ခန္ဓာကိုယ်ပေါ်တွင် အရာဝတ္ထုပစ္စည်းများကို ကပ်ထားနိုင်စွမ်းရှိသည့် အီရန်အမျိုးသား

145

Pika (Ref : UPI)
ခန္ဓာကိုယ်တွင် အရာဝတ္ထုပစ္စည်းများကို ကပ်ထားနိုင်စွမ်းရှိသော အီရန်အမျိုးသားတစ်ဦးသည် ဇွန်းပေါင်း (၉၆) ဇွန်းကို ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် ကပ်ကာ ဟန်ချက်ညီအောင်ထိန်းညှိပြခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့ ကြောင်း သိရသည်။ Abolfazl Saber Mokhtari ဟု အမည်ရသော အသက်(၅၄)နှစ်အရွယ် အီရန်အမျိုးသားသည် ၎င်း၏ကိုယ်ပိုင်ဂင်းနစ်စံချိန်ကို သုံးကြိမ်မြောက် ပြန် လည်ချိုးဖျက်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။
Abolfazl Saber Mokhtari သည် (၂၀၂၁)ခုနှစ်တွင် ဇွန်းပေါင်း(၈၅)ဇွန်းကို ၎င်း၏ခန္ဓာကိုယ်ပေါ်တွင်ကပ်ကာ ထိန်းညှိပြခဲ့ပြီးနောက် ခန္ဓာကိုယ်ပေါ်တွင်ဇွန်းအများဆုံး ထိန်းညှိနိုင်မှု အတွက် ဂင်းနစ်စံချိန်ရရှိခဲ့ကြောင်းသိရသည်။ ထို့ နောက် Abolfazl Saber Mokhtari သည် (၂၀၂၃)ခုနှစ်တွင် ဇွန်းပေါင်း(၈၈)ဇွန်းကို ခန္ဓာကိုယ်ပေါ်တွင် ကပ်စေကာ ထိန်းညှိပြခဲ့ပြီးနောက် ၎င်း၏ကိုယ်ပိုင်ဂင်းနစ်စံချိန်ကို ပြန်လည်ချိုးဖျက်ခဲ့ကြောင်း သိရသည်။
နောက်ပိုင်းတွင် Abolfazl Saber Mokhtari သည် ဇွန်းပေါင်း(၉၆)ဇွန်းကို ၎င်း၏ခန္ဓာကိုယ်ပေါ်တွင်ကပ်စေပြီး ထပ်မံထိန်းညှိပြကာ ယခုကဲ့သို့ ဂင်းနစ်စံချိန်ထပ်မံချိုးဖျက်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ ထို့ပြင် ကလေးဘဝအရွယ် တည်းက ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် အရာဝတ္ထုပစ္စည်းများ ကပ်နေခဲ့ခြင်းဖြစ်ကြောင်း Abolfazl Saber Mokhtari က ပြောကြားခဲ့သည်။ Abolfazl Saber Mokhtari က “နှစ်ပေါင်းများစွာလေ့ကျင့်မှုတွေနဲ့ ကြိုးပမ်းအားထုတ်မှုတွေအပြီးမှာ ကျွန်တော့်ရဲ့ အရည်အချင်းတွေကို အကောင်းဆုံးအသုံးချပြီး လက်ရှိအခြေအနေအထိ ရောက်အောင် လုပ်ဆောင် နိုင်ခဲ့ပါတယ်။ ပလတ်စတစ်၊ ဖန်ခွက်၊ သစ်သီး၊ ကျောက်တုံး၊သစ်သားနဲ့ လူတစ်ယောက်လောက်ကို တောင်မှ ကျွန်တော် ရဲ့ ခန္ဓာကိုယ်မှာ ကပ်နေအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်” ဟုပြောဆိုခဲ့သည်။
Zawgyi Version:
ခႏၶာကိုယ္ေပၚတြင္ အရာဝတၳဳပစၥည္းမ်ားကို ကပ္ထားႏိုင္စြမ္းရွိသည့္
အီရန္အမ်ိဳးသား
ခႏၶာကိုယ္တြင္ အရာဝတၳဳပစၥည္းမ်ားကို ကပ္ထားႏိုင္စြမ္းရွိေသာ အီရန္အမ်ိဳးသားတစ္ဦးသည္ ဇြန္းေပါင္း (၉၆) ဇြန္းကို ၎၏ခႏၶာကိုယ္ေပၚတြင္ ကပ္ကာ ဟန္ခ်က္ညီေအာင္ထိန္းညႇိျပခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ခဲ့ ေၾကာင္း သိရသည္။ Abolfazl Saber Mokhtari ဟု အမည္ရေသာ အသက္(၅၄)ႏွစ္အ႐ြယ္ အီရန္အမ်ိဳးသားသည္ ၎၏ကိုယ္ပိုင္ဂင္းနစ္စံခ်ိန္ကို သုံးႀကိမ္ေျမာက္ ျပန္ လည္ခ်ိဳးဖ်က္ခဲ့ျခင္းျဖစ္ေၾကာင္းလည္းသိရသည္။
Abolfazl Saber Mokhtari သည္ (၂၀၂၁)ခုႏွစ္တြင္ ဇြန္းေပါင္း(၈၅)ဇြန္းကို ၎၏ခႏၶာကိုယ္ေပၚတြင္ကပ္ကာ ထိန္းညႇိျပခဲ့ၿပီးေနာက္ ခႏၶာကိုယ္ေပၚတြင္ဇြန္းအမ်ားဆုံး ထိန္းညႇိႏိုင္မႈ အတြက္ ဂင္းနစ္စံခ်ိန္ရရွိခဲ့ေၾကာင္းသိရသည္။ ထို႔ ေနာက္ Abolfazl Saber Mokhtari သည္ (၂၀၂၃)ခုႏွစ္တြင္ ဇြန္းေပါင္း(၈၈)ဇြန္းကို ခႏၶာကိုယ္ေပၚတြင္ ကပ္ေစကာ ထိန္းညႇိျပခဲ့ၿပီးေနာက္ ၎၏ကိုယ္ပိုင္ဂင္းနစ္စံခ်ိန္ကို ျပန္လည္ခ်ိဳးဖ်က္ခဲ့ေၾကာင္း သိရသည္။
ေနာက္ပိုင္းတြင္ Abolfazl Saber Mokhtari သည္ ဇြန္းေပါင္း(၉၆)ဇြန္းကို ၎၏ခႏၶာကိုယ္ေပၚတြင္ကပ္ေစၿပီး ထပ္မံထိန္းညႇိျပကာ ယခုကဲ့သို႔ ဂင္းနစ္စံခ်ိန္ထပ္မံခ်ိဳးဖ်က္ခဲ့ျခင္းျဖစ္ ေၾကာင္းသိရသည္။ ထို႔ျပင္ ကေလးဘဝအ႐ြယ္ တည္းက ၎၏ခႏၶာကိုယ္ေပၚတြင္ အရာဝတၳဳပစၥည္းမ်ား ကပ္ေနခဲ့ျခင္းျဖစ္ေၾကာင္း Abolfazl Saber Mokhtari က ေျပာၾကားခဲ့သည္။ Abolfazl Saber Mokhtari က “ႏွစ္ေပါင္းမ်ားစြာေလ့က်င့္မႈေတြနဲ႔ ႀကိဳးပမ္းအားထုတ္မႈေတြအၿပီးမွာ ကြၽန္ေတာ့္ရဲ႕ အရည္အခ်င္းေတြကို အေကာင္းဆုံးအသုံးခ်ၿပီး လက္ရွိအေျခအေနအထိ ေရာက္ေအာင္ လုပ္ေဆာင္ ႏိုင္ခဲ့ပါတယ္။ ပလတ္စတစ္၊ ဖန္ခြက္၊ သစ္သီး၊ ေက်ာက္တုံး၊သစ္သားနဲ႔ လူတစ္ေယာက္ေလာက္ကို ေတာင္မွ ကြၽန္ေတာ္ ရဲ႕ ခႏၶာကိုယ္မွာ ကပ္ေနေအာင္ လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္” ဟုေျပာဆိုခဲ့သည္။
Pika (Ref : UPI)