ထိုင်းနိုင်ငံ၊ ဖူးခတ်မှာ ကျားနဲ့ ဆယ်လ်ဖီရိုက်ဖို့ ကြိုးစားနေခဲ့တဲ့ အိန္ဒိယခရီးသွားတစ်ဦး ကျားရဲ့တိုက်ခိုက်မှုခံရ

 105

ရောင်နီ (NP News) - ဇွန် ၂

ထိုင်းနိုင်ငံ၊ ဖူးခတ်မှာ ကျားတစ်ကောင်နဲ့ ဆယ်လ်ဖီဆွဲဖို့ ကြိုးစားရင်း ကျားရဲ့တိုက်ခိုက်မှု ခံရခဲ့တယ်ဆိုတဲ့ အကြောင်း မေလ ၂၉ ရက်က X အက်ပလီကေးရှင်းမှာ မစ္စတာဆိုဒ်ဟက်ချူခ်လာ က ၂၅ စက္ကန့်ကြာ ဗီဒီယိုတစ်ပုဒ်နဲ့ မျှဝေခဲ့ပါတယ်။ အဲဒီဗီဒီယိုဟာ ကြည့်ရှုသူ ၃.၇ သန်းကျော်ထိ ရှိခဲ့ပါတယ်။
ဖြစ်ပွားခဲ့တဲ့နေရာဟာ ထိုင်းနိုင်ငံ၊ ဖူးခတ်ရဲ့ Tiger Kingdom မှာ ဖြစ်ပြီး ဘယ်အချိန်က ဖြစ်ပွားခဲ့တယ် ဆိုတာတော့ မသိရသေးပါဘူး။ ဗီဒီယိုထဲမှာ အမည်မသိ ခရီးသွား အမျိုးသားက သံကြိုးဆွဲထားတဲ့ ကျားနဲ့အတူ လမ်းလျှောက်လာတာကို ပထမဆုံး မြင်တွေ့ရပြီး နောက်ပိုင်း ကျားကို ထိုင်ဖို့ တုတ်တစ်ချောင်းနဲ့ ညွှန်ကြားခဲ့တာ တွေ့ရပါတယ်။ အဲဒီနောက် ကျားက ရန်လိုပြီး ချက်ခြင်းဆိုသလို ခရီးသွားရဲ့ အော်ဟစ်သံကို ကြားလိုက်ရပါတယ်။ ဒါပေမယ့် ခရီးသွား အမျိုးသား အသေးစား ဒဏ်ရာတွေသာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီအဖြစ်အပျက် ဗီဒီယိုအောက် ကော်မန့်တွေထဲမှာ "ကျားတစ်ကောင်ဟာ စိတ်ငြိမ်ဆေး အရှိန်ပြယ်သွား တာနဲ့ ပြင်းထန်တဲ့ခြိမ်းခြောက်မှုဖြစ်လာနိုင်တယ်။ ခရီးသွားတွေ အနေနဲ့ တောရိုင်းတိရိစ္ဆာန်တွေရဲ့ စွမ်းအင်ကို သတိပြုဖို့နဲ့ လေးစားဖို့ လိုအပ်ပါတယ်" လို့ ဆိုပါတယ်။ တောရိုင်းတိရစ္ဆာန်တွေကို အစာကျွေးခြင်း (သို့) ဓာတ်ပုံ ရိုက်ခြင်းဟာ လူသားတွေကို အန္တရာယ်ဖြစ်စေလေ့ရှိတယ်လို့ ဆိုကြပါတယ်။

Zawgyi Version:
ထိုင္းႏိုင္ငံ၊ ဖူးခတ္မွာ က်ားနဲ႔ ဆယ္လ္ဖီ႐ိုက္ဖို႔ ႀကိဳးစားေနခဲ့တဲ့ အိႏၵိယခရီးသြားတစ္ဦး က်ားရဲ႕တိုက္ခိုက္မႈခံရ
ေရာင္နီ (NP News) - ဇြန္ ၂

ထိုင္းႏိုင္ငံ၊ ဖူးခတ္မွာ က်ားတစ္ေကာင္နဲ႔ ဆယ္လ္ဖီဆြဲဖို႔ ႀကိဳးစားရင္း က်ားရဲ႕တိုက္ခိုက္မႈ ခံရခဲ့တယ္ဆိုတဲ့ အေၾကာင္း ေမလ ၂၉ ရက္က X အက္ပလီေကးရွင္းမွာ မစၥတာဆိုဒ္ဟက္ခ်ဴခ္လာ က ၂၅ စကၠန႔္ၾကာ ဗီဒီယိုတစ္ပုဒ္နဲ႔ မွ်ေဝခဲ့ပါတယ္။ အဲဒီဗီဒီယိုဟာ ၾကည့္ရႈသူ ၃.၇ သန္းေက်ာ္ထိ ရွိခဲ့ပါတယ္။
ျဖစ္ပြားခဲ့တဲ့ေနရာဟာ ထိုင္းႏိုင္ငံ၊ ဖူးခတ္ရဲ႕ Tiger Kingdom မွာ ျဖစ္ၿပီး ဘယ္အခ်ိန္က ျဖစ္ပြားခဲ့တယ္ ဆိုတာေတာ့ မသိရေသးပါဘူး။ ဗီဒီယိုထဲမွာ အမည္မသိ ခရီးသြား အမ်ိဳးသားက သံႀကိဳးဆြဲထားတဲ့ က်ားနဲ႔အတူ လမ္းေလွ်ာက္လာတာကို ပထမဆုံး ျမင္ေတြ႕ရၿပီး ေနာက္ပိုင္း က်ားကို ထိုင္ဖို႔ တုတ္တစ္ေခ်ာင္းနဲ႔ ၫႊန္ၾကားခဲ့တာ ေတြ႕ရပါတယ္။ အဲဒီေနာက္ က်ားက ရန္လိုၿပီး ခ်က္ျခင္းဆိုသလို ခရီးသြားရဲ႕ ေအာ္ဟစ္သံကို ၾကားလိုက္ရပါတယ္။ ဒါေပမယ့္ ခရီးသြား အမ်ိဳးသား အေသးစား ဒဏ္ရာေတြသာ ရရွိခဲ့တယ္လို႔ သိရပါတယ္။
ဒီအျဖစ္အပ်က္ ဗီဒီယိုေအာက္ ေကာ္မန႔္ေတြထဲမွာ "က်ားတစ္ေကာင္ဟာ စိတ္ၿငိမ္ေဆး အရွိန္ျပယ္သြား တာနဲ႔ ျပင္းထန္တဲ့ၿခိမ္းေျခာက္မႈျဖစ္လာႏိုင္တယ္။ ခရီးသြားေတြ အေနနဲ႔ ေတာ႐ိုင္းတိရိစာၦန္ေတြရဲ႕ စြမ္းအင္ကို သတိျပဳဖို႔နဲ႔ ေလးစားဖို႔ လိုအပ္ပါတယ္" လို႔ ဆိုပါတယ္။ ေတာ႐ိုင္းတိရိစာၦန္ေတြကို အစာေကြၽးျခင္း (သို႔) ဓာတ္ပုံ ႐ိုက္ျခင္းဟာ လူသားေတြကို အႏၲရာယ္ျဖစ္ေစေလ့ရွိတယ္လို႔ ဆိုၾကပါတယ္။

Related news

© 2021. All rights reserved.