ဂျာမနီနိုင်ငံအနောက်ပိုင်းရှိ နေအိမ်တစ်ခုပေါ်သို့ လေယာဉ်ငယ်တစ်စင်းပျက်ကျ

252
Pika (NP News) - ဇွန် ၃
ဂျာမနီနိုင်ငံအနောက်ပိုင်းရှိလူနေအိမ်တစ်ခုပေါ်သို့ လေယာဉ်ငယ်တစ်စင်းပျက်ကျခဲ့ရာ လူ(၂)ဦးသေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။ အဆိုပါလေယာဉ်ငယ်ပျက်ကျမှုဟာ Mönchengladbach မြို့အနီးမှာရှိတဲ့ Korschenbroich မြို့မှာဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။
လေယာဉ်ငယ်ဟာ လူနေအဆောက်အအုံကို ဝင်တိုက်ခဲ့ပြီးနောက် မီးလောင်ကျွမ်းသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အဲဒီဖြစ်ရပ်အတွင်း လူနှစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးက လေယာဉ်မှူးဖြစ်ပုံပေါ်တယ်လို့ ဂျာမန်သတင်းအေဂျင်စီ dpa က ရေးသားဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့လည်း သေဆုံးသွားတဲ့ အခြားလူတစ်ဦးက လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့လူ ဒါမှမဟုတ် နေအိမ်ထဲမှာ ရှိနေတဲ့လူလားဆိုတာကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးဘူးလို့လည်း ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။ ပြီးတော့ အဲဒီလေယာဉ်ငယ် ဘာကြောင့်ပျက်ကျရသလဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုလည်း လက်ရှိအချိန်ထိ မသိရှိရသေးဘူးလို့ တာဝန်ရှိသူတွေက ထပ်မံပြောကြားခဲ့ပါတယ်။
zawgyi version
ဂ်ာမနီႏိုင္ငံအေနာက္ပိုင္းရွိ ေနအိမ္တစ္ခုေပၚသို႔ ေလယာဥ္ငယ္တစ္စင္းပ်က္က်
Pika (NP News) - ဇြန္ ၃
ဂ်ာမနီႏိုင္ငံအေနာက္ပိုင္းရွိလူေနအိမ္တစ္ခုေပၚသို႔ ေလယာဥ္ငယ္တစ္စင္းပ်က္က်ခဲ့ရာ လူ(၂)ဦးေသဆုံးခဲ့တယ္လို႔ ရဲတပ္ဖြဲ႕ကေျပာၾကားခဲ့ပါတယ္။ အဆိုပါေလယာဥ္ငယ္ပ်က္က်မႈဟာ Mönchengladbach ၿမိဳ႕အနီးမွာရွိတဲ့ Korschenbroich ၿမိဳ႕မွာျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕ကေျပာၾကားခဲ့ပါတယ္။
ေလယာဥ္ငယ္ဟာ လူေနအေဆာက္အအုံကို ဝင္တိုက္ခဲ့ၿပီးေနာက္ မီးေလာင္ကြၽမ္းသြားခဲ့တယ္လို႔ ရဲတပ္ဖြဲ႕ကေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ အဲဒီျဖစ္ရပ္အတြင္း လူႏွစ္ဦးေသဆုံးခဲ့ၿပီး တစ္ဦးက ေလယာဥ္မႉးျဖစ္ပုံေပၚတယ္လို႔ ဂ်ာမန္သတင္းေအဂ်င္စီ dpa က ေရးသားေဖာ္ျပခဲ့ပါတယ္။
ဒါေပမဲ့လည္း ေသဆုံးသြားတဲ့ အျခားလူတစ္ဦးက ေလယာဥ္ေပၚမွာ လိုက္ပါလာတဲ့လူ ဒါမွမဟုတ္ ေနအိမ္ထဲမွာ ရွိေနတဲ့လူလားဆိုတာကို လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္းမသိရွိရေသးဘူးလို႔လည္း ရဲတပ္ဖြဲ႕ကေျပာၾကားခဲ့ပါတယ္။ ၿပီးေတာ့ အဲဒီေလယာဥ္ငယ္ ဘာေၾကာင့္ပ်က္က်ရသလဲဆိုတဲ့ အေသးစိတ္အခ်က္အလက္ေတြကိုလည္း လက္ရွိအခ်ိန္ထိ မသိရွိရေသးဘူးလို႔ တာဝန္ရွိသူေတြက ထပ္မံေျပာၾကားခဲ့ပါတယ္။