ငန္းေတြ၊ KTV ေတြမွာ ေရာင္းစားခံရတာေတြေတာင္ ရွိတယ္လို႔ သိရတယ္။ ေနာက္ၿပီး အခု AA ကလည္း လူငယ္ေတြအျပင္ထြက္ခြင့္ကို ပိတ္ထားတာဆိုေတာ့ AA အထဲမဝင္ခ်င္သူေတြက ရတဲ့နည္းနဲ႔ထြက္ရင္ ပြဲစားေတြအႀကိဳက္ ျဖစ္ကုန္မွာ” ဟု ၎က ရွင္းျပသည္။
ျမန္မာႏိုင္ငံတြင္ ပြဲစားမွတစ္ဆင့္ တ႐ုတ္ ဇနီးမယားအျဖစ္ လာေရာက္ဝယ္ယူမႈမ်ား ျဖစ္ပြား လ်က္ရွိေနၿပီး ႏိုင္ငံေတာ္အစိုးရအေနျဖင့္ အဆိုပါ ပြဲစားမ်ား(လူကုန္ကူးသူမ်ား)ကို ျပင္းျပင္းထန္ထန္ အေရးယူလ်က္ရွိေနသည္။

Related news

© 2021. All rights reserved.