ပြုပြင်ပြောင်းလဲရမယ့် ‘‘ခေတ်သစ်နိုင်ငံရေး ဓလေ့အမှား”

285

နိုင်ငံရေးဓလေ့ (Political Ideology) သည် နိုင်ငံတစ်နိုင်ငံ၏နိုင်ငံရေးကို များစွာလွှမ်းမိုးမှုရှိသည် ဟုပညာရှင် များက ဆိုကြသည်။ သို့သော် နိုင်ငံရေး ဓလေ့စကားရပ်ကို လူသုံးနည်းကြသကဲ့သို့ သတိပြုမိ သူများလည်း နည်းကြပေ သည်။ ထိုနည်းတူ နိုင်ငံရေး ဓလေ့နှင့်ပတ်သက်ပြီးရေးသားကြသည့် စာအုပ်၊ စာစောင်၊ ဆောင်းပါးစာပေများကလည်း အလွန်နည်းပါးကြသည်။ အထူးသဖြင့် မြန်မာ့လူမှုပတ်ဝန်းကျင်တွင် နိုင်ငံရေးဓလေ့အကြောင်း ပြောလေ့မရှိသကဲ့သို့ နိုင်ငံရေးဓလေ့စာပေများကလည်း အလွန်ရှားပါးကြောင်း ဆရာကျော်ဝင်းက စာပေဟောပြောပွဲတစ်ခုတွင် ပြောခဲ့ဖူး သည်။ ထို့ကြောင့် စာရေးသူတို့ မြန်မာလူမျိုးများ အနေဖြင့်လည်း နိုင်ငံရေးဓလေ့အကြောင်း သိထား သင့်ပေသည် ။
နိုင်ငံရေးဓလေ့အကြောင်းမပြောခင် နိုင်ငံဆိုသည်မှာ အဘယ်နည်း၊ နိုင်ငံရေးဆိုသည်မှာ အဘယ် နည်းဆိုပြီး လေ့လာကြည့်ကြပါမည်။
နိုင်ငံရေး သိပ္ပံဝေါဟာရတွင် နိုင်ငံကို State ဟုခေါ်သည်။ နိုင်ငံတည်ဆောက်ရေးကို State building ဟုသုံးကြ သည်။ နိုင်ငံကိုမူ
(၁) တိကျသော နယ်နိမိတ်သတ်မှတ်ချက်ရှိခြင်း (ပိုင်နက်နယ်နိမိတ်)
(၂) နယ်နိမိတ်အတွင်းနေထိုင်သော လူဦးရေရှိခြင်း (ပြည်သူလူထု)
(၃) အုပ်ချုပ်သူအစိုးရရှိခြင်း (အစိုးရ)
(၄) အချုပ်အခြာအာဏာရှိခြင်း(အချုပ်အခြာအာ ဏာ)
(၅) နိုင်ငံတကာ အသိမှတ်ပြုခြင်း(တရားဝင်မှု) ဆိုသည့် အင်္ဂါရပ် (၅)ပါးနှင့် ပြည့်စုံရမည်ဟု ပညာရှင် များက
သတ်မှတ်ထားသည် ။
နိုင်ငံရေးကိုမူ တစ်ကျောင်းတစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်းဆိုသကဲ့သို့ အမျိုးမျိုးဖွင့်ဆိုကြသည်။ နိုင်ငံ့အရေး အရာမှန်သမျှကို နိုင်ငံရေးဟုလည်းကောင်း၊ လူတို့၏ နိစ္စဓူဝကြုံတွေ့နေရသည့် စားဝတ်နေရေးဟူသည့် အရေးသုံးဖြာကို နိုင်ငံရေးဟုလည်းကောင်း၊ နိုင်ငံတော်၏အာဏာကြီး (၃)ရပ်ဖြစ်သော အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ဟူ သော အင်္ဂါရပ်သုံးပါးကို နိုင်ငံရေးဟုလည်းကောင်း အမျိုးမျိုးခေါ်ဆိုကြသည်ကိုတွေ့ရသည်။
နိုင်ငံရေး သိပ္ပံဘာသာရပ်တွင်မူ လူသားတို့သည် မိမိတို့နေထိုင်သည့် နိုင်ငံတစ်နိုင်ငံအတွင်း၌လည်းကောင်း မိမိတို့နေထိုင်ရာ ဤကမ္ဘာမြေပြင်ပေါ်တွင်လည်းကောင်း နိစ္စဓူဝ တွေ့ကြုံဖြတ်သန်းနေရသော စားဝတ်နေရေး၊ ပညာ ရေး၊ ကျန်းမာရေး၊ စီးပွားရေး အစရှိသော အရေးအရာကိစ္စများအတွက် မိမိတို့ဘဝ တစ်လျှောက် ရုန်းကန်လှုပ်ရှားရသော ဖြစ်စဉ်သာဖြစ် ၏ဟုဆိုထားသည်ကို တွေ့ရသည်။ တစ်နည်းဆိုရသော် နိုင်ငံရေးဆိုသည်မှာ လူတို့အရေးဖြစ်သဖြင့် လူတို့နှင့် ကင်း၍ရမည်မဟုတ်ချေ။ ထို့ကြောင့်လည်း ဂရိတွေးခေါ်ပညာရှင် ပလေတိုက လူဆိုသည်မှာ နိုင်ငံရေးသတ္တဝါ တစ်မျိုးဟု ဆိုခဲ့ခြင်းဖြစ်သည်။
မည်သို့ဆိုစေကာမူ လူဟူ၍ဖြစ်လာသည်နှင့် နိုင်ငံရေးနှင့်ကင်း၍မရသကဲ့သို့ နိုင်ငံရေးဓလေ့သည် လည်း လူတို့၏လူမှုဘဝဓလေ့နှင့်အတူ မသိမသာ တစ်ပါတည်း ပါလာခဲ့ပါသည်။ မြန်မာလူမျိုးတို့သည် လည်း မြန်မာနိုင်ငံဟူ သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံသားများဖြစ်သည်နှင့်အညီ နိုင်ငံ၊ နိုင်ငံရေး၊ နိုင်ငံရေးဓလေ့တို့ ကျွဲကူးရေပါ တစ်ပါတည်းပါလာခဲ့မည် သာဖြစ်သည်။ ဤသို့ဆိုလျှင် မြန်မာတို့၏ နိုင်ငံရေး ဓလေ့က မည်သည့်အရာဖြစ်မည်နည်း။
နိုင်ငံရေးဓလေ့နှင့်ပတ်သက်ပြီး အစောဆုံးပြောခဲ့သည့်ပညာရှင်က ဗြိတိသျှနိုင်ငံရေးပညာရှင် လီယို နက်ဝုဒ်ဖြစ် သည်။ (၁၉၃၀) ပြည့်လွန်နှစ်ဝန်းကျင်တွင် လီယိုနက်ဝုဒ်က နိုင်ငံရေးဓလေ့သည် အခြေခံလက္ခဏာ (၅)ရပ်ရှိသည်ဟုဆို သည်။ အဆိုပါ (၅)ရပ်မှာ-
(၁) နိုင်ငံရေးဓလေ့ (Political Ideology)သည် နေ့ချင်းညချင်း ပေါ်ပေါက်လာခြင်းမဟုတ်ပါ။
(၂) သမိုင်းခေတ်များကို နှစ်ပေါင်းမြောက်မြားစွာ ဖြတ်ရင်းနှင့် လူတို့၏ရင်ထဲ အသည်းထဲတွင် စွဲမြဲခိုင် မာလာခဲ့
သည့် ခါးသီးသော နိုင်ငံရေး ခံစားမှုအတွေ့ အကြုံဖြစ်သည်။
(၃) အဆိုပါ ခါးသီးသည့် နိုင်ငံရေးအတွေ့အကြုံများ ကို တရားဝင်ဖော်ထုတ်မရသည့်အခါ စကားပုံများ၊
ရိုးရာပုံပြင်များမှာ အတွေးပုံစံမျိုးထားခဲ့ကြသည်။
(၄) နိုင်ငံရေးဓလေ့သည် အများထင်ထားသည်ထက် ပိုမိုစွဲမြဲခိုင်မာတတ်သည်။
(၅) ဤနိုင်ငံရေးဓလေ့သည် ဒီမိုကရေစီအကူးအ ပြောင်းအတွက် တွန်းအားဖြစ်နိုင်သကဲ့သို့ အဟန့် အတား
လည်းဖြစ်နိုင်သည်။ ဤသည်မှာ ဒုတိယကမ္ဘာစစ် မတိုင်မီလောက်ကခံယူထားသည့် နိုင်ငံရေးဓလေ့စ
ရိုက်ဟု ဆိုရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် သမိုင်းကြောင်းရှည်လျားလွန်းသော နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ မြန်မာတို့၏ ရှေ့ခေတ် နိုင်ငံရေး ဓလေ့စရိုက် လေ့လာဆန်းစစ်မည် ဆိုပါက ကျမ်းတစ်စောင်မျှ ရှည်လျားသွားနိုင်သည်။ အထူးသဖြင့် ရှေးခေတ် မြန်မာ့နိုင်ငံရေး ဓလေ့စရိုက်သည် ပဒေသရာဇ်ခေတ်နှင့်အညီပါလာသည်ဖြစ်ရာ လွန်စွာမှရှုပ်ထွေးနိုင်သည်။ သက်ဦးဆံ ပိုင်ဘုရင်စနစ် ဖြစ်ခြင်း၊ ဘုရင်သည် ရေမြေ့သခင် ပြည့်ရှင်မင်းဖြစ် သည်ဟုခံယူထားသောကြောင့် တိုင်းပြည်၏အလုံးစုံ သောအာဏာသည် ဘုရင်တစ်ဦးတည်းတွင် အပြည့်အဝရှိနေခြင်း၊ အာဏာကို အပြန်အလှန်ထိန်းကျောင်း နိုင်မှုမရှိခြင်း၊ သက်ဦးဆံပိုင်ဘုရင်စနစ်ဖြစ်သဖြင့် ဘုရင်နှင့် မင်းညီမင်းသားများအကြား ထီနန်းအာဏာ လုယူမှုများ မကြာခဏဖြစ်ပေါ် တတ်ခြင်းတို့ကြောင့် ရှေးခေတ်တွင် မြန်မာလူမျိုးများသည် နိုင်ငံရေးနှင့် ခပ်ဝေးဝေနေတတ်ကြသည်။ ရှေးခေတ်မြန်မာ များသည် နိုင်ငံရေးဟုဆိုလိုက်လျှင် နန်းတွင်းအရေး၊ ဘုရင်နှင့် မင်းညီမင်းသားများအရေးဟုဆိုကာ မိမိတို့နှင့် မသက် ဆိုင်သလို နေတတ်ကြသည်ကိုတွေ့ရသည်။ ဤသို့ဖြင့် ရှေးခေတ် မြန်မာ့ နိုင်ငံရေးဓလေ့သည် ဘုရင်ဗဟိုပြုပုံစံကို ချီတတ်ခဲ့ကြသဖြင့် နိုင်ငံရေးနှင့် ပြည်သူလူထုမှာ ကင်းကွာသလိုဖြစ်ခဲ့ရသည်။
သို့သော် ခေတ်သစ်မြန်မာ့နိုင်ငံရေးဓလေ့က ထိုသို့မဟုတ်ပေ။ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် ပေါ်ပေါက် လာသည့် ခေတ်သစ်မြန်မာနိုင်ငံသည် လွတ်လပ်ရေးနှင့်အတူ ခေတ်သစ်မြန်မာ့နိုင်ငံရေး ဓလေ့ကိုပါ တစ်ပါတည်းခေါ် ဆောင်လာခဲ့သည်။
အဆိုပါနိုင်ငံရေးဓလေ့မှာ လက်နက်ကိုင်လမ်း စဉ်ဆိုသည့် နိုင်ငံရေးဓလေ့အမှားဖြစ်သည်။ မည် သည့်အတွက် ကြောင့် နိုင်ငံရေးဓလေ့အမှားဟုဆိုရ သနည်း။
ဤမေးခွန်းကိုပြန်ဖြေရလျှင် ဗိုလ်ချုပ်အောင်ဆန်းတို့လုပ်ကြံခံရပြီးနောက်တစ်ရက် လန်ဒန်တိုင်း သတင်းစာ၏ အင်တာဗျူးတွင် ဒေါက်တာဘမော် ဖြေဆိုခဲ့သောစကားကို ကိုးကား၍ပြန်ဖြေရပါလိမ့်မည်။ ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး ဒေါက်တာ ဘမော်က ‘မြန်မာပြည်အနာဂတ်ကတော့ မလွယ်ကူတော့ဘူး။ မြန်မာလူငယ် တွေဟာ လက်နက် ကိုကိုးကွယ်ကုန်ကြပြီ။ အနာဂတ်မှာ မြန်မာ့နိုင်ငံရေး အဆုံးအဖြတ်ကို မဲပုံးတွေကဆုံးဖြတ်ပေးမှာ မဟုတ်တော့ဘဲ လက်နက်ကသာ အဆုံးအဖြတ်ပေးလိမ့်မယ်’ဟု ဖြေဆိုခဲ့သည်။ ဤနိုင်ငံရေးယူဆချက်သည် ယနေ့ တိုင်မှန် ကန်သည်ဟုခံယူထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများကြောင့် မြန်မာ့မြေသည် စစ်မီး မငြိမ်း မြက်မစိမ်း သည့်မြေဖြစ်နေရသည်။ ဤယူဆ ချက်လွှမ်းမိုးသွားသဖြင့် လက်နက်ကိုင်အဖွဲ့အစည်း များ နေရာအနှံ့တွင် မှိုလိုပေါက် နေသဖြင့် မြန်မာ့နိုင်ငံ ရေးသည် ဒေသတွင်းနိုင်ငံများနှင့်မတူဘဲ လက်နက် ကိုင်ပဋိပက္ခများ ထူပြောနေရသည်။
ထို့ကြောင့် မြန်မာ့နိုင်ငံရေးသည် နိုင်ငံရေးကို နိုင်ငံရေးနည်းနှင့်စေ့စပ်ဆွေးနွေးအဖြေရှာရန် နည်း ပေးလမ်းပြ မဖြစ်ခဲ့ပေ။ ငြိမ်းချမ်းသည့်နည်း၊ ယဉ်ကျေး သည့်နည်းနှင့်အဖြေရှာရန် ယဉ်ကျေးမှုတစ်ခု ဓလေ့ တစ်ခုအနေဖြင့် မထွန်း ကားခဲ့ပေ။ လက်နက်ကိုင်လမ်း စဉ်ကသာ နိုင်ငံရေး၏အဖြေဟု ထင်မြင်ယူဆခဲ့ကြ သည်။ စာရေးသူတို့၏ စံပြုနိုင်ငံရေး ဓလေ့သည် မမျှော်လင့်ဘဲ ဂျပန်ကိုခေါ်၍ အင်္ဂလိပ်ကို တိုက်ထုတ်ခဲ့ ရသည်။ အင်္ဂလိပ်နှင့်ပြန်ပူးပေါင်း၍ ဂျပန်ကိုပြန် တိုက် ထုတ်ရင်း လွတ်လပ်ရေးရခဲ့သည်ဟူသော အယူအဆ ကသန္ဓေတည်ခိုင်မာခဲ့သည်။
မြန်မာလူမျိုးများသည် အိန္ဒိယမှာကဲ့သို့ ဂန္ဓီ၏ အကြမ်းမဖက် အနုနည်းလမ်းစဉ်ကို ထိတွေ့ခွင့်မရခဲ့။အိန္ဒိယသည် မြန်မာတို့နည်းတူ လွတ်လပ်ရေးကြိုးပမ်း စဉ်အခါက ဂန္ဓီ၏အကြမ်းမဖက် အနုနည်းလမ်းစဉ်နှင့် ဆူမာချန်ထရာဘို့၏ လက်နက်ကိုင်လမ်းစဉ်အနက် အိန္ဒိယပြည်သူများသည် ဂန္ဓီ၏အနုနည်းလမ်းစဉ်ကို ရွေးချယ်ခွင့်ရခဲ့ကြပါသည်။
ထို့ကြောင့် အိန္ဒိယတွင် ဒီမိုကရေစီထွန်းကားပြီး နိုင်ငံရေးတည်ငြိမ်ခဲ့သဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ခဲ့သည် ကိုတွေ့ ရသည်။ အဓိကတော့ အိန္ဒိယမှာလည်း တရားမျှတမှုမရှိခြင်းနှင့် မညီမျှမှုပြဿနာများရှိလာ သည့်တိုင် လက်နက် ကိုင်တော်လှန်ရမည်ဆိုသည့် နိုင်ငံရေးဓလေ့မရှိခဲ့သဖြင့် လက်နက်ကိုင်တော်လှန်မှု မလုပ်ခဲ့ကြပေ။ ဥပဒေအရသော် လည်းကောင်း ဆွေး နွေးညှိနှိုင်းမှုအရသော်လည်းကောင်း ဖြေရှင်းကြသည်ကိုတွေ့ရသည်။
အမှန်ဆိုရလျှင် အိန္ဒိယသည်လည်း အုပ်ချုပ် ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဆိုသည့် မဏ္ဍိုင် ကြီး(၃)ရပ်က ပြီးပြည့်စုံကြတာတော့မဟုတ်ပါ။ မြန်မာပြည်မှာကျင့်သုံးနေတဲ့ ရာဇသတ်ကြီးပုဒ်မကျင့်ထုံး ဥပဒေအများစုသည် အိန္ဒိယကယူခဲ့ခြင်းဖြစ်သကဲ့သို့ သူတို့လည်း ကျင့်သုံးနေဆဲပုဒ်မများလည်း အများကြီး ရှိသည် ။
မြန်မာမှာလိုပဲ လူမျိုးနွယ်စု များပြားပါသည်။ ကိုးကွယ်ယုံကြည်မှုလည်း များပါသည်။ မြန်မာထက်ဆိုး သည်က လူတန်းစားခွဲခြားသည့်ဓလေ့ရှိနေသည့် ပြဿနာပင်ဖြစ်သည်။ ဇာတ်နိမ့်ဇာတ်မြင့်ဆိုပြီး ခွဲခြားသည့်ဓလေ့နှင့် ရှေးရိုးဆန် ဒေသများတွင် သူကောင်း မျိုး၊ မင်းမျိုး၊ သူဌေးမျိုး၊ သူဆင်းရဲမျိုး၊ ကျွန်မျိုး၊ ပုဏ္ဏားမျိုးဟူ၍ မျိုးရိုးဗီဇခွဲခြားဆက်ဆံ သည့်ဓလေ့လည်း အချို့နေရာများတွင်ရှိနေပြန်သည်။
သို့သော် ကောင်းမွန်သည့်ဓလေ့က ဇာတ်နိမ့် ဖြစ်ရကောင်းလားဆိုကာ မတော်လှန်ကြသကဲ့သို့ သူဆင်းရဲမျိုး ဖြစ်၍ဆိုကာ မြန်မာများကဲ့သို့ မတော်လှန်ကြပေ။ သူတို့နိုင်ငံတွင် နိုင်ငံသားဥပဒေမှာ ခွဲခြား ဆက်ဆံမှုမပြုရ ပြဋ္ဌာန်း ထားသဖြင့် မကျေနပ်လျှင် ဥပဒေအရ တိုင်ကြတာမျိုးရှိသော်လည်း လက်နက်ကိုင်တော်လှန်ရေးမျိုး မလုပ်ကြ၊ မရှိကြ ခြင်းက အိန္ဒိယနိုင်ငံရေးဓလေ့၏ အားသာချက်ပင်ဖြစ်သည်။ မြန်မာလူမျိုးများကမူ ထိုသို့မဟုတ်ပေ။ ဇာတ်နိမ့် ဇာတ်မြင့် ခွဲရန်မပြောနှင့်၊ လူလူချင်း တန်းတူဆက်ဆံသည့် လူမှုဓလေ့ရှိနေသည့်တိုင် ကချင်လူမျိုးဖြစ်၍တော်လှန် သည်၊ ရခိုင်လူမျိုးဖြစ်၍လည်း တော်လှန်သည်။ ကရင် လူမျိုးဖြစ်၍လည်း တော်လှန်ပြန်သည်။ပလောင်လူ မျိုးဖြစ်ရခြင်း၊ ရှမ်းဖြစ်ရခြင်း၊ ချင်းလူမျိုးဖြစ်ရခြင်း၊ မွန်လူမျိုးဖြစ်ရခြင်းဆို၍ ခေါင်းစဉ်အမျိုးမျိုးပြကာ တော်လှန်နေကြသည်ကို တွေ့ရသည်။
နောက်ဆုံး လူမျိုးချင်းတူပြန်တော့လည်း ဗမာ စိမ်းဖြစ်၍ ဗမာနီကတော်လှန်ပြန်သည်။ ဤကဲ့သို့ အဘယ် ကြောင့် လက်နက်ကိုင်တော်လှန်နေကြသ နည်းဟုမေးလျှင် စာရေးသူ ပြောခဲ့သလို လက်နက် ကိုင်လမ်းစဉ်ကိုအားကျခဲ့ သည့် မြန်မာများ၏ဓလေ့ အမှားက စခဲ့ခြင်းကြောင့်ဖြစ်သည်။
အချုပ်ဆိုရလျှင် ကမ္ဘာပေါ်တွင် ပြီးပြည့်စုံသည့် နိုင်ငံရေးအုပ်ချုပ်မှုစနစ်ဟူ၍ မရှိပေ။ ပြီးပြည့်စုံသည့် ဥပဒေပြု ရေး မဏ္ဏိုင်၊ တရားစီရင်ရေးမဏ္ဍိုင်ဟူ၍ လည်း မရှိပေ။ ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း (၂၀ဝ)ကျော်ရှိသည့်အနက် ဒီမိုကရေစီ စစ်စစ် နိုင်ငံပင်လျှင် (၁၇) နိုင်ငံသာရှိသည်ကို တွေ့ရသည်။
ကိုယ်နှင့် သဘောထားချင်းမတိုက်ဆိုင်တိုင်း ညှိနှိုင်းအဖြေရှာကြရမည်ဖြစ်သော်လည်း လက်နက်ကိုင် ပြီးတိုက် မှရမည်ဆိုသည့် အိုင်ဒီယိုလော်ဂျီအမှားက စာရေးသူတို့နိုင်ငံကို တော်တော်လေးဖျက်ဆီးသွားခဲ့ ပြီးဖြစ်သည်။ ဤကဲ့သို့ လက်နက်ကိုင်ပြီးဖြေရှင်းရမည် ဆိုသည့် နိုင်ငံရေးဓလေ့အမှားကိုမပြင်နိုင်သရွေ့ တော့ တိုင်းပြည်အနာဂတ်ကလည်း ရင်လေးနေရဦး မည်သာဖြစ်သည် ။
ထို့ကြောင့် မြန်မာလူမျိုးတိုင်းသည် လက်နက်ကိုင်လမ်းစဉ်ဆိုသည့် နိုင်ငံရေးဓလေ့အမှားကို ပြုပြင် ဆွေးနွေးညှိနှိုင်းခြင်း ဆိုသည့် နိုင်ငံရေးလမ်းစဉ်ဖြင့် အစားထိုးကာ ဖြေရှင်းဆောင်ရွက်သွားကြမည်ဆို လျှင် မြန်မာနိုင်ငံ သည်လည်း အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်အဖြစ်သို့ ရောက်ရှိလာ မည်ဖြစ်ကြောင်းအကြံပြု လိုက်ရပါသည်။
စာကိုး
ကျော်ဝင်း၏ မြန်မာလူမှုနိုင်ငံရေးတန်ဖိုးနှင့် ဒီမို ကရေစီအပြောင်းအလဲ
စည်သူ၏ နိုင်ငံရေးသိပ္ပံဘာသာရပ်
အောင်နိုင်သူ (ဇွဲကပင်)

Zawgyi Version:
ျပဳျပင္ေျပာင္းလဲရမယ့္ ‘‘ေခတ္သစ္ႏိုင္ငံေရး ဓေလ့အမွား”
ႏိုင္ငံေရးဓေလ့ (Political Ideology) သည္ ႏိုင္ငံတစ္ႏိုင္ငံ၏ႏိုင္ငံေရးကို မ်ားစြာလႊမ္းမိုးမႈရွိသည္ ဟုပညာရွင္ မ်ားက ဆိုၾကသည္။ သို႔ေသာ္ ႏိုင္ငံေရး ဓေလ့စကားရပ္ကို လူသုံးနည္းၾကသကဲ့သို႔ သတိျပဳမိ သူမ်ားလည္း နည္းၾကေပ သည္။ ထိုနည္းတူ ႏိုင္ငံေရး ဓေလ့ႏွင့္ပတ္သက္ၿပီးေရးသားၾကသည့္ စာအုပ္၊ စာေစာင္၊ ေဆာင္းပါးစာေပမ်ားကလည္း အလြန္နည္းပါးၾကသည္။ အထူးသျဖင့္ ျမန္မာ့လူမႈပတ္ဝန္းက်င္တြင္ ႏိုင္ငံေရးဓေလ့အေၾကာင္း ေျပာေလ့မရွိသကဲ့သို႔ ႏိုင္ငံေရးဓေလ့စာေပမ်ားကလည္း အလြန္ရွားပါးေၾကာင္း ဆရာေက်ာ္ဝင္းက စာေပေဟာေျပာပြဲတစ္ခုတြင္ ေျပာခဲ့ဖူး သည္။ ထို႔ေၾကာင့္ စာေရးသူတို႔ ျမန္မာလူမ်ိဳးမ်ား အေနျဖင့္လည္း ႏိုင္ငံေရးဓေလ့အေၾကာင္း သိထား သင့္ေပသည္ ။
ႏိုင္ငံေရးဓေလ့အေၾကာင္းမေျပာခင္ ႏိုင္ငံဆိုသည္မွာ အဘယ္နည္း၊ ႏိုင္ငံေရးဆိုသည္မွာ အဘယ္ နည္းဆိုၿပီး ေလ့လာၾကည့္ၾကပါမည္။
ႏိုင္ငံေရး သိပၸံေဝါဟာရတြင္ ႏိုင္ငံကို State ဟုေခၚသည္။ ႏိုင္ငံတည္ေဆာက္ေရးကို State building ဟုသုံးၾက သည္။ ႏိုင္ငံကိုမူ
(၁) တိက်ေသာ နယ္နိမိတ္သတ္မွတ္ခ်က္ရွိျခင္း (ပိုင္နက္နယ္နိမိတ္)
(၂) နယ္နိမိတ္အတြင္းေနထိုင္ေသာ လူဦးေရရွိျခင္း (ျပည္သူလူထု)
(၃) အုပ္ခ်ဳပ္သူအစိုးရရွိျခင္း (အစိုးရ)
(၄) အခ်ဳပ္အျခာအာဏာရွိျခင္း(အခ်ဳပ္အျခာအာ ဏာ)
(၅) ႏိုင္ငံတကာ အသိမွတ္ျပဳျခင္း(တရားဝင္မႈ) ဆိုသည့္ အဂၤါရပ္ (၅)ပါးႏွင့္ ျပည့္စုံရမည္ဟု ပညာရွင္ မ်ားက
သတ္မွတ္ထားသည္ ။
ႏိုင္ငံေရးကိုမူ တစ္ေက်ာင္းတစ္ဂါထာ တစ္႐ြာ တစ္ပုဒ္ဆန္းဆိုသကဲ့သို႔ အမ်ိဳးမ်ိဳးဖြင့္ဆိုၾကသည္။ ႏိုင္ငံ့အေရး အရာမွန္သမွ်ကို ႏိုင္ငံေရးဟုလည္းေကာင္း၊ လူတို႔၏ နိစၥဓူဝႀကဳံေတြ႕ေနရသည့္ စားဝတ္ေနေရးဟူသည့္ အေရးသုံးျဖာကို ႏိုင္ငံေရးဟုလည္းေကာင္း၊ ႏိုင္ငံေတာ္၏အာဏာႀကီး (၃)ရပ္ျဖစ္ေသာ အုပ္ခ်ဳပ္ေရး၊ ဥပေဒျပဳေရး၊ တရားစီရင္ေရး ဟူ ေသာ အဂၤါရပ္သုံးပါးကို ႏိုင္ငံေရးဟုလည္းေကာင္း အမ်ိဳးမ်ိဳးေခၚဆိုၾကသည္ကိုေတြ႕ရသည္။
ႏိုင္ငံေရး သိပၸံဘာသာရပ္တြင္မူ လူသားတို႔သည္ မိမိတို႔ေနထိုင္သည့္ ႏိုင္ငံတစ္ႏိုင္ငံအတြင္း၌လည္းေကာင္း မိမိတို႔ေနထိုင္ရာ ဤကမာၻေျမျပင္ေပၚတြင္လည္းေကာင္း နိစၥဓူဝ ေတြ႕ႀကဳံျဖတ္သန္းေနရေသာ စားဝတ္ေနေရး၊ ပညာ ေရး၊ က်န္းမာေရး၊ စီးပြားေရး အစရွိေသာ အေရးအရာကိစၥမ်ားအတြက္ မိမိတို႔ဘဝ တစ္ေလွ်ာက္ ႐ုန္းကန္လႈပ္ရွားရေသာ ျဖစ္စဥ္သာျဖစ္ ၏ဟုဆိုထားသည္ကို ေတြ႕ရသည္။ တစ္နည္းဆိုရေသာ္ ႏိုင္ငံေရးဆိုသည္မွာ လူတို႔အေရးျဖစ္သျဖင့္ လူတို႔ႏွင့္ ကင္း၍ရမည္မဟုတ္ေခ်။ ထို႔ေၾကာင့္လည္း ဂရိေတြးေခၚပညာရွင္ ပေလတိုက လူဆိုသည္မွာ ႏိုင္ငံေရးသတၱဝါ တစ္မ်ိဳးဟု ဆိုခဲ့ျခင္းျဖစ္သည္။
မည္သို႔ဆိုေစကာမူ လူဟူ၍ျဖစ္လာသည္ႏွင့္ ႏိုင္ငံေရးႏွင့္ကင္း၍မရသကဲ့သို႔ ႏိုင္ငံေရးဓေလ့သည္ လည္း လူတို႔၏လူမႈဘဝဓေလ့ႏွင့္အတူ မသိမသာ တစ္ပါတည္း ပါလာခဲ့ပါသည္။ ျမန္မာလူမ်ိဳးတို႔သည္ လည္း ျမန္မာႏိုင္ငံဟူ သည့္ အခ်ဳပ္အျခာအာဏာပိုင္ ႏိုင္ငံသားမ်ားျဖစ္သည္ႏွင့္အညီ ႏိုင္ငံ၊ ႏိုင္ငံေရး၊ ႏိုင္ငံေရးဓေလ့တို႔ ကြၽဲကူးေရပါ တစ္ပါတည္းပါလာခဲ့မည္ သာျဖစ္သည္။ ဤသို႔ဆိုလွ်င္ ျမန္မာတို႔၏ ႏိုင္ငံေရး ဓေလ့က မည္သည့္အရာျဖစ္မည္နည္း။
ႏိုင္ငံေရးဓေလ့ႏွင့္ပတ္သက္ၿပီး အေစာဆုံးေျပာခဲ့သည့္ပညာရွင္က ၿဗိတိသွ်ႏိုင္ငံေရးပညာရွင္ လီယို နက္ဝုဒ္ျဖစ္ သည္။ (၁၉၃၀) ျပည့္လြန္ႏွစ္ဝန္းက်င္တြင္ လီယိုနက္ဝုဒ္က ႏိုင္ငံေရးဓေလ့သည္ အေျခခံလကၡဏာ (၅)ရပ္ရွိသည္ဟုဆို သည္။ အဆိုပါ (၅)ရပ္မွာ-
(၁) ႏိုင္ငံေရးဓေလ့ (Political Ideology)သည္ ေန႔ခ်င္းညခ်င္း ေပၚေပါက္လာျခင္းမဟုတ္ပါ။
(၂) သမိုင္းေခတ္မ်ားကို ႏွစ္ေပါင္းေျမာက္ျမားစြာ ျဖတ္ရင္းႏွင့္ လူတို႔၏ရင္ထဲ အသည္းထဲတြင္ စြဲၿမဲခိုင္ မာလာခဲ့
သည့္ ခါးသီးေသာ ႏိုင္ငံေရး ခံစားမႈအေတြ႕ အႀကဳံျဖစ္သည္။
(၃) အဆိုပါ ခါးသီးသည့္ ႏိုင္ငံေရးအေတြ႕အႀကဳံမ်ား ကို တရားဝင္ေဖာ္ထုတ္မရသည့္အခါ စကားပုံမ်ား၊
႐ိုးရာပုံျပင္မ်ားမွာ အေတြးပုံစံမ်ိဳးထားခဲ့ၾကသည္။
(၄) ႏိုင္ငံေရးဓေလ့သည္ အမ်ားထင္ထားသည္ထက္ ပိုမိုစြဲၿမဲခိုင္မာတတ္သည္။
(၅) ဤႏိုင္ငံေရးဓေလ့သည္ ဒီမိုကေရစီအကူးအ ေျပာင္းအတြက္ တြန္းအားျဖစ္ႏိုင္သကဲ့သို႔ အဟန႔္ အတား
လည္းျဖစ္ႏိုင္သည္။ ဤသည္မွာ ဒုတိယကမာၻစစ္ မတိုင္မီေလာက္ကခံယူထားသည့္ ႏိုင္ငံေရးဓေလ့စ
႐ိုက္ဟု ဆိုရမည္ျဖစ္သည္။
ျမန္မာႏိုင္ငံသည္ သမိုင္းေၾကာင္းရွည္လ်ားလြန္းေသာ ႏိုင္ငံတစ္ႏိုင္ငံျဖစ္သည္ႏွင့္အညီ ျမန္မာတို႔၏ ေရွ႕ေခတ္ ႏိုင္ငံေရး ဓေလ့စ႐ိုက္ ေလ့လာဆန္းစစ္မည္ ဆိုပါက က်မ္းတစ္ေစာင္မွ် ရွည္လ်ားသြားႏိုင္သည္။ အထူးသျဖင့္ ေရွးေခတ္ ျမန္မာ့ႏိုင္ငံေရး ဓေလ့စ႐ိုက္သည္ ပေဒသရာဇ္ေခတ္ႏွင့္အညီပါလာသည္ျဖစ္ရာ လြန္စြာမွရႈပ္ေထြးႏိုင္သည္။ သက္ဦးဆံ ပိုင္ဘုရင္စနစ္ ျဖစ္ျခင္း၊ ဘုရင္သည္ ေရေျမ့သခင္ ျပည့္ရွင္မင္းျဖစ္ သည္ဟုခံယူထားေသာေၾကာင့္ တိုင္းျပည္၏အလုံးစုံ ေသာအာဏာသည္ ဘုရင္တစ္ဦးတည္းတြင္ အျပည့္အဝရွိေနျခင္း၊ အာဏာကို အျပန္အလွန္ထိန္းေက်ာင္း ႏိုင္မႈမရွိျခင္း၊ သက္ဦးဆံပိုင္ဘုရင္စနစ္ျဖစ္သျဖင့္ ဘုရင္ႏွင့္ မင္းညီမင္းသားမ်ားအၾကား ထီနန္းအာဏာ လုယူမႈမ်ား မၾကာခဏျဖစ္ေပၚ တတ္ျခင္းတို႔ေၾကာင့္ ေရွးေခတ္တြင္ ျမန္မာလူမ်ိဳးမ်ားသည္ ႏိုင္ငံေရးႏွင့္ ခပ္ေဝးေဝေနတတ္ၾကသည္။ ေရွးေခတ္ျမန္မာ မ်ားသည္ ႏိုင္ငံေရးဟုဆိုလိုက္လွ်င္ နန္းတြင္းအေရး၊ ဘုရင္ႏွင့္ မင္းညီမင္းသားမ်ားအေရးဟုဆိုကာ မိမိတို႔ႏွင့္ မသက္ ဆိုင္သလို ေနတတ္ၾကသည္ကိုေတြ႕ရသည္။ ဤသို႔ျဖင့္ ေရွးေခတ္ ျမန္မာ့ ႏိုင္ငံေရးဓေလ့သည္ ဘုရင္ဗဟိုျပဳပုံစံကို ခ်ီတတ္ခဲ့ၾကသျဖင့္ ႏိုင္ငံေရးႏွင့္ ျပည္သူလူထုမွာ ကင္းကြာသလိုျဖစ္ခဲ့ရသည္။
သို႔ေသာ္ ေခတ္သစ္ျမန္မာ့ႏိုင္ငံေရးဓေလ့က ထိုသို႔မဟုတ္ေပ။ လြတ္လပ္ေရးႀကိဳးပမ္းမႈသမိုင္းႏွင့္ ေပၚေပါက္ လာသည့္ ေခတ္သစ္ျမန္မာႏိုင္ငံသည္ လြတ္လပ္ေရးႏွင့္အတူ ေခတ္သစ္ျမန္မာ့ႏိုင္ငံေရး ဓေလ့ကိုပါ တစ္ပါတည္းေခၚ ေဆာင္လာခဲ့သည္။
အဆိုပါႏိုင္ငံေရးဓေလ့မွာ လက္နက္ကိုင္လမ္း စဥ္ဆိုသည့္ ႏိုင္ငံေရးဓေလ့အမွားျဖစ္သည္။ မည္ သည့္အတြက္ ေၾကာင့္ ႏိုင္ငံေရးဓေလ့အမွားဟုဆိုရ သနည္း။
ဤေမးခြန္းကိုျပန္ေျဖရလွ်င္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းတို႔လုပ္ႀကံခံရၿပီးေနာက္တစ္ရက္ လန္ဒန္တိုင္း သတင္းစာ၏ အင္တာဗ်ဴးတြင္ ေဒါက္တာဘေမာ္ ေျဖဆိုခဲ့ေသာစကားကို ကိုးကား၍ျပန္ေျဖရပါလိမ့္မည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းတို႔ လုပ္ႀကံခံရမႈႏွင့္ ပတ္သက္ၿပီး ေဒါက္တာ ဘေမာ္က ‘ျမန္မာျပည္အနာဂတ္ကေတာ့ မလြယ္ကူေတာ့ဘူး။ ျမန္မာလူငယ္ ေတြဟာ လက္နက္ ကိုကိုးကြယ္ကုန္ၾကၿပီ။ အနာဂတ္မွာ ျမန္မာ့ႏိုင္ငံေရး အဆုံးအျဖတ္ကို မဲပုံးေတြကဆုံးျဖတ္ေပးမွာ မဟုတ္ေတာ့ဘဲ လက္နက္ကသာ အဆုံးအျဖတ္ေပးလိမ့္မယ္’ဟု ေျဖဆိုခဲ့သည္။ ဤႏိုင္ငံေရးယူဆခ်က္သည္ ယေန႔ တိုင္မွန္ ကန္သည္ဟုခံယူထားသည့္ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားေၾကာင့္ ျမန္မာ့ေျမသည္ စစ္မီး မၿငိမ္း ျမက္မစိမ္း သည့္ေျမျဖစ္ေနရသည္။ ဤယူဆ ခ်က္လႊမ္းမိုးသြားသျဖင့္ လက္နက္ကိုင္အဖြဲ႕အစည္း မ်ား ေနရာအႏွံ႔တြင္ မႈိလိုေပါက္ ေနသျဖင့္ ျမန္မာ့ႏိုင္ငံ ေရးသည္ ေဒသတြင္းႏိုင္ငံမ်ားႏွင့္မတူဘဲ လက္နက္ ကိုင္ပဋိပကၡမ်ား ထူေျပာေနရသည္။
ထို႔ေၾကာင့္ ျမန္မာ့ႏိုင္ငံေရးသည္ ႏိုင္ငံေရးကို ႏိုင္ငံေရးနည္းႏွင့္ေစ့စပ္ေဆြးေႏြးအေျဖရွာရန္ နည္း ေပးလမ္းျပ မျဖစ္ခဲ့ေပ။ ၿငိမ္းခ်မ္းသည့္နည္း၊ ယဥ္ေက်း သည့္နည္းႏွင့္အေျဖရွာရန္ ယဥ္ေက်းမႈတစ္ခု ဓေလ့ တစ္ခုအေနျဖင့္ မထြန္း ကားခဲ့ေပ။ လက္နက္ကိုင္လမ္း စဥ္ကသာ ႏိုင္ငံေရး၏အေျဖဟု ထင္ျမင္ယူဆခဲ့ၾက သည္။ စာေရးသူတို႔၏ စံျပဳႏိုင္ငံေရး ဓေလ့သည္ မေမွ်ာ္လင့္ဘဲ ဂ်ပန္ကိုေခၚ၍ အဂၤလိပ္ကို တိုက္ထုတ္ခဲ့ ရသည္။ အဂၤလိပ္ႏွင့္ျပန္ပူးေပါင္း၍ ဂ်ပန္ကိုျပန္ တိုက္ ထုတ္ရင္း လြတ္လပ္ေရးရခဲ့သည္ဟူေသာ အယူအဆ ကသေႏၶတည္ခိုင္မာခဲ့သည္။
ျမန္မာလူမ်ိဳးမ်ားသည္ အိႏၵိယမွာကဲ့သို႔ ဂႏၶီ၏ အၾကမ္းမဖက္ အႏုနည္းလမ္းစဥ္ကို ထိေတြ႕ခြင့္မရခဲ့။အိႏၵိယသည္ ျမန္မာတို႔နည္းတူ လြတ္လပ္ေရးႀကိဳးပမ္း စဥ္အခါက ဂႏၶီ၏အၾကမ္းမဖက္ အႏုနည္းလမ္းစဥ္ႏွင့္ ဆူမာခ်န္ထရာဘို႔၏ လက္နက္ကိုင္လမ္းစဥ္အနက္ အိႏၵိယျပည္သူမ်ားသည္ ဂႏၶီ၏အႏုနည္းလမ္းစဥ္ကို ေ႐ြးခ်ယ္ခြင့္ရခဲ့ၾကပါသည္။
ထို႔ေၾကာင့္ အိႏၵိယတြင္ ဒီမိုကေရစီထြန္းကားၿပီး ႏိုင္ငံေရးတည္ၿငိမ္ခဲ့သျဖင့္ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ခဲ့သည္ ကိုေတြ႕ ရသည္။ အဓိကေတာ့ အိႏၵိယမွာလည္း တရားမွ်တမႈမရွိျခင္းႏွင့္ မညီမွ်မႈျပႆနာမ်ားရွိလာ သည့္တိုင္ လက္နက္ ကိုင္ေတာ္လွန္ရမည္ဆိုသည့္ ႏိုင္ငံေရးဓေလ့မရွိခဲ့သျဖင့္ လက္နက္ကိုင္ေတာ္လွန္မႈ မလုပ္ခဲ့ၾကေပ။ ဥပေဒအရေသာ္ လည္းေကာင္း ေဆြး ေႏြးညႇိႏႈိင္းမႈအရေသာ္လည္းေကာင္း ေျဖရွင္းၾကသည္ကိုေတြ႕ရသည္။
အမွန္ဆိုရလွ်င္ အိႏၵိယသည္လည္း အုပ္ခ်ဳပ္ ေရး၊ ဥပေဒျပဳေရး၊ တရားစီရင္ေရးဆိုသည့္ မ႑ိဳင္ ႀကီး(၃)ရပ္က ၿပီးျပည့္စုံၾကတာေတာ့မဟုတ္ပါ။ ျမန္မာျပည္မွာက်င့္သုံးေနတဲ့ ရာဇသတ္ႀကီးပုဒ္မက်င့္ထုံး ဥပေဒအမ်ားစုသည္ အိႏၵိယကယူခဲ့ျခင္းျဖစ္သကဲ့သို႔ သူတို႔လည္း က်င့္သုံးေနဆဲပုဒ္မမ်ားလည္း အမ်ားႀကီး ရွိသည္ ။
ျမန္မာမွာလိုပဲ လူမ်ိဳးႏြယ္စု မ်ားျပားပါသည္။ ကိုးကြယ္ယုံၾကည္မႈလည္း မ်ားပါသည္။ ျမန္မာထက္ဆိုး သည္က လူတန္းစားခြဲျခားသည့္ဓေလ့ရွိေနသည့္ ျပႆနာပင္ျဖစ္သည္။ ဇာတ္နိမ့္ဇာတ္ျမင့္ဆိုၿပီး ခြဲျခားသည့္ဓေလ့ႏွင့္ ေရွး႐ိုးဆန္ ေဒသမ်ားတြင္ သူေကာင္း မ်ိဳး၊ မင္းမ်ိဳး၊ သူေဌးမ်ိဳး၊ သူဆင္းရဲမ်ိဳး၊ ကြၽန္မ်ိဳး၊ ပုဏၰားမ်ိဳးဟူ၍ မ်ိဳး႐ိုးဗီဇခြဲျခားဆက္ဆံ သည့္ဓေလ့လည္း အခ်ိဳ႕ေနရာမ်ားတြင္ရွိေနျပန္သည္။
သို႔ေသာ္ ေကာင္းမြန္သည့္ဓေလ့က ဇာတ္နိမ့္ ျဖစ္ရေကာင္းလားဆိုကာ မေတာ္လွန္ၾကသကဲ့သို႔ သူဆင္းရဲမ်ိဳး ျဖစ္၍ဆိုကာ ျမန္မာမ်ားကဲ့သို႔ မေတာ္လွန္ၾကေပ။ သူတို႔ႏိုင္ငံတြင္ ႏိုင္ငံသားဥပေဒမွာ ခြဲျခား ဆက္ဆံမႈမျပဳရ ျပ႒ာန္း ထားသျဖင့္ မေက်နပ္လွ်င္ ဥပေဒအရ တိုင္ၾကတာမ်ိဳးရွိေသာ္လည္း လက္နက္ကိုင္ေတာ္လွန္ေရးမ်ိဳး မလုပ္ၾက၊ မရွိၾက ျခင္းက အိႏၵိယႏိုင္ငံေရးဓေလ့၏ အားသာခ်က္ပင္ျဖစ္သည္။ ျမန္မာလူမ်ိဳးမ်ားကမူ ထိုသို႔မဟုတ္ေပ။ ဇာတ္နိမ့္ ဇာတ္ျမင့္ ခြဲရန္မေျပာႏွင့္၊ လူလူခ်င္း တန္းတူဆက္ဆံသည့္ လူမႈဓေလ့ရွိေနသည့္တိုင္ ကခ်င္လူမ်ိဳးျဖစ္၍ေတာ္လွန္ သည္၊ ရခိုင္လူမ်ိဳးျဖစ္၍လည္း ေတာ္လွန္သည္။ ကရင္ လူမ်ိဳးျဖစ္၍လည္း ေတာ္လွန္ျပန္သည္။ပေလာင္လူ မ်ိဳးျဖစ္ရျခင္း၊ ရွမ္းျဖစ္ရျခင္း၊ ခ်င္းလူမ်ိဳးျဖစ္ရျခင္း၊ မြန္လူမ်ိဳးျဖစ္ရျခင္းဆို၍ ေခါင္းစဥ္အမ်ိဳးမ်ိဳးျပကာ ေတာ္လွန္ေနၾကသည္ကို ေတြ႕ရသည္။
ေနာက္ဆုံး လူမ်ိဳးခ်င္းတူျပန္ေတာ့လည္း ဗမာ စိမ္းျဖစ္၍ ဗမာနီကေတာ္လွန္ျပန္သည္။ ဤကဲ့သို႔ အဘယ္ ေၾကာင့္ လက္နက္ကိုင္ေတာ္လွန္ေနၾကသ နည္းဟုေမးလွ်င္ စာေရးသူ ေျပာခဲ့သလို လက္နက္ ကိုင္လမ္းစဥ္ကိုအားက်ခဲ့ သည့္ ျမန္မာမ်ား၏ဓေလ့ အမွားက စခဲ့ျခင္းေၾကာင့္ျဖစ္သည္။
အခ်ဳပ္ဆိုရလွ်င္ ကမာၻေပၚတြင္ ၿပီးျပည့္စုံသည့္ ႏိုင္ငံေရးအုပ္ခ်ဳပ္မႈစနစ္ဟူ၍ မရွိေပ။ ၿပီးျပည့္စုံသည့္ ဥပေဒျပဳ ေရး မဏၰိဳင္၊ တရားစီရင္ေရးမ႑ိဳင္ဟူ၍ လည္း မရွိေပ။ ကမာၻေပၚတြင္ ႏိုင္ငံေပါင္း (၂၀ဝ)ေက်ာ္ရွိသည့္အနက္ ဒီမိုကေရစီ စစ္စစ္ ႏိုင္ငံပင္လွ်င္ (၁၇) ႏိုင္ငံသာရွိသည္ကို ေတြ႕ရသည္။
ကိုယ္ႏွင့္ သေဘာထားခ်င္းမတိုက္ဆိုင္တိုင္း ညႇိႏႈိင္းအေျဖရွာၾကရမည္ျဖစ္ေသာ္လည္း လက္နက္ကိုင္ ၿပီးတိုက္ မွရမည္ဆိုသည့္ အိုင္ဒီယိုေလာ္ဂ်ီအမွားက စာေရးသူတို႔ႏိုင္ငံကို ေတာ္ေတာ္ေလးဖ်က္ဆီးသြားခဲ့ ၿပီးျဖစ္သည္။ ဤကဲ့သို႔ လက္နက္ကိုင္ၿပီးေျဖရွင္းရမည္ ဆိုသည့္ ႏိုင္ငံေရးဓေလ့အမွားကိုမျပင္ႏိုင္သေ႐ြ႕ ေတာ့ တိုင္းျပည္အနာဂတ္ကလည္း ရင္ေလးေနရဦး မည္သာျဖစ္သည္ ။
ထို႔ေၾကာင့္ ျမန္မာလူမ်ိဳးတိုင္းသည္ လက္နက္ကိုင္လမ္းစဥ္ဆိုသည့္ ႏိုင္ငံေရးဓေလ့အမွားကို ျပဳျပင္ ေဆြးေႏြးညႇိႏႈိင္းျခင္း ဆိုသည့္ ႏိုင္ငံေရးလမ္းစဥ္ျဖင့္ အစားထိုးကာ ေျဖရွင္းေဆာင္႐ြက္သြားၾကမည္ဆို လွ်င္ ျမန္မာႏိုင္ငံ သည္လည္း ေအးခ်မ္းသာယာၿပီး ဖြံ႕ၿဖိဳးတိုးတက္ေသာႏိုင္ငံေတာ္အျဖစ္သို႔ ေရာက္ရွိလာ မည္ျဖစ္ေၾကာင္းအႀကံျပဳ လိုက္ရပါသည္။
စာကိုး
ေက်ာ္ဝင္း၏ ျမန္မာလူမႈႏိုင္ငံေရးတန္ဖိုးႏွင့္ ဒီမို ကေရစီအေျပာင္းအလဲ
စည္သူ၏ ႏိုင္ငံေရးသိပၸံဘာသာရပ္
ေအာင္ႏိုင္သူ (ဇြဲကပင္)