K Pop အဖွဲ့ Miss A ရဲ့ အဖွဲ့ဝင်ဟောင်း မင် အနုပညာအသိုင်းအဝိုင်းထဲက မဟုတ်တဲ့ ချစ်သူနဲ့လက်ထပ်

 305

ရောင်နီ (NP News) - ဇွန် ၉

တောင်ကိုရီးယားအမျိုးသမီး K Pop အဖွဲ့ Miss A ရဲ့အဖွဲ့ဝင်ဟောင်း မင် ဟာ ၇ နှစ်ကြာ လက်တွဲခဲ့တဲ့ အနုပညာ အသိုင်းအဝိုင်းထဲက မဟုတ်တဲ့ ချစ်သူနဲ့ ဇွန်လ (၇)ရက်က လက်ထပ်ခဲ့တယ်လို့ သိရပါတယ်။
မင်္ဂလာပွဲကို တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာပဲ ရင်းနှီးတဲ့မိတ်ဆွေတွေနဲ့ သီးသန့်မင်္ဂလာပွဲ ကျင်းပ လက်ထပ်ခဲ့တယ်လို့ သိရပါတယ်။ မင်က လက်ထပ်တော့မယ့် အစီအစဉ်ကို ဧပြီလက ပထမဆုံး ထုတ်ဖော် ပြောကြားခဲ့တာဖြစ်ပါတယ်။ သူမနဲ့ လက်တွဲဖော်ဟာ ၂၀၁၈ ခုနှစ်က ဖျော်ဖြေပွဲတစ်ခုမှ အပြန်အလှန် သိကျွမ်းခဲ့ ပြီး ၂၀၂၃ ခုနှစ် ဧပြီလမှာ စေ့စပ်ခဲ့ကြတာဖြစ်ပါတယ်။ မင်္ဂလာပွဲနဲ့ပတ်သက်ပြီး "ကျွန်မရဲ့ဘေးမှာ အချိန်အကြာ ကြီး ရပ်တည်ပေးခဲ့တဲ့သူတစ်ယောက်နဲ့ ဘဝရဲ့စာမျက်နှာသစ်ကို စတင်ဖို့ ဆုံးဖြတ်လိုက်ပါပြီ၊ ပျော်ရွှင်တဲ့ အချိန်တွေနဲ့ ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းရင်း နွေးထွေးတဲ့လက်ကို ဆုပ်ကိုင်ထားပြီး အခုကျွန်မတို့ အတူတူ ဘဝကို ဖြတ်သန်းတော့မှာပါ" လို့ မင်က သူမရဲ့ ဆိုရှယ်မီဒီယာ ပိုစ့်မှာ ပြောကြားခဲ့ပါတယ်။
Miss A ဟာ ၂၀၁၀ ခုနှစ်က စတင် ပွဲဦးထွက်ခဲ့ပြီး 'Bad Girl Good Girl' 'Breathe' 'Good-bye Baby' 'Touch' 'I Don't Need a Man,' 'Hush' နဲ့ 'Only You' စတဲ့ သီချင်းတွေနဲ့ နာမည်ကျော်ပါတယ်။ အဖွဲ့ ကတော့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက တရားဝင်ဖျက်သိမ်းခဲ့ပါတယ်။

Zawgyi Version:
K Pop အဖြဲ႕ Miss A ရဲ႕ အဖြဲ႕ဝင္ေဟာင္း မင္ အႏုပညာအသိုင္းအဝိုင္းထဲက မဟုတ္တဲ့ ခ်စ္သူနဲ႔လက္ထပ္
ေရာင္နီ (NP News) - ဇြန္ ၉

ေတာင္ကိုရီးယားအမ်ိဳးသမီး K Pop အဖြဲ႕ Miss A ရဲ႕အဖြဲ႕ဝင္ေဟာင္း မင္ ဟာ ၇ ႏွစ္ၾကာ လက္တြဲခဲ့တဲ့ အႏုပညာ အသိုင္းအဝိုင္းထဲက မဟုတ္တဲ့ ခ်စ္သူနဲ႔ ဇြန္လ (၇)ရက္က လက္ထပ္ခဲ့တယ္လို႔ သိရပါတယ္။
မဂၤလာပြဲကို ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕မွာပဲ ရင္းႏွီးတဲ့မိတ္ေဆြေတြနဲ႔ သီးသန႔္မဂၤလာပြဲ က်င္းပ လက္ထပ္ခဲ့တယ္လို႔ သိရပါတယ္။ မင္က လက္ထပ္ေတာ့မယ့္ အစီအစဥ္ကို ဧၿပီလက ပထမဆုံး ထုတ္ေဖာ္ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ သူမနဲ႔ လက္တြဲေဖာ္ဟာ ၂၀၁၈ ခုႏွစ္က ေဖ်ာ္ေျဖပြဲတစ္ခုမွ အျပန္အလွန္ သိကြၽမ္းခဲ့ ၿပီး ၂၀၂၃ ခုႏွစ္ ဧၿပီလမွာ ေစ့စပ္ခဲ့ၾကတာျဖစ္ပါတယ္။ မဂၤလာပြဲနဲ႔ပတ္သက္ၿပီး "ကြၽန္မရဲ႕ေဘးမွာ အခ်ိန္အၾကာ ႀကီး ရပ္တည္ေပးခဲ့တဲ့သူတစ္ေယာက္နဲ႔ ဘဝရဲ႕စာမ်က္ႏွာသစ္ကို စတင္ဖို႔ ဆုံးျဖတ္လိုက္ပါၿပီ၊ ေပ်ာ္႐ႊင္တဲ့ အခ်ိန္ေတြနဲ႔ ခက္ခဲတဲ့အခ်ိန္ေတြကို ျဖတ္သန္းရင္း ေႏြးေထြးတဲ့လက္ကို ဆုပ္ကိုင္ထားၿပီး အခုကြၽန္မတို႔ အတူတူ ဘဝကို ျဖတ္သန္းေတာ့မွာပါ" လို႔ မင္က သူမရဲ႕ ဆိုရွယ္မီဒီယာ ပိုစ့္မွာ ေျပာၾကားခဲ့ပါတယ္။
Miss A ဟာ ၂၀၁၀ ခုႏွစ္က စတင္ ပြဲဦးထြက္ခဲ့ၿပီး 'Bad Girl Good Girl' 'Breathe' 'Good-bye Baby' 'Touch' 'I Don't Need a Man,' 'Hush' နဲ႔ 'Only You' စတဲ့ သီခ်င္းေတြနဲ႔ နာမည္ေက်ာ္ပါတယ္။ အဖြဲ႕ ကေတာ့ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလက တရားဝင္ဖ်က္သိမ္းခဲ့ပါတယ္။

Related news

© 2021. All rights reserved.